စာမေးပွဲကို လိမ်လည်ဖြေဆိုခဲ့တဲ့ ဆွာရက်ဇ်ကြောင့် ပီရူးဂျီယာတက္ကသိုလ်တာဝန်ခံတွေ အရေးယူခံရဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတစ်ဦးရဲ့ခြေစွမ်းမျိုးပိုင်ဆိုင်သလောက် တစ်ဖက်မှာ ခပ်ညစ်ညစ်ကစားတတ်တဲ့ သူ့ အပြုအမူတွေကြောင့် ဆွာရက်ဇ် ဟာ မကြာခဏဆိုသလို ဝေဖန်ခံခဲ့ရသူပါ။ ပင်နယ်တီရဖို့ ဟန်ဆောင်တတ်တာတွေ၊ မန်ယူနောက်ခံလူ အီဗရာနဲ့ လူမျိုးရေးခွဲခြားမှုဖြစ်ခဲ့တာတွေ၊ အီတလီနောက်ခံလူ ချီရယ်လီနီ ကို ကိုက်ခဲ့တာတွေက ဆွာရက်ဇ်ရဲ့ ကစားသမားဘဝမှာ စွန်းထင်ခဲ့တဲ့ အမည်းစက်တွေဖြစ်ပါတယ်။

အခုလည်း အီတာလျံ ဘာသာစကားအရည်အချင်းစစ်စာမေးပွဲဖြေရာမှာ မသမာမှုရှိခဲ့လို့ ဆွာရက်ဇ်ကို အီတလီရဲတွေက စုံစမ်းစစ်ဆေးမယ်လို့ သတင်းထွက်နေပြီး နောက်ထပ် အမည်းစက်ထင်ကျန်ဖို့ ရှိလာပြန်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဘာစီလိုနာကနေ ဂျူဗင်တပ်စ်အသင်းကို ဆွာရက်ဇ် ပြောင်းဖို့ တော်တော်လေး သတင်းထွက်ခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းကလည်း ဟီဂွာအင်ရဲ့နေရာကို အစားထိုးဖို့ ဆွာရက်ဇ်ကို စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ ဆွာရက်ဇ်အတွက် အခွင့်ထူးခံတစ်ရပ်ရထားတာက စီးရီးအေကို အီတလီပတ်စ်ပို့နဲ့ ပြောင်းလာနိုင်ခွင့်ရှိနေတာပါပဲ။ သူ့ဇနီး ဆိုဖီယာဘယ်လ်ဘီဟာ အီတာလျံမျိုးနွယ်ကနေ ဆင်းသက်လာသူဖြစ်တာကြောင့် အီတလီပတ်စ်ပို့ လျှောက်ခွင့်ရှိနေပါတယ်။ အီတလီပတ်စ်ပို့ရလာရင် ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဆွာရက်ဇ်ကို EU ကစားသမားစာရင်းဝင်တစ်ဦးအဖြစ် သုံးခွင့်ရမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အီတလီပတ်စ်ပို့ရဖို့ အီတာလျံဘာသာစကားအရည်အချင်းစစ်စာမေးပွဲကိုတော့ ဆွာရက်ဇ် အောင်ဖို့လိုပါတယ်။

ဒါကြောင့်လည်း ဆွာရက်ဇ်ဟာ အရင်တစ်ပတ်က ပီရူးဂျီယာမြို့မှာ ဘာသာစကားအရည်အချင်းစာမေးပွဲလာဖြေခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။စာမေးပွဲအောင်ခဲ့ပေမယ့် မေးခွန်းနဲ့အဖြေတွေကို ဆွာရက်ဇ် ကြိုသိအောင် ပီရူးဂျီယာတက္ကသိုလ်က စီစဉ်ပေးခဲ့တယ်လို့ သတင်းထွက်ခဲ့တာကြောင့် အီတလီဥပဒေအရာရှိနဲ့ ရဲတွေဟာ ဆွာရက်ဇ်ကိုရော တက္ကသိုလ်တာဝန်ခံတွေကိုပါ စုံစမ်းစစ်ဆေးဖို့ပြင်နေပါပြီ။

အီတလီအစိုးရဥပဒေအရာရှိတွေရဲ့ ထုတ်ပြန်ချက်မှာ “စာမေးပွဲမှာ ပါမယ့်အကြောင်းအရာတွေကို နိုင်ငံသားလျှောက်ထားသူနဲ့ ကြိုတင်သဘောတူညီမှုရခဲ့ကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီနေ့တော့ အီတလီဘဏ္ဍာရေးရဲအရာရှိတွေက တက္ကသိုလ်ရုံးက မှတ်တမ်းတွေကိုသိမ်းယူပြီး လိုအပ်တာတွေ ဆက်လုပ်ဖို့ စီစဉ်နေပါတယ် ”လို့ ပါရှိပါတယ်။

ဒီဖြစ်ရပ်မှာ ဆွာရက်ဇ်ဘက်က မရိုးသားရင် ဘာဆက်ဖြစ်မလဲကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ပီရူးဂျီယာတက္ကသိုလ်တာဝန်ခံတွေကတော့ အရေးယူခံရဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

စာေမးပြဲကို လိမ္လည္ေျဖဆိုခဲ့တဲ့ ဆြာရက္ဇ္ေၾကာင့္ ပီရူးဂ်ီယာတကၠသိုလ္တာ၀န္ခံေတြ အေရးယူခံရဖို႔ရွိ

