ပထမဆုံးဟက်ထရစ်ရှင် ဟာဗက်ဇ်ကို ယူနိုက်တက်ပရိသတ်တွေ နောက်ပြောင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်ပရိသတ်တွေဟာ ကာရာဘောင်ဖလားပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် ဘန်စလေအသင်းဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်တိုက်စစ်သမား ကိုင်ဟာဗက်ဇ်ကို နောက်ပြောင်သရော်သွားပါတယ်။

ချဲလ်ဆီးဟာ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘန်စလေကို ၆-၀ ဂိုးနဲ့အနိုင်ယူကာ ယူနိုက်တက်နဲ့အတူ ကာရာဘောင်ဖလား စတုတ္ထအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

 

ဟာဗက်ဇ်ဟာ ယခုနွေရာသီအတွင်း လေဗာကူဆင်ကနေ ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ရောက်ရှိလာခဲ့ပြီးနောက် သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ပွဲအပြီးမှာ မှားယွင်းတဲ့အကြောင်းအရာနဲ့အတူ လူမှုမီဒီယာမှာ နာမည်ကြီးခဲ့ပြီး သူ့ရဲ့ထောင့်ဖြတ်ပေးပို့မှုက ဆိုးဆိုးရွားရွား လက်ပစ်ဘောဖြစ်သွားခဲ့တာကို ပြိုင်ဘက်ပရိသတ်တွေက ဝိုင်းဝန်းလှောင်ပြောင်ခဲ့ပါတယ်။ အခုလည်း ယူနိုက်တက်ပရိသတ်တွေဟာ ချန်ပီယံရှစ်ကလပ်ဘက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဟာဗက်ဇ်ကို လှောင်ပြောင်ခဲ့ကြပါတယ်။

”ကျွန်တော်က ယူနိုက်တက်ဖန်ပါ။ ဘန်စလေဘက်ကို ဟာဗက်ဇ် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ကျွန်တော်သိလိုက်တာက သူဟာ ချန်ပီယံရှစ်ရဲ့အကောင်းဆုံးကွင်းလယ်လူ ဆိုတာပါ”။

”နောက်ဆုံးတော့ ဟာဗက်ဇ်လည်း သူ့အနေအထားကို ရှာတွေ့သွားပါပြီ။ ချန်ပီယံရှစ်မှာ အဆင့် ၂၀ ရအသင်းနဲ့ပွဲမှာ ယူရိုသန်း ၁၀၀ တန်ကစားသမားက လုံးဝကိုခြေစွမ်းပြသွားတာပါ”။

”ချဲလ်ဆီးဖန်တွေကတော့ ပြိုင်ဘက် ချန်ပီယံရှစ်ကလပ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဟာဗက်ဇ်ကို ‘King Kai’လို့ ခေါ်နေကြပါပြီ”။

”BREAKING NEW; ဘန်စလေနဲ့ပွဲအပြီးမှာ ဟာဗက်ဇ်တစ်ယောက် ချန်ပီယံရှစ်ကို ပြောင်းရွှေ့ခွင့်တောင်းဆိုခဲ့ပါတယ်။ ဘယ်မှာ သူအောင်မြင်နိုင်မလဲဆိုတာ သိသွားပြီလို့လည်း ကစားသမားက ပြောပါတယ်”လို့ ယူနိုက်တက်ပရိသတ်တွေက တွစ်တာမှာ အသီးသီးလှောင်ပြောင်ခဲ့ကြပါတယ်။

ယူနိုက်တက်ဟာ ချဲလ်ဆီးကို ဟာဗက်ဇ်မရောက်ခင် အဆိုပါဂျာမန်သားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ လေဗာကူဆင်အသင်းက သတ်မှတ်ခဲ့တဲ့ပြောင်းရွှေ့ကြေးပေးချေဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ပထမဆုံးဟက္ထရစ္ရွင္ ဟာဗက္ဇ္ကို ယူႏုိက္တက္ပရိသတ္ေတြ ေနာက္ေျပာင္

