လက်စတာ ဝ-၂ အာဆင်နယ်ပွဲမှ ဆွေးနွေးပြောဆိုစရာအဖြစ်ကျန်ရစ်စေခဲ့တဲ့ အကြောင်းအရာ ၅ခု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ရာသီအစတာထွက်ကောင်းနေတဲ့အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဒဟူးညက ကစားခဲ့တဲ့ လိဂ်ဖလားတတိယအဆင့်ပွဲစဉ်မှာလည်း လက်စတာအသင်းကို ၂ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ လက်စတာအသင်းရဲ့ King Power ကွင်းမှာကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းကိုနိုင်ခဲ့တဲ့ပွဲကလူစာရင်းကို ၇နေရာအပြောင်းအလဲလုပ်ခဲ့ပြီး လီနို၊ ဟိုးလ်ဒင်း၊ ကိုလာဆီနက်၊ ဆာကာတို့ကိုသာ ပွဲထွက်ပြန်သုံးခဲ့ပါတယ်။

လက်စတာကလည်း ဘန်လေကိုနိုင်ခဲ့တဲ့ပွဲကလူစာရင်းကို တစ်သင်းလုံးအပြောင်းအလဲလုပ်ခဲ့တာပါ။ အရန်အင်အားနဲ့ လူငယ်စုဖွဲ့မှုချင်းအားပြိုင်တာမို့ တစ်သင်းနဲ့တစ်သင်း သိသိသာသာအသာမရဘဲ ခြေရည်တူခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေပေမယ့် ပွဲချိန် ၅၇မိနစ်မှာတော့ အာဆင်နယ် အဖွင့်ဂိုးရခဲ့ပြီး လက်စတာနောက်ခံလူ ခရစ္စရှန်ဖုချ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။ အဲဒီဂိုးကြောင့် စိတ်ဓာတ်တက်ကြွလာပြီး ပွဲကိုထိန်းချုပ်နိုင်လာတဲ့အာဆင်နယ်အတွက် အနိုင်သေချာစေမယ့်ဒုတိယဂိုးကိုတော့ ပုံမှန်ပွဲချိန်နောက်ဆုံးမိနစ်မှာတိုက်စစ်မှူးအန်ကက်တီးယားကသွင်းပေးခဲ့ပါတယ်။ အာဆင်နယ်ရဲ့နိုင်ပွဲမှာ ပရိသတ်တွေ စိတ်ဝင်တစားနဲ့ ဆွေးနွေးပြောဆိုစရာအဖြစ်ကျန်ရစ်စေခဲ့တဲ့ အကြောင်းအရာ ၅ခုကို အကျဉ်းချုပ်ပြန် ဖော်ပြပေးချင်ပါတယ်။

ပထမဆုံးအကြောင်းအရာကတော့ ဒီရာသီ ပထမဆုံးပွဲထွက်ကစားခွင့်ရတဲ့အခွင့်အရေးကို အမိအရယူနိုင်ခဲ့တဲ့ ရီးစ်နယ်လ်ဆင်ရဲ့ခြေစွမ်းပါ။ နယ်လ်ဆင်ဟာ ဖူလ်ဟမ်၊ အာဆင်နယ်တို့နဲ့ ပွဲတွေမှာ ၁၈ဦးလူစာရင်းမှာတောင်ပါခွင့်မရခဲ့ပေမယ့် လက်စတာနဲ့ပွဲမှာတော့ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ အာတီတာရဲ့ယုံကြည်မှုကို နယ်လ်ဆင်က အလဟဿမဖြစ်စေခဲ့ပါဘူး။ နယ်လ်ဆင်ဟာနေရာလွတ်တွေဖန်တီးနိုင်ခဲ့သလို ဘောလုံးထိချက်တွေကလည်းသပ်ရပ်ကောင်းမွန်ခဲ့ပါတယ်။ တစ်ပွဲလုံးမှာဆိုရင် ဘောလုံးပေးပို့မှု ၉၃.၅%အောင်မြင်ခဲ့သလို ဂိုးသွင်းရန်ကြိုးပမ်းမှု ၂ကြိမ်၊ အခွင့်အရေးဖန်တီးနိုင်မှု ၁ကြိမ်၊ ဘောလုံးနဲ့အတူ အောင်မြင်တဲ့ဆွဲပြေးမှု ၂ကြိမ်လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲကခြေစွမ်းကိုကြည့်ပြီး နယ်လ်ဆင်ကို နောက်တစ်ကြိမ်အဌားချဖို့စဉ်းစားနေတဲ့ အာတီတာကို စိတ်ပြောင်းသွားစေနိုင်ပါတယ်။

