အဝတ်လဲခန်းထဲသွားနေတုန်း လမ်းပတ်ကို ထုတ်လိုက်တော့လို့ ချဲလ်ဆီးပရိသတ်တွေပေါက်ကွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လမ်းပတ်လက်ထက် ချဲလ်ဆီးအသင်းရဲ့အဝေးကွင်း ၂၁ပွဲမှာ တစ်ပွဲပဲ Clean-Sheetရခဲ့တဲ့ ခံစစ်မှတမ်းတမ်းဆိုးကို အခုအထိ မပြောင်းလဲနိုင်သေးတာကြောင့် ချဲလ်ဆီးပရိသတ်တချို့က နည်းပြ လမ်းပတ်ကို တာဝန်ကနေ ထုတ်ပယ်ဖို့ တောင်းဆိုလာပါတယ်။ လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းဟာကစားသမားသစ် ၇ ဦးအတွက် ပေါင်သန်း ၂၀၀ကျော်အထိ သုံးထားတဲ့ကြားက စနေနေ့ပွဲစဉ်မှာ ဝက်စ်ဘရွန်းကို ပထမပိုင်းအတွင်း ၃ဂိုးပြတ်ရှုံးနေခဲ့ပြီး အရှက်ရဖွယ်အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးက ချေပဂိုး ၃ဂိုးပြန်သွင်းနိုင်ခဲ့ပေမယ့် ဒေါသထွက်နေတဲ့ ချဲလ်ဆီးပရိသတ်တွေကတော့ နည်းပြလမ်းပတ်ကို ထုတ်ပယ်ဖို့ တောင်းဆိုလာကြပါတယ်။

ဝက်စ်ဘရွန်းတိုက်စစ်မှူး ရော်ဘင်ဆင် သွင်းခဲ့တဲ့ ဒုတိယဂိုးဆိုရင် ချဲလ်ဆီးနောက်ခံလူသစ် သီယာဂိုဆေးလ်ဗားရဲ့ အမှားကြောင့် ပေးခဲ့ရတာပါ။

ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ လီဗာပူးနဲ့ပွဲက အမှားလုပ်မိခဲ့တဲ့ ဂိုးသမား ကီပါရဲ့နေရာမှာ ဝါရင့်ဂိုးသမား ကာဘာလီယိုကို ပြောင်းသုံးခဲ့ပေမယ့်လည်း ချီးကျူးရလောက်တဲ့ ကာကွယ်မှုမျိုးမမြင်ခဲ့ရပါဘူး။

ချဲလ်ဆီးပရိသတ် ကိုဗာဟိုလစ်က “အဝတ်လဲခန်းသွားရာလမ်းမှာတင်ကို သူ့ကို တာဝန်ကနေ ထုတ်လိုက်ပါ။ ချဲလ်ဆီးအသင်းကို ကြည့်ရှုခဲ့တဲ့ ၁၅နှစ်တာအတွင်း ဒီလောက်ရှက်စရာကောင်းတဲ့ပွဲမျိုး တစ်ခါမှ မကြည့်ခဲ့ဖူးဘူး”လို့ လူမှုကွန်ယက်ဝက်ဘ်ဆိုက်မှာ ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။ နောက်ချဲလ်ဆီးပရိသတ်တစ်ဦးကလည်း “ကမ္ဘာပေါ်က ကစားသမားအားလုံးကိုစာချုပ်ချုပ်လိုက်ရင်တောင် လမ်းပတ်ရဲ့အသုံးမဝင်တဲ့ နည်းစနစ်တွေကို ဘယ်တော့မှအကာကွယ်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်းနှစ်ရာကျော်သုံးထားပေမယ့် နည်းပြလမ်းပတ်အနေနဲ့ ကစားသမားသစ်တွေထဲ သီယာဂိုဆေးလ်ဗား၊ တီမိုဝါနာနဲ့ ကိုင်ဟာဗက်တို့လောက်ပဲသုံးခွင့်ရသေးပြီး ဘန်ချီဝဲလ်၊ ဇီယက်ချ်နဲ့ ဂိုးသမား မန်ဒီတို့ကိုတော့ မသုံးရသေးပါဘူး။

တကယ်လို့ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေ ပြန်ကစားနိုင်ချိန်အထိ ချဲလ်ဆီးရဲ့ကစားပုံ အပြောင်းအလဲ တစ်စုံတစ်ရာ မဖြစ်လာရင်တော့ လမ်းပတ်ရဲ့အနာဂတ်က စိုးရိမ်စရာဖြစ်နေပါတယ်။

https://www.facebook.com/ChelseaFC/videos/646313786247332

လောလောဆယ်မှာတောင်ပံကစားသမား ပူလီဆစ် ဒဏ်ရာထပ်ရသွားတာကြောင့် ရှေ့တစ်ပတ် ပွဲစဉ်မှာလည်း ချဲလ်ဆီးအတွက် ပါဝင်ကစားပေးနိုင်ဦးမှာမဟုတ်တာကြောင့် လမ်းပတ်ဟာ တောင်ပံတိုက်စစ်တွေမသုံးဘဲ အခုပုံစံအတိုင်း ဆက်လက်ပွဲထုတ်ရဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

