ဟက်ထရစ်ရပြီးနောက် ဂိုးများထပ်သွင်းရန်ဆာလောင်ပြင်းပြနေဟု ဟာဗက်ဇ်ကြုံးဝါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘန်စလေကို ၆ဂိုးပြတ်အနိုင်ရခဲ့တဲ့ လိဂ်ဖလားတတိယအဆင့်ပွဲစဉ်မှာ ဟက်ထရစ်ရခဲ့ပြီးနောက် ဂိုးတွေထပ်မံသွင်းယူဖို့ ဆာလောင်ပြင်းပြနေတယ်လို့ ချဲလ်ဆီးတိုက်စစ်အားသန် ကွင်းလယ်ကစားသမား ကိုင်ဟာဗက်ဇ်ကကြုံးဝါးပြောဆိုလိုက်ပါတယ်။ ဟာဗက်ဇ်ဟာ အသင်းသစ်အတွက်တတိယမြောက်ကစားတဲ့ပွဲစဉ်မှာပဲ ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အသက် ၂၁နှစ်ရှိ ဟာဗက်ဇ်ဟာ ပထမဆုံး ၂ပွဲမှာ ပုံစံကောင်းမပြနိုင်ခဲ့ပေမယ့် ဘန်စလေနဲ့ပွဲမှာတော့ ငွေကြယ်တစ်ပွင့်လို တောက်ပလင်းလက်တဲ့ကစားဟန်ကိုပြသနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအတွက်အဖွင့်ဂိုးကိုဘန်စလေကစားသမားတွေရဲ့အမှားကနေ ပွဲစပြီး ၁၉မိနစ်မှာပဲ အေဘရာဟမ်ကသွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုတော့ မေဆန်မောင့်ထိုးပေးလိုက်တဲ့ဘောလုံးကို အေဘရာဟမ် ‘ဟ’ ပေးလိုက်
တာကနေ ဟာဗက်ဇ်ကသွင်းယူခဲ့ပါတယ်။ တတိယဂိုးကိုတော့ ဒုတိယပိုင်းစပြီးမကြာမီမှာပဲ ဟာဗက်ဇ်ကြားဖြတ်လုယူလိုက်လို့ထွက်လာတဲ့ဘောလုံးကို ဘာကလေက ဘယ်ခြေနဲ့အပြင်းကန်သွင်း ယူခဲ့တာပါ။

စတုတ္ထဂိုးကိုတော့ အေဘရာဟမ်နောက်ပေါက်နဲ့ချပေးလိုက်တာကို ဟာဗက်ဇ်ကအနီးကပ်ပိတ်သွင်းခဲ့တာပါ။ ဟာဗက်ဇ်ဟာ ဘင်ချီဝဲလ်နဲ့လူစားလဲအနားပေးမခံရမီတစ်မိနစ်အလို ပွဲချိန် ၆၅မိနစ်မှာ သူ့အတွက်ဟက်ထရစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီဂိုးကိုလည်း အေဘရာဟမ်ကပဲဖန်တီးပေးခဲ့တာဖြစ်ပြီး ရှေ့ထွက်လာတဲ့ဂိုးသမားကိုဖြတ်ကျော်ပြီး အလွယ်တကူသွင်းယူနိုင်ခဲ့တာပါ။

နောက်ဆုံးပွဲသိမ်းဂိုးကိုတော့ ပွဲချိန် ၈၃မိနစ်မှာ ဘယ်ခြမ်းကနေ ဘင်ချီဝဲလ်ကန့်လန့်ဖြတ်အနိမ့်ဘောတင်ပေးလိုက်တာကို အေဘရာဟမ်အစားဝင်လာတဲ့ဂျီရူးက ဒိုင်ဗင်ထိုးခေါင်းတိုက်သွင်းယူခဲ့တာပါ။ ပွဲအပြီးမှာ ဟာဗက်ဇ်က ” ဟက်ထရစ်ရခဲ့လို့ အလွန်တရာပျော်ရွှင်ရပါတယ်။ ဒါပေမဲ့ အခုမှ ချဲလ်ဆီးနဲ့အစပြုတာဖြစ်တာမို့ ဂိုးတွေ ပိုပိုပြီးသွင်းနိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ အဲဒါဟာ ကျွန်တော့ရဲ့ရည်မှန်းချက်ဖြစ်သလို အကောင်းဆုံးခြေစွမ်းထုတ်ပြနိုင်ဖို့လည်း ကြိုးစားသွားမှာပါ” လို့ပြောပြီး သူ့ရဲ့ဂိုးဆာလောင်စိတ်ကို လှစ်ဟပြခဲ့ပါတယ်။

https://www.facebook.com/ChelseaFC/posts/10159027900532259

နောက်ချန်တိုက်စစ်မှူးအဖြစ်ကစားခဲ့တဲ့ဟာဗက်ဇ်ဟာ အေဘရာဟမ်နဲ့လည်း နားလည်မှုရှိရှိချိတ်ဆက်ကစားသွားနိုင်ခဲ့ပါတယ်။