ကမၻာ့ထိပ္တန္းတိုက္စစ္မွဴးတစ္ဦးရဲ႕ေျခစြမ္းမ်ိဳးပိုင္ဆိုင္သေလာက္ တစ္ဖက္မွာ ခပ္ညစ္ညစ္ကစားတတ္တဲ့ သူ႔ အျပဳအမူေတြေၾကာင့္ ဆြာရက္ဇ္ ဟာ မၾကာခဏဆိုသလို ေ၀ဖန္ခံခဲ့ရသူပါ။ ပင္နယ္တီရဖို႔ ဟန္ေဆာင္တတ္တာေတြ၊ မန္ယူေနာက္ခံလူ အီဗရာနဲ႔ လူမ်ိဳးေရးခြဲျခားမႈျဖစ္ခဲ့တာေတြ၊ အီတလီေနာက္ခံလူ ခ်ီရယ္လီနီ ကို ကိုက္ခဲ့တာေတြက ဆြာရက္ဇ္ရဲ႕ ကစားသမားဘ၀မွာ စြန္းထင္ခဲ့တဲ့ အမည္းစက္ေတြျဖစ္ပါတယ္။

အခုလည္း အီတာလ်ံ ဘာသာစကားအရည္အခ်င္းစစ္စာေမးပြဲေျဖရာမွာ မသမာမႈရွိခဲ့လို႔ ဆြာရက္ဇ္ကို အီတလီရဲေတြက စံုစမ္းစစ္ေဆးမယ္လို႔ သတင္းထြက္ေနၿပီး ေနာက္ထပ္ အမည္းစက္ထင္က်န္ဖို႔ ရွိလာျပန္ပါတယ္။ အားလံုးသိၾကတဲ့အတိုင္း ဘာစီလိုနာကေန ဂ်ဴဗင္တပ္စ္အသင္းကို ဆြာရက္ဇ္ ေျပာင္းဖို႔ ေတာ္ေတာ္ေလး သတင္းထြက္ခဲ့တာပါ။ ဂ်ဴဗင္တပ္စ္အသင္းကလည္း ဟီဂြာအင္ရဲ႕ေနရာကို အစားထိုးဖို႔ ဆြာရက္ဇ္ကို ေစာင့္ဆိုင္းခဲ့တာျဖစ္ပါတယ္။

ဒီေနရာမွာ ဆြာရက္ဇ္အတြက္ အခြင့္ထူးခံတစ္ရပ္ရထားတာက စီးရီးေအကို အီတလီပတ္စ္ပို႔နဲ႔ ေျပာင္းလာႏိုင္ခြင့္ရွိေနတာပါပဲ။ သူ႔ဇနီး ဆိုဖီယာဘယ္လ္ဘီဟာ အီတာလ်ံမ်ိဳးႏြယ္ကေန ဆင္းသက္လာသူျဖစ္တာေၾကာင့္ အီတလီပတ္စ္ပုိ႔ ေလွ်ာက္ခြင့္ရွိေနပါတယ္။ အီတလီပတ္စ္ပို႔ရလာရင္ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဆြာရက္ဇ္ကို EU ကစားသမားစာရင္း၀င္တစ္ဦးအျဖစ္ သံုးခြင့္ရမွာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ အီတလီပတ္စ္ပို႔ရဖို႔ အီတာလ်ံဘာသာစကားအရည္အခ်င္းစစ္စာေမးပြဲကိုေတာ့ ဆြာရက္ဇ္ ေအာင္ဖို႔လိုပါတယ္။

ဒါေၾကာင့္လည္း ဆြာရက္ဇ္ဟာ အရင္တစ္ပတ္က ပီရူးဂ်ီယာၿမိဳ႕မွာ ဘာသာစကားအရည္အခ်င္းစာေမးပြဲလာေျဖခဲ့ၿပီး ေအာင္ျမင္ခဲ့ပါတယ္။စာေမးပြဲေအာင္ခဲ့ေပမယ့္ ေမးခြန္းနဲ႔အေျဖေတြကို ဆြာရက္ဇ္ ႀကိဳသိေအာင္ ပီရူးဂ်ီယာတကၠသိုလ္က စီစဥ္ေပးခဲ့တယ္လို႔ သတင္းထြက္ခဲ့တာေၾကာင့္ အီတလီဥပေဒအရာရွိနဲ႔ ရဲေတြဟာ ဆြာရက္ဇ္ကိုေရာ တကၠသိုလ္တာ၀န္ခံေတြကိုပါ စံုစမ္းစစ္ေဆးဖို႔ျပင္ေနပါၿပီ။

အီတလီအစိုးရဥပေဒအရာရွိေတြရဲ႕ ထုတ္ျပန္ခ်က္မွာ “စာေမးပြဲမွာ ပါမယ့္အေၾကာင္းအရာေတြကို ႏိုင္ငံသားေလွ်ာက္ထားသူနဲ႔ ႀကိဳတင္သေဘာတူညီမႈရခဲ့ေၾကာင္း စံုစမ္းစစ္ေဆးေတြ႔ရွိခဲ့ပါတယ္။ ဒီေန႔ေတာ့ အီတလီဘ႑ာေရးရဲအရာရွိေတြက တကၠသိုလ္ရံုးက မွတ္တမ္းေတြကိုသိမ္းယူၿပီး လုိအပ္တာေတြ ဆက္လုပ္ဖို႔ စီစဥ္ေနပါတယ္ ”လို႔ ပါရွိပါတယ္။ ဒီျဖစ္ရပ္မွာ ဆြာရက္ဇ္ဘက္က မရိုးသားရင္ ဘာဆက္ျဖစ္မလဲကို ရွင္းရွင္းလင္းလင္း မသိရေသးေပမယ့္ ပီရူးဂ်ီယာတကၠသိုလ္တာ၀န္ခံေတြကေတာ့ အေရးယူခံရဖို႔ရွိေနပါတယ္။