ဒီဘရူနီကို စကေးပြပြီး ဂိုးဖန်တီးခဲ့တဲ့ ဝုဗ်တောင်ပံကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မန်စီးတီးကြယ်ပွင့်ဒီဘရူနီကို ကျော်ဖြတ်ပြီး ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဝုဗ်တောင်ပံကစားသမား ဒန်နီရယ်ပိုဒန်ဆီဟာ အခုတော့ ဆိုရှယ်မီဒီယာထက်မှာ ပရိသတ်တွေရဲ့ချီးကျူးမှုကို ရရှိနေပါတယ်။ မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ တနင်္လာညပရီးမီးယားလိဂ်ပွဲစဉ်မှာ ပိုဒန်ဆီဟာ ဒီဘရူနီရဲ့ပေါင်ကြားထဲကနေ ဘောလုံးထုတ်ပြီး ဂျီမီနက်ဇ်ခေါင်းတိုက်သွင်းနိုင်မယ့်ဂိုးကို ဖြတ်တင်ပေးပို့နိုင်ခဲ့တာပါ။

ဒီဘရူနီဟာ ခံစစ်ပိုင်းစွမ်းဆောင်မှုနဲ့ ပတ်သက်လို့ နာမည်မကြီးပေမယ့် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးကို စကေးပြကျော်ဖြတ်ခဲ့တာဆိုပြီး ပိုဒန်ဆီကို ချီးကျူးနေကြတာပါ။

ဆိုရှယ်မီဒီယာထက် ပရိသတ်တစ်ယောာက်ကဆိုရင် ဒီဘရူနီရဲ့ဖန်တီးမှုတွေအားလုံးကို အခု ပိုဒန်ဆီက ပိုင်ဆိုင်သွားပြီလို့ ရေးတင်ခဲ့ပါတယ်။

ပိုဒန်ဆီဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲတုန်းကလည်း တိုက်စစ်မှုးဂျီမီနက်ဇ်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့ပါသေးတယ်။ ဒါကြောင့် ရာသီသစ်ရဲ့ဝုဗ်မှာတော့ အလုပ်ဖြစ်နေတဲ့ ဂျီမီနက်ဇ်-ပိုဒန်ဆီအတွဲဆိုတာ ပေါ်ထွက်လာခဲ့ပါပြီ။

၂၄ နှစ်သာရှိသေးတဲ့ ပိုဒန်ဆီဟာ ပြီးခဲ့တဲ့ဇန်နဝါရီကမှ ဂရိကလပ်အိုလံပီယာကော့စ်ကနေ ပြောင်းရွှေ့ကြေးပေါင် ၁၆.၉ သန်းနဲ့ ရောက်လာတဲ့သူပါ အရပ် ၅ ပေး ၅ လက်မသာမြင့်တဲ့ပိုဒန်ဆီဟာ ပေါ်တူဂီအတွက် လူငယ်အဆင့်ဆင့်မှာ ကစားပေးခဲ့ပေမယ့် လက်ရွေးစင်အသင်းကြီးမှာတော့ ရွေးချယ်ခံရခြင်းမရှိသေးပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ဒီဘရူနီကို စေကးျပၿပီး ဂိုးဖန္တီးခဲ့တဲ့ ၀ုဗ္ေတာင္ပံကစားသမား

မန္စီးတီးၾကယ္ပြင့္ဒီဘရူနီကို ေက်ာ္ျဖတ္ၿပီး ဂိုးဖန္တီးႏိုင္ခဲ့တဲ့ ၀ုဗ္ေတာင္ပံကစားသမား ဒန္နီရယ္ပုိဒန္ဆီဟာ အခုေတာ ့ ဆုိရွယ္မီဒီယာထက္မွာ ပရိသတ္ေတြရဲ႕ခ်ီးက်ဴးမႈကို ရရွိေနပါတယ္။ မန္စီးတီးကိုရႈံးနိမ့္ခဲ့တဲ့ တနလၤာညပရီးမီးယားလိဂ္ပြဲစဥ္မွာ ပုိဒန္ဆီဟာ ဒီဘရူနီရဲ႕ေပါင္ၾကားထဲကေန ေဘာလုံးထုတ္ၿပီး ဂ်ီမီနက္ဇ္ေခါင္းတိုက္သြင္းႏိုင္မယ့္ဂိုးကို ျဖတ္တင္ေပးပို႔ႏုိင္ခဲ့တာပါ။

ဒီဘရူနီဟာ ခံစစ္ပိုင္းစြမ္းေဆာင္မႈနဲ႔ ပတ္သက္လို႔ နာမည္မႀကီးေပမယ့္ ကမာၻ႔အေကာင္းဆုံးကြင္းလယ္လူတစ္ဦးကို စေကးျပေက်ာ္ျဖတ္ခဲ့တာဆိုၿပီး ပိုဒန္ဆီကို ခ်ီးက်ဴးေနၾကတာပါ။ ဆိုရွယ္မီဒီယာထက္ ပရိသတ္တစ္ေယာာက္ကဆုိရင္ ဒီဘရူနီရဲ႕ဖန္တီးမႈေတြအားလုံးကို အခု ပိုဒန္ဆီက ပိုင္ဆိုင္သြားၿပီလို႔ ေရးတင္ခဲ့ပါတယ္။

ပုိဒန္ဆီဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲတုန္းကလည္း တုိက္စစ္မႈးဂ်ီမီနက္ဇ္ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးခဲ့ပါေသးတယ္။ ဒါေၾကာင့္ ရာသီသစ္ရဲ႕၀ုဗ္မွာေတာ့ အလုပ္ျဖစ္ေနတဲ့ ဂ်ီမီနက္ဇ္-ပိုဒန္ဆီအတြဲဆိုတာ ေပၚထြက္လာခဲ့ပါၿပီ။

၂၄ ႏွစ္သာရွိေသးတဲ့ ပိုဒန္ဆီဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီကမွ ဂရိကလပ္အုိလံပီယာေကာ့စ္ကေန ေျပာင္းေရႊ႕ေၾကးေပါင္ ၁၆.၉ သန္းနဲ႔ ေရာက္လာတဲ့သူပါ အရပ္ ၅ ေပး ၅ လက္မသာျမင့္တဲ့ပိုဒန္ဆီဟာ ေပၚတူဂီအတြက္ လူငယ္အဆင့္ဆင့္မွာ ကစားေပးခဲ့ေပမယ့္ လက္ေရြးစင္အသင္းႀကီးမွာေတာ့ ေရြးခ်ယ္ခံရျခင္းမရွိေသးပါဘူး။