မန်ချက်စတာယူနိုက်တက်ကို မပြောင်းလာသေးဘဲ ဒေါ့တ်မွန်မှာ ဆန်ချို ပျော်နေတဲ့ အကြောင်းကို ယူနိုက်တက်ပရိသတ်တွေ ပြောပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒေါ့တ်မွန်အသင်းကို ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအားကစားမယ်တစ်ဦး ရောက်လာတော့ ဒီ ဂျာမန်ကလပ်ကနေ ဆန်ချို ဘယ်တော့မှ ပြောင်းတော့မှာမဟုတ်ဘူးလို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကြား ဟာသလုပ်ပြောလာကြပါတယ်။

ပြောမယ်ဆိုလည်း ပြောချင်စရာပါပဲ။ မန်ချက်စတာယူနိုက်တက်ဟာ ဒီ အင်္ဂလန်လူငယ်ကြယ်ပွင့်ကို လိုလိုလားလားနဲ့ ခေါ်ဖို့ကြိုးစားခဲ့ပေမယ့် ဒေါ့တ်မွန်အသင်းကရော ကစားသမားကိုယ်တိုင်ကပါ ဈေးကိုင်နေလို့ အခုထိ အပြောင်းအရွှေ့မဖြစ်သေးပါဘူး။ လိပ်ခဲတည်းလည်းဖြစ်နေတဲ့အခြေအနေမှာ ဒေါ့တ်မွန်အသင်းကို အလှပဂေးတစ်ယောက်ရောက်လာတော့ ဂျာမနီမှာပဲ ဆန်ချို ပျော်နေပြီလို့ ဟာသလုပ်ချင်စရာဖြစ်လာပါတယ်။

အခုဒေါ့မွန်အသင်းဟာ အသက်၂၁နှစ်အရွယ် ဂျာမန် ပြေး၊ခုန်၊ပစ် အားကစားမယ်လေး အလီကာရှမစ်ကို အသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အသင်းကို ရောက်လာတဲ့ အလှပဂေးဟာ ဆန်ချိုနဲ့ အသက်သိပ်မကွာလှပါဘူး။

တာလတ်အပြေးသမားတစ်ဦးဖြစ်ပြီး အိုလံပစ်ဆုတံဆိပ်ရှင်ဖြစ်ဖို့ မျှော်လင့်နေသူလည်းဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် မော်ဒယ် တစ်ဦးအဖြစ်တောင် ရပ်တည်နိုင်သူပါ။

သြစတြေးလျမဂ္ဂဇင်းတစ်စောင်ကဆိုရင် ရှမစ်ကို ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအားကစားမယ်လို့ ညွှန်းခဲ့ဖူးပါတယ်။

သူ့ကစားသမားဘဝအကြောင်းကို ပြန်ကြည့်ရင် အငယ်တန်း ပြေး၊ခုန်၊ပစ်ပြိုင်ပွဲတွေမှာ အောင်မြင်ခဲ့လို့ နာမည်ကြီးလာတာကိုတွေ့ရပါတယ်။ ၂၀၁၇ ဥရောပအသက် ၂၀နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲရဲ့ မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲမှာ ဂျာမနီအသင်းနဲ့အတူ ငွေတံဆိပ်ဆုရခဲ့ပါတယ်။

အခု ဒေါ့တ်မွန်အသင်းကို ရောက်လာတာကတော့ ပူးမားရဲ့အစီအစဉ်လည်း ပါဖွယ်ရှိပါတယ်။ ဒေါ့တ်မွန်အသင်းကို ပူးမားက စပွန်ဆာပေးထားသလို ရှမစ်ကလည်း ပူးမားနဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုထားသူပါ။

ဒေါ့တ်မွန်အသင်းမှာ မူနီယာ၊ ပက်စ်လက်ခ်၊ အကန်ဂျီ၊ ဟမ်မဲလ် စတဲ့ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းတွေအတူလုပ်ခဲ့ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်အတွင်း ပြေးနှုန်းလေ့ကျင့်နေချိန်မှာ ဟမ်မဲလ်နဲ့ မီတာ ၄၀၀တောင်အပြေးပြိုင်လိုက်ပါသေးတယ်။ ဟမ်မဲလ်ကို ပြေးနိုင်သမျှ အမြန်ဆုံးပြေးပြပြီး ရှမစ်က အညှာအတာမရှိ အနိုင်ယူပြခဲ့ပါတယ်။ အပြေးပြိုင်ခဲ့ပြီးနောက်မှာ ဟမ်မဲလ်ဟာ ပြေးလမ်းပေါ်မှာ ပက်လက်လန်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ရှမစ်ကတော့ သူမရဲ့ကြံ့ခိုင်မှုဟာ မဆုံးရှုံးသေး ဘူးဆိုတာကို ပြသခဲ့ပေမယ့် ဟမ်မဲလ်ကတော့ လမ်းလျှောက်ဖို့တောင်မနဲ ကြိုးစားနေရပြီး ရှမစ်ကို “ငါ တကယ်ကို လျှော့တွက်မိခဲ့တာပဲ”လို့ ပြောခဲ့လိုက်ပါတယ်။

