ဒီရာသီ ပထမဆုံးရရှိတဲ့ပင်နယ်တီနဲ့အတူ ပထမဆုံးလိဂ်နိုင်ပွဲရယူသွားနိုင်ခဲ့တဲ့ ယူနိုက်တက် (ဘရိုက်တန် ၂-၃ ယူနိုက်တက် ပွဲပြီးသုံးသပ်ချက်)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒီပွဲက တကယ့်ကိုရင်ခုန်မှုရသအပြည့်ပေးနိုင်တဲ့ပွဲဖြစ်ပြီး တိုင်တွေထိ၊ ပင်နယ်တီတွေပေး၊ VAR တွေ ပြန်ကြည့် နာကျင်အချိန်ပိုမှာ ဂိုးတွေသွင်းနဲ့ ကြည့်ရသူတွေကို ဝီစီမှုတ်မှ လှည့်ပြန်ဆိုတဲ့အတွေး ပေးနေသလိုပါပဲ။

ရာသီအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ပဲလေ့စ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒီပွဲမှာလည်း ကစားအားကောင်းမွန်တဲ့ ဘရိုက်တန်ကို နောက်ကျချေပဂိုးပေးလိုက်ရပေမယ့် နောက်ဆုံးမိနစ်မှာ ပင်နယ်တီရသွားလို့ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာလည်း ပြောစရာဆက်လက်ရှိခဲ့ပြီး ယူနိုက်တက်က ပင်နယ်တီကနေ ဦးဆောင်ဂိုးပေးလိုက်ရသလို ပွဲပြီးဖို့ နောက်ဆုံးမိနစ်မှာ ပင်နယ်တီရခဲ့ပြီး ဘရိုက်တန်ကလည်း ဂိုးတိုင်၊ ဂိုးဘားတန်းထိထွက်တာ ၅ကြိမ်အထိရှိခဲ့ပါတယ်။

အိမ်ကွင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘရိုက်တန်ဟာ အချက်အလက်တွေ စတင်ကောက်ယူတဲ့ ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်တစ်ပွဲတည်းမှာ ဂိုးတိုင်ထိ၊ ဘားတန်းထိထွက်တာ ၅ကြိမ်ရှိတဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး တိုက်စစ်မှူး ထရိုဆက်လည်း ဘယ်တိုင်၊ ညာတိုင်၊ ဂိုးဘားတန်း တစ်ကြိမ်စီ ထိထွက်ခဲ့ပါတယ်။

ထရိုဆက်ဟာ ၂၀၀၆ အောက်တိုဘာလက နယူးကာဆယ်နဲ့ပွဲမှာ ယူနိုက်တက်ကစားသမား ရော်နယ်ဒိုနောက်ပိုင်း ပရီးမီးယားလိဂ်မှာ တစ်ပွဲအတွင်း တိုင်၊ ဘားတန်း ၃ကြိမ်ထိထွက်တဲ့ပထမဆုံးကစားသမားလည်းဖြစ်လာပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်က တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဂိုးသွင်းယူဖို့အတွက် ဖန်တီးပေးခဲ့သလို နောက်ကျအနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တာမှန်ပေမယ့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီးအထူးသဖြင့် ပထမပိုင်းမှာ သူ့ဆီကနေ ဘောလုံး ၂ကြိမ် ပျက်သွားရာမှာ ၂ကြိမ်စလုံး ယူနိုက်တက်အသင်း အသည်းအသည်ဖျက်ထုတ်ခဲ့ရသလို ပင်နယ်တီကလည်း သူ့ရဲ့ဖျက်ထုတ်မှုကနေ ပေးလိုက်ရတာပါ။

ပြီးခဲ့တဲ့ရာသီက ပင်နယ်တီ စံချိန်တင်ရခဲ့တဲ့ ယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ၂ပွဲဆက် ပင်နယ်တီပေးခဲ့ရပေမယ့် နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ဘရိုက်တန်တိုက်စစ်မှူး မူပေး လက်နဲ့ထိသွားလို့ ပင်နယ်တီပြန်ရခဲ့ပါတယ်။

