ပွဲသိမ်းခရာမှုတ်ပြီးမှ ပင်နယ်တီပေးသည့် ကွင်းလယ်ဒိုင်၏အငြင်းပွားဖွယ်ဆုံးဖြတ်ချက် Laws of the Game အရမှန်ကန်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြီးခဲ့တဲ့စနေညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့မန်ယူအသင်းတို့ရဲ့ပွဲစဉ်ကတော့ ပြဇာတ်ဆန်ဆန်ဖြစ်ရပ်တွေနဲ့ စိတ်လှုပ်ရှားရင်ခုန်စရာကောင်းလွန်းခဲ့ပါတယ်။ ဧည့်သည်မန်ယူအသင်းက ၃-၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘရိုက်တန်ကစားသမားတွေရဲ့ကန်သွင်းမှု ၅ကြိမ် ဂိုးဘားတန်းနဲ့ဂိုးတိုင်ထိခဲ့တာ၊ မန်ယူဘက်က ဂရင်းဝုဒ်နဲ့ရက်ရှ်ဖို့ဒ်သွင်းခဲ့တဲ့ဂိုးတွေ လူကျွံဘောအဖြစ်သတ်မှတ်ခံရတာ၊ မန်ယူဂိုးဧရိယာထဲမှာ ပေါ့ဂ်ဘာနဲ့တွန်းတိုက်ရင်း ဘရိုက်တန်ကစားသမားတစ်ဦးလဲကျသွားတာကို ကွင်းလယ်ဒိုင်က ပင်နယ်တီပေးပြီးမှ VAR ပြန်ကြည့်ပြီးဆုံးဖြတ်ချက်ပြောင်းသွားတာ၊ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာမှ ဘရိုက်တန်အတွက်ချေပဂိုးကို ဆော်လမွန်မက်ရှ်က ခေါင်းတိုက်သွင်းနိုင်ခဲ့တာစတဲ့ စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်တွေအများကြီးဖြစ်ခဲ့တာပါ။

ဒါပေမဲ့ အဲဒီအခိုက်အတန့်တွေထက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားရတဲ့ ဇာတ်ရှိန်အမြင့်ဆုံးအခိုက်အတန့်ကတော့ ကွင်းလယ်ဒိုင် ခရစ္စကာဗန်နက်ရှ်က ပွဲသိမ်းခရာမှုတ်အပြီးမှာမှ ပေါ်ပေါက်ခဲ့တာပါ။ နာကျင်အချိန်ပိုကို ၅မိနစ်သာပေးထားပေမယ့် မန်ယူဘက်ကထောင့်ကန်ဘောကန်ခွင့်ရတာမို့ ကာဗန်နက်ရှ်ဟာ နောက်ထပ် ၂မိနစ်ထပ်ဆောင်းပေးခဲ့ပါတယ်။

ဖာနန်ဒက်စ်ကန်တင်လိုက်တဲ့ထောင့်ကန်ဘောကို မက်ဂွိုင်းယားကခေါင်းတိုက်ရာမှာ ဂိုးထဲတန်းသွားပေမယ့် ဘရိုက်တန်ရဲ့ချေပဂိုးရှင်မက်ရှ်က ခေါင်းတိုက်ရှင်းထုတ်ခဲ့ပါတယ်။

အဲဒီလိုရှင်းထုတ်ပြီးပြီးချင်းမှာပဲ ကာဗန်နက်ရှ်က ပွဲသိမ်းခရာမှုတ်ခဲ့တာပါ။ Live Score ဝက်ဘ်ဆိုက်တွေမှာလည်း ပွဲပြီးပြီ(Finished)လို့တက်လာပါတယ်။ ဒါပေမဲ့ မက်ဂွိုင်းယားရဲ့ခေါင်းတိုက်ချက်ဟာ ဘရိုက်တန်တိုက်စစ်မှူးနီးမော်ပေးရဲ့လက်နဲ့ထိမိခဲ့တာမို့ VAR ကအချက်ပြခဲ့ပြီး ကာဗန်နက်ရှ်လည်း ကွင်းဘေးကမော်နီတာကိုသွားကြည့်ခဲ့ရပါတယ်။

အဲဒီလိုကြည့်အပြီးမှာ လက်နဲ့ထိမိတာ သိသာထင်ရှားတာမို့ ပင်နယ်တီပေးခဲ့ပြီး ဖာနန်ဒက်စ်က တည်တည်ငြိမ်ငြိမ်နဲ့ကန်သွင်းကာ မန်ယူအတွက် အဖိုးတန် အမှတ် ၃မှတ်ရစေခဲ့ပါတယ်။ ပွဲသိမ်းခရာမှုတ်ပြီးမှ ပင်နယ်တီပေးသည့် ကာဗန်နက်ရှ်ရဲ့ဆုံးဖြတ်ချက်ဟာ အငြင်းပွားစရာဖြစ်ခဲ့ပြီး ထောက်ခံသံ၊ ကန့်ကွက်သံတွေနဲ့လူမှုကွန်ရက်တွေပေါ်မှာဆူညံသွားခဲ့ပါတယ်။

ဒါကြောင့် မေးစရာရှိလာတာက ကာဗန်နက်ရှ်ရဲ့ဆုံးဖြတ်ချက်ဟာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ ညီ၊ မညီဆိုတာပါပဲ။ goal.com ကတော့ ပွဲပြီးပြီးချင်းမကြာမီမှာပဲ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာဘောလုံးဘုတ်အဖွဲ့အစည်းအရုံး(IFAB)ကရေးဆွဲထုတ်ပြန်ထားတဲ့ Laws of the Game ကိုကိုးကားပြီး ကာဗန်နက်ရှ်ရဲ့ဆုံးဖြတ်ချက်မှန်ကန်တယ်ဆိုတာကို သတင်းရေးတင်ခဲ့ပါတယ်။ ” Laws of the Game အရဆိုရင် ဘောလုံးပွဲတစ်ပွဲမှာ ကွင်းလယ်ဒိုင်က ပွဲသိမ်းခရာမှုတ်လိုက်ပေမယ့် VAR က အချက်ပြရင် ပြန်လည်စစ်ဆေးပြီး ပွဲကိုပြန်စနိုင်ပါတယ်။

အဲဒီလိုအငြင်းပွားဖွယ်ဖြစ်ရပ်တွေကို ပြန်စစ်ဆေးရာမှာ အချိန်ကန့်သတ်ချက်မရှိဘဲ မြန်ဆန်မှုထက် တိကျမှန်ကန်စွာဆုံးဖြတ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ အချို့ပြန်စစ်ဆေးရတဲ့ဖြစ်ရပ်တွေဟာ ရှုပ်ထွေးခက်ခဲပြီး ရှုထောင့်စုံကနေကြည့်ရတာဖြစ်တာမို့ အချိန်ကန့်သတ်ချက်မထားတာပါ။ မော်ပေးလက်နဲ့ထိခဲ့တာလည်း ပွဲသိမ်းခရာမမှုတ်မီဖြစ်ခဲ့တာမို့ VAR ကြည့်ပြီး ပင်နယ်တီပေးခဲ့တဲ့ကာဗန်နက်ရှ်ရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်အနေနဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမဆို ပြန်လည်ပြင်ဆင်၊ ချမှတ်၊ ပြောင်းလဲနိုင်ပြီး ပွဲကိုလည်း ဥပဒေနဲ့အညီပြန်စနိုင်ပါတယ်” လို့ goal ကရေးသားခဲ့ပါတယ်။

ပရိသတ်အချို့ကတော့ ကာဗန်နက်ရှ်ဟာ မန်ချက်စတာဇာတိဖြစ်တာမို့ မန်ယူအသင်းအနိုင်ရဖို့ ဘက်လိုက်ဆုံးဖြတ်ခဲ့တာလို့ လူမှုကွန်ရက်တွေပေါ်မှာရေးတင်နေကြပြီး အချို့ကလည်း VAR စနစ်ကို ဝေဖန်ပြစ်တင်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ပြဲသိမ္းခရာမႈတ္ၿပီးမွ ပင္နယ္တီေပးသည့္ ကြင္းလယ္ဒိုင္၏အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ Laws of the Game အရမွန္ကန္ခဲ့

