ပုံမှန်ခြေစွမ်းပြန်ရသွားတဲ့ ယူနိုက်တက် ရာသီအဖွင့်ကို အိမ်ကွင်းဂိုးပြတ်အရှုံးနဲ့ ကြိုဆို(ယူနိုက်တက် ၁-၃ ပဲလေ့စ်)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြီးခဲ့တဲ့ရာသီ ကိုဗစ်အလွန်ကာလမှာ အထူးခြေစွမ်းပြကာ တတိယနေရာအထိ တက်လှမ်းနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ရာသီအဖွင့်ပွဲစဉ်မှာတော့ မနှစ်က အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ ပြိုင်ဘက် ပဲလေ့စ်ကို ထပ်မံအရေးနိမ့်ခဲ့ကာ အိမ်ကွင်းဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ မနှစ်ကတစ်ရာသီလုံးနီးပါး အခက်တွေ့ခဲ့ရတဲ့အခြေအနေမျိုး ပြန်မြင်တွေ့ခဲ့ရတာဖြစ်ပြီး ပိတ်ကစားတဲ့အသင်းတွေဆိုရင် ဘယ်လိုထိုးဖောက်ရမှန်းမသိတဲ့အရင်ပုံစံမျိုး ပြန်ဖြစ်နေပါတယ်။

တိုက်စစ်က အတော်လေးအားနည်းသလို ခံစစ်ကလည်း လိုအပ်ချက်တွေအများကြီးရှိခဲ့ပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယားလည်း ဟန်ပဲရှိကာ တကယ့်တကယ် တစ်ယောက်ချင်းတွေ့ရင် မထိန်း၊နိုင်တာများပါတယ်။ ပဲလေ့စ်ရသွားတဲ့ ဇာဟာရဲ့ဒုတိယမြောက်ဂိုးက အငြင်းပွားစရာကောင်းပေမယ့် ခြေစွမ်းပိုင်းအရတော့ ဧည့်သည်အသင်းကို ယူနိုက်တက်မယှဉ်နိုင်ခဲ့တာအမှန်ပါပဲ။

ပဲလေ့စ်က ခံစစ်ပိတ်ကစားကာ ဇာဟာနဲ့ ဂျော်ဒန်အေယူးတို့ရဲ့တန်ပြန်တိုက်စစ်တွေကနေ ယူနိုက်တက်ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပြီး ပဲလေ့စ်ရဲ့တန်ပြန်တိုက်စစ်တွေက ယူနိုက်တက်ခံစစ်ကို အလဲလဲအပြိုပြိုဖြစ်စေခဲ့ပါတယ်။
ပွဲချိန် ၇မိနစ်မှာ ဘယ်တောင်ပံကနေ ရှလပ်ရဲ့ပေးပို့မှုကို တစ်ယောက်တည်းဖြစ်နေတဲ့ တောင်းဆန့်က အသာပိတ်သွင်းကာ ပဲလေ့စ်အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး လုခ်ရှောနဲ့ မက်ဂွိုင်းယားတို့ လူကပ်ကစားပုံ ညံ့ဖျင်းမှုကြောင့် ပေးလိုက်ရတာပါ။

ယူနိုက်တက်ကွင်းလယ်မှာ ပေါ့ဂ်ဘာက ပုံမှန်ခြေစွမ်းအောက် ရောက်နေသလို တိုက်စစ်ကစားသမားတွေလည်း ဘယ်ရောက်လို့ ဘယ်ရောက်မှန်းမသိဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ ယူနိုက်တက်ကကစားကွက်မိလာပေမယ့် အပိုင်အခွင့်အရေးတော့ သိပ်မဖန်တီး၊နိုင်ဘဲ ပဲလေ့စ်ကသာ တစ်ချက် တစ်ချက် ထိုးဖောက်ရင် ယူနိုက်တက်ခံစစ် အလဲလဲအပြိုပြိုဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၇၃ မိနစ်မှာ လင်ဒီလော့ဖ် လက်ထိသွားတာကို VAR ပြန်ကြည့်ကာ ယူနိုက်တက်အသင်း ပင်နယ်တီပေးခဲ့ရပြီး အာယူးရဲ့ကန်သွင်းချက်ကို ဒီဂီယာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာယူးမကန်ခင် စည်းလိုင်းပေါ်ကေန ဒီဂီယာ ထွက်လာတယ်ဆိုပြီး ဒိုင်က ပင်နယ်တီထပ်ကန်ခိုင်းပါတယ်။

