တစ်ကျော့ပြန်ခရီးမှာ ဘယ်သူတွေ အောင်မြင်ပြီး ဘယ်သူတွေ ရှုံးနိမ့်ခဲ့ကြသလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

စပိန်မြေမှာ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ ဂါရတ်ဘေးလ်ဟာ နောက်ဆုံးမှာတော့ အသင်းဟောင်းစပါးကို အငှားစာချုပ်နဲ့ ပြန်ရောက်လာဖို့နီးစပ်နေပါပြီ။ စပါးမှာ ပွဲပေါင်း ၂၀၀ကျော်ကစားခဲ့ပြီး ကိုယ်တိုင် ၅၆ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှု ၅၈ကြိမ်ပြုလုပ်ခဲ့တဲ့ ဘေးလ်ဟာ ၂၀၁၃မှာ ရီးရဲလ်ကို ပေါင် ၈၅သန်းနဲ့ ပြောင်းသွားခဲ့တာပါ။

ဒါပေမဲ့ ဒဏ်ရာပြဿနာတွေရှိခဲ့တာ၊ နည်းပြဇီဒန်းနဲ့ အဆင်မပြေတာတွေကြောင့် ဘေးလ်အနေနဲ့ စပိန်မြေကိုစွန့်ခွာဖို့ဖြစ်လာခဲ့တာပါ။ ဘောလုံးသမိုင်းမှာ ဂါရတ်ဘေးလ်လို အသင်းဟောင်းကိုပြန်ရောက်လာတဲ့ ကစားသမားတွေ အများအပြားရှိပြီး တချို့က အောင်မြင်မှုတွေပြန်ရခဲ့ပေမယ့် တချို့ကတော့ ပိုမိုနိမ့်ကျတဲ့အခြေအနေတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီလိုကစားသမားတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

အွန်နရီ

ပြင်သစ်တိုက်စစ်မှူးအွန်နရီဟာ အာဆင်နယ်ရဲ့ဂန္ထဝင်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ သူဟာ အာဆင်နယ်ကထွက်ခဲ့ပြီး ဘာစီလိုနာကိုရောက်ခဲ့တော့လည်း တစ်ရာသီအတွင်း ဖလားသုံးလုံးရခဲ့ခြင်းအပါအဝင် အောင်မြင်မှုတွေထပ်ရခဲ့ပါတယ်။ ဒီနောက်မှာ မေဂျာလိဂ်ကိုရောက်ခဲ့ပြီး ၂၀၁၂ ဇန်နဝါရီမှာတော့ အာဆင်နယ်ကို ၂လ အငှားလာကစားခဲ့ပါတယ်။ အွန်နရီဟာ ဒီကာလအတွင်း ၇ပွဲကစားခဲ့တာမှာ လိဒ်နဲ့အက်ဖ်အေဖလားပွဲရယ်၊ နောက်ဆုံးပွဲစဉ်ရယ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဂေါ့ဇီ

ဒေါ့မွန်နဲ့ခြေစွမ်းပြနိုင်ခဲ့လို့ ဘိုင်ယန်ရဲ့ခေါ်ယူခြင်းခံခဲ့ရတဲ့ ဂေါ့ဇီဟာ အဲဒီအချိန်တုန်းက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘိုင်ယန်ကိုရောက်ခဲ့တာပါ။ ဒါပေမဲ့ ဘိုင်ယန်မှာ ရုန်းကန်ခဲ့ရပြီးနောက်မှာ ဒေါ့မွန်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂေါ့ဇီရဲ့ ဒေါ့မွန်အိမ်အပြန်ခရီးဟာ မလှပခဲ့ဘဲ အရင်ခြေစွမ်းမျိုးပြန်မရတော့တာကြောင့် နွေရာသီမှာ ဒေါ့မွန်က သူ့ကို အသင်းကထွက်ခွာခွင့်ပေးခဲ့ပါတယ်။

ဒရော့ဘာ

ဂန္ထဝင်ကစားသမားတစ်ဦးရဲ့အပြန်ဟာ ရလဒ်တွေကို ပြောင်းလဲစေတယ်ဆိုတာ ဒရော့ဘာက သက်သေပြခဲ့ပါတယ်။ ၂၀၁၄မှာ ချဲလ်ဆီးကိုပြန်ရောက်လာတဲ့ ဒရော့ဘာဟာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ကျော်လွန်ခဲ့ပါပြီ။ အသက်အရွယ်အရလည်း ၃၆နှစ်ရှိပြီဖြစ်ပေမယ့် စပါး၊ မန်ယူ၊ လက်စတာတို့နဲ့ပွဲတွေမှာ အရေးပါတဲ့ဂိုးတွေသွင်းယူပေးနိုင်ခဲ့ပြီး တစ်ကျော့ပြန်နည်းပြမော်ရင်ဟိုနဲ့အတူ ချဲလ်ဆီးအတွက် ၄ကြိမ်မြောက် ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

ကာကာ

စပါးကိုပြန်လာမယ့် ဂါရတ်ဘေးလ်ရဲ့အနေအထားဟာ ကာကာနဲ့ဆင်တူတယ်လို့ဆိုရမှာပါ။ ၂၀၀၉ မှာ အေစီမီလန်ကနေ ရီးရဲလ်ကို ပြောင်းခဲ့တဲ့ကာကာဟာ အဲဒီအချိန်မတိုင်ခင်တုန်းက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ စပိန်မြေမှာ ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရပြီးတဲ့နောက် ၂၀၁၃မှာ အေစီမီလန်ကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီရာသီမှာ အေစီမီလန်က အဆင့်-၈နေရာသာရခဲ့ပေမယ့် ကာကာက မီလန်အတွက် ၇ဂိုးသွင်းပေးခဲ့ပါတယ်။

ဒါ့ကောက်

ပရီးမီးယားလိဂ်မှာ လူသိများတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဒါ့ကောက်ဟာ လီဗာပူးမှာ လိဂ်ဖလားတစ်ခုတည်းပဲရခဲ့ပေမယ့် ဖီနာဘာချီနဲ့အတူ တူရကီမြေမှာ အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅မှာ အသင်းဟောင်းဖီယင်နုကို ပြန်ရောက်ခဲ့တဲ့ ဒါ့ကောက်ဟာ သူ့အတွက် သမိုင်းဝင်အောင်မြင်မှုကိုရခဲ့ပါတယ်။ ၂၀၁၇ ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်ကစားခဲ့ပြီး သူ့ရဲ့ဟက်ထရစ်ဂိုးနဲ့