မက်ဆီ၊စီရာ်နယ်ဒိုတို့ မရှိတော့တဲ့ ဘောလုံးလောကရဲ့ ခေတ်တစ်ခုနိဒါန်းစတင်ပြီလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ် နေရာအလိုက်အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်းမှာ ဘိုင်ယန်မြူးနစ် ကစားသမား၇ ယောက် ပါဝင်ခဲ့ပေမယ့် ၁၀စုနှစ်တစ်စုကျော် နှစ်တိုင်းပါဝင်နေကျ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကတော့ ဒီနှစ်ရဲ့ ဆန်ကာတင်စာရင်းမှာ မပါဝင်ခဲ့ပါဘူး။

Soccer Football – Champions League – Final – Bayern Munich v Paris St Germain – Estadio da Luz, Lisbon, Portugal – August 23, 2020 Bayern Munich coach Hansi Flick lifts the trophy as they celebrate winning the Champions League, as play resumes behind closed doors following the outbreak of the coronavirus disease (COVID-19) Miguel A. Lopes/Pool via REUTERS

ဘိုင်ယန် နည်းပြ ဟန်စီဖလစ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီ၇နှစ်အတွင်း ပွဲစဉ်တစ်လျှောက်ရာနှုန်းပြည့်နိုင်ပွဲနဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်တာကြောင့် ဥရောပချန်ပီယံအသင်းရဲ့ ကစားသမား တစ်ဝက်လောက်ဟာ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာက အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ ဆန်ခါတင်စာရင်းမှ ဘိုင်ယန်မြူးနစ်အသင်းက ခံစစ်ကစားသမား သုံးဦး၊ ကွင်းလယ်ကစားသမား နှစ်ဦး၊ ဂိုးသမားတစ်ဦးနဲ့ တိုက်စစ်မှူး တစ်ဦးတို့ ရွေးချယ်ခံရပြီး အသင်းရဲ့နေရာအစုံက ကစားသမားတွေ ဖြစ်နေတာကတော့ အသင်းရဲ့ ကစားကွက်နဲ့ ကစားသမားအံဝင်အောင်စီမံနိုင်တဲ့ နည်းပြ ဟန်စီဖလစ် ကြောင့်လို့ ပြောရင်မမှားနိုင်ပါဘူး။

ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ကွာတားဖိုင်နယ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာပဲ ပြုတ်ခဲ့တာကြောင့် အကောင်းဆုံးဆုတွေကို အမြဲသိမ်းပိုက်ထားနိုင်ခဲ့ကြတဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ နေရာအလိုက် အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်းထဲမှာတောင် မပါဝင်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ကစားသမားဘဝတလျှောက် အကောင်းဆုံးရာသီကိုပိုင်ဆိုင်ခဲ့တဲ့ လီဝန်ဒေါစကီးက ဥရောပရဲ့အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရပြီး နေမာ၊အမ်ဘာပေးတို့နဲ့အတူတိုက်စစ်နေရာအတွက် ရွေးချယ်ခံထားရပါတယ်။ ကွင်းလယ်နေရာအတွက် သောမတ်စ်မူလာ၊လီဗာပူးကိုပြောင်းရွှေ့သွားတဲ့ အယ်ကန်တာရာတို့နဲ့အတူ မန်စီးတီးက ဒီဘရိုင်းတို့ ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

ခံစစ်ပိုင်းမှာတော့ ဘိုင်ယန်မြူးနစ်အသင်းကကစားသမားတွေကိုသာရွေးချယ်ထားပြီး ဒေးဗစ်အယ်လ်ဘာ၊ အယ်ဖွန်ဆိုဒေးဗီးစ်နဲ့ ဂျိုရှူအာကင်မစ်ချ်တို့ ကို ရွေးချယ်ထားခဲ့ပါတယ်။

ဂိုးသမားနေရာမှာတော့ နူအာက အက်သလက်တီကိုမက်ဒရစ်ဂိုးသမား ဂျန်အိုဘလက်နဲ့ အပြိုင် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်အထိ တက်ရောက်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အမ်ဘာပေးနဲ့ နေမာတို့ကလည်း လီဝန်ဒေါစကီးနဲ့အတူ တိုက်စစ်နေရာအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီး ဂိုးသမား နာဗက်စ်ကလည်း နူအာ၊ အော့ဘလက်တို့နဲ့အတူ ရွေးချယ်ခံထားရပါတယ်။