ဒီတစ်ခါတော့ ဇာဟာက အပြင်းကန်သွင်းပြီး ဒုတိယမြောက်ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

နောက် ၆ မိနစ်အကြာမှာ ဗန်ဒီဘိခ်က အသာပိတ်သွင်းကာ ယူနိုက်တက်အတွက် မျှော်လင့်ချက်တက်စေမယ့် ချေပဂိုးသွင်းယူခဲ့ပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ ဇာဟာက လှလှပပကန်သွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်အသင်း ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။

ပဲလေ့စ်ဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ရာသီအဖွင့် ၂ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပြီး ယူနိုက်တက်ရဲ့ကစားပုံကတော့ လက်ရှိနည်းပြ ဆိုးလ်ရှားလက်ထက် အဆိုးရွားဆုံးလု့ိတောင် ဆိုနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ပုံမွန္ေျခစြမ္းျပန္ရသြားတဲ့ ယူႏုိက္တက္ ရာသီအဖြင့္ကို အိမ္ကြင္းဂိုးျပတ္အရံႈးနဲ႔ ႀကိဳဆို(ယူႏုိက္တက္ ၁-၃ ပဲေလ့စ္)

ၿပီးခဲ့တဲ့ရာသီ ကိုဗစ္အလြန္ကာလမွာ အထူးေျခစြမ္းျပကာ တတိယေနရာအထိ တက္လွမ္းႏိုင္ခဲ့တဲ့ ယူႏုိက္တက္ဟာ ရာသီအဖြင့္ပြဲစဥ္မွာေတာ့ မႏွစ္က အိမ္ကြင္းမွာ အေရးနိမ့္ခဲ့တဲ့ ၿပိဳင္ဘက္ ပဲေလ့စ္ကို ထပ္မံအေရးနိမ့္ခ့ဲကာ အိမ္ကြင္းဂုိးျပတ္အ႐ံႈးနဲ႔ ရင္ဆုိင္သြားခဲ့ရပါတယ္။ မႏွစ္ကတစ္ရာသီလုံးနီးပါး အခက္ေတြ႕ခဲ့ရတဲ့အေျခအေနမ်ိဳး ျပန္ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး ပိတ္ကစားတဲ့အသင္းေတြဆိုရင္ ဘယ္လုိထိုးေဖာက္ရမွန္းမသိတဲ့အရင္ပုံစံမ်ိဳး ျပန္ျဖစ္ေနပါတယ္။

တုိက္စစ္က အေတာ္ေလးအားနည္းသလုိ ခံစစ္ကလည္း လိုအပ္ခ်က္ေတြအမ်ားႀကီးရွိခဲ့ၿပီး အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားလည္း ဟန္ပဲရွိကာ တကယ့္တကယ္ တစ္ေယာက္ခ်င္းေတြ႕ရင္ မထိန္း၊ႏိုင္တာမ်ားပါတယ္။ ပဲေလ့စ္ရသြားတဲ့ ဇာဟာရဲ႕ဒုတိယေျမာက္ဂိုးက အျငင္းပြားစရာေကာင္းေပမယ့္ ေျခစြမ္းပိုင္းအရေတာ့ ဧည့္သည္အသင္းကို ယူႏုိက္တက္မယွဥ္ႏိုင္ခဲ့တာအမွန္ပါပဲ။

