အသက် ၂၀အရွယ်သာဆိုလျှင် နောက်ထပ် ၂ဂိုးသွင်းနိုင်ဦးမည်ဟု ဘင်ဂျမင်ဘတ်တန်မိုဗစ် ဝံ့ကြွား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘိုလော့ဂ်နာကိုအနိုင်ရခဲ့တဲ့ရာသီအဖွင့်ပွဲမှာ အေစီမီလန်အတွက် အနိုင်ဂိုး ၂ဂိုးစလုံးသွင်းယူပေးခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က အသက် ၂၀အရွယ်ဆိုပါက နောက်ထပ် ၂ဂိုးသွင်းနိုင်ဦးမယ်လို့ ဝံ့ကြွားခဲ့ပါတယ်။

မိုဗစ်ရဲ့ပထမဂိုးကတော့ ခေါင်းတိုက်ဂိုးဖြစ်ပြီး ပွဲချိန် ၃၅မိနစ်မှာ သီယိုဟာနန်ဒက်ဇ် တင်ပေးလိုက်တဲ့အမြောက်ဘောကို ဘိုလော့ဂ်နာနောက်ခံလူ ၂ယောက်ကြားကနေခုန်ပြီး လှလှပပခေါင်းတိုက်သွင်းယူခဲ့တာပါ။

https://twitter.com/i/status/1308125186219151360

ပွဲချိန် ၅၁မိနစ်မှာရတဲ့ဂိုးက ပင်နယ်တီဂိုးဖြစ်ပေမယ့် မိုဗစ်ရဲ့ဒုံးပျံကန်ချက်ကပြင်းလွန်းတာမို့ ဘိုလော့ဂ်နာဂိုးသမား စကိုရက်ပ်စကီး ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။

နောက်ပိုင်းမှာလည်း တန်ပြန်တိုက်စစ်ကတစ်ဆင့် ညာခြမ်းကနေ ကယ်ဟာနိုဂလူးခင်းပေးလိုက်တဲ့ဘောလုံးကို ဂိုးသမားကိုလှည့်စားလိမ်ခေါက်ပြီး ဘယ်ခြေနဲ့ကန်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ်ကျော်သွားခဲ့တာမို့ စီးရီးအေရဲ့ အသက်အကြီးဆုံးဟက်ထရစ်ဂိုးသွင်းရှင်ဖြစ်မယ့်အခွင့်အရေးကိုလက်လွှတ်ခဲ့ရပါတယ်။

ပွဲအပြီး Sky Sport Italia နဲ့အင်တာဗျူးမှာ မိုဗစ်က ” ကျွန်တော် ကောင်းကောင်းကစားနေသလို အလုပ်လည်းကြိုးစားနေပါတယ်။ ဒီပွဲဟာ အခုမှ ရာသီသစ်ရဲ့ ဒုတိယမြောက်တရားဝင်ပွဲသာရှိသေးတာပါ။ နိုင်ပေမယ့် ကျွန်တော် အခုထက်ဂိုးပိုသွင်းနိုင်သင့်တာပါ။ ကျွန် တော်သာ အသက် ၂၀အရွယ်ဆိုရင် နောက် ၂ဂိုးထပ်သွင်းနိုင်ဦးမှာပါ။

