This Is Anfield ဆိုင်းဘုတ်ကို လက်နဲ့ မထိဖို့ အယ်လ်ကန်တာရာကို တောရက်စ် မှာကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘွန်ဒက်စ်လီဂါဖလား (၇)ကြိမ်၊ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား (၂) ကြိမ်ရခဲ့တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန် ကွင်းလယ်ကစားသမားဟောင်း သီယာဂိုအယ်လ်ကန်တာရာဟာ လီဗာပူးကို ပေါင် ၂၅ သန်းနဲ့ ပြောင်း လာခဲ့ပြီးနောက်မှာတော့ အန်ဖီးလ်ကွင်းထဲကိုဝင်တဲ့ ဥမင်ထိပ်ဝက This is Anfield ဆိုတဲ့ ဆိုင်းဘုတ်ကို လက်နဲ့ လုံးဝထိကိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

အယ်လ်ကန်တာရာဟာ လီဗာပူးအသင်းကို ရောက်ရှိပြီးနောက် အန်ဖီးလ်ကွင်းထဲ လှည့်လည်သွားလာမှုကို ပထမဆုံးလုပ်ခဲ့ချိန်မှာ ကင်မရာမန်းတွေက တောက်လျှောက် လိုက်ရိုက်ခဲ့ရာမှာ This Is Anfield ဆိုတဲ့ ဆိုင်းဘုတ်နားအရောက် ဒီဆိုင်းဘုတ်ကို လက်နဲ့ထိကိုင်ခြင်းမလုပ်ခဲ့ဘဲ ဒါဟာ စပိန်အသင်း ဖော်ဟောင်း လီဗာပူးတိုက်စစ်မှူးဟောင်း တောရက်စ်က မှာကြားတဲ့အတိုင်း လုပ်ခဲ့တာဖြစ်တယ်လို့ ဖွင့်ပြော ခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ကြီးမြတ်တဲ့ အစဉ်အလာရိုးရာမှာ This Is Anfield ဆိုတဲ့ဆိုင်းဘုတ်ကို အောင်မြင်မှုဆု ဖလားမရမချင်း ထိကိုင်ခြင်းမလုပ်ဖို့ကို တောရက်စ်က မှာကြားခဲ့တယ်လို့ အယ်လ်ကန်တာရာက ပြောပါတယ်။ အယ်လ်ကန်တာရာက “ကျွန်တော် ဒီဆိုင်းဘုတ်ကို အောင်မြင်မှုဆုဖလားမရမချင်း မကိုင်ဖို့ တောရက်စ်မှာကြားခဲ့တာကို လိုက်နာခဲ့တာ ပါ။ ဒီနေရာဟာ ကျွန်တော်တို့ နေ့စဉ် ဖြတ်သွားဖြတ်လာလုပ်နေရဦးမယ့်နေရာပါ။ နောက်ထပ် လေးနှစ်အထိ သွားလာနေရဦးမှာဖြစ်တယ်။ ဒီအမှတ်သင်္ကေတကို ကျွန်တော်တို့ တို့ထိဖို့ထိုက်တန်မယ့်အရေးဟာ ကျွန်တော် တို့ရနိုင်မယ့် အောင်မြင်မှုဆုဖလားအရေအတွက်ပေါ် မူတည်ပါတယ်။ဒါကြောင့် အသင်းအစဉ်အလာကိုလေး စားတဲ့အတွက် ဒီနေ့မှာ ဒီဆိုင်ဘုတ်ကို မတို့ထိခဲ့တာဖြစ်ပါတယ်” လို့ပြောသွားပါတယ်။

အယ်လ်ကန်တာရာဟာ လီဗာပူးအတွက် ပွဲထွက်ကစားခွင့်မရသေးဘဲ ချယ်လ်ဆီးကို နှစ်ဂိုးပြတ်နိုင်တဲ့ပွဲမှာ ဂျောဒန်ဟန်ဒါဆန်နေရာ အစားဝင်ပြီး ၄၅ မိနစ်ကစားခဲ့ရာမှာ ၁၀ ယောက်တည်းနဲ့ကစားခဲ့ရတဲ့ ချယ်လ်ဆီးဘက်ကိုထိရောက်စွာဦးဆောင်ကစားပေးနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ချယ်လ်ဆီးကစားသမားအားလုံးထက် ဘောလုံးပေးပို့မှု ပိုများခဲ့ပြီး ဘောလုံးပေးပို့မှု ၇၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi




