လီဝင်ကိုလိုချင်ရင် ပေါင်သန်း ၈၀ ပေးရမယ်လို့ မန်ယူကိုပြောလိုက်တဲ့ အဲဗာတန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

တကယ်လို့ သူတို့တိုက်စစ်မှုးကယ်ဗတ်လီဝင်ကို ခေါ်ယူချင်တယ်ဆိုရင် ပေါင်သန်း ၈၀ ပေးရမယ်လို့ အဲဗာတန်က မန်ယူကိုပြောလိုက်တယ်လို့ အင်္ဂလန်က The Sun သတင်းစာက ဖော်ပြလိုက်ပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားဟာ ထိပ်တန်းပစ်မှတ်တစ်ခုအနေနဲ့ ကယ်ဗတ်လီဝင်လို စိတ်ဝင်စားလာတယ်လို့ The Sun က ဆိုပါတယ်။

ဒါပေမဲ့ အဲဗာတန်ဘက်က တောင်းတဲ့ဈေးကိုကြားတာနဲ့ မန်ယူရဲ့ခေါ်ယူရေးမျှော်လင့်ချက်ဟာ အဆုံးသတ်သွားခဲ့ပါတယ်။

အဲဗာတန်ဟာ လွန်ခဲ့တဲ့ ၄ ရှက်ဖီးယူနိုက်တက်ကနေ ခေါ်ယူစဉ်က ကယ်ဗတ်လီဝင်အတွက် ပေါင် ၁.၅ သန်းသာ ကုန်ကျခဲ့တာပါ။

အဲဒီကတည်းက သူဟာ အဲဗာတန်အတွက် ၁၃၆ ပွဲမှာ ၃၆ ဂိုးသွင်းယူပေးထားပါတယ်။ အဲဒီထဲမှာ ပြီးခဲ့တဲ့တနင်္ဂနွေ ဝက်စ်ဘရွန်းကို ၅-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲက ဟက်ထရစ်ဂိုးလည်း ပါဝင်ပါတယ်။

ကယ်ဗတ်လီဝင်ဟာ စပါးကိုအနိုင်ရခဲ့တဲ့ရာသီအဖွင့်တုန်းကလည်း အဲဗာတန်အတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူပေးခဲ့သေးတာပါ။ ဒါကြောင့် ၂၃ နှစ်အရွယ် လီဝင်ဟာ စုစုပေါင်းသွင်းဂိုး ၄ ဂိုးနဲ့ ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဆွန်ဟောင်မင်နဲ့အတူ ပူးတွဲဦးဆောင်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

လီ၀င္ကိုလုိခ်င္ရင္ ေပါင္သန္း ၈၀ ေပးရမယ္လုိ႔ မန္ယူကိုေျပာလုိက္တဲ့ အဲဗာတန္

တကယ္လုိ႔ သူတို႔တုိက္စစ္မႈးကယ္ဗတ္လီ၀င္ကို ေခၚယူခ်င္တယ္ဆုိရင္ ေပါင္သန္း ၈၀ ေပးရမယ္လုိ႔ အဲဗာတန္က မန္ယူကိုေျပာလုိက္တယ္လို႔ အဂၤလန္က The Sun သတင္းစာက ေဖာ္ျပလုိက္ပါတယ္။ မန္ယူနည္းျပဆုိးလ္ရွားဟာ ထိပ္တန္းပစ္မွတ္တစ္ခုအေနနဲ႔ ကယ္ဗတ္လီ၀င္လုိ စိတ္၀င္စားလာတယ္လို႔ The Sun က ဆုိပါတယ္။

ဒါေပမဲ့ အဲဗာတန္ဘက္က ေတာင္းတဲ့ေစ်းကိုၾကားတာနဲ႔ မန္ယူရဲ႕ေခၚယူေရးေမွ်ာ္လင့္ခ်က္ဟာ အဆုံးသတ္သြားခဲ့ပါတယ္။ အဲဗာတန္ဟာ လြန္ခဲ့တဲ့ ၄ ရွက္ဖီးယူႏိုက္တက္ကေန ေခၚယူစဥ္က ကယ္ဗတ္လီ၀င္အတြက္ ေပါင္ ၁.၅ သန္းသာ ကုန္က်ခဲ့တာပါ။

အဲဒီကတည္းက သူဟာ အဲဗာတန္အတြက္ ၁၃၆ ပြဲမွာ ၃၆ ဂိုးသြင္းယူေပးထားပါတယ္။ အဲဒီထဲမွာ ၿပီးခဲ့တဲ့တနဂၤေႏြ ၀က္စ္ဘရြန္းကို ၅-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲက ဟက္ထရစ္ဂိုးလည္း ပါ၀င္ပါတယ္။

ကယ္ဗတ္လီ၀င္ဟာ စပါးကိုအႏုိင္ရခဲ့တဲ့ရာသီအဖြင့္တုန္းကလည္း အဲဗာတန္အတြက္ တစ္လုံးတည္းေသာဂိုးကို သြင္းယူေပးခဲ့ေသးတာပါ။ ဒါေၾကာင့္ ၂၃ ႏွစ္အရြယ္ လီ၀င္ဟာ စုစုေပါင္းသြင္းဂိုး ၄ ဂုိးနဲ႔ ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ဆြန္ေဟာင္မင္နဲ႔အတူ ပူးတြဲဦးေဆာင္ေနပါတယ္။