ကျွန်တော်ဟာ ဘင်ဂျမင်ဘတ်တန်(အမေရိကန် နိုဗယ်ဆုရစာရေးဆရာ စကော့ဖစ်ဂါရယ်ရေးသားခဲ့တဲ့ဝတ္ထုထဲမှ ဇာတ်ကောင်ရဲ့နာမည်၊ ၂၀၀၈မှာပြသခဲ့တဲ့ရုပ်ရှင်ကားတွင်မူ ကမ္ဘာကျော်မင်းသား ဘရက်ဒ်ပစ်က ဘင်ဂျမင်ဘတ်တန်အဖြစ်သရုပ်ဆောင်ခဲ့၊ ဇာတ်လမ်းမှာ မွေးဖွားစဉ် အသက် ၈၀အရွယ်အဘိုးအိုကဲ့သို့ ရုပ်လက္ခာဏာနဲ့ ခန္ဒာကိုယ်တည်ဆောက်ပုံရှိပြီး အရွယ်ရလာမှ တဖြည်းဖြည်း ငယ်ရွယ်တဲ့ရုပ်သွင်ပြောင်းသွားတဲ့လူတစ်ယောက်အကြောင်းဖြစ်) လိုပါပဲ။ အသက်ကြီးသူအဖြစ်မွေးပြီး အသက်ငယ်သူအဖြစ်သေမှာပါ” လို့ ထည့်ပြောခဲ့ပါတယ်။

အေစီမီလန်ဟာ ပြီးခဲ့တဲ့ရာသီနောက်ဆုံး ၁၂ပွဲမှာ ၉ပွဲနိုင်၊ ၃ပွဲသရေ၊ ရှုံးပွဲမရှိခဲ့သလို ဒီရာသီမှာလည်း အဖွင့် ၂ပွဲဆက်ပေးဂိုးမရှိနိုင်ပြီး တာထွက်ကောင်း နေတာပါ။ လာမယ့် အောက်တိုဘာ ၃မှာ အသက် ၃၉နှစ်ပြည့်တော့မယ့် မိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေ ၁၈ပွဲမှာ ၁၀ဂိုးသွင်း၊ ၅ဂိုးဖန်တီးခဲ့သလို ဒီရာသီမှာလည်း ၃ဂိုးသွင်းထားနိုင်ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

အသက္ ၂၀အ႐ြယ္သာဆိုလွ်င္ ေနာက္ထပ္ ၂ဂိုးသြင္းႏိုင္ဦးမည္ဟု ဘင္ဂ်မင္ဘတ္တန္မိုဗစ္ ဝံ့ႂကြား

ဘိုေလာ့ဂ္နာကိုအႏိုင္ရခဲ့တဲ့ရာသီအဖြင့္ပြဲမွာ ေအစီမီလန္အတြက္ အႏိုင္ဂိုး ၂ဂိုးစလုံးသြင္းယူေပးခဲ့တဲ့ ဆြီဒင္တိုက္စစ္မႉး အီဘရာဟီမိုဗစ္က အသက္ ၂၀အ႐ြယ္ဆိုပါက ေနာက္ထပ္ ၂ဂိုးသြင္းႏိုင္ဦးမယ္လို႔ ဝံ့ႂကြားခဲ့ပါတယ္။ မိုဗစ္ရဲ႕ပထမဂိုးကေတာ့ ေခါင္းတိုက္ဂိုးျဖစ္ၿပီး ပြဲခ်ိန္ ၃၅မိနစ္မွာ သီယိုဟာနန္ဒက္ဇ္ တင္ေပးလိုက္တဲ့အေျမာက္ေဘာကို ဘိုေလာ့ဂ္နာေနာက္ခံလူ ၂ေယာက္ၾကားကေနခုန္ၿပီး လွလွပပေခါင္းတိုက္သြင္းယူခဲ့တာပါ။