ဒုတိယအကြောင်းအရာကတော့ အထက်မှာပြောခဲ့သလို လက်စတာရဲ့တစ်သင်းလုံးအပြောင်းအလဲလုပ်ခဲ့မှုပါပဲ။ လက်စတာနည်းပြရော်ဂျာဟာ ဘန်လေနဲ့ပွဲမှာ ပွဲထွက်ခဲ့တဲ့ ၁၁ဦးစလုံးကိုအနားပေးခဲ့ပြီး ဗာဒီ၊ ရှမိုက်ကယ်၊ အန်ဒီဒီ၊ ဆိုယွန်ကူ၊ ကက်စ်တက်နီတို့ကိုဆိုရင် အရန်စာရင်းမှာတောင်မထည့်ခဲ့ပါဘူး။ ဒါကြောင့် လက်စတာဟာ ဘောလုံးပိုင်ဆိုင်မှု ၄၉%ရှိခဲ့ပေမယ့် အပိုင်အခွင့်အရေးသိပ်မရခဲ့ဘဲ ၂ကြိမ်သာဂိုးပေါက်တည့်သလို ထောင့်ကန်ဘော ၁ကြိမ်သာရခဲ့ပါတယ်။

တတိယအချက်ကတော့ ပီပီ ပွဲထွက်ကစားခွင့်ရခဲ့တာပါ။ လိုင်လီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၇၉သန်းနဲ့ပြောင်းလာတဲ့ပီပီဟာ ပြီးခဲ့တဲ့ရာသီက အထိုင်ကျဖို့ရုန်းကန်ခဲ့ရသလို ဒီရာသီမှာလည်း ဝီလျံရောက်လာတာမို့ ပုံမှန်ကစားခွင့်ရဖို့ မသေမချာဖြစ်နေတာပါ။ ဒီရာသီပထမဆုံးပွဲထွက်ခွင့်ရတဲ့ပွဲမှာ ပီပီရဲ့ခြေစွမ်းက အကောင်းဆုံးဖြစ်ခဲ့တယ်လို့မဆိုနိုင်ပေမယ့် ပွဲအဖြေကိုအဆုံးအဖြတ်ဖြစ်စေခဲ့တဲ့ ခရစ္စရှန်ဖုချ် ကိုယ့်ဂိုးကိုယ်သွင်းမှုမှာ သူ့စနက်လည်းမကင်းခဲ့ပါဘူး။

နောက်တစ်ချက်ကတော့ လက်စတာအတွက် မက်ဒီဆန်ပြန်ကစားနိုင်တာပါ။ တင်ပါးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ဇွန်လကုန်ကစပြီး ၂လကျော်ကြာနားခဲ့ရတဲ့မက်ဒီဆန်ဟာ ဝက်စ်ဘရွန်း၊ ဘန်လေတို့နဲ့ပွဲတွေမှာ လူစားဝင်သူအဖြစ်မိနစ်ပိုင်းလောက်သာကစားခွင့်ရပေမယ့် ဒီပွဲမှာတော့ ပွဲထွက်ခွင့်ရခဲ့ပြီး မိနစ် ၇၀ကျော်ကစားသွားခဲ့ပါတယ်။ မက်ဒီဆန်ဟာ ပြီးခဲ့တဲ့ရာသီခြေစွမ်းကိုမမီသေးပေမယ့် ဂိုးတိုင်ထိမှု ၁ကြိမ်အပါအဝင် အရည်အသွေးကောင်းအချို့ထုတ်ပြနိုင်ခဲ့တာမို့ ရော်ဂျာအတွက်အားတက်စရာဖြစ်ခဲ့ပါတယ်။