အထောင်တိုက်စစ်မှူးအဖြစ်တာဝန်ယူခဲ့တဲ့ အေဘရာဟမ်ဟာ အဖွင့်ဂိုးသွင်းနိုင်ခဲ့သလို ဟာဗက်ဇ်ရဲ့ဂိုး ၂ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။

အေဘရာဟမ်နဲ့ပတ်သက်ပြီး ဟာဗက်ဇ်က အလွန့်အလွန်ကောင်းတဲ့တိုက်စစ်မှူးလို့ ချီးကျူးခဲ့ပါတယ်။

နည်းပြလမ်းပတ်ကလည်း ဟာဗက်ဇ်သွင်းယူမယ့်ဂိုးပေါင်းများစွာထဲက ပထမဆုံးဂိုးများဆိုပြီးချီးကျူးခဲ့သလို ဟက်ထရစ်ဂိုးဖြစ်စေမယ့် ၃ဂိုးမြောက်မသွင်းမီ ဟာဗက်ဇ်ကို အနားပေးလူစားလဲလုနီးပါးဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ပွဲဦးထွက်မှာ မိနစ် ၆၀အထိကစားခဲ့တဲ့ ဘရာဇီးဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားနဲ့ပတ်သက်ပြီးတော့လည်း လမ်းပတ်က ပြီးပြည့်စုံတဲ့ပွဲဦးထွက်မှုဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ဟက္ထရစ္ရၿပီးေနာက္ ဂိုးမ်ားထပ္သြင္းရန္ဆာေလာင္ျပင္းျပေနဟု ဟာဗက္ဇ္ႀကဳံးဝါး

ဘန္စေလကို ၆ဂိုးျပတ္အႏိုင္ရခဲ့တဲ့ လိဂ္ဖလားတတိယအဆင့္ပြဲစဥ္မွာ ဟက္ထရစ္ရခဲ့ၿပီးေနာက္ ဂိုးေတြထပ္မံသြင္းယူဖို႔ ဆာေလာင္ျပင္းျပေနတယ္လို႔ ခ်ဲလ္ဆီးတိုက္စစ္အားသန္ ကြင္းလယ္ကစားသမား ကိုင္ဟာဗက္ဇ္ကႀကဳံးဝါးေျပာဆိုလိုက္ပါတယ္။ ဟာဗက္ဇ္ဟာ အသင္းသစ္အတြက္တတိယေျမာက္ကစားတဲ့ပြဲစဥ္မွာပဲ ဟက္ထရစ္ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

အသက္ ၂၁ႏွစ္ရွိ ဟာဗက္ဇ္ဟာ ပထမဆုံး ၂ပြဲမွာ ပုံစံေကာင္းမျပႏိုင္ခဲ့ေပမယ့္ ဘန္စေလနဲ႔ပြဲမွာေတာ့ ေငြၾကယ္တစ္ပြင့္လို ေတာက္ပလင္းလက္တဲ့ကစားဟန္ကိုျပသႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအတြက္အဖြင့္ဂိုးကို ဘန္စေလကစားသမားေတြရဲ႕အမွားကေန ပြဲစၿပီး ၁၉မိနစ္မွာပဲ ေအဘရာဟမ္ကသြင္းယူေပးခဲ့ၿပီး ဒုတိယဂိုးကိုေတာ့ ေမဆန္ေမာင့္ထိုးေပးလိုက္တဲ့ေဘာလုံးကို ေအဘရာဟမ္ ‘ဟ’ ေပးလိုက္တာကေန ဟာဗက္ဇ္ကသြင္းယူခဲ့ပါတယ္။ တတိယဂိုးကိုေတာ့ ဒုတိယပိုင္းစၿပီးမၾကာမီမွာပဲ ဟာဗက္ဇ္ၾကားျဖတ္လုယူလိုက္လို႔ထြက္လာတဲ့ေဘာလုံးကို ဘာကေလက ဘယ္ေျခနဲ႔အျပင္းကန္သြင္း ယူခဲ့တာပါ။ စတုတၳဂိုးကိုေတာ့ ေအဘရာဟမ္ေနာက္ေပါက္နဲ႔ခ်ေပးလိုက္တာကို ဟာဗက္ဇ္ကအနီးကပ္ပိတ္သြင္းခဲ့တာပါ။

ဟာဗက္ဇ္ဟာ ဘင္ခ်ီဝဲလ္နဲ႔လူစားလဲအနားေပးမခံရမီတစ္မိနစ္အလို ပြဲခ်ိန္ ၆၅မိနစ္မွာ သူ႔အတြက္ဟက္ထရစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။ အဲဒီဂိုးကိုလည္း ေအဘရာဟမ္ကပဲဖန္တီးေပးခဲ့တာျဖစ္ၿပီး ေရွ႕ထြက္လာတဲ့ဂိုးသမားကိုျဖတ္ေက်ာ္ၿပီး အလြယ္တကူသြင္းယူႏိုင္ခဲ့တာပါ။ ေနာက္ဆုံးပြဲသိမ္းဂိုးကိုေတာ့ ပြဲခ်ိန္ ၈၃မိနစ္မွာ ဘယ္ျခမ္းကေန ဘင္ခ်ီဝဲလ္ကန႔္လန႔္ျဖတ္အနိမ့္ေဘာတင္ေပးလိုက္တာကို ေအဘရာဟမ္အစားဝင္လာတဲ့ဂ်ီ႐ူးက ဒိုင္ဗင္ထိုးေခါင္းတိုက္သြင္းယူခဲ့တာပါ။

ပြဲအၿပီးမွာ ဟာဗက္ဇ္က ” ဟက္ထရစ္ရခဲ့လို႔ အလြန္တရာေပ်ာ္႐ႊင္ရပါတယ္။ ဒါေပမဲ့ အခုမွ ခ်ဲလ္ဆီးနဲ႔အစျပဳတာျဖစ္တာမို႔ ဂိုးေတြ ပိုပိုၿပီးသြင္းႏိုင္ဖို႔ ဆႏၵျပင္းျပေနပါတယ္။ အဲဒါဟာ ကြၽန္ေတာ့ရဲ႕ရည္မွန္းခ်က္ျဖစ္သလို အေကာင္းဆုံးေျခစြမ္းထုတ္ျပႏိုင္ဖို႔လည္း ႀကိဳးစားသြားမွာပါ” လို႔ေျပာၿပီး သူ႔ရဲ႕ဂိုးဆာေလာင္စိတ္ကို လွစ္ဟျပခဲ့ပါတယ္။ ေနာက္ခ်န္တိုက္စစ္မႉးအျဖစ္ကစားခဲ့တဲ့ဟာဗက္ဇ္ဟာ ေအဘရာဟမ္နဲ႔လည္း နားလည္မႈရွိရွိခ်ိတ္ဆက္ကစားသြားႏိုင္ခဲ့ပါတယ္။ အေထာင္တိုက္စစ္မႉးအျဖစ္တာဝန္ယူခဲ့တဲ့ ေအဘရာဟမ္ဟာ အဖြင့္ဂိုးသြင္းႏိုင္ခဲ့သလို ဟာဗက္ဇ္ရဲ႕ဂိုး ၂ဂိုးကိုလည္း ဖန္တီးေပးခဲ့ပါတယ္။ ေအဘရာဟမ္နဲ႔ပတ္သက္ၿပီး ဟာဗက္ဇ္က အလြန႔္အလြန္ေကာင္းတဲ့တိုက္စစ္မႉးလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ နည္းျပလမ္းပတ္ကလည္း ဟာဗက္ဇ္သြင္းယူမယ့္ဂိုးေပါင္းမ်ားစြာထဲက ပထမဆုံးဂိုးမ်ားဆိုၿပီးခ်ီးက်ဴးခဲ့သလို ဟက္ထရစ္ဂိုးျဖစ္ေစမယ့္ ၃ဂိုးေျမာက္မသြင္းမီ ဟာဗက္ဇ္ကို အနားေပးလူစားလဲလုနီးပါးျဖစ္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ ခ်ဲလ္ဆီးအတြက္ ပြဲဦးထြက္မွာ မိနစ္ ၆၀အထိကစားခဲ့တဲ့ ဘရာဇီးဝါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားနဲ႔ပတ္သက္ၿပီးေတာ့လည္း လမ္းပတ္က ၿပီးျပည့္စုံတဲ့ပြဲဦးထြက္မႈျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။