ပြီးခဲ့တဲ့နှစ်က နေရာအလိုက်အကောင်းဆုံးကစားသမားဆုရခဲ့ကြတဲ့ မက်ဆီ၊ အယ်လီဆင်၊ ဗန်ဒိုက်၊ ဒီဂျောင်တို့ တစ်ယောက်မှမပါဝင်ခဲ့ကြပါဘူး။ ယူရိုပါလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုဆန်ခါတင်စာရင်းထဲမှာတော့ ယူနိုက်တက်ကစားသမား ဘရူနိုဖာနန်ဒက်စ်၊ အင်တာမီလန်တိုက်စစ်မှူး လူကာကူနဲ့ ဆီဗီးလားကနေ့ အယ်ရှဘတ်ကို ပြောင်းရွှေ့သွားတဲ့ ဘနီဂါတို့ကတော့ ရွေးချယ်ခံထားရပါတယ်။

ဒီဆန်ခါတင်စာရင်းကို ရွေးချယ်ပေးခဲ့သူတွေကတော့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ် အုပ်စုအဆင့်မှာပါဝင်ခဲ့တဲ့ကလပ် ၃၂ ခုက အသင်းခေါင်းဆောင်တစ်ဦးချင်းစီနဲ့ ယူအီးအက်ဖ်အေအသင်းဝင် ကိုယ်စားလှယ် ၅၅ ဦး တို့ပါဝင်ရွေးချယ်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

မက္ဆီ၊စီရာ္နယ္ဒိုတို႔ မရွိေတာ့တဲ့ ေဘာလံုးေလာကရဲ႕ ေခတ္တစ္ခုနိဒါန္းစတင္ၿပီလား

၂၀၁၉-၂၀၂၀ ရာသီ ခ်န္ပီယံလိဂ္ ေနရာအလိုက္အေကာင္းဆုံးဆုေတြအတြက္ ဆန္ခါတင္စာရင္းမွာ ဘိုင္ယန္ျမဴးနစ္ ကစားသမား၇ ေယာက္ ပါဝင္ခဲ့ေပမယ့္ ၁၀စုႏွစ္တစ္စုေက်ာ္ ႏွစ္တိုင္းပါဝင္ေနက် မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ကေတာ့ ဒီႏွစ္ရဲ႕ ဆန္ကာတင္စာရင္းမွာ မပါဝင္ခဲ့ပါဘူး။

ဘိုင္ယန္ နည္းျပ ဟန္စီဖလစ္ရဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဒီ၇ႏွစ္အတြင္း ပြဲစဥ္တစ္ေလွ်ာက္ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့တဲ့ ပထမဆုံးအသင္းျဖစ္တာေၾကာင့္ ဥေရာပခ်န္ပီယံအသင္းရဲ႕ ကစားသမား တစ္ဝက္ေလာက္ဟာ ဆန္ခါတင္စာရင္းမွာ ပါဝင္ေနတာက အံ့အားသင့္စရာေတာ့မဟုတ္ပါဘူး။ ဆန္ခါတင္စာရင္းမွ ဘိုင္ယန္ျမဴးနစ္အသင္းက ခံစစ္ကစားသမား သုံးဦး၊ ကြင္းလယ္ကစားသမား ႏွစ္ဦး၊ ဂိုးသမားတစ္ဦးနဲ႔ တိုက္စစ္မႉး တစ္ဦးတို႔ ေ႐ြးခ်ယ္ခံရၿပီး အသင္းရဲ႕ေနရာအစုံက ကစားသမားေတြ ျဖစ္ေနတာကေတာ့ အသင္းရဲ႕ ကစားကြက္နဲ႔ ကစားသမားအံဝင္ေအာင္စီမံႏိုင္တဲ့ နည္းျပ ဟန္စီဖလစ္ ေၾကာင့္လို႔ ေျပာရင္မမွားႏိုင္ပါဘူး။

ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ဟာ ကြာတားဖိုင္နယ္နဲ႔ ၁၆ သင္းရႈံးထြက္အဆင့္မွာပဲ ျပဳတ္ခဲ့တာေၾကာင့္ အေကာင္းဆုံးဆုေတြကို အၿမဲသိမ္းပိုက္ထားႏိုင္ခဲ့ၾကတဲ့ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ဟာ ေနရာအလိုက္ အေကာင္းဆုံးဆုေတြအတြက္ ဆန္ခါတင္စာရင္းထဲမွာေတာင္ မပါဝင္ႏိုင္ခဲ့ၾကတာပဲျဖစ္ပါတယ္။ ကစားသမားဘဝတေလွ်ာက္ အေကာင္းဆုံးရာသီကိုပိုင္ဆိုင္ခဲ့တဲ့ လီဝန္ေဒါစကီးက ဥေရာပရဲ႕အေကာင္းဆုံး တိုက္စစ္မႉးအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ေနမာ၊အမ္ဘာေပးတို႔နဲ႔အတူတိုက္စစ္ေနရာအတြက္ ေ႐ြးခ်ယ္ခံထားရပါတယ္။ ကြင္းလယ္ေနရာအတြက္ ေသာမတ္စ္မူလာ၊လီဗာပူးကိုေျပာင္းေ႐ႊ႕သြားတဲ့ အယ္ကန္တာရာတို႔နဲ႔အတူ မန္စီးတီးက ဒီဘ႐ိုင္းတို႔ ေ႐ြးခ်ယ္ခံထားရတာျဖစ္ပါတယ္။

ခံစစ္ပိုင္းမွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းကကစားသမားေတြကိုသာေ႐ြးခ်ယ္ထားၿပီး ေဒးဗစ္အယ္လ္ဘာ၊ အယ္ဖြန္ဆိုေဒးဗီးစ္နဲ႔ ဂ်ိဳရႉအာကင္မစ္ခ်္တို႔ ကို ေ႐ြးခ်ယ္ထားခဲ့ပါတယ္။ ဂိုးသမားေနရာမွာေတာ့ ႏူအာက အက္သလက္တီကိုမက္ဒရစ္ဂိုးသမား ဂ်န္အိုဘလက္နဲ႔ အၿပိဳင္ ေ႐ြးခ်ယ္ခံထားရတာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖိုင္နယ္အထိ တက္ေရာက္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့ အမ္ဘာေပးနဲ႔ ေနမာတို႔ကလည္း လီဝန္ေဒါစကီးနဲ႔အတူ တိုက္စစ္ေနရာအတြက္ ဆန္ခါတင္စာရင္းမွာ ပါဝင္ခဲ့ၿပီး ဂိုးသမား နာဗက္စ္ကလည္း ႏူအာ၊ ေအာ့ဘလက္တို႔နဲ႔အတူ ေ႐ြးခ်ယ္ခံထားရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ေနရာအလိုက္အေကာင္းဆုံးကစားသမားဆုရခဲ့ၾကတဲ့ မက္ဆီ၊ အယ္လီဆင္၊ ဗန္ဒိုက္၊ ဒီေဂ်ာင္တို႔ တစ္ေယာက္မွမပါဝင္ခဲ့ၾကပါဘူး။ ယူ႐ိုပါလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားဆုဆန္ခါတင္စာရင္းထဲမွာေတာ့ ယူႏိုက္တက္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္၊ အင္တာမီလန္တိုက္စစ္မႉး လူကာကူနဲ႔ ဆီဗီးလားကေန႔ အယ္ရွဘတ္ကို ေျပာင္းေ႐ႊ႕သြားတဲ့ ဘနီဂါတို႔ကေတာ့ ေ႐ြးခ်ယ္ခံထားရပါတယ္။

ဒီဆန္ခါတင္စာရင္းကို ေရြးခ်ယ္ေပးခဲ့သူေတြကေတာ့ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာပါဝင္ခဲ့တဲ့ကလပ္ ၃၂ ခုက အသင္းေခါင္းေဆာင္တစ္ဦးခ်င္းစီနဲ႕ ယူအီးအက္ဖ္ေအအသင္း၀င္ ကိုယ္စားလွယ္ ၅၅ ဦး တို႔ပါ၀င္ေရြးခ်ယ္ေပးခဲ့ၾကတာပဲျဖစ္ပါတယ္။