ၿပီးခဲ့တဲ့စေနညက ကစားခဲ့တဲ့ ဘ႐ိုက္တန္နဲ႔မန္ယူအသင္းတို႔ရဲ႕ပြဲစဥ္ကေတာ့ ျပဇာတ္ဆန္ဆန္ျဖစ္ရပ္ေတြနဲ႔ စိတ္လႈပ္ရွားရင္ခုန္စရာေကာင္းလြန္းခဲ့ပါတယ္။ ဧည့္သည္မန္ယူအသင္းက ၃-၂ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဘ႐ိုက္တန္ကစားသမားေတြရဲ႕ကန္သြင္းမႈ ၅ႀကိမ္ ဂိုးဘားတန္းနဲ႔ဂိုးတိုင္ထိခဲ့တာ၊ မန္ယူဘက္က ဂရင္းဝုဒ္နဲ႔ရက္ရွ္ဖို႔ဒ္သြင္းခဲ့တဲ့ဂိုးေတြ လူကြၽံေဘာအျဖစ္သတ္မွတ္ခံရတာ၊ မန္ယူဂိုးဧရိယာထဲမွာ ေပါ့ဂ္ဘာနဲ႔တြန္းတိုက္ရင္း ဘ႐ိုက္တန္ကစားသမားတစ္ဦးလဲက်သြားတာကို ကြင္းလယ္ဒိုင္က ပင္နယ္တီေပးၿပီးမွ VAR ျပန္ၾကည့္ၿပီးဆုံးျဖတ္ခ်က္ေျပာင္းသြားတာ၊ နာက်င္အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာမွ ဘ႐ိုက္တန္အတြက္ေခ်ပဂိုးကို ေဆာ္လမြန္မက္ရွ္က ေခါင္းတိုက္သြင္းႏိုင္ခဲ့တာစတဲ့ စိတ္လႈပ္ရွားဖြယ္အခိုက္အတန႔္ေတြအမ်ားႀကီးျဖစ္ခဲ့တာပါ။

ဒါေပမဲ့ အဲဒီအခိုက္အတန႔္ေတြထက္ ပိုၿပီးရင္ခုန္စိတ္လႈပ္ရွားရတဲ့ ဇာတ္ရွိန္အျမင့္ဆုံးအခိုက္အတန႔္ကေတာ့ ကြင္းလယ္ဒိုင္ ခရစၥကာဗန္နက္ရွ္က ပြဲသိမ္းခရာမႈတ္အၿပီးမွာမွ ေပၚေပါက္ခဲ့တာပါ။ နာက်င္အခ်ိန္ပိုကို ၅မိနစ္သာေပးထားေပမယ့္ မန္ယူဘက္ကေထာင့္ကန္ေဘာကန္ခြင့္ရတာမို႔ ကာဗန္နက္ရွ္ဟာ ေနာက္ထပ္ ၂မိနစ္ထပ္ေဆာင္းေပးခဲ့ပါတယ္။ ဖာနန္ဒက္စ္ကန္တင္လိုက္တဲ့ေထာင့္ကန္ေဘာကို မက္ဂြိဳင္းယားကေခါင္းတိုက္ရာမွာ ဂိုးထဲတန္းသြားေပမယ့္ ဘ႐ိုက္တန္ရဲ႕ေခ်ပဂိုးရွင္မက္ရွ္က ေခါင္းတိုက္ရွင္းထုတ္ခဲ့ပါတယ္။

အဲဒီလိုရွင္းထုတ္ၿပီးၿပီးခ်င္းမွာပဲ ကာဗန္နက္ရွ္က ပြဲသိမ္းခရာမႈတ္ခဲ့တာပါ။ Live Score ဝက္ဘ္ဆိုက္ေတြမွာလည္း ပြဲၿပီးၿပီ(Finished)လို႔တက္လာပါတယ္။ ဒါေပမဲ့ မက္ဂြိဳင္းယားရဲ႕ေခါင္းတိုက္ခ်က္ဟာ ဘ႐ိုက္တန္တိုက္စစ္မႉးနီးေမာ္ေပးရဲ႕လက္နဲ႔ထိမိခဲ့တာမို႔ VAR ကအခ်က္ျပခဲ့ၿပီး ကာဗန္နက္ရွ္လည္း ကြင္းေဘးကေမာ္နီတာကိုသြားၾကည့္ခဲ့ရပါတယ္။ အဲဒီလိုၾကည့္အၿပီးမွာ လက္နဲ႔ထိမိတာ သိသာထင္ရွားတာမို႔ ပင္နယ္တီေပးခဲ့ၿပီး ဖာနန္ဒက္စ္က တည္တည္ၿငိမ္ၿငိမ္နဲ႔ကန္သြင္းကာ မန္ယူအတြက္ အဖိုးတန္ အမွတ္ ၃မွတ္ရေစခဲ့ပါတယ္။ ပြဲသိမ္းခရာမႈတ္ၿပီးမွ ပင္နယ္တီေပးသည့္ ကာဗန္နက္ရွ္ရဲ႕ဆုံးျဖတ္ခ်က္ဟာ အျငင္းပြားစရာျဖစ္ခဲ့ၿပီး ေထာက္ခံသံ၊ ကန႔္ကြက္သံေတြနဲ႔လူမႈကြန္ရက္ေတြေပၚမွာဆူညံသြားခဲ့ပါတယ္။