ပဲေလ့စ္က ခံစစ္ပိတ္ကစားကာ ဇာဟာနဲ႔ ေဂ်ာ္ဒန္ေအယူးတုိ႔ရဲ႕တန္ျပန္တုိက္စစ္ေတြကေန ယူႏုိက္တက္ခံစစ္ကို ဒုကၡေပးႏိုင္ခဲ့ၿပီး ပဲေလ့စ္ရဲ႕တန္ျပန္တုိက္စစ္ေတြက ယူႏုိက္တက္ခံစစ္ကို အလဲလဲအၿပိဳၿပိဳျဖစ္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၇မိနစ္မွာ ဘယ္ေတာင္ပံကေန ရွလပ္ရဲ႕ေပးပို႔မႈကို တစ္ေယာက္တည္းျဖစ္ေနတဲ့ ေတာင္းဆန္႔က အသာပိတ္သြင္းကာ ပဲေလ့စ္အတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး လုခ္ေရွာနဲ႔ မက္ဂြိဳင္းယားတို႔ လူကပ္ကစားပုံ ည့ံဖ်င္းမႈေၾကာင့္ ေပးလုိက္ရတာပါ။

ယူႏိုက္တက္ကြင္းလယ္မွာ ေပါ့ဂ္ဘာက ပုံမွန္ေျခစြမ္းေအာက္ ေရာက္ေနသလုိ တုိက္စစ္ကစားသမားေတြလည္း ဘယ္ေရာက္လုိ႔ ဘယ္ေရာက္မွန္းမသိျဖစ္ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ယူႏုိက္တက္ကကစားကြက္မိလာေပမယ့္ အပိုင္အခြင့္အေရးေတာ့ သိပ္မဖန္တီး၊ႏိုင္ဘဲ ပဲေလ့စ္ကသာ တစ္ခ်က္ တစ္ခ်က္ ထိုးေဖာက္ရင္ ယူႏိုက္တက္ခံစစ္ အလဲလဲအၿပိဳၿပိဳျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာ လင္ဒီေလာ့ဖ္ လက္ထိသြားတာကို VAR ျပန္ၾကည့္ကာ ယူႏုိက္တက္အသင္း ပင္နယ္တီေပးခဲ့ရၿပီး အာယူးရဲ႕ကန္သြင္းခ်က္ကို ဒီဂီယာ ကာကြယ္ႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ အာယူးမကန္ခင္ စည္းလုိင္းေပၚကေန ဒီဂီယာ ထြက္လာတယ္ဆုိၿပီး ဒုိင္က ပင္နယ္တီထပ္ကန္ခိုင္းပါတယ္။

ဒီတစ္ခါေတာ့ ဇာဟာက အျပင္းကန္သြင္းၿပီး ဒုတိယေျမာက္ဦးေဆာင္ဂုိး ရယူခဲ့ပါတယ္။ ေနာက္ ၆ မိနစ္အၾကာမွာ ဗန္ဒီဘိခ္က အသာပိတ္သြင္းကာ ယူႏုိက္တက္အတြက္ ေမွ်ာ္လင့္ခ်က္တက္ေစမယ့္ ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ ပြဲခ်ိန္ ၈၅ မိနစ္မွာ ဇာဟာက လွလွပပကန္သြင္းယူႏိုင္ခဲ့လုိ႔ ယူႏိုက္တက္အသင္း ဂိုးျပတ္အေရးနိမ့္သြားခဲ့ပါတယ္။

ပဲေလ့စ္ဟာ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္ရာသီအဖြင့္ ၂ပြဲဆက္အႏုိင္ရခဲ့တာျဖစ္ၿပီး ယူႏုိက္တက္ရဲ႕ကစားပုံကေတာ့ လက္ရွိနည္းျပ ဆုိးလ္ရွားလက္ထက္ အဆုိးရြားဆုံးလု႔ိေတာင္ ဆုိႏိုင္ပါတယ္။