ယူႏုိက္တက္ပရိသတ္ေတြဟာ ကာရာေဘာင္ဖလားပြဲစဥ္မွာ ခ်န္ပီယံရွစ္ကလပ္ ဘန္စေလအသင္းဘက္ကို ဟက္ထရစ္သြင္းယူႏုိင္ခဲ့တဲ့ ခ်ဲလ္ဆီးကြင္းလယ္တုိက္စစ္သမား ကိုင္ဟာဗက္ဇ္ကို ေနာက္ေျပာင္သေရာ္သြားပါတယ္။ ခ်ဲလ္ဆီးဟာ အိမ္ကြင္းစတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဘန္စေလကို ၆-၀ ဂိုးနဲ႔အႏိုင္ယူကာ ယူႏုိက္တက္နဲ႔အတူ ကာရာေဘာင္ဖလား စတုတၳအဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။

ဟာဗက္ဇ္ဟာ ယခုေႏြရာသီအတြင္း ေလဗာကူဆင္ကေန ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ ေရာက္ရွိလာခဲ့ၿပီးေနာက္ သူ႕ရဲ႕ပထမဆုံးပြဲစဥ္အျဖစ္ ဘ႐ိုက္တန္နဲ႔ပြဲအၿပီးမွာ မွားယြင္းတဲ့အေၾကာင္းအရာနဲ႔အတူ လူမႈမီဒီယာမွာ နာမည္ႀကီးခဲ့ၿပီး သူ႕ရဲ႕ေထာင့္ျဖတ္ေပးပုိ႔မႈက ဆုိးဆုိးရြားရြား လက္ပစ္ေဘာျဖစ္သြားခဲ့တာကို ၿပိဳင္ဘက္ပရိသတ္ေတြက ၀ုိင္း၀န္းေလွာင္ေျပာင္ခဲ့ပါတယ္။ အခုလည္း ယူႏုိက္တက္ပရိသတ္ေတြဟာ ခ်န္ပီယံရွစ္ကလပ္ဘက္ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တဲ့ ဟာဗက္ဇ္ကို ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

”ကၽြန္ေတာ္က ယူႏုိက္တက္ဖန္ပါ။ ဘန္စေလဘက္ကို ဟာဗက္ဇ္ ဟက္ထရစ္သြင္းယူႏုိင္ခဲ့ၿပီးေနာက္ ကၽြန္ေတာ္သိလုိက္တာက သူဟာ ခ်န္ပီယံရွစ္ရဲ႕အေကာင္းဆံုးကြင္းလယ္လူ ဆုိတာပါ”။ ”ေနာက္ဆုံးေတာ့ ဟာဗက္ဇ္လည္း သူ႕အေနအထားကို ရွာေတြ႕သြားပါၿပီ။ ခ်န္ပီယံရွစ္မွာ အဆင့္ ၂၀ ရအသင္းနဲ႔ပြဲမွာ ယူ႐ိုသန္း ၁၀၀ တန္ကစားသမားက လုံး၀ကိုေျခစြမ္းျပသြားတာပါ”။ ”ခ်ဲလ္ဆီးဖန္ေတြကေတာ့ ၿပိဳင္ဘက္ ခ်န္ပီယံရွစ္ကလပ္နဲ႔ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဟာဗက္ဇ္ကို ‘King Kai’လုိ႔ ေခၚေနၾကပါၿပီ”။

”BREAKING NEW; ဘန္စေလနဲ႔ပြဲအၿပီးမွာ ဟာဗက္ဇ္တစ္ေယာက္ ခ်န္ပီယံရွစ္ကို ေျပာင္းေရႊ႕ခြင့္ေတာင္းဆုိခဲ့ပါတယ္။ ဘယ္မွာ သူေအာင္ျမင္ႏုိင္မလဲဆုိတာ သိသြားၿပီလုိ႔လည္း ကစားသမားက ေျပာပါတယ္”လုိ႔ ယူႏုိက္တက္ပရိသတ္ေတြက တြစ္တာမွာ အသီးသီးေလွာင္ေျပာင္ခဲ့ၾကပါတယ္။ ယူႏုိက္တက္ဟာ ခ်ဲလ္ဆီးကို ဟာဗက္ဇ္မေရာက္ခင္ အဆုိပါဂ်ာမန္သားကို ေခၚယူဖုိ႔ စိတ္၀င္စားခဲ့ေပမယ့္ မန္ခ်က္စတာညေနခင္းသတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ ေလဗာကူဆင္အသင္းက သတ္မွတ္ခဲ့တဲ့ေျပာင္းေရႊ႕ေၾကးေပးေခ်ဖုိ႔ ျငင္းဆန္ခဲ့တယ္လုိ႔ သိရပါတယ္။