ဒါေၾကာင့္ ေမးစရာရွိလာတာက ကာဗန္နက္ရွ္ရဲ႕ဆုံးျဖတ္ခ်က္ဟာ ဥပေဒစည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ညီ၊ မညီဆိုတာပါပဲ။ goal.com ကေတာ့ ပြဲၿပီးၿပီးခ်င္းမၾကာမီမွာပဲ ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ခ်္ၿမိဳ႕အေျခစိုက္ အျပည္ျပည္ဆိုင္ရာေဘာလုံးဘုတ္အဖြဲ႕အစည္းအ႐ုံး(IFAB)ကေရးဆြဲထုတ္ျပန္ထားတဲ့ Laws of the Game ကိုကိုးကားၿပီး ကာဗန္နက္ရွ္ရဲ႕ဆုံးျဖတ္ခ်က္မွန္ကန္တယ္ဆိုတာကို သတင္းေရးတင္ခဲ့ပါတယ္။ ” Laws of the Game အရဆိုရင္ ေဘာလုံးပြဲတစ္ပြဲမွာ ကြင္းလယ္ဒိုင္က ပြဲသိမ္းခရာမႈတ္လိုက္ေပမယ့္ VAR က အခ်က္ျပရင္ ျပန္လည္စစ္ေဆးၿပီး ပြဲကိုျပန္စႏိုင္ပါတယ္။ အဲဒီလိုအျငင္းပြားဖြယ္ျဖစ္ရပ္ေတြကို ျပန္စစ္ေဆးရာမွာ အခ်ိန္ကန႔္သတ္ခ်က္မရွိဘဲ ျမန္ဆန္မႈထက္ တိက်မွန္ကန္စြာဆုံးျဖတ္ႏိုင္ဖို႔က ပိုအေရးႀကီးပါတယ္။

အခ်ိဳ႕ျပန္စစ္ေဆးရတဲ့ျဖစ္ရပ္ေတြဟာ ရႈပ္ေထြးခက္ခဲၿပီး ရႈေထာင့္စုံကေနၾကည့္ရတာျဖစ္တာမို႔ အခ်ိန္ကန႔္သတ္ခ်က္မထားတာပါ။ ေမာ္ေပးလက္နဲ႔ထိခဲ့တာလည္း ပြဲသိမ္းခရာမမႈတ္မီျဖစ္ခဲ့တာမို႔ VAR ၾကည့္ၿပီး ပင္နယ္တီေပးခဲ့တဲ့ကာဗန္နက္ရွ္ရဲ႕ဆုံးျဖတ္ခ်က္မွန္ကန္ခဲ့ပါတယ္။ ကြင္းလယ္ဒိုင္အေနနဲ႔ ဘယ္ဆုံးျဖတ္ခ်က္ကိုမဆို ျပန္လည္ျပင္ဆင္၊ ခ်မွတ္၊ ေျပာင္းလဲႏိုင္ၿပီး ပြဲကိုလည္း ဥပေဒနဲ႔အညီျပန္စႏိုင္ပါတယ္” လို႔ goal ကေရးသားခဲ့ပါတယ္။ ပရိသတ္အခ်ိဳ႕ကေတာ့ ကာဗန္နက္ရွ္ဟာ မန္ခ်က္စတာဇာတိျဖစ္တာမို႔ မန္ယူအသင္းအႏိုင္ရဖို႔ ဘက္လိုက္ဆုံးျဖတ္ခဲ့တာလို႔ လူမႈကြန္ရက္ေတြေပၚမွာေရးတင္ေနၾကၿပီး အခ်ိဳ႕ကလည္း VAR စနစ္ကို ေဝဖန္ျပစ္တင္ေနၾကပါတယ္။