မန်ယူအသည်းအသန်ဖြစ်လာချိန်မှာ ဆန်ချိုကို ဈေးထပ်မြှင့်ဖို့လုပ်နေတဲ့ ဒေါ့မန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒေ့ါမန်အသင်းဟာ သူတို့ကြယ်ပွင့်ကစားသမားဆန်ချိုရဲ့ခေါ်ဈေးဖြစ်တဲ့ ပေါင် ၁၀၉ သန်းကို ထပ်မြှင်ဖို့ လုပ်နေတယ်လို့ ဂျာမနီကလာတဲ့သတင်းတွေအရ သိရပါတယ်။

အဲဒီအင်္ဂလန်လက်ရွေးစင်အတွက် ခေါ်ယူဖို့ အချိန်သိပ်မကျန်တော့သလို မန်ယူဘက်က လိုအပ်ချက်လည်း ပိုမိုကြီးမားလာချိန်မှာ ဒေါ့မန်က အခုလိုစဉ်းစားနေတာပါ။

မန်ယူဟာ ဒီနွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး ဆန်ချိုနဲ့သတင်းထွက်ခဲ့ပေမယ့် ဒေ့ါမန်တောင်းတဲ့ဈေးကို မပေးလိုတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူဟာ ဆန်ချိုနဲ့ပတ်သက်လို့ အခုချိန်ထိ လက်မလျှော့သေးပါဘူး။

ဆန်ချိုက ဒေါ့မန်ရဲ့ရာသီအဖွင့်ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး တစ်ဖက်မှာ မန်ယူက ပဲလေ့စ်ကို ရှုံးသွားလို့ ဖိအားတွေပိုရှိလာကာ ဆန်ချိုကိုခေါ်ဖို့ ပိုမိုလိုအပ်လာခဲ့တာပါ။ အစတုန်းကတေ့ မန်ယူဟာ အချိန်သိပ်မကျန်တော့ရင် ဆန်ချိုအတွက် ဒေါ့မန်ဈေးလျှော့လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။

အခုတော့ အဲဒီလိုမဟုတ်တော့ဘဲ ဈေးတောင်ထပ်မြှင့်ဖို့လုပ်နေလို့ ဆိုးရှားရဲ့အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာတော့မှာပါ။

လက်ရှိမှာလည်း မန်ယူဟာ လူသစ်ဖြည့်တင်းမှုတွေမလုပ်နိုင်ရင် ပြီးခဲ့တဲ့ရာသီကထက် အခြေအနေဆိုးသွားနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

မန္ယူအသည္းအသန္ျဖစ္္လာခ်ိန္မွာ ဆန္ခ်ိဳကို ေစ်းထပ္ျမွင့္ဖုိ႔လုပ္ေနတဲ့ ေဒါ့မန္

ေဒ့ါမန္အသင္းဟာ သူတုိ႔ၾကယ္ပြင့္ကစားသမားဆန္ခ်ိဳရဲ႕ေခၚေစ်းျဖစ္တဲ့ ေပါင္ ၁၀၉ သန္းကို ထပ္ျမွင္ဖို႔ လုပ္ေနတယ္လို႔ ဂ်ာမနီကလာတဲ့သတင္းေတြအရ သိရပါတယ္။ အဲဒီအဂၤလန္လက္ေရြးစင္အတြက္ ေခၚယူဖို႔ အခ်ိန္သိပ္မက်န္ေတာ့သလုိ မန္ယူဘက္က လုိအပ္ခ်က္လည္း ပိုမိုႀကီးမားလာခ်ိန္မွာ ေဒါ့မန္က အခုလိုစဥ္းစားေနတာပါ။

မန္ယူဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕တစ္ေလွ်ာက္လုံး ဆန္ခ်ိဳနဲ႔သတင္းထြက္ခဲ့ေပမယ့္ ေဒ့ါမန္ေတာင္းတဲ့ေစ်းကို မေပးလုိတာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖို႔ ခက္ခဲခဲ့ပါတယ္။ ဒါေပမဲ့ မန္ယူဟာ ဆန္ခ်ိဳနဲ႔ပတ္သက္လုိ႔ အခုခ်ိန္ထိ လက္မေလွ်ာ့ေသးပါဘူး။

ဆန္ခ်ိဳက ေဒါ့မန္ရဲ႕ရာသီအဖြင့္ပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး တစ္ဖက္မွာ မန္ယူက ပဲေလ့စ္ကို ရႈံးသြားလို႔ ဖိအားေတြပိုရွိလာကာ ဆန္ခ်ိဳကိုေခၚဖုိ႔ ပိုမုိလုိအပ္လာခဲ့တာပါ။ အစတုန္းကေတ့ မန္ယူဟာ အခ်ိန္သိပ္မက်န္ေတာ့ရင္ ဆန္ခ်ိဳအတြက္ ေဒါ့မန္ေစ်းေလွ်ာ့လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ခဲ့တာပါ။

အခုေတာ့ အဲဒီလုိမဟုတ္ေတာ့ဘဲ ေစ်းေတာင္ထပ္ျမွင့္ဖို႔လုပ္ေနလုိ႔ ဆုိးရွားရဲ႕အသင္းအတြက္ ႀကီးမားတဲ့ထုိးႏွက္ခ်က္တစ္ခုျဖစ္လာေတာ့မွာပါ။ လက္ရွိမွာလည္း မန္ယူဟာ လူသစ္ျဖည့္တင္းမႈေတြမလုပ္ႏိုင္ရင္ ၿပီးခဲ့တဲ့ရာသီကထက္ အေျခအေနဆိုးသြားႏိုင္ပါတယ္။