ရှမစ် ရောက်လာတာကြောင့် ဒေါ့တ်မွန်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်က ပိုပြီး လှုပ်ခတ်သွားတာတော့အမှန်ပဲ။

ဒါကြောင့်လည်း မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးက “ဒေါ့တ်မွန်ကို ကြံ့ခိုင်ရေးမှူးတစ်ဦးရောက်နေပါတယ်။ ဂျေဒန်ဆန်ချို ဘာကြောင့် အဲဒီမှာ ဆက်နေသလဲအံသြစရာမဟုတ်တော့ဘူး၊ ဒီတိုင်းဆို ဒေါ့တ်မွန်က ဘယ်ကစားသမားမှ လေ့ကျင့်ရေးချိန်တွေလွတ်မှာမဟုတ်တော့ဘူး”လို့ စနောက်ခဲ့ပါတယ်။

နောက် ပရိသတ်တစ်ဦးကလည်း “ဒေါ့တ်မွန်အသင်းကတော့ ဆန်ချို ဆက်နေချင်အောင်အတွက် လုပ်နိုင်သမျှအရာအားလုံးလုပ်နေပါတယ်”လို့ လူမှုကွန်ယက်မှာ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

မန္ခ်က္စတာယူႏုိက္တက္ကို မေျပာင္းလာေသးဘဲ ေဒါ့တ္မြန္မွာ ဆန္ခ်ိဳ ေပ်ာ္ေနတဲ့ အေၾကာင္းကို ယူႏိုက္တက္ပရိသတ္ေတြ ေျပာၿပီ

ေဒါ့တ္မြန္အသင္းကို ကမၻာ႔ဆြဲေဆာင္မႈအရွိဆံုးအားကစားမယ္တစ္ဦး ေရာက္လာေတာ့ ဒီ ဂ်ာမန္ကလပ္ကေန ဆန္ခ်ိဳ ဘယ္ေတာ့မွ ေျပာင္းေတာ့မွာမဟုတ္ဘူးလို႔ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြၾကား ဟာသလုပ္ေျပာလာၾကပါတယ္။ ေျပာမယ္ဆိုလည္း ေျပာခ်င္စရာပါပဲ။ မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီ အဂၤလန္လူငယ္ၾကယ္ပြင့္ကို လိုလုိလားလားနဲ႔ ေခၚဖို႔ႀကိဳးစားခဲ့ေပမယ့္ ေဒါ့တ္မြန္အသင္းကေရာ ကစားသမားကိုယ္တိုင္ကပါ ေစ်းကိုင္ေနလို႔ အခုထိ အေျပာင္းအေရႊ႕မျဖစ္ေသးပါဘူး။

လိပ္ခဲတည္းလည္းျဖစ္ေနတဲ့အေျခအေနမွာ ေဒါ့တ္မြန္အသင္းကို အလွပေဂးတစ္ေယာက္ေရာက္လာေတာ့ ဂ်ာမနီမွာပဲ ဆန္ခ်ိဳ ေပ်ာ္ေနၿပီလို႔ ဟာသလုပ္ခ်င္စရာျဖစ္လာပါတယ္။

အခုေဒါ့မြန္အသင္းဟာ အသက္၂၁ႏွစ္အရြယ္ ဂ်ာမန္ ေျပး၊ခုန္၊ပစ္ အားကစားမယ္ေလး အလီကာရွမစ္ကို အသင္းရဲ႕ ႀကံ့ခိုင္ေရးနည္းျပအျဖစ္ ခန႔္အပ္ခဲ့ပါတယ္။ အသင္းကို ေရာက္လာတဲ့ အလွပေဂးဟာ ဆန္ခ်ိဳနဲ႔ အသက္သိပ္မကြာလွပါဘူး။

တာလတ္အေျပးသမားတစ္ဦးျဖစ္ၿပီး အိုလံပစ္ဆုတံဆိပ္ရွင္ျဖစ္ဖို႔ ေမွ်ာ္လင့္ေနသူလည္းျဖစ္ပါတယ္။ ဆြဲေဆာင္မႈရွိတဲ့ ရုပ္ရည္နဲ႔ ခႏၶာကိုယ္အခ်ိဳးအစားေၾကာင့္ ေမာ္ဒယ္ တစ္ဦးအျဖစ္ေတာင္ ရပ္တည္ႏိုင္သူပါ။

