လူတန်တောင်းနဲ့ပွဲက ဟန်ဒါဆန်ရဲ့ပွဲဦးထွက်လက်စွမ်းပြကာကွယ်ပေးမှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မန်ယူဟာ မနေ့ညကာရာဘောင်းဖလားမှာ အောက်တန်းအသင်းငယ်လေးလူတန်တောင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဂိုးပြတ်ခဲ့တယ်ဆိုပေမယ့် အလွယ်တကူနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။

ပွဲချိန် ၄၄ မိနစ်မှာသွင်းတဲ့ မာတာရဲ့တစ်လုံးတည်းသောပင်နယ်တီဂိုးနဲ့သာ တစ်ပွဲလုံးနီးပါးဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ပွဲပြီးကာနီး ၈၈ မိနစ်နဲ့ နာကျင်အချိန်ပို ၉၂ မိနစ်ရောက်မှ လူးစားဝင်တွေဖြစ်ကြတဲ့ ရက်ရှ်ဖို့ဒ်နဲ့ဂရင်းဝုဒ်တို့ရဲ့သွင်းယူမှုနဲ့ အနိုင်သေချာစေမယ့် ဒုတိယဂိုးနဲ့ တတိယဂိုးတို့ရရှိခဲ့တာပါ။

အဲဒီနောက် ၂ ဂိုးမရခင်မှာ လူတန်တောင်းဟာ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး နောက်ကျချေပဂိုးတောင် ရလုနီးပါးဖြစ်ခဲ့တာပါ။

ဒါပေမဲ့ မန်ယူအတွက် ပြိုင်ပွဲအသွင်ပထမဆုံးပွဲထွက်တဲ့ ဂိုးသမားဒင်းဟန်ဒါဆန်က ပြိုင်ဘက်ကစားသမားရဲ့ထောင့်ကျဉ်းထဲ ခေါင်းတိုက်သွင်းယူမှုကို လက်စွမ်းပြကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ရှက်ဖီးယူနိုက်တက်က အငှားပြန်လာတဲ့ဟန်ဒါဆန်အနေနဲ့ သူ့ရဲ့မန်ယူပွဲဦးထွက်မှာ ပေးဂိုးမရှိကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ရဲ့လက်စွမ်းပြကာကွယ်မှုအပြီး သိပ်မကြာခင်မှသာ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ဂိုးသွင်းခဲ့ကြတာပါ။

ဒါကြောင့် ဘရိုက်တန်နဲ့လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆိုးလ်ရှားဟာ ဟန်ဒါဆန်ကို ဦးစားပေးအဖြစ် ဆက်သုံးမှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

လူတန္ေတာင္းနဲ႔ပြဲက ဟန္ဒါဆန္ရဲ႕ပြဲဦးထြက္လက္စြမ္းျပကာကြယ္ေပးမႈ

မန္ယူဟာ မေန႔ညကာရာေဘာင္းဖလားမွာ ေအာက္တန္းအသင္းငယ္ေလးလူတန္ေတာင္းကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ယူေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ဂိုးျပတ္ခဲ့တယ္ဆုိေပမယ့္ အလြယ္တကူႏိုင္ခဲ့တာေတာ့ မဟုတ္ပါဘူး။

ပြဲခ်ိန္ ၄၄ မိနစ္မွာသြင္းတဲ့ မာတာရဲ႕တစ္လုံးတည္းေသာပင္နယ္တီဂိုးနဲ႔သာ တစ္ပြဲလုံးနီးပါးဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ပြဲၿပီးကာနီး ၈၈ မိနစ္နဲ႔ နာက်င္အခ်ိန္ပို ၉၂ မိနစ္ေရာက္မွ လူးစား၀င္ေတြျဖစ္ၾကတဲ့ ရက္ရွ္ဖုိ႔ဒ္နဲ႔ဂရင္း၀ုဒ္တုိ႔ရဲ႕သြင္းယူမႈနဲ႔ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးနဲ႔ တတိယဂိုးတုိ႔ရရွိခဲ့တာပါ။ အဲဒီေနာက္ ၂ ဂိုးမရခင္မွာ လူတန္ေတာင္းဟာ အခြင့္အေရးေတြဖန္တီးႏိုင္ခဲ့ၿပီး ေနာက္က်ေခ်ပဂိုးေတာင္ ရလုနီးပါးျဖစ္ခဲ့တာပါ။

ဒါေပမဲ့ မန္ယူအတြက္ ၿပိဳင္ပြဲအသြင္ပထမဆုံးပြဲထြက္တဲ့ ဂိုးသမားဒင္းဟန္ဒါဆန္က ၿပိဳင္ဘက္ကစားသမားရဲ႕ေထာင့္က်ဥ္းထဲ ေခါင္းတိုက္သြင္းယူမႈကို လက္စြမ္းျပကာကြယ္ေပးႏိုင္ခဲ့ပါတယ္။ ရွက္ဖီးယူႏုိက္တက္က အငွားျပန္လာတဲ့ဟန္ဒါဆန္အေနနဲ႔ သူ႔ရဲ႕မန္ယူပြဲဦးထြက္မွာ ေပးဂိုးမရွိကစားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

သူ႔ရဲ႕လက္စြမ္းျပကာကြယ္မႈအၿပီး သိပ္မၾကာခင္မွသာ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္း၀ုဒ္တို႔ဂိုးသြင္းခဲ့ၾကတာပါ။ ဒါေၾကာင့္ ဘရိုက္တန္နဲ႔လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဆိုးလ္ရွားဟာ ဟန္ဒါဆန္ကို ဦးစားေပးအျဖစ္ ဆက္သုံးမွာလားဆုိတာ စိတ္၀င္စားစရာပါပဲ။