ကီပါကို အငှားချသွားဖို့ ချဲလ်ဆီး စီစဉ်နေပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ချ်ရဲ့ရင်းနှီးမြှပ်နှံမှုနဲ့အတူ ချန်ပီယံဆုတွေကို အကြိမ်ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ချဲလ်ဆီးမှာ အောင်မြင်တဲ့ အပြောင်းအရွှေ့တွေ များစွာရှိခဲ့ပေမယ့် တန်ကြေးအမြောက်အမြားပေးရပြီး မအောင်မြင်ခဲ့တဲ့ အပြောင်းအရွှေ့တွေလည်း ရှိပါတယ်။

အထူးသဖြင့် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ခဲ့တဲ့ ကစားသမားတွေ ရုန်းကန်ရတတ်တဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးပါတယ်။

ခရစ္စဆပ်တန်၊ ရှက်ဗ်ချန်ကို၊ တောရက်စ်၊ မိုရာတာ စတဲ့ ကစားသမားတွေဟာ ချဲလ်ဆီးကို မျှော်လင့်တကြီးနဲ့ ပြောင်းလာပြီးနောက် ရုန်းကန်ခဲ့ရပါတယ်။

သူတို့လိုပဲ ဂိုးသမားတွေထဲ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂သန်းနဲ့ ပြောင်းလာခဲ့တဲ့ စပိန်ဂိုးသမား ကီပါကလည်း ချဲလ်ဆီးကို ပြောင်းလာပြီးနောက် ၂နှစ်အတွင်း ဖိအားတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ အဆိုးဆုံးပါ။ ပရီးမီးယားလိဂ်မှာ Clean-Sheet ၆ပွဲပဲ ရခဲ့ပါတယ်။

အမှားများလာလို့ အရန်ဂိုးသမား ဝီလီကာဘာလီယိုကို လမ်းပတ် ပြောင်းသုံးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ကီပါဟာ ပရီးမီးယားလိဂ် ၂ပွဲကစားအပြီးမှာ ၃ဂိုးပေးထားရပါပြီ။ ၂ပွဲစလုံးလည်း Clean-Sheet ပျက်ခဲ့ပါတယ်။

ဒါကြောင့်လည်း ချဲလ်ဆီးဟာ ရန်းနက်စ်အသင်းက ခေါ်ယူဖို့ စီစဉ်ထားတဲ့ အက်ဒွပ်မန်ဒီရဲ့အပြောင်းအရွှေ့ကို ကြာသပတေးနေ့ကပဲ ခပ်မြန်မြန် စာချုပ်ချုပ်လိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ အက်ဒွပ်မန်ဒီကို ခေါ်ခဲ့ပြီးနောက် ချဲလ်ဆီးဟာ ကီပါကို အငှားချသွားဖို့ စီစဉ်လာပါတယ်။

The Sunသတင်းစာက ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ ကီပါအပေါ် စိတ်ရှည်သည်းခံမှုကုန်ဆုံးလာတာကြောင့် အောက်တိုဘာလ ၅ရက်နေ့၊ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် အငှားချသွားတော့မယ်လို့ ဆိုပါတယ်။ လောလောဆယ်သူ့ကို ကမ်းလှမ်းထားတဲ့အသင်းမရှိပေမယ့် သြဂုတ်လက ခေါ်ယူဖို့ စုံစမ်းခဲ့တဲ့ ဗလန်စီယာနဲ့ ဆီဗီလာတို့ဟာ ကီပါကို အငှားစာချုပ်နဲ့ခေါ်နိုင်မယ့် အခွင့်အရေးကို စိတ်ဝင်စားဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ကီပါကို အငွားခ်သြားဖို႔ ခ်ဲလ္ဆီး စီစဥ္ေနၿပီ