နောက်ဆုံးအချက်ကတော့ အန်ကက်တီးယားရဲ့ပွဲဆက်ခြေစွမ်းပြနိုင်မှုပါပဲ။ ပြီးခဲ့တဲ့ရာသီက ၁၃ပွဲသာကစားရပေမယ့် ၂ဂိုးသွင်းနိုင်ခဲ့တဲ့အန်ကက်တီးယားဟာ အခုလအစောပိုင်းက ကစားခဲ့တဲ့ ယူရို ယူ-၂၁ခြေစစ်ပွဲ ၂ပွဲလုံးဂိုးသွင်းနိုင်ခဲ့သလို ဒီရာသီမှာလည်း ဝက်စ်ဟမ်းနဲ့လက်စတာကို ၂ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာပါ။

အန်ကက်တီးယားဟာ အာတီတာတောင်းဆိုထားတဲ့ ကြိုးစားအားထုတ်မှုလျှော့မချဖို့နဲ့ ဘောလုံးရတာနဲ့ဆုံးဖြတ်ချက်မြန်ဆန်မှန်ကန်ဖို့ဆိုတာတွေကို ဒီပွဲမှာပြသနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

လက္စတာ ဝ-၂ အာဆင္နယ္ပြဲမွ ေဆြးေႏြးေျပာဆိုစရာအျဖစ္က်န္ရစ္ေစခဲ့တဲ့ အေၾကာင္းအရာ ၅ခု

ရာသီအစတာထြက္ေကာင္းေနတဲ့အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ဗုဒၵဟူးညက ကစားခဲ့တဲ့ လိဂ္ဖလားတတိယအဆင့္ပြဲစဥ္မွာလည္း လက္စတာအသင္းကို ၂ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။လက္စတာအသင္းရဲ႕ King Power ကြင္းမွာကစားခဲ့တဲ့ပြဲမွာ အာဆင္နယ္အသင္းဟာ ဝက္စ္ဟမ္းကိုႏိုင္ခဲ့တဲ့ပြဲကလူစာရင္းကို ၇ေနရာအေျပာင္းအလဲလုပ္ခဲ့ၿပီး လီႏို၊ ဟိုးလ္ဒင္း၊ ကိုလာဆီနက္၊ဆာကာတို႔ကိုသာ ပြဲထြက္ျပန္သုံးခဲ့ပါတယ္။ လက္စတာကလည္း ဘန္ေလကိုႏိုင္ခဲ့တဲ့ပြဲကလူစာရင္းကို တစ္သင္းလုံးအေျပာင္းအလဲလုပ္ခဲ့တာပါ။ အရန္အင္အားနဲ႔ လူငယ္စုဖြဲ႕မႈခ်င္းအားၿပိဳင္တာမို႔ တစ္သင္းနဲ႔တစ္သင္း သိသိသာသာအသာမရဘဲ ေျခရည္တူခဲ့ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနေပမယ့္ ပြဲခ်ိန္ ၅၇မိနစ္မွာေတာ့ အာဆင္နယ္ အဖြင့္ဂိုးရခဲ့ၿပီး လက္စတာေနာက္ခံလူ ခရစၥရွန္ဖုခ်္က ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာပါ။ အဲဒီဂိုးေၾကာင့္ စိတ္ဓာတ္တက္ႂကြလာၿပီး ပြဲကိုထိန္းခ်ဳပ္ႏိုင္လာတဲ့အာဆင္နယ္အတြက္ အႏိုင္ေသခ်ာေစမယ့္ဒုတိယဂိုးကိုေတာ့ ပုံမွန္ပြဲခ်ိန္ေနာက္ဆုံးမိနစ္မွာတိုက္စစ္မႉးအန္ကက္တီးယားကသြင္းေပးခဲ့ပါတယ္။ အာဆင္နယ္ရဲ႕ႏိုင္ပြဲမွာ ပရိသတ္ေတြ စိတ္ဝင္တစားနဲ႔ ေဆြးေႏြးေျပာဆိုစရာအျဖစ္က်န္ရစ္ေစခဲ့တဲ့ အေၾကာင္းအရာ ၅ခုကို အက်ဥ္းခ်ဳပ္ျပန္ ေဖာ္ျပေပးခ်င္ပါတယ္။

