အင်တာမီလန် အသင်းဟာ အာတူရို ဗီဒယ်ကို ပေါင် (၉)သိန်း ကျော်ဖြင့်စာချုပ်ချုပ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဆန်ဆီရို ကို ပြောင်းရွှေ့လာတဲ့ ဒီချီလီ ကွင်းလယ်ကစားသမား ဗီဒယ်ဟာ လက်ရှိ အင်တာမီလန်အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီနဲ့ အတူ ဂျူဗင်တပ်အသင်းမှာ လက်တွဲဖူးခဲ့ကြပါတယ်။

သူတို့ဆရာတပည့် နှစ်ဦးဟာ ၂၀၁၁-၂၀၁၄ မှာ ဂျူဗင်တပ်အသင်းနဲ့ ၃နှစ်ဆက် စီးရီးအေ အမှတ်ပေး ချန်ပီယံဖြစ်ခဲ့ကြသူတွေပါ။

အသက် ၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဗီဒယ်ဟာ မန်ချက်စတာယူနိုက်တက်မှအသက် ၃၁ နှစ်ရှိ အဲလက်စ်ဆန်းချက် နှင့် ရိုးမား အသင်းက ၃၄ နှစ်အရွယ် ကိုလာရော့ဗ် တို့ရောက်ရှိလာပြီးနောက် ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ အင်တာကိုရောက်ရှိလာတဲ့ တတိယမြောက်ဝါရင့် ကစားသမားဖြစ်ပါတယ်။ကွန်တီဟာ သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ ဗီဒယ်ရဲ့ ခြေစွမ်းတွေကို ယုံကြည်နေဆဲ ဖြစ်ပြီး ဒီဝါရင့် ကစားသမားအုပ်စုနဲ့ မနှစ်က မရရှိခဲ့တဲ့ စီးရီးအေချန်ပီယံဆု ကို ရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဒီ၁၂ နှစ်အတွင်းပထမဆုံးအကြိမ်ဖလားလက်မဲ့ ရာသီဖြစ်ခဲ့ပြီးနောက် အသင်းကိုပြန်လည်တည်ဆောက်ရန် ရောက်ရှိလာတဲ့ နည်းပြရော်နယ်ကိုးမင်းလက်ထက်မှာ ဗီဒယ်ဟာ အာသာ၊ အိုင်ဗင်ရာကစ်တီ၊ သူရမ် တို့နဲ့အတူ နူးကမ့်မှ ထွက်ခွာလာခဲ့ကြရသူလည်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်တိုက်စစ်အတွဲ MSN ထဲက လူးဝစ်ဆွာရက်ဇ်ဟာလည်းဘာစီလိုနာအသင်းနဲ့ လက်ကျန်စာချုပ်ကိုဖျက်သိမ်းခဲ့ပြီး လာလီဂါပြိုင်ဘက်အသင်း အက်တလန်တီကို မက်ဒရစ် မှာ ပြောင်းရွှေ့ကစားဖို့သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

ဗီဒယ်ဟာ ဘာစီလိုနာအသင်းကထွက်ခွာမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်မှာ တနင်္ဂနွေနေ့ က အသင်းဖော် မက်ဆီက သူရဲ့ အင္စတာဂရမ္ မှာ ဗီဒယ်နဲ့ နှစ်ယောက်လေ့ကျင့်ရေးမှာ လမ်းလျှောက်နေတဲ့ပုံကိုတင်ပြီး သူထွက်ခွာသွားတဲ့အပေါ် ခံစားချက်အပြည့်နဲ့ နှုတ်ဆက်စာ ရေးခဲ့ပါတယ်။

“မင်းကိုအသင်းမှာ စတွေ့တဲ့အချိန်ကတည်းက ငါ့တွေ့ဘူးတဲ့သူတွေနဲ့မတူတဲ့ ထူးခြားတဲ့အရည်အသွေးရှိတဲ့ လူတစ်ယောက်ဆိုတာ သိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မင်းရဲ့ ကိုယ်ကျင့်တရားကို သိခဲ့ရတော့ ပိုပြီးတော့ အံ့အားသင့်မိခဲ့ပါတယ်။ ၂နှစ်အတွင်း ငါတို့ အများကြီး မျှဝေခဲ့ကြပြီး မင်းဟာ အသင်းရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ် အာတူရိုရေ၊ မင်းကို အသင်းသားတွေက သတိရနေမှာပါ။ အသင်းသစ်မှာ အကောင်းဆုံး ဖြစ်စေဖို့လည်း ဆုတောင်းပေးပါတယ်။ ငါတို့ ကျိန်းသေပေါက် ပြန်တွေ့ကြဦးမှာပါ”လို့ ရေးသားခဲ့ပါတယ်။