ဘရိုက်တန်က ဒီပွဲမှာ ယူနိုက်တက်ကို ရှိန်မနေဘဲ အသင်းကြီးပုံစံ ဘောလုံးကိုင်ကစားခဲ့ပြီး အထူးသဖြင့် ၁-၂ ဂိုးနဲ့အရေးနိမ့်နေချိန်မှာ ယူနိုက်တက်ကို အသင်းကြီး၊ အသင်းငယ်မှားသွားရလောက်အောင် တောက်လျှောက်ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန် ၉၄ မိနစ်မှာ တောင်ပံကစားသမား ဆိုလိုမွန်မက်ချ်က အနီးကပ်ခေါင်းတိုက်ချက်နဲ့ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၉၈ မိနစ်အရောက်မှာတော့ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်ကို မူပေး လက်နဲ့တားသလိုဖြစ်ခဲ့လို့ ယူနိုက်တက်အသင်း ပင်နယ်တီရခဲ့ပြီး ဖာနန်ဒက်စ်က အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်အသင်း အမှတ်ပြည့်ရသွားပါတယ်။


တစ်ပွဲလုံးခြေစွမ်းအရကြည့်ရင် ဘရိုက်တန်က ကစားအားပိုကောင်းခဲ့ပြီး ဖာနန်ဒက်စ်ကြောင့် ရရှိလာတဲ့ပင်နယ်တီကို မူပေးက လှလှပပ ကန်သွင်းယူနိုင်ခဲ့သလို မူပေးကြောင့်ရရှိလာတဲ့ပင်နယ်တီကို ဖာနန်ဒက်စ်က အသင်းအတွက် ၃မှတ်တန်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။


ပွဲချိန်မိနစ် ၄၀ မှာ ပင်နယ်တီဧရိယာထဲ ဆွဲပြေးလာတဲ့ လမ့်တေးကို ဖာနန်ဒက်စ်တားဆီးပုံ ကြမ်းခဲ့လို့ ဘရိုက်တန်အသင်း ပင်နယ်တီရခဲ့ပြီး မူပေးက အသာလေး မသွင်းကာ ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက် ၃မိနစ်အကြာမှာပဲ ယူနိုက်တက်အသင်း ချေပဂိုးရရှိခဲ့ပြီး ဘရိုက်တန်နောက်ခံလူ လူးဝစ်ဒန့်ခ် ကိုယ့်ဂိုးကိုယ်သွင်းမိသွားတာပါ။


ဒုတိယပိုင်းမှာလည်း ဘရိုက်တန်က ကစားကွက်အသာနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပေမယ့် ပွဲချိန် ၅၅ မိနစ်မှာ ရက်ရှ်ဖို့ဒ်က ဘရိုက်တန်နောက်ခံလူတွေကို အလဲလဲအပြိုပြိုဖြစ်စေကာ လှပတဲ့ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်း နိုင်ပွဲရတော့မယ်လို့ ထင်နေတုန်း ပွဲချိန် ၉၅ မိနစ်မှာ မက်ချ်က အနီးကပ်ခေါင်းတိုက်ကာ ဘရိုက်တန်အတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


ဒါပေမဲ့ ပွဲချိန် ၉၈ မိနစ်မှာ မူပေးကြောင့် ယူနိုက်တက်အသင်း ပင်နယ်တီရရှိခဲ့ပြီး ယူနိုက်တက်ကို ရောက်ကတည်းက ပင်နယ်တီတစ်ခါမှ မလွဲဖူးသေးတဲ့ ဖာနန်ဒက်စ်က အပိုင်ကန်သွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်အသင်း ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ဒီရာသီ ပထမဆုံးရရွိတဲ့ပင္နယ္တီနဲ႔အတူ ပထမဆုံးလိဂ္ႏိုင္ပဲြရယူသြားႏိုင္ခဲ့တဲ့ ယူႏုိက္တက္ (ဘ႐ိုက္တန္ ၂-၃ ယူႏုိက္တက္ ပြဲၿပီးသုံးသပ္ခ်က္)