ပြဲခ်ိန္ ၅၁မိနစ္မွာရတဲ့ဂိုးက ပင္နယ္တီဂိုးျဖစ္ေပမယ့္ မိုဗစ္ရဲ႕ဒုံးပ်ံကန္ခ်က္ကျပင္းလြန္းတာမို႔ ဘိုေလာ့ဂ္နာဂိုးသမား စကိုရက္ပ္စကီး ဘယ္လိုမွမတတ္ႏိုင္ခဲ့ပါဘူး။ ေနာက္ပိုင္းမွာလည္း တန္ျပန္တိုက္စစ္ကတစ္ဆင့္ ညာျခမ္းကေန ကယ္ဟာႏိုဂလူးခင္းေပးလိုက္တဲ့ေဘာလုံးကို ဂိုးသမားကိုလွည့္စားလိမ္ေခါက္ၿပီး ဘယ္ေျခနဲ႔ကန္သြင္းခဲ့ေပမယ့္ ဂိုးဘားေပၚေက်ာ္သြားခဲ့တာမို႔ စီးရီးေအရဲ႕ အသက္အႀကီးဆုံးဟက္ထရစ္ဂိုးသြင္းရွင္ျဖစ္မယ့္အခြင့္အေရးကိုလက္လႊတ္ခဲ့ရပါတယ္။ ပြဲအၿပီး Sky Sport Italia နဲ႔အင္တာဗ်ဴးမွာ မိုဗစ္က ” ကြၽန္ေတာ္ ေကာင္းေကာင္းကစားေနသလို အလုပ္လည္းႀကိဳးစားေနပါတယ္။ ဒီပြဲဟာ အခုမွ ရာသီသစ္ရဲ႕ ဒုတိယေျမာက္တရားဝင္ပြဲသာရွိေသးတာပါ။

ႏိုင္ေပမယ့္ ကြၽန္ေတာ္ အခုထက္ဂိုးပိုသြင္းႏိုင္သင့္တာပါ။ ကြၽန္ ေတာ္သာ အသက္ ၂၀အ႐ြယ္ဆိုရင္ ေနာက္ ၂ဂိုးထပ္သြင္းႏိုင္ဦးမွာပါ။ ကြၽန္ေတာ္ဟာ ဘင္ဂ်မင္ဘတ္တန္(အေမရိကန္ ႏိုဗယ္ဆုရစာေရးဆရာ စေကာ့ဖစ္ဂါရယ္ေရးသားခဲ့တဲ့ဝတၳဳထဲမွ ဇာတ္ေကာင္ရဲ႕နာမည္၊ ၂၀၀၈မွာျပသခဲ့တဲ့႐ုပ္ရွင္ကားတြင္မူ ကမာၻေက်ာ္မင္းသား ဘရက္ဒ္ပစ္က ဘင္ဂ်မင္ဘတ္တန္အျဖစ္သ႐ုပ္ေဆာင္ခဲ့၊ ဇာတ္လမ္းမွာ ေမြးဖြားစဥ္ အသက္ ၈၀အ႐ြယ္အဘိုးအိုကဲ့သို႔ ႐ုပ္လကၡာဏာနဲ႔ ခႏၵာကိုယ္တည္ေဆာက္ပုံရွိၿပီး အ႐ြယ္ရလာမွ တျဖည္းျဖည္း ငယ္႐ြယ္တဲ့႐ုပ္သြင္ေျပာင္းသြားတဲ့လူတစ္ေယာက္အေၾကာင္းျဖစ္) လိုပါပဲ။ အသက္ႀကီးသူအျဖစ္ေမြးၿပီး အသက္ငယ္သူအျဖစ္ေသမွာပါ” လို႔ ထည့္ေျပာခဲ့ပါတယ္။

ေအစီမီလန္ဟာ ၿပီးခဲ့တဲ့ရာသီေနာက္ဆုံး ၁၂ပြဲမွာ ၉ပြဲႏိုင္၊ ၃ပြဲသေရ၊ ရႈံးပြဲမရွိခဲ့သလို ဒီရာသီမွာလည္း အဖြင့္ ၂ပြဲဆက္ေပးဂိုးမရွိႏိုင္ၿပီး တာထြက္ေကာင္း ေနတာပါ။ လာမယ့္ ေအာက္တိုဘာ ၃မွာ အသက္ ၃၉ႏွစ္ျပည့္ေတာ့မယ့္ မိုဗစ္ဟာ ၿပီးခဲ့တဲ့ရာသီ စီးရီးေအ ၁၈ပြဲမွာ ၁၀ဂိုးသြင္း၊ ၅ဂိုးဖန္တီးခဲ့သလို ဒီရာသီမွာလည္း ၃ဂိုးသြင္းထားႏိုင္ပါၿပီ။