ပထမဆုံးအေၾကာင္းအရာကေတာ့ ဒီရာသီ ပထမဆုံးပြဲထြက္ကစားခြင့္ရတဲ့အခြင့္အေရးကို အမိအရယူႏိုင္ခဲ့တဲ့ ရီးစ္နယ္လ္ဆင္ရဲ႕ေျခစြမ္းပါ။ နယ္လ္ဆင္ဟာ ဖူလ္ဟမ္၊ အာဆင္နယ္တို႔နဲ႔ပြဲေတြမွာ ၁၈ဦးလူစာရင္းမွာေတာင္ပါခြင့္မရခဲ့ေပမယ့္ လက္စတာနဲ႔ပြဲမွာေတာ့ ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။ အာတီတာရဲ႕ယုံၾကည္မႈကို နယ္လ္ဆင္က အလဟႆမျဖစ္ေစခဲ့ပါဘူး။ နယ္လ္ဆင္ဟာေနရာလြတ္ေတြဖန္တီးႏိုင္ခဲ့သလို ေဘာလုံးထိခ်က္ေတြကလည္းသပ္ရပ္ေကာင္းမြန္ခဲ့ပါတယ္။ တစ္ပြဲလုံးမွာဆိုရင္ ေဘာလုံးေပးပို႔မႈ ၉၃.၅%ေအာင္ျမင္ခဲ့သလို ဂိုးသြင္းရန္ႀကိဳးပမ္းမႈ ၂ႀကိမ္၊ အခြင့္အေရးဖန္တီးႏိုင္မႈ ၁ႀကိမ္၊ ေဘာလုံးနဲ႔အတူ ေအာင္ျမင္တဲ့ဆြဲေျပးမႈ ၂ႀကိမ္လုပ္ႏိုင္ခဲ့ပါတယ္။ ဒီပြဲကေျခစြမ္းကိုၾကည့္ၿပီး နယ္လ္ဆင္ကို ေနာက္တစ္ႀကိမ္အဌားခ်ဖို႔စဥ္းစားေနတဲ့ အာတီတာကို စိတ္ေျပာင္းသြားေစႏိုင္ပါတယ္။

ဒုတိယအေၾကာင္းအရာကေတာ့ အထက္မွာေျပာခဲ့သလို လက္စတာရဲ႕တစ္သင္းလုံးအေျပာင္းအလဲလုပ္ခဲ့မႈပါပဲ။ လက္စတာနည္းျပေရာ္ဂ်ာဟာ ဘန္ေလနဲ႔ပြဲမွာ ပြဲထြက္ခဲ့တဲ့ ၁၁ဦးစလုံးကိုအနားေပးခဲ့ၿပီး ဗာဒီ၊ ရွမိုက္ကယ္၊ အန္ဒီဒီ၊ ဆိုယြန္ကူ၊ ကက္စ္တက္နီတို႔ကိုဆိုရင္ အရန္စာရင္းမွာေတာင္မထည့္ခဲ့ပါဘူး။ ဒါေၾကာင့္ လက္စတာဟာ ေဘာလုံးပိုင္ဆိုင္မႈ ၄၉%ရွိခဲ့ေပမယ့္ အပိုင္အခြင့္အေရးသိပ္မရခဲ့ဘဲ ၂ႀကိမ္သာဂိုးေပါက္တည့္သလို ေထာင့္ကန္ေဘာ ၁ႀကိမ္သာရခဲ့ပါတယ္။

