အာဆင်နယ်ကို ရောက်ဖို့ မက်ဆီ နီးစပ်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အာဆင်နယ်အသင်းရဲ့ခေါင်းကိုင်ဖခင်အဖြစ် နှစ်ပေါင်းများစွာ မန်နေဂျာလုပ်ခဲ့တဲ့ အာစင်ဝင်းဂါးလက်ထက်က ဒီနေ့ ရွှေဘောလုံးခြောက်ဆုရှင်ဖြစ်လာတဲ့ မက်ဆီဟာ ဘာစီလိုနာရဲ့ လာမက်ဆီယာအကယ်ဒမီထွက် သူငယ် ချင်း ဖာဘရီဂတ်စ်လိုပဲ အာဆင်နယ်ကိုသွားကစားချင်ခဲ့ကြောင်း မက်ဆီရဲ့ အေးဂျင့်ဟောင်းက ဖောက်သည်ချ သွားခဲ့တယ်။

မက်ဆီရဲ့ ငယ်ရွယ်စဉ်က အေးဂျင့်ဖြစ်ခဲ့တဲ့ ဖေဘီယန်ဆိုလ်ဒီနီက ၂၀၀၃ ခုနှစ်က အာစင်ဝင်းဂါး ဟာ လာမက်ဆီယာထွက် မက်ဆီ၊ ဖာဘရီဂတ်စ်နဲ့ ပီကေးတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားကြိုးစားခဲ့ပြီး နောက်ဆုံး မှာ ဖာဘရီဂတ်စ်ကို ခေါ်နိုင်ပေမယ့် မက်ဆီကတော့ ဘာစီလိုနာမှာဆက်နေဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပြောသွားတာဖြစ်တယ်။

စပိန်မာကာသတင်းစာမှာ ဆိုလ်ဒီနီက “မက်ဆီဟာ အာဆင်နယ်ကိုပြောင်းကစားဖို့ စည်းရုံးခံခဲ့ရတယ်။ ဒါပေမဲ့ သူမသွားဖြစ်ခဲ့ဘူး။ ကျွန်တော်မှတ်မိနေသေးတယ်။ ဖာဘရီဂတ်စ်က အာဆင်နယ် သွားကစားခွင့်ပေးဖို့တောင်းဆိုတဲ့နေ့ကိုပေါ့။ မက်ဆီကလည်း အရမ်းခင်တဲ့သူငယ်ချင်းဖာဘရီဂတ်စ်အတိုင်းပဲ ဘာစီလိုနာကနေ အာဆင်နယ်သွားဖို့မေးခဲ့သေးတယ်။ ဒါပေမဲ့နောက်ဆုံးတော့ သူအသင်းမပြောင်းချင်ခဲ့ပါဘူး” လို့ ပြောပြခဲ့တယ်။

အာစင်ဝင်းဂါးကလည်း မက်ဆီကို ခေါ်ဖို့ကြိုးစားခဲ့ဖူးပေမယ့် အဲဒီအချိန်က မက်ဆီဟာဘာစီလိုနာမှာ တို့ထိမခံ တဲ့ကစားသမားအဖြစ် ရှိနေခဲ့လို့ မရနိုင်ခဲ့ကြောင်း မကြာသေးခင်က ဖွင့်ပြောခဲ့ပါသေးတယ်။

ဝင်းဂါးက “ဖာဘရီဂက်စ်ကို ခေါ်တုန်းက မက်ဆီကိုပါ ခေါ်ယူဖို့ ဆွေးနွေးခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ မက်ဆီက ဖာဘရီဂက်စ်နဲ့အတူ တွဲကစားနေတော့ နှစ်ဦးစလုံးပြိုင်တူ ခေါ်ဖို့ပါ”လို့ ဝင်းဂါးက BeIN Sportsရဲ့ အစီအစဉ်မှာ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တစ်ချိန်က ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်း စပို့တင်းလစ္စဘွန်းကနေ ခေါ်ယူဖို့ အနီးစပ်ဆုံးအဆင့်ကိုရောက်ခဲ့ပါသေးတယ်။

မန်ချက်စတာယူနိုက်အသင်းရဲ့ နည်းပြကြီး ဖာဂူဆန်နဲ့အတူ အမှုဆောင်အရာရှိ ဒေးဗစ်ဂီးလ်တို့ရဲ့ ကြားဖြတ်ခေါ်ယူသွားလို့သာ လွှတ်တဲ့ငါးကြီးခဲ့ရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

