ချန်ပီယံလိဂ်အရှက်တကွဲရှုံးပွဲအတွက် ကလဲ့စားချေဖို့ ဘာစီလိုနာတစ်သင်းလုံးဆန္ဒပြင်းပြနေတယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့ရတဲ့အရှက်တကွဲအရှုံးအတွက်ကလဲ့စားချေဖို့ ဘာစီလိုနာတစ်သင်းလုံးဆန္ဒပြင်းပြနေတယ်လို့ ဘော့စနီးယားကွင်းလယ်လူ ပီဂျာနစ်ကကြုံးဝါးခဲ့ပါတယ်။

ပေါ်တူဂီမြေမှာကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာဟာ ချန်ပီယံဖြစ်သွားတဲ့ဘိုင်ယန်မြူးနစ်ပြုသမျှနုခဲ့ရပြီး ၈-၂ဂိုးနဲ့အပြတ်အသတ်ရှုံးခဲ့တာပါ။ လာလီဂါသရဖူလုပွဲမှာလည်း ခါးသီးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ရဲ့အနိုင်ယူခြင်းခံခဲ့ရပြီး ဖလားလက်မဲ့ရာသီကိုဖြတ်သန်းခဲ့ရပါတယ်။

ဒါကြောင့် နည်းပြဆက်တီယန်ကိုထုတ်ပယ်ပြီး ရော်နယ်ကိုးမန်းနဲ့အစားထိုးခဲ့ရပါတယ်။ ဒါ့အပြင် စူပါစတားမက်ဆီကတောင် ဘာစီလိုနာကနေထွက်ခွာခွင့်ပေးဖို့တောင်းဆိုခြင်းခံခဲ့ရပြီး နောက်ပိုင်းကျမှစိတ်ပြောင်းပြီး ဆက်နေဖို့ဆုံးဖြတ်ခဲ့တာပါ။

ဒီရာသီမှာတော့ မနှစ်ကစွမ်းဆောင်ရည်ကျဆင်းခဲ့တာကနေ အကောင်းဆုံးပြန်နိုးထပြမယ်လို့ ဂျူဗင်တပ်ကနေ အာသာမယ်လိုနဲ့အလဲအထပ်လုပ်ပြီး နူးကမ့်ကိုရောက်လာတဲ့ ပီဂျာနစ်ကကြုံးဝါးခဲ့တာပါ။ ပီဂျာနစ်က ”လစ္စဘွန်းမှာဖြစ်ခဲ့တာဟာ ကြီးမားတဲ့မတော်တဆမှုဖြစ်ပြီး ကလဲ့စားချေဖို့ တစ်သင်းလုံးဆန္ဒပြင်းပြနေပါတယ်။

ကျွန်တော်တို့ရဲ့ရည်မှန်းချက်က တစ်ဆင့်ပြီးတစ်ဆင့်သွားဖို့ဖြစ်ပြီး လွယ်ကူမှာမဟုတ်တဲ့ဗီလာရီးရဲလ်ပွဲနဲ့အစပြုရမှာပါ။ ချန်ပီယံလိဂ်မှာတော့ ဖလားရနိုင်တဲ့အသင်းက ၅သင်း/၆သင်းလောက်ရှိပါတယ်။ လက်ရှိဘာကာကစားသမားတွေဟာ ဘောလုံးကမ္ဘာရဲ့လေးစားခြင်းခံရသူတွေဖြစ်ပြီး ထပ်မံသက်သေပြဖို့မလိုသူတွေပါ။ ဒါပေမဲ့ ဘောလုံးမှာ မတော်တဆဖြစ်မှုဆိုတာတွေရှိတတ်ပါတယ်။

အသင်းကိုကျွန်တော်ရောက်လာတော့ ကစားဖော်အချို့နဲ့စကားပြောပြီးပါပြီ။ သူတို့အားလုံးယုံကြည်မှုပျောက်ဆုံးခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီဟာ အသင်းမှာရှိတဲ့သူတိုင်းအတွက် လွယ်ကူမှာမဟုတ်ပေမယ့် ဒီရာသီကိုတော့ အကောင်းဆုံးဖြတ်သန်းနိုင်မယ်လို့ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

နူးကမ့်ကိုပြောင်းရွှေ့လာခြင်းနဲ့ပတ်သက်လို့လည်း ပီဂျာနစ်က ဘာစီလိုနာလို ပြိုင်ပွဲတိုင်းမှာအနိုင်ရဖို့စုဖွဲ့တည်ဆောက်ထားတဲ့အသင်းကိုလာဖို့လုံးဝတွန့်ဆုတ်ခဲ့ခြင်းမရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ ဘာစီလိုနာဟာ လာမယ့်တနင်္ဂနွေမှာ လာလီဂါရာသီအဖွင့်ပွဲအဖြစ် အူနိုင်းအမ်မရီရဲ့ဗီလာရီးရဲလ်အသင်းကို နူးကမ့်မှာလက်ခံကစားရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ခ်န္ပီယံလိဂ္အရွက္တကြဲရႈံးပြဲအတြက္ ကလဲ့စားေခ်ဖို႔ ဘာစီလိုနာတစ္သင္းလုံးဆႏၵျပင္းျပေနတယ္

ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္ကို ရႈံးခဲ့ရတဲ့အရွက္တကြဲအရႈံးအတြက္ကလဲ့စားေခ်ဖို႔ ဘာစီလိုနာတစ္သင္းလုံးဆႏၵျပင္းျပေနတယ္လို႔ ေဘာ့စနီးယားကြင္းလယ္လူ ပီဂ်ာနစ္ကႀကဳံးဝါးခဲ့ပါတယ္။ ေပၚတူဂီေျမမွာကစားခဲ့တဲ့ပြဲမွာ ဘာစီလိုနာဟာ ခ်န္ပီယံျဖစ္သြားတဲ့ဘိုင္ယန္ျမဴးနစ္ျပဳသမွ်ႏုခဲ့ရၿပီး ၈-၂ဂိုးနဲ႔အျပတ္အသတ္ရႈံးခဲ့တာပါ။

လာလီဂါသရဖူလုပြဲမွာလည္း ခါးသီးၿပိဳင္ဘက္ရီးရဲလ္မက္ဒရစ္ရဲ႕အႏိုင္ယူျခင္းခံခဲ့ရၿပီး ဖလားလက္မဲ့ရာသီကိုျဖတ္သန္းခဲ့ရပါတယ္။ ဒါေၾကာင့္ နည္းျပဆက္တီယန္ကိုထုတ္ပယ္ၿပီး ေရာ္နယ္ကိုးမန္းနဲ႔အစားထိုးခဲ့ရပါတယ္။ ဒါ့အျပင္ စူပါစတားမက္ဆီကေတာင္ ဘာစီလိုနာကေနထြက္ခြာခြင့္ေပးဖို႔ေတာင္းဆိုျခင္းခံခဲ့ရၿပီး ေနာက္ပိုင္းက်မွစိတ္ေျပာင္းၿပီး ဆက္ေနဖို႔ဆုံးျဖတ္ခဲ့တာပါ။ ဒီရာသီမွာေတာ့ မႏွစ္ကစြမ္းေဆာင္ရည္က်ဆင္းခဲ့တာကေန အေကာင္းဆုံးျပန္ႏိုးထျပမယ္လို႔ ဂ်ဴဗင္တပ္ကေန အာသာမယ္လိုနဲ႔အလဲအထပ္လုပ္ၿပီး ႏူးကမ့္ကိုေရာက္လာတဲ့ ပီဂ်ာနစ္ကႀကဳံးဝါးခဲ့တာပါ။

ပီဂ်ာနစ္က ”လစၥဘြန္းမွာျဖစ္ခဲ့တာဟာ ႀကီးမားတဲ့မေတာ္တဆမႈျဖစ္ၿပီး ကလဲ့စားေခ်ဖို႔ တစ္သင္းလုံးဆႏၵျပင္းျပေနပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္က တစ္ဆင့္ၿပီးတစ္ဆင့္သြားဖို႔ျဖစ္ၿပီး လြယ္ကူမွာမဟုတ္တဲ့ဗီလာရီးရဲလ္ပြဲနဲ႔အစျပဳရမွာပါ။ ခ်န္ပီယံလိဂ္မွာေတာ့ ဖလားရႏိုင္တဲ့အသင္းက ၅သင္း/၆သင္းေလာက္ရွိပါတယ္။ လက္ရွိဘာကာကစားသမားေတြဟာ ေဘာလုံးကမာၻရဲ႕ေလးစားျခင္းခံရသူေတြျဖစ္ၿပီး ထပ္မံသက္ေသျပဖို႔မလိုသူေတြပါ။ ဒါေပမဲ့ ေဘာလုံးမွာ မေတာ္တဆျဖစ္မႈဆိုတာေတြရွိတတ္ပါတယ္။ အသင္းကိုကြၽန္ေတာ္ေရာက္လာေတာ့ ကစားေဖာ္အခ်ိဳ႕နဲ႔စကားေျပာၿပီးပါၿပီ။ သူတို႔အားလုံးယုံၾကည္မႈေပ်ာက္ဆုံးျခင္းမရွိပါဘူး။ ၿပီးခဲ့တဲ့ရာသီဟာ အသင္းမွာရွိတဲ့သူတိုင္းအတြက္ လြယ္ကူမွာမဟုတ္ေပမယ့္ ဒီရာသီကိုေတာ့ အေကာင္းဆုံးျဖတ္သန္းႏိုင္မယ္လို႔ယုံၾကည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ႏူးကမ့္ကိုေျပာင္းေ႐ႊ႕လာျခင္းနဲ႔ပတ္သက္လို႔လည္း ပီဂ်ာနစ္က ဘာစီလိုနာလို ၿပိဳင္ပြဲတိုင္းမွာအႏိုင္ရဖို႔စုဖြဲ႕တည္ေဆာက္ထားတဲ့အသင္းကိုလာဖို႔လုံးဝတြန႔္ဆုတ္ခဲ့ျခင္းမရွိဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။ ဘာစီလိုနာဟာ လာမယ့္တနဂၤေႏြမွာ လာလီဂါရာသီအဖြင့္ပြဲအျဖစ္ အူႏိုင္းအမ္မရီရဲ႕ဗီလာရီးရဲလ္အသင္းကို ႏူးကမ့္မွာလက္ခံကစားရမွာပါ။