တတိယအခ်က္ကေတာ့ ပီပီ ပြဲထြက္ကစားခြင့္ရခဲ့တာပါ။ လိုင္လီကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၇၉သန္းနဲ႔ေျပာင္းလာတဲ့ပီပီဟာ ၿပီးခဲ့တဲ့ရာသီက အထိုင္က်ဖို႔႐ုန္းကန္ခဲ့ရ
သလို ဒီရာသီမွာလည္း ဝီလ်ံေရာက္လာတာမို႔ ပုံမွန္ကစားခြင့္ရဖို႔ မေသမခ်ာျဖစ္ေနတာပါ။ ဒီရာသီပထမဆုံးပြဲထြက္ခြင့္ရတဲ့ပြဲမွာ ပီပီရဲ႕ေျခစြမ္းက အေကာင္းဆုံးျဖစ္ခဲ့တယ္လို႔မဆိုႏိုင္ေပမယ့္ ပြဲအေျဖကိုအဆုံးအျဖတ္ျဖစ္ေစခဲ့တဲ့ ခရစၥရွန္ဖုခ်္ ကိုယ့္ဂိုးကိုယ္သြင္းမႈမွာ သူ႔စနက္လည္းမကင္းခဲ့ပါဘူး။

ေနာက္တစ္ခ်က္ကေတာ့ လက္စတာအတြက္ မက္ဒီဆန္ျပန္ကစားႏိုင္တာပါ။ တင္ပါးဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ဇြန္လကုန္ကစၿပီး ၂လေက်ာ္ၾကာနားခဲ့ရတဲ့မက္ဒီဆန္ဟာ ဝက္စ္ဘ႐ြန္း၊ ဘန္ေလတို႔နဲ႔ပြဲေတြမွာ လူစားဝင္သူအျဖစ္မိနစ္ပိုင္းေလာက္သာကစားခြင့္ရေပမယ့္ ဒီပြဲမွာေတာ့ ပြဲထြက္ခြင့္ရခဲ့ၿပီး မိနစ္ ၇၀ေက်ာ္ကစားသြားခဲ့ပါတယ္။ မက္ဒီဆန္ဟာ ၿပီးခဲ့တဲ့ရာသီေျခစြမ္းကိုမမီေသးေပမယ့္ ဂိုးတိုင္ထိမႈ ၁ႀကိမ္အပါအဝင္ အရည္အေသြးေကာင္းအခ်ိဳ႕ထုတ္ျပႏိုင္ခဲ့တာမို႔ ေရာ္ဂ်ာအတြက္အားတက္စရာျဖစ္ခဲ့ပါတယ္။

ေနာက္ဆုံးအခ်က္ကေတာ့ အန္ကက္တီးယားရဲ႕ပြဲဆက္ေျခစြမ္းျပႏိုင္မႈပါပဲ။ ၿပီးခဲ့တဲ့ရာသီက ၁၃ပြဲသာကစားရေပမယ့္ ၂ဂိုးသြင္းႏိုင္ခဲ့တဲ့အန္ကက္တီးယားဟာ အခုလအေစာပိုင္းက ကစားခဲ့တဲ့ ယူ႐ို ယူ-၂၁ေျခစစ္ပြဲ ၂ပြဲလုံးဂိုးသြင္းႏိုင္ခဲ့သလို ဒီရာသီမွာလည္း ဝက္စ္ဟမ္းနဲ႔လက္စတာကို ၂ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တာပါ။ အန္ကက္တီးယားဟာ အာတီတာေတာင္းဆိုထားတဲ့ ႀကိဳးစားအားထုတ္မႈေလွ်ာ့မခ်ဖို႔နဲ႔ ေဘာလုံးရတာနဲ႔ဆုံးျဖတ္ခ်က္ျမန္ဆန္မွန္ကန္ဖို႔ဆိုတာေတြကို ဒီပြဲမွာျပသႏိုင္ခဲ့ပါတယ္။