အာဆင္နယ္ကို ေရာက္ဖို႔ မက္ဆီ နီးစပ္ခဲ့

အာဆင္နယ္အသင္းရဲ႕ေခါင္းကိုင္ဖခင္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ မန္ေနဂ်ာလုပ္ခဲ့တဲ့ အာစင္၀င္းဂါးလက္ထက္က ဒီေန႔ ေရႊေဘာလံုးေျခာက္ဆုရွင္ျဖစ္လာတဲ့ မက္ဆီဟာ ဘာစီလိုနာရဲ႕ လာမက္ဆီယာအကယ္ဒမီထြက္ သူငယ္ ခ်င္း ဖာဘရီဂတ္စ္လိုပဲ အာဆင္နယ္ကိုသြားကစားခ်င္ခဲ့ေၾကာင္း မက္ဆီရဲ႕ ေအးဂ်င့္ေဟာင္းက ေဖာက္သည္ခ် သြားခဲ့တယ္။

မက္ဆီရဲ႕ ငယ္ရြယ္စဥ္က ေအးဂ်င့္ျဖစ္ခဲ့တဲ့ ေဖဘီယန္ဆိုလ္ဒီနီက ၂၀၀၃ ခုႏွစ္က အာစင္၀င္းဂါး ဟာ လာမက္ဆီယာထြက္ မက္ဆီ၊ ဖာဘရီဂတ္စ္နဲ႔ ပီေကးတို႔ကို ေခၚယူဖို႔ ပစ္မွတ္ထားႀကိဳးစားခဲ့ၿပီး ေနာက္ဆံုး မွာ ဖာဘရီဂတ္စ္ကို ေခၚႏိုင္ေပမယ့္ မက္ဆီကေတာ့ ဘာစီလိုနာမွာဆက္ေနဖို႔ ဆံုးျဖတ္လိုက္တာျဖစ္တယ္လို႔ ေျပာသြားတာျဖစ္တယ္။ စပိန္မာကာသတင္းစာမွာ ဆိုလ္ဒီနီက “မက္ဆီဟာ အာဆင္နယ္ကိုေျပာင္းကစားဖို႔ စည္းရံုးခံခဲ့ရတယ္။

ဒါေပမဲ့ သူမသြားျဖစ္ခဲ့ဘူး။ ကၽြန္ေတာ္မွတ္မိေနေသးတယ္။ ဖာဘရီဂတ္စ္က အာဆင္နယ္ သြားကစားခြင့္ေပးဖို႔ေတာင္းဆိုတဲ့ေန႔ကိုေပါ့။ မက္ဆီကလည္း အရမ္းခင္တဲ့သူငယ္ခ်င္းဖာဘရီဂတ္စ္အတိုင္းပဲ ဘာစီလိုနာကေန အာဆင္နယ္သြားဖို႔ေမးခဲ့ေသးတယ္။ ဒါေပမဲ့ေနာက္ဆံုးေတာ့ သူအသင္းမေျပာင္းခ်င္ခဲ့ပါဘူး” လို႔ ေျပာျပခဲ့တယ္။အာစင္၀င္းဂါးကလည္း မက္ဆီကို ေခၚဖို႔ႀကိဳးစားခဲ့ဖူးေပမယ့္ အဲဒီအခ်ိန္က မက္ဆီဟာဘာစီလိုနာမွာ တို႔ထိမခံ တဲ့ကစားသမားအျဖစ္ ရွိေနခဲ့လို႔ မရႏိုင္ခဲ့ေၾကာင္း မၾကာေသးခင္က ဖြင့္ေျပာခဲ့ပါေသးတယ္။ ၀င္းဂါးက “ဖာဘရီဂက္စ္ကို ေခၚတုန္းက မက္ဆီကိုပါ ေခၚယူဖို႔ ေဆြးေႏြးခဲ့ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ မက္ဆီက ဖာဘရီဂက္စ္နဲ႔အတူ တြဲကစားေနေတာ့ ႏွစ္ဦးစလံုးၿပိဳင္တူ ေခၚဖို႔ပါ”လို႔ ၀င္းဂါးက BeIN Sportsရဲ႕ အစီအစဥ္မွာ ေျပာခဲ့ပါတယ္။အာဆင္နယ္အသင္းဟာ တစ္ခ်ိန္က ခရစၥတီယာႏိုေရာ္နယ္ဒိုကိုလည္း စပို႔တင္းလစၥဘြန္းကေန ေခၚယူဖို႔ အနီးစပ္ဆံုးအဆင့္ကိုေရာက္ခဲ့ပါေသးတယ္။

မန္ခ်က္စတာယူႏုိက္အသင္းရဲ႕ နည္းျပႀကီး ဖာဂူဆန္နဲ႔အတူ အမႈေဆာင္အရာရွိ ေဒးဗစ္ဂီးလ္တို႔ရဲ႕ ၾကားျဖတ္ေခၚယူသြားလို႔သာ လႊတ္တဲ့ငါးႀကီးခဲ့ရတာျဖစ္ပါတယ္။