ဒီပြဲက တကယ့္ကိုရင္ခုန္မႈရသအျပည့္ေပးႏုိင္တဲ့ပြဲျဖစ္ၿပီး တိုင္ေတြထိ၊ ပင္နယ္တီေတြေပး၊ VAR ေတြ ျပန္ၾကည့္ နာက်င္အခ်ိန္ပိုမွာ ဂုိးေတြသြင္းနဲ႔ ၾကည့္ရသူေတြကို ၀ီစီမႈတ္မွ လွည့္ျပန္ဆုိတဲ့အေတြး ေပးေနသလုိပါပဲ။ ရာသီအဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ပဲေလ့စ္ကို ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ ယူႏုိက္တက္ဟာ ဒီပြဲမွာလည္း ကစားအားေကာင္းမြန္တဲ့ ဘ႐ိုက္တန္ကို ေနာက္က်ေခ်ပဂိုးေပးလုိက္ရေပမယ့္ ေနာက္ဆုံးမိနစ္မွာ ပင္နယ္တီရသြားလုိ႔ ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာလည္း ေျပာစရာဆက္လက္ရွိခဲ့ၿပီး ယူႏုိက္တက္က ပင္နယ္တီကေန ဦးေဆာင္ဂိုးေပးလုိက္ရသလုိ ပြဲၿပီးဖို႔ ေနာက္ဆုံးမိနစ္မွာ ပင္နယ္တီရခဲ့ၿပီး ဘ႐ိုက္တန္ကလည္း ဂိုးတိုင္၊ ဂိုးဘားတန္းထိထြက္တာ ၅ႀကိမ္အထိရွိခဲ့ပါတယ္။

အိမ္ကြင္းမွာ ေျခစြမ္းျပႏုိင္ခဲ့တဲ့ ဘ႐ိုက္တန္ဟာ အခ်က္အလက္ေတြ စတင္ေကာက္ယူတဲ့ ၂၀၀၃-၀၄ ရာသီေနာက္ပိုင္း ပရီးမီးယားလိဂ္တစ္ပြဲတည္းမွာ ဂိုးတုိင္ထိ၊ ဘားတန္းထိထြက္တာ ၅ႀကိမ္ရွိတဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့ၿပီး တုိက္စစ္မွဴး ထရိုဆက္လည္း ဘယ္တုိင္၊ ညာတုိင္၊ ဂိုးဘားတန္း တစ္ႀကိမ္စီ ထိထြက္ခဲ့ပါတယ္။ ထ႐ိုဆက္ဟာ ၂၀၀၆ ေအာက္တုိဘာလက နယူးကာဆယ္နဲ႔ပြဲမွာ ယူႏိုက္တက္ကစားသမား ေရာ္နယ္ဒိုေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ တစ္ပြဲအတြင္း တုိင္၊ ဘားတန္း ၃ႀကိမ္ထိထြက္တဲ့ပထမဆုံးကစားသမားလည္းျဖစ္လာပါတယ္။

ဒီပဲြမွာ ယူႏုိက္တက္ကြင္းလယ္လူ ဖာနန္ဒက္စ္က တုိက္စစ္မွဴး ရက္ရွ္ဖုိ႔ဒ္ ဂိုးသြင္းယူဖုိ႔အတြက္ ဖန္တီးေပးခဲ့သလုိ ေနာက္က်အႏိုင္ဂိုးကို ပင္နယ္တီကေန သြင္းယူခဲ့တာမွန္ေပမယ့္ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရၿပီး အထူးသျဖင့္ ပထမပိုင္းမွာ သူ႕ဆီကေန ေဘာလုံး ၂ႀကိမ္ ပ်က္သြားရာမွာ ၂ႀကိမ္စလုံး ယူႏုိက္တက္အသင္း အသည္းအသည္ဖ်က္ထုတ္ခဲ့ရသလုိ ပင္နယ္တီကလည္း သူ႕ရဲ႕ဖ်က္ထုတ္မႈကေန ေပးလုိက္ရတာပါ။ ၿပီးခဲ့တဲ့ရာသီက ပင္နယ္တီ စံခ်ိန္တင္ရခဲ့တဲ့ ယူႏုိက္တက္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ၂ပြဲဆက္ ပင္နယ္တီေပးခဲ့ရေပမယ့္ နာက်င္အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာ ဘ႐ိုက္တန္တုိက္စစ္မွဴး မူေပး လက္နဲ႔ထိသြားလုိ႔ ပင္နယ္တီျပန္ရခဲ့ပါတယ္။