အ၀တ္လဲခန္းထဲသြားေနတုန္း လမ္းပတ္ကို ထုတ္လိုက္ေတာ့လို႔ ခ်ဲလ္ဆီးပရိသတ္ေတြေပါက္ကြဲ

လမ္းပတ္လက္ထက္ ခ်ဲလ္ဆီးအသင္းရဲ႕အေ၀းကြင္း ၂၁ပြဲမွာ တစ္ပြဲပဲ Clean-Sheetရခဲ့တဲ့့ ခံစစ္မွတမ္းတမ္းဆိုးကို အခုအထိ မေျပာင္းလဲႏိုင္ေသးတာေၾကာင့္ ခ်ဲလ္ဆီးပရိသတ္တခ်ိဳ႕က နည္းျပ လမ္းပတ္ကို တာ၀န္ကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုလာပါတယ္။ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးအသင္းဟာ ကစားသမားသစ္ ၇ ဦးအတြက္ ေပါင္သန္း ၂၀၀ေက်ာ္အထိ သံုးထားတဲ့ၾကားက စေနေန႔ပြဲစဥ္မွာ ၀က္စ္ဘရြန္းကို ပထမပိုင္းအတြင္း ၃ဂိုးျပတ္ရႈံးေနခဲ့ၿပီး အရွက္ရဖြယ္အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးက ေခ်ပဂိုး ၃ဂိုးျပန္သြင္းႏိုင္ခဲ့ေပမယ့္ ေဒါသထြက္ေနတဲ့ ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ နည္းျပလမ္းပတ္ကို ထုတ္ပယ္ဖို႔ ေတာင္းဆုိလာၾကပါတယ္။ ၀က္စ္ဘရြန္းတုိက္စစ္မွဴး ေရာ္ဘင္ဆင္ သြင္းခဲ့တဲ့ ဒုတိယဂိုးဆိုရင္ ခ်ဲလ္ဆီးေနာက္ခံလူသစ္ သီယာဂိုေဆးလ္ဗားရဲ႕ အမွားေၾကာင့္ ေပးခဲ့ရတာပါ။ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ လီဗာပူးနဲ႔ပြဲက အမွားလုပ္မိခဲ့တဲ့ ဂိုးသမား ကီပါရဲ႕ေနရာမွာ ၀ါရင့္ဂိုးသမား ကာဘာလီယိုကို ေျပာင္းသံုးခ့ဲေပမယ့္လည္း ခ်ီးက်ဴးရေလာက္တဲ့ ကာကြယ္မႈမ်ိဳးမျမင္ခဲ့ရပါဘူး။

ခ်ဲလ္ဆီးပရိသတ္ ကိုဗာဟိုလစ္က “အ၀တ္လဲခန္းသြားရာလမ္းမွာတင္ကို သူ႔ကို တာ၀န္ကေန ထုတ္လုိက္ပါ။ ခ်ဲလ္ဆီးအသင္းကို ၾကည့္ရႈခဲ့တဲ့ ၁၅ႏွစ္တာအတြင္း ဒီေလာက္ရွက္စရာေကာင္းတဲ့ပြဲမ်ိဳး တစ္ခါမွ မၾကည့္ခဲ့ဖူးဘူး”လို႔ လူမႈကြန္ယက္၀က္ဘ္ဆိုက္မွာ ေဒါသတႀကီး ေျပာဆိုခဲ့ပါတယ္။ ေနာက္ခ်ဲလ္ဆီးပရိသတ္တစ္ဦးကလည္း “ကမၻာေပၚက ကစားသမားအားလံုးကိုစာခ်ဳပ္ခ်ဳပ္လိုက္ရင္ေတာင္ လမ္းပတ္ရဲ႕အသံုးမ၀င္တဲ့ နည္းစနစ္ေတြကို ဘယ္ေတာ့မွအကာကြယ္လုပ္ေပးႏုိင္မွာမဟုတ္ပါဘူး”လို႔ ေျပာပါတယ္။

ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေပါင္သန္းႏွစ္ရာေက်ာ္သံုးထားေပမယ့္ နည္းျပလမ္းပတ္အေနနဲ႔ ကစားသမားသစ္ေတြထဲ သီယာဂိုေဆးလ္ဗား၊ တီမို၀ါနာနဲ႔ ကိုင္ဟာဗက္တို႔ေလာက္ပဲသံုးခြင့္ရေသးၿပီး ဘန္ခ်ီ၀ဲလ္၊ ဇီယက္ခ်္နဲ႔ ဂိုးသမား မန္ဒီတို႔ကိုေတာ့ မသံုးရေသးပါဘူး။ တကယ္လို႔ အသစ္ေခၚယူထားတဲ့ ကစားသမားေတြ ျပန္ကစားႏိုင္ခ်ိန္အထိ ခ်ဲလ္ဆီးရဲ႕ကစားပံု အေျပာင္းအလဲ တစ္စံုတစ္ရာ မျဖစ္လာရင္ေတာ့ လမ္းပတ္ရဲ႕အနာဂတ္က စိုးရိမ္စရာျဖစ္ေနပါတယ္။ ေလာေလာဆယ္မွာေတာင္ပံကစားသမား ပူလီဆစ္ ဒဏ္ရာထပ္ရသြားတာေၾကာင့္ ေရွ႕တစ္ပတ္ ပြဲစဥ္မွာလည္း ခ်ဲလ္ဆီးအတြက္ ပါ၀င္ကစားေပးႏိုင္ဦးမွာမဟုတ္တာေၾကာင့္ လမ္းပတ္ဟာ ေတာင္ပံတိုက္စစ္ေတြမသံုးဘဲ အခုပံုစံအတိုင္း ဆက္လက္ပြဲထုတ္ရဖို႔ရွိေနပါတယ္။