ဗီဒယ်က “ဒီနေ့မှာတော့ ကျွန်တော် ဘာစီလိုနာမှာရှိခဲ့တဲ့နှစ်တွေအတွင်း အတူဖြတ်ကျော်ခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇုးတင်ရှိကြောင်းပြောဆိုလိုပါတယ်။ကျွန်တော့်ရဲ့မိသားစု၊အသင်းဖော်၊နည်းပြ၊ဆရာဝန် ပြီးတော့ အံအားသင့်စရာကောင်းအောင် အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံးကိုပါ ကျေးဇူးအထူးတင်ပါတယ်လို့ ပြောခဲ့ပါရစေ။ ဒီနေ့ ကျွန်တော့်ဘဝရဲ့နောက်ထပ်နယ်ပယ်အသစ်မှာ နေ့သစ်ကို စတင်လိုက်ပြီဖြစ်ပေမယ့် ဘာစီလိုနာကနေ့ရက်တွေကတော့ နှလုံးသားထဲမှာ အမြဲကျန်ရစ်နေမယ့် အမှတ်တရတွေပါ။ တစ်နေ့တော့ပြန်ပြီးတွေ့ကြမှာပါ ဘာစီလိုနာရေ” လို့နှုတ်ခွန်းဆက်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

အင္တာမီလန္ အသင္းဟာ အာတူ႐ို ဗီဒယ္ကို ေပါင္ (၉)သိန္း ေက်ာ္ျဖင့္စာခ်ဳပ္ခ်ဳပ္ဆို

ဆန္ဆီ႐ို ကို ေျပာင္းေ႐ႊ႕လာတဲ့ ဒီခ်ီလီ ကြင္းလယ္ကစားသမား ဗီဒယ္ဟာ လက္ရွိ အင္တာမီလန္အသင္းရဲ႕ နည္းျပျဖစ္သူ ကြန္တီနဲ႔ အတူ ဂ်ဴဗင္တပ္အသင္းမွာ လက္တြဲဖူးခဲ့ၾကပါတယ္။ သူတို႔ဆရာတပည့္ ႏွစ္ဦးဟာ ၂၀၁၁-၂၀၁၄ မွာ ဂ်ဴဗင္တပ္အသင္းနဲ႔ ၃ႏွစ္ဆက္ စီးရီးေအ အမွတ္ေပး ခ်န္ပီယံျဖစ္ခဲ့ၾကသူေတြပါ။

အသက္ ၃၃ႏွစ္အ႐ြယ္ ရွိေနၿပီ ျဖစ္တဲ့ ဗီဒယ္ဟာ မန္ခ်က္စတာယူႏိုက္တက္မွအသက္ ၃၁ ႏွစ္ရွိ အဲလက္စ္ဆန္းခ်က္ ႏွင့္ ႐ိုးမား အသင္းက ၃၄ ႏွစ္အ႐ြယ္ ကိုလာေရာ့ဗ္ တို႔ေရာက္ရွိလာၿပီးေနာက္ ဒီႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အင္တာကိုေရာက္ရွိလာတဲ့ တတိယေျမာက္ဝါရင့္ ကစားသမားျဖစ္ပါတယ္။ကြန္တီဟာ သူ႔ရဲ႕ တပည့္ေဟာင္း ျဖစ္သူ ဗီဒယ္ရဲ႕ ေျခစြမ္းေတြကို ယုံၾကည္ေနဆဲ ျဖစ္ၿပီး ဒီဝါရင့္ ကစားသမားအုပ္စုနဲ႔ မႏွစ္က မရရွိခဲ့တဲ့ စီးရီးေအခ်န္ပီယံဆု ကို ရရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