ဘ႐ိုက္တန္က ဒီပြဲမွာ ယူႏုိက္တက္ကို ရွိန္မေနဘဲ အသင္းႀကီးပုံစံ ေဘာလုံးကိုင္ကစားခဲ့ၿပီး အထူးသျဖင့္ ၁-၂ ဂိုးနဲ႔အေရးနိမ့္ေနခ်ိန္မွာ ယူႏုိက္တက္ကို အသင္းႀကီး၊ အသင္းငယ္မွားသြားရေလာက္ေအာင္ ေတာက္ေလွ်ာက္ဖိအားေပးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ပြဲခ်ိန္ ၉၄ မိနစ္မွာ ေတာင္ပံကစားသမား ဆိုလုိမြန္မက္ခ်္က အနီးကပ္ေခါင္းတုိက္ခ်က္နဲ႔ ေခ်ပဂိုး သြင္းယူႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ပြဲခ်ိန္ ၉၈ မိနစ္အေရာက္မွာေတာ့ မက္ဂြိဳင္းယားရဲ႕ ေခါင္းတိုက္ခ်က္ကို မူေပး လက္နဲ႔တားသလုိျဖစ္ခဲ့လုိ႔ ယူႏုိက္တက္အသင္း ပင္နယ္တီရခဲ့ၿပီး ဖာနန္ဒက္စ္က အမွားအယြင္းမရွိကန္သြင္းယူႏုိင္ခဲ့လုိ႔ ယူႏုိက္တက္အသင္း အမွတ္ျပည့္ရသြားပါတယ္။

တစ္ပြဲလုံးေျခစြမ္းအရၾကည့္ရင္ ဘ႐ိုက္တန္က ကစားအားပိုေကာင္းခဲ့ၿပီး ဖာနန္ဒက္စ္ေၾကာင့္ ရရွိလာတဲ့ပင္နယ္တီကို မူေပးက လွလွပပ ကန္သြင္းယူႏုိင္ခဲ့သလုိ မူေပးေၾကာင့္ရရွိလာတဲ့ပင္နယ္တီကို ဖာနန္ဒက္စ္က အသင္းအတြက္ ၃မွတ္တန္ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၄၀ မွာ ပင္နယ္တီဧရိယာထဲ ဆြဲေျပးလာတဲ့ လမ့္ေတးကို ဖာနန္ဒက္စ္တားဆီးပုံ ၾကမ္းခဲ့လုိ႔ ဘ႐ိုက္တန္အသင္း ပင္နယ္တီရခဲ့ၿပီး မူေပးက အသာေလး မသြင္းကာ ဦးေဆာင္ဂုိးရယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ ၃မိနစ္အၾကာမွာပဲ ယူႏုိက္တက္အသင္း ေခ်ပဂိုးရရွိခဲ့ၿပီး ဘ႐ိုက္တန္ေနာက္ခံလူ လူး၀စ္ဒန္႔ခ္ ကိုယ့္ဂိုးကိုယ္သြင္းမိသြားတာပါ။

ဒုတိယပုိင္းမွာလည္း ဘ႐ိုက္တန္က ကစားကြက္အသာနဲ႔ ဆက္လက္ဖိအားေပးႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၅၅ မိနစ္မွာ ရက္ရွ္ဖုိ႔ဒ္က ဘ႐ိုက္တန္ေနာက္ခံလူေတြကို အလဲလဲအၿပိဳၿပိဳျဖစ္ေစကာ လွပတဲ့ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ယူႏုိက္တက္အသင္း ႏိုင္ပြဲရေတာ့မယ္လုိ႔ ထင္ေနတုန္း ပြဲခ်ိန္ ၉၅ မိနစ္မွာ မက္ခ်္က အနီးကပ္ေခါင္းတုိက္ကာ ဘ႐ိုက္တန္အတြက္ ေခ်ပဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

ဒါေပမဲ့ ပြဲခ်ိန္ ၉၈ မိနစ္မွာ မူေပးေၾကာင့္ ယူႏုိက္တက္အသင္း ပင္နယ္တီရရွိခဲ့ၿပီး ယူႏုိက္တက္ကို ေရာက္ကတည္းက ပင္နယ္တီတစ္ခါမွ မလြဲဖူးေသးတဲ့ ဖာနန္ဒက္စ္က အပိုင္ကန္သြင္းယူႏုိင္ခဲ့လုိ႔ ယူႏုိက္တက္အသင္း ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။