ရုရွားသူေဌး ရိုမန္ေအဘရာမိုဗစ္ခ်္ရဲ႕ရင္းႏွီးျမွပ္ႏွံမႈနဲ႔အတူ ခ်န္ပီယံဆုေတြကို အႀကိမ္ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးမွာ ေအာင္ျမင္တဲ့ အေျပာင္းအေရႊ႕ေတြ မ်ားစြာရွိခဲ့ေပမယ့္ တန္ေၾကးအေျမာက္အျမားေပးရၿပီး မေအာင္ျမင္ခဲ့တဲ့ အေျပာင္းအေရႊ႕ေတြလည္း ရွိပါတယ္။ အထူးသျဖင့္ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚခဲ့တဲ့ ကစားသမားေတြ ရုန္းကန္ရတတ္တဲ့ အစဥ္အလာေတြ ရွိခဲ့ဖူးပါတယ္။ ခရစၥဆပ္တန္၊ ရွက္ဗ္ခ်န္ကို၊ ေတာရက္စ္၊ မိုရာတာ စတဲ့ ကစားသမားေတြဟာ ခ်ဲလ္ဆီးကို ေမွ်ာ္လင့္တႀကီးနဲ႔ ေျပာင္းလာၿပီးေနာက္ ရုန္းကန္ခဲ့ရပါတယ္။

သူတို႔လိုပဲ ဂိုးသမားေတြထဲ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂သန္းနဲ႔ ေျပာင္းလာခဲ့တဲ့ စပိန္ဂိုးသမား ကီပါကလည္း ခ်ဲလ္ဆီးကို ေျပာင္းလာၿပီးေနာက္ ၂ႏွစ္အတြင္း ဖိအားေတြန႔ဲ ရုန္းကန္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီကေတာ့ အဆိုးဆံုးပါ။ ပရီးမီးယားလိဂ္မွာ Clean-Sheet ၆ပြဲပဲ ရခဲ့ပါတယ္။

အမွားမ်ားလာလို႔ အရန္ဂိုးသမား ၀ီလီကာဘာလီယိုကို လမ္းပတ္ ေျပာင္းသံုးရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ ဒီရာသီမွာလည္း ကီပါဟာ ပရီးမီးယားလိဂ္ ၂ပြဲကစားအၿပီးမွာ ၃ဂိုးေပးထားရပါၿပီ။ ၂ပြဲစလံုးလည္း Clean-Sheet ပ်က္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း ခ်ဲလ္ဆီးဟာ ရန္းနက္စ္အသင္းက ေခၚယူဖို႔ စီစဥ္ထားတဲ့ အက္ဒြပ္မန္ဒီရဲ႕အေျပာင္းအေရႊ႕ကို ၾကာသပေတးေန႔ကပဲ ခပ္ျမန္ျမန္ စာခ်ဳပ္ခ်ဳပ္လိုက္ပါတယ္။ တစ္ဆက္တည္းမွာပဲ အက္ဒြပ္မန္ဒီကို ေခၚခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးဟာ ကီပါကို အငွားခ်သြားဖို႔ စီစဥ္လာပါတယ္။ The Sunသတင္းစာက ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ ကီပါအေပၚ စိတ္ရွည္သည္းခံမႈကုန္ဆံုးလာတာေၾကာင့္ ေအာက္တိုဘာလ ၅ရက္ေန႔၊ အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ အငွားခ်သြားေတာ့မယ္လို႔ ဆုိပါတယ္။ ေလာေလာဆယ္သူ႔ကို ကမ္းလွမ္းထားတဲ့အသင္းမရွိေပမယ့္ ၾသဂုတ္လက ေခၚယူဖို႔ စံုစမ္းခဲ့တဲ့ ဗလန္စီယာနဲ႔ ဆီဗီလာတို႔ဟာ ကီပါကို အငွားစာခ်ဳပ္နဲ႔ေခၚႏိုင္မယ့္ အခြင့္အေရးကို စိတ္၀င္စားဖြယ္ရွိေနပါတယ္။