ဘာစီလိုနာအသင္းရဲ႕ ဒီ၁၂ ႏွစ္အတြင္းပထမဆုံးအႀကိမ္ဖလားလက္မဲ့ ရာသီျဖစ္ခဲ့ၿပီးေနာက္ အသင္းကိုျပန္လည္တည္ေဆာက္ရန္ ေရာက္ရွိလာတဲ့ နည္းျပေရာ္နယ္ကိုးမင္းလက္ထက္မွာ ဗီဒယ္ဟာ အာသာ၊ အိုင္ဗင္ရာကစ္တီ၊ သူရမ္ တို႔နဲ႔အတူ ႏူးကမ့္မွ ထြက္ခြာလာခဲ့ၾကရသူလည္းျဖစ္ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ဂႏၲဝင္တိုက္စစ္အတြဲ MSN ထဲက လူးဝစ္ဆြာရက္ဇ္ဟာလည္းဘာစီလိုနာအသင္းနဲ႔ လက္က်န္စာခ်ဳပ္ကိုဖ်က္သိမ္းခဲ့ၿပီး လာလီဂါၿပိဳင္ဘက္အသင္း အက္တလန္တီကို မက္ဒရစ္ မွာ ေျပာင္းေ႐ႊ႕ကစားဖို႔သေဘာတူညီမႈရရွိထားၿပီးျဖစ္တယ္လို႔လည္းသိရပါတယ္။

ဗီဒယ္ဟာ ဘာစီလိုနာအသင္းကထြက္ခြာမယ္ဆိုၿပီး ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးေနာက္မွာ တနဂၤေႏြေန႔ က အသင္းေဖာ္ မက္ဆီက သူရဲ႕ အင္စတာဂရမ္ မွာ ဗီဒယ္နဲ႔ ႏွစ္ေယာက္ေလ့က်င့္ေရးမွာ လမ္းေလွ်ာက္ေနတဲ့ပုံကိုတင္ၿပီး သူထြက္ခြာသြားတဲ့အေပၚ ခံစားခ်က္အျပည့္နဲ႔ ႏႈတ္ဆက္စာ ေရးခဲ့ပါတယ္။

“မင္းကိုအသင္းမွာ စေတြ႕တဲ့အခ်ိန္ကတည္းက ငါ့ေတြ႔ဘူးတဲ့သူေတြနဲ႔မတူတဲ့ ထူးျခားတဲ့အရည္အေသြးရွိတဲ့ လူတစ္ေယာက္ဆိုတာ သိခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ မင္းရဲ႕ ကိုယ္က်င့္တရားကို သိခဲ့ရေတာ့ ပိုၿပီးေတာ့ အံ့အားသင့္မိခဲ့ပါတယ္။ ၂ႏွစ္အတြင္း ငါတို႔ အမ်ားႀကီး မွ်ေဝခဲ့ၾကၿပီး မင္းဟာ အသင္းရဲ႕အဓိကအစိတ္အပိုင္းတစ္ခုျဖစ္ခဲ့တယ္ အာတူ႐ိုေရ၊ မင္းကို အသင္းသားေတြက သတိရေနမွာပါ။ အသင္းသစ္မွာ အေကာင္းဆုံး ျဖစ္ေစဖို႔လည္း ဆုေတာင္းေပးပါတယ္။ ငါတို႔ က်ိန္းေသေပါက္ ျပန္ေတြ႕ၾကဦးမွာပါ”လို႔ ေရးသားခဲ့ပါတယ္။

ဗီဒယ္က “ဒီေန႔မွာေတာ့ ကြၽန္ေတာ္ ဘာစီလိုနာမွာရွိခဲ့တဲ့ႏွစ္ေတြအတြင္း အတူျဖတ္ေက်ာ္ခဲ့ၾကတဲ့သူေတြအားလုံးကို ေက်းဇုးတင္ရွိေၾကာင္းေျပာဆိုလိုပါတယ္။ကြၽန္ေတာ့္ရဲ႕မိသားစု၊အသင္းေဖာ္၊နည္းျပ၊ဆရာဝန္ ၿပီးေတာ့ အံအားသင့္စရာေကာင္းေအာင္ အားေပးခဲ့ၾကတဲ့ ပရိတ္သတ္ေတြအားလုံးကိုပါ ေက်းဇူးအထူးတင္ပါတယ္လို႔ ေျပာခဲ့ပါရေစ။ ဒီေန႔ ကြၽန္ေတာ့္ဘဝရဲ႕ေနာက္ထပ္နယ္ပယ္အသစ္မွာ ေန႔သစ္ကို စတင္လိုက္ၿပီျဖစ္ေပမယ့္ ဘာစီလိုနာကေန႔ရက္ေတြကေတာ့ ႏွလုံးသားထဲမွာ အၿမဲက်န္ရစ္ေနမယ့္ အမွတ္တရေတြပါ။ တစ္ေန႔ေတာ့ျပန္ၿပီးေတြ႕ၾကမွာပါ ဘာစီလိုနာေရ” လို႔ႏႈတ္ခြန္းဆက္ခဲ့ပါတယ္။