ကန်ချင်သူရှိရင် ပေးကန်မယ်လို့ဆိုလိုက်တဲ့ ရာနှုန်းပြည့်ပင်နယ်တီမှတ်တမ်းပိုင်ရှင်ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူမှာ ရာနှုန်းပြည့်ပင်နယ်တီမှတ်တမ်းပိုင်ဆိုင်ထားသူပါ။ သူဟာ မန်ယူနဲ့အတူ ကန်ခွင့်ရခဲ့တဲ့ပင်နယ်တီ ၈ ကြိမ်စလုံးကို ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

အဲဒီလိုအနေအထားရှိပေမယ့်လည်း အခြားတစ်ယောက်ယောက်က ကန်ချင်တယ်ဆိုရင် ပေးကန်မယ်လို့ အဲဒီပေါ်တူဂီသားက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ စပို့တင်းနဲ့သဘောတူညီမှုရခဲ့ချိန်က တည်ကန်ဘောစပယ်ရှယ်လစ်တစ်ယောက်ကို ခေါ်ယူလိုက်နိုင်ပြီလု့ိ မန်ယူကလည်း သဘောပေါက်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ကလည်း မန်ယူကိုရောက်ရောက်ချင်းမှာ ပင်နယ်တီတာဝန်အပြင် ဖရီးကစ်နဲ့ထောင့်ကန်ဘောတာဝန်တွေကိုပါ ယူခဲ့ရတာပါ။ ၂၆ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ သူ့ကစားသမားဘ၀ ပင်နယ်တီအလုံး ၃၀ မှာ ၂ လုံးသာ လွဲခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရက်ရှ်ဖို့ဒ်နဲ့ပေါ့ဂ်ဘာတို့လို ကစားသမားတွေက ကန်ချင်တယ်ဆိုရင် ပျော်ရွှင်စွာနဲ့ ပေးကန်မယ်လို့ ဖာနန်ဒက်စ်က ဆိုခဲ့ပါတယ်။ သူ့အတွက် အသင်းကသာ အရေးကြီးဆုံးဖြစ်တာပါ။

”ပင်နယ်တီတွေနဲ့ပတ်သက်ရင် ကျွန်တော်က ယုံကြည်မှုရှိပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ကန်ချင်တယ်ဆိုရင်လည်း ကျွန်တော်က ပေးကန်မှာပါ။ အချိန်တိုင်းတော့ လုကန်နေမှာ မဟုတ်ပါဘူး။

ကျွန်တော့်အသင်းဖော်တွေဖြစ်တဲ့ ရက်ရှ်ဖု့ိဒ်၊ မာရှယ်နဲ့ ပေါ့ဂ်ဘာတို့ကို ယုံကြည်ပါတယ်။ သူတို့ဟာ အရည်အသွေးအများကြီးရှိပြီး ပင်နယ်တီကန်နိုင်စွမ်းလည်းရှိပါတယ်။ ကျွန်တော်တို့မှာ တကယ်ပင်နယ်တီကန်ကောင်းတဲ့သူတွေ ရှိနေတာပါ။ အရေးကြီးဆုံးအရာက မန်ယူအတွက် ဂိုးသွင်းပေးဖို့ပါပဲ။ ဘရူနိုပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အဲဒါက အရေးမကြီးပါဘူး”လို့ ဖာနန်ဒက်စ်က မန်ယူမဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ကန္ခ်င္သူရွိရင္ ေပးကန္မယ္လုိ႔ဆိုလိုက္တဲ့ ရာႏႈန္းျပည့္ပင္နယ္တီမွတ္တမ္းပိုင္ရွင္ဖာနန္ဒက္စ္

ကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္ဟာ မန္ယူမွာ ရာႏႈန္းျပည့္ပင္နယ္တီမွတ္တမ္းပုိင္ဆိုင္ထားသူပါ။ သူဟာ မန္ယူနဲ႔အတူ ကန္ခြင့္ရခဲ့တဲ့ပင္နယ္တီ ၈ ႀကိမ္စလုံးကို ဂိုးအျဖစ္ေျပာင္းလဲေပးႏိုင္ခဲ့ပါတယ္။

အဲဒီလုိအေနအထားရွိေပမယ့္လည္း အျခားတစ္ေယာက္ေယာက္က ကန္ခ်င္တယ္ဆုိရင္ ေပးကန္မယ္လို႔ အဲဒီေပၚတူဂီသားက ေျပာၾကားလုိက္ပါတယ္။ ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ စပို႔တင္းနဲ႔သေဘာတူညီမႈရခဲ့ခ်ိန္က တည္ကန္ေဘာစပယ္ရွယ္လစ္တစ္ေယာက္ကို ေခၚယူလုိက္ႏိုင္ၿပီလု႔ိ မန္ယူကလည္း သေဘာေပါက္ခဲ့ပါတယ္။

ဖာနန္ဒက္စ္ကလည္း မန္ယူကိုေရာက္ေရာက္ခ်င္းမွာ ပင္နယ္တီတာ၀န္အျပင္ ဖရီးကစ္နဲ႔ေထာင့္ကန္ေဘာတာ၀န္ေတြကိုပါ ယူခဲ့ရတာပါ။ ၂၆ ႏွစ္အရြယ္ ဖာနန္ဒက္စ္ဟာ သူ႔ကစားသမားဘ၀ ပင္နယ္တီအလုံး ၃၀ မွာ ၂ လုံးသာ လြဲခဲ့သူ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ရက္ရွ္ဖုိ႔ဒ္နဲ႔ေပါ့ဂ္ဘာတုိ႔လို ကစားသမားေတြက ကန္ခ်င္တယ္ဆိုရင္ ေပ်ာ္ရႊင္စြာနဲ႔ ေပးကန္မယ္လုိ႔ ဖာနန္ဒက္စ္က ဆိုခဲ့ပါတယ္။ သူ႔အတြက္ အသင္းကသာ အေရးႀကီးဆုံးျဖစ္တာပါ။

”ပင္နယ္တီေတြနဲ႔ပတ္သက္ရင္ ကၽြန္ေတာ္က ယုံၾကည္မႈရွိပါတယ္။ တကယ္လုိ႔ တစ္ေယာက္ေယာက္က ကန္ခ်င္တယ္ဆိုရင္လည္း ကၽြန္ေတာ္က ေပးကန္မွာပါ။ အခ်ိန္တိုင္းေတာ့ လုကန္ေနမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ့္အသင္းေဖာ္ေတြျဖစ္တဲ့ ရက္ရွ္ဖု႔ိဒ္၊ မာရွယ္နဲ႔ ေပါ့ဂ္ဘာတုိ႔ကို ယုံၾကည္ပါတယ္။ သူတုိ႔ဟာ အရည္အေသြးအမ်ားႀကီးရွိၿပီး ပင္နယ္တီကန္ႏိုင္စြမ္းလည္းရွိပါတယ္။ ကၽြန္ေတာ္တုိ႔မွာ တကယ္ပင္နယ္တီကန္ေကာင္းတဲ့သူေတြ ရွိေနတာပါ။ အေရးႀကီးဆုံးအရာက မန္ယူအတြက္ ဂိုးသြင္းေပးဖို႔ပါပဲ။ ဘရူႏုိပဲျဖစ္ျဖစ္၊ ဘယ္သူပဲျဖစ္ျဖစ္ အဲဒါက အေရးမႀကီးပါဘူး”လို႔ ဖာနန္ဒက္စ္က မန္ယူမဂၢဇင္းကို ေျပာခဲ့ပါတယ္။