ၾသစေၾတးလ်မဂၢဇင္းတစ္ေစာင္ကဆိုရင္ ရွမစ္ကို ကမၻာ႔ဆြဲေဆာင္မႈအရွိဆံုးအားကစားမယ္လို႔ ညႊန္းခဲ့ဖူးပါတယ္။ သူ႔ကစားသမားဘ၀အေၾကာင္းကို ျပန္ၾကည့္ရင္ အငယ္တန္း ေျပး၊ခုန္၊ပစ္ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္ခ့ဲလို႔ နာမည္ႀကီးလာတာကိုေတြ႔ရပါတယ္။ ၂၀၁၇ ဥေရာပအသက္ ၂၀ႏွစ္ေအာက္ ေျပးခုန္ပစ္ ၿပိဳင္ပြဲရဲ႕ မီတာ ၄၀၀ လက္ဆင့္ကမ္းအေျပးၿပိဳင္ပြဲမွာ ဂ်ာမနီအသင္းနဲ႔အတူ ေငြတံဆိပ္ဆုရခဲ့ပါတယ္။

အခု ေဒါ့တ္မြန္အသင္းကို ေရာက္လာတာကေတာ့ ပူးမားရဲ႕အစီအစဥ္လည္း ပါဖြယ္ရွိပါတယ္။ ေဒါ့တ္မြန္အသင္းကို ပူးမားက စပြန္ဆာေပးထားသလို ရွမစ္ကလည္း ပူးမားနဲ႔ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားသူပါ။

ေဒါ့တ္မြန္အသင္းမွာ မူနီယာ၊ ပက္စ္လက္ခ္၊ အကန္ဂ်ီ၊ ဟမ္မဲလ္ စတဲ့ကစားသမားေတြနဲ႔အတူ ေလ့က်င့္ခန္းေတြအတူလုပ္ခဲ့ပါတယ္။ ေလ့က်င့္ေရးအစီအစဥ္အတြင္း ေျပးႏႈန္းေလ့က်င့္ေနခ်ိန္မွာ ဟမ္မဲလ္နဲ႔ မီတာ ၄၀၀ေတာင္အေျပးၿပိဳင္လိုက္ပါေသးတယ္။ ဟမ္မဲလ္ကို ေျပးႏိုင္သမွ် အျမန္ဆုံးေျပးျပၿပီး ရွမစ္က အညႇာအတာမရွိ အႏိုင္ယူျပခဲ့ပါတယ္။ အေျပးၿပိဳင္ခဲ့ၿပီးေနာက္မွာ ဟမ္မဲလ္ဟာ ေျပးလမ္းေပၚမွာ ပက္လက္လန္ေနခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ ရွမစ္ကေတာ့ သူမရဲ႕ႀကံ့ခိုင္မႈဟာ မဆုံးရႈံးေသး ဘူးဆိုတာကို ျပသခဲ့ေပမယ့္ ဟမ္မဲလ္ကေတာ့ လမ္းေလွ်ာက္ဖို႔ေတာင္မနဲ ႀကိဳးစားေနရၿပီး ရွမစ္ကို “ငါ တကယ္ကို ေလွ်ာ့တြက္မိခဲ့တာပဲ”လို႔ ေျပာခဲ့လိုက္ပါတယ္။

ရွမစ္ ေရာက္လာတာေၾကာင့္ ေဒါ့တ္မြန္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္က ပိုၿပီး လႈပ္ခတ္သြားတာေတာ့အမွန္ပဲ။ ဒါေၾကာင့္လည္း မန္ခ်က္စတာယူႏိုက္တက္ပရိသတ္တစ္ဦးက “ေဒါ့တ္မြန္ကို ႀကံ့ခိုင္ေရးမႉးတစ္ဦးေရာက္ေနပါတယ္။ ေဂ်ဒန္ဆန္ခ်ိဳ ဘာေၾကာင့္ အဲဒီမွာ ဆက္ေနသလဲအံျသစရာမဟုတ္ေတာ့ဘူး၊ ဒီတိုင္းဆို ေဒါ့တ္မြန္က ဘယ္ကစားသမားမွ ေလ့က်င့္ေရးခ်ိန္ေတြလြတ္မွာမဟုတ္ေတာ့ဘူး”လို႔ စေနာက္ခဲ့ပါတယ္။

ေနာက္ ပရိသတ္တစ္ဦးကလည္း “ေဒါ့တ္မြန္အသင္းကေတာ့ ဆန္ခ်ိဳ ဆက္ေနခ်င္ေအာင္အတြက္ လုပ္ႏိုင္သမွ်အရာအားလုံးလုပ္ေနပါတယ္”လို႔ လူမႈကြန္ယက္မွာ ေျပာခဲ့ပါတယ္။