သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေထဲမှာ မက်ဆီနဲ့ ဆွာရက်စ် တို့မပါဘူးလို့ ပြောလိုက်တဲ့ ရာကီတစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘာစီလိုနာအသင်းမှာ နည်းပြ ရော်နယ်လ်ကိုးမန်း ကိုခန့်အပ်ခဲ့ပြီးနောက်အသင်းကနေ ပထမဆုံးထွက်ခွာခဲ့တဲ့ ကစားသမား ရာကီတစ်က သူဟာ မက်ဆီ၊ ဆွာရက်စ် တို့နဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေအဖြစ် ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ပြောလိုက်ပါတယ်။

အသက် (၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာကီတစ် ဟာ ဘာစီလိုနာကလပ်ကနေထွက်ခွာပြီး အသင်းဟောင်းဆီဗီလာ အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာဆီဗီလာ အသင်းမှာ (၂၀၁၁) ကနေ (၂၀၁၄) အထိ ကစားခဲ့ပြီး ယူရိုပါလိဂ် (၁)ကြိမ်ရယူနိုင်ခဲ့ဖူးပါတယ်။

ဘာစီလိုနာ အသင်းမှာ မက်ဆီ ၊ဆွာရက်စ် တို့နဲ့အတူ ရာကီတစ် ဟာ (၂၀၁၄) ကနေ (၂၀၂၀) အထိ (၆)နှစ်ကြာ လက်တွဲခဲ့ပြီး အသင်းမှာ ခြေစွမ်းပြကစားခဲ့ကာ လာလီဂါဖလား (၄)ကြိမ် ၊ ကိုပါဒယ်ရေးဖလား (၄)ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ၊ ဥရောပစူပါဖလား ၊ ကလပ်ကမ္ဘာ့ဖလား တွေကိုလည်း (၁)ကြိမ်စီ ရယူနိုင်ခဲ့ပြီး စပိန်စူပါဖလားကိုလည်း (၂)ကြိမ် အပါအဝင် ဆုဖလားပေါင်း(၁၆)ခုရယူနိုင်ခဲ့ပါတယ်။ ရာကီတစ်ဟာ ဒီဘာစီလိုနာရဲ့ကြယ်ပွင့်နှစ်ယောက်နဲ့တော့ (၆)နှစ်တာကာလအတွင်းမှာ ရင်းနှီးတဲ့မိတ်ဆွေတွေအဖြစ်မရောက်ခဲ့ဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံတဲ့ အဆင့်မှာပဲရှိနေခဲ့တယ်လို့ပြောခဲ့ပါတယ်။

ရာကီတစ် က စပိန်အခြေစိုက် သတင်းစာ El Desmarque နဲ့အင်တာဗျူးမှာ “ကျွန်တော်နဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် မက်ဆီနဲ့ ဆွာရက်စ် တို့မဖြစ်ခဲ့ပါဘူး။ ကစားသမား (၂၃)ယောက် (၂၄)ယောက်လောက်ရှိတဲ့ ဒီအစုအဖွဲ့မှာ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ဖို့ဆိုတာ ခက်ခဲမယ်လို့ ကျွန်တော်ထင်ပါတယ်။ အင်နီယေစတာ၊ တာစတီဂျန်၊ ကီဗင်ပရင့်စ်ဘိုတန် နဲ့ ဂျုနီယာဗာပို တို့ကတော့ ကျွန်တော်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေပါပဲ ”လို့ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့် ကျွန်တော်က မက်ဆီနဲ့ ဆွာရက်စ် တို့(၂)ဦးလုံးကို လေးစားမှုရှိပါတယ်။ သူတို့ဟာ ကျွန်တော့်ရဲ့အသင်းဖော်တွေအဖြစ်(၆)နှစ်ကြာရှိခဲ့ပြီး အသင်းရဲ့အောင်မြင်မှုတွေမှာ အရေးပါတဲ့ကစားသမားတွေပါပဲ။ ကိုရိုနာဗိုင်းရပ်စ်‌ကြောင့် လော့ခ်ဒေါင်းဖြစ်နေချိန်မှာတော့ ကျွန်တော်ဟာ သူတို့နဲ့ မိတ်ဆွေရင်းတွေလိုဖြစ်သွားခဲ့ပါတယ်။ ဒီ နှစ်တွေမှာ ကျွန်တော့်အပေါ် ကောင်းမွန်တဲ့ ဆက်ဆံမှုတွေအတွက်လည်း သူတို့တွေကို အလွန်ကျေးဇူးတင်ပါတယ်လို့” ရာကီတစ် က ဆက်ပြီး ပြောခဲ့ပါတယ်။

ရာကီတစ် ဟာ ဆီဗီလာ အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးချိန်မှာ သူဟာ နိုင်ငံ့ လက်ရွေးစဉ်ကစားသမားအဖြစ်ကနေ အနားယူလိုက်ပြီလို့လည်းကြေငြာခဲ့ပါတယ်။ “နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝကနေအနားယူဖို့ ဆုံးဖြတ်ခဲ့ရတဲ့ဆုံးဖြတ်ချက်ဟာ ကျွန်တော့်အတွက်အခက်ခဲဆုံးဆုံးဖြတ်ချက်ပါပဲ။ ဒါပေမယ့်အဲ့ဒီဆုံးဖြတ်ချက်ဟာ အသက်(၃၂)နှစ် အရွယ်မှာ အဖြစ်သင့်ဆုံးလို့ခံစားမိပါတယ်။ ကျွန်တော့်တိုင်းပြည်အတွက် ကစားခဲ့တဲ့ပွဲတွေတိုင်းကို နှစ်သက်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာလည်းကျွန်တော့်ဘဝရဲ့မမေ့နိုင်တဲ့အမှတ်တရတွေထဲမှာရှိနေပါလိမ့်မယ်။” လို့ ပြောခဲ့ပါတယ်။

ရာကီတစ် ဟာ ခရိုအေးရှားအသင်းအတွက် ၁၀၆ ပွဲကစားခဲ့ပြီး ၁၅ ဂိုးသွင်းယူခဲ့ပါတယ်။ ခရိုအေးရှားအသင်းဟာလည်း ၂၀၁၈ ကမ္ဘာ့ဖလားမှာဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဆီဗီလာ အသင်းဟာ ယူရိုပါလိဂ်မှာချန်ပီယံဖြစ်ခဲ့တာကြောင့် ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ် နဲ့ UEFA စူပါဖလားပြိုင်ပွဲကို ၂၄နေ့ ည ၁း၃၀ (၂၅-၉-၂၀၂၀ နံနက်၁း၃၀) မှာယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာ ဆီဗီလာ အသင်းဟာ လာလီဂါပြိုင်ပွဲရဲ့ အဝေးကွင်းပွဲစဉ်ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ နူးကမ့်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ရာကီတစ် အတွက် (၆)နှစ်ကြာ လက်တွဲခဲ့တဲ့အသင်းနဲ့ပြန်လည်ရင်ဆိုင်ရပါအုံးမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

သူနဲ႔ရင္းႏွီးတဲ့ မိတ္ေဆြေတြထဲမွာ မက္ဆီနဲ႔ ဆြာရက္စ္ တို႔မပါဘူးလို႕ ေျပာလိုက္တဲ့ ရာကီတစ္

ဘာစီလိုနာအသင္းမွာ နည္းျပ ေရာ္နယ္လ္ကိုးမန္း ကိုခန႔္အပ္ခဲ့ၿပီးေနာက္အသင္းကေန ပထမဆုံးထြက္ခြာခဲ့တဲ့ ကစားသမား ရာကီတစ္က သူဟာ မက္ဆီ၊ ဆြာရက္စ္ တို႔နဲ႔ ရင္းႏွီးတဲ့မိတ္ေဆြေတြအျဖစ္ ဘယ္တုန္းကမွ မျဖစ္ခဲ့ဘူးလို႔ေျပာလိုက္ပါတယ္။ အသက္ (၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ရာကီတစ္ ဟာ ဘာစီလိုနာကလပ္ကေနထြက္ခြာၿပီး အသင္းေဟာင္းဆီဗီလာ အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့တာလည္းျဖစ္ပါတယ္။ သူဟာဆီဗီလာ အသင္းမွာ (၂၀၁၁) ကေန (၂၀၁၄) အထိ ကစားခဲ့ၿပီး ယူ႐ိုပါလိဂ္ (၁)ႀကိမ္ရယူႏိုင္ခဲ့ဖူးပါတယ္။

ဘာစီလိုနာ အသင္းမွာ မက္ဆီ ၊ဆြာရက္စ္ တို႔နဲ႔အတူ ရာကီတစ္ ဟာ (၂၀၁၄) ကေန (၂၀၂၀) အထိ (၆)ႏွစ္ၾကာ လက္တြဲခဲ့ၿပီး အသင္းမွာ ေျခစြမ္းျပကစားခဲ့ကာ လာလီဂါဖလား (၄)ႀကိမ္ ၊ ကိုပါဒယ္ေရးဖလား (၄)ႀကိမ္ရယူႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ ၊ ဥေရာပစူပါဖလား ၊ ကလပ္ကမာၻ႔ဖလား ေတြကိုလည္း (၁)ႀကိမ္စီ ရယူႏိုင္ခဲ့ၿပီး စပိန္စူပါဖလားကိုလည္း (၂)ႀကိမ္ အပါအဝင္ ဆုဖလားေပါင္း(၁၆)ခုရယူႏိုင္ခဲ့ပါတယ္။ ရာကီတစ္ဟာ ဒီဘာစီလိုနာရဲ႕ၾကယ္ပြင့္ႏွစ္ေယာက္နဲ႔ေတာ့ (၆)ႏွစ္တာကာလအတြင္းမွာ ရင္းႏွီးတဲ့မိတ္ေဆြေတြအျဖစ္မေရာက္ခဲ့ဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ေလးေလးစားစားဆက္ဆံတဲ့ အဆင့္မွာပဲရွိေနခဲ့တယ္လို႔ေျပာခဲ့ပါတယ္။

ရာကီတစ္ က စပိန္အေျခစိုက္ သတင္းစာ El Desmarque နဲ႔အင္တာဗ်ဴးမွာ “ကြၽန္ေတာ္နဲ႔ရင္းႏွီးတဲ့ မိတ္ေဆြေတြအျဖစ္ မက္ဆီနဲ႔ ဆြာရက္စ္ တို႔မျဖစ္ခဲ့ပါဘူး။ ကစားသမား (၂၃)ေယာက္ (၂၄)ေယာက္ေလာက္ရွိတဲ့ ဒီအစုအဖြဲ႕မွာ ရင္းႏွီးတဲ့ မိတ္ေဆြေတြျဖစ္ဖို႔ဆိုတာ ခက္ခဲမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ အင္နီေယစတာ၊ တာစတီဂ်န္၊ ကီဗင္ပရင့္စ္ဘိုတန္ နဲ႔ ဂ်ဳနီယာဗာပို တို႔ကေတာ့ ကြၽန္ေတာ္နဲ႔ အရင္းႏွီးဆုံးသူငယ္ခ်င္းေတြပါပဲ ”လို႔ေျပာၾကားခဲ့ပါတယ္။

“ဒါေပမယ့္ ကြၽန္ေတာ္က မက္ဆီနဲ႔ ဆြာရက္စ္ တို႔(၂)ဦးလုံးကို ေလးစားမႈရွိပါတယ္။ သူတို႔ဟာ ကြၽန္ေတာ့္ရဲ႕အသင္းေဖာ္ေတြအျဖစ္(၆)ႏွစ္ၾကာရွိခဲ့ၿပီး အသင္းရဲ႕ေအာင္ျမင္မႈေတြမွာ အေရးပါတဲ့ကစားသမားေတြပါပဲ။ ကို႐ိုနာဗိုင္းရပ္စ္‌ေၾကာင့္ ေလာ့ခ္ေဒါင္းျဖစ္ေနခ်ိန္မွာေတာ့ ကြၽန္ေတာ္ဟာ သူတို႔နဲ႔ မိတ္ေဆြရင္းေတြလိုျဖစ္သြားခဲ့ပါတယ္။ ဒီ ႏွစ္ေတြမွာ ကြၽန္ေတာ့္အေပၚ ေကာင္းမြန္တဲ့ ဆက္ဆံမႈေတြအတြက္လည္း သူတို႔ေတြကို အလြန္ေက်းဇူးတင္ပါတယ္လို႔” ရာကီတစ္ က ဆက္ၿပီး ေျပာခဲ့ပါတယ္။

ရာကီတစ္ ဟာ ဆီဗီလာ အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ၿပီးခ်ိန္မွာ သူဟာ ႏိုင္ငံ့ လက္ေ႐ြးစဥ္ကစားသမားအျဖစ္ကေန အနားယူလိုက္ၿပီလို႔လည္းေၾကျငာခဲ့ပါတယ္။

“ႏိုင္ငံ့လက္ေ႐ြးစင္ကစားသမားဘဝကေနအနားယူဖို႔ ဆုံးျဖတ္ခဲ့ရတဲ့ဆုံးျဖတ္ခ်က္ဟာ ကြၽန္ေတာ့္အတြက္အခက္ခဲဆုံးဆုံးျဖတ္ခ်က္ပါပဲ။ ဒါေပမယ့္အဲ့ဒီဆုံးျဖတ္ခ်က္ဟာ အသက္(၃၂)ႏွစ္ အ႐ြယ္မွာ အျဖစ္သင့္ဆုံးလို႔ခံစားမိပါတယ္။ ကြၽန္ေတာ့္တိုင္းျပည္အတြက္ ကစားခဲ့တဲ့ပြဲေတြတိုင္းကို ႏွစ္သက္ခဲ့ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲဟာလည္းကြၽန္ေတာ့္ဘဝရဲ႕မေမ့ႏိုင္တဲ့အမွတ္တရေတြထဲမွာရွိေနပါလိမ့္မယ္။” လို႔ ေျပာခဲ့ပါတယ္။ ရာကီတစ္ ဟာ ခ႐ိုေအးရွားအသင္းအတြက္ ၁၀၆ ပြဲကစားခဲ့ၿပီး ၁၅ ဂိုးသြင္းယူခဲ့ပါတယ္။ ခ႐ိုေအးရွားအသင္းဟာလည္း ၂၀၁၈ ကမာၻ႔ဖလားမွာဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဆီဗီလာ အသင္းဟာ ယူ႐ိုပါလိဂ္မွာခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္ နဲ႕ UEFA စူပါဖလားျပိဳင္ပြဲကို ၂၄ေန႕ ည ၁း၃၀ (၂၅-၉-၂၀၂၀ နံနက္၁း၃၀) မွာယွဥ္ၿပိဳင္ကစားရမွာလည္းျဖစ္ပါတယ္။

ေအာက္တိုဘာ ၄ ရက္ေန႔မွာ ဆီဗီလာ အသင္းဟာ လာလီဂါျပိဳင္ပြဲရဲ႕ အေဝးကြင္းပြဲစဥ္ျဖစ္တဲ့ ဘာစီလိုနာအသင္းနဲ႕ ႏူးကမ့္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ ရာကီတစ္ အတြက္ (၆)ႏွစ္ၾကာ လက္တြဲခဲ့တဲ့အသင္းနဲ႕ျပန္လည္ရင္ဆိုင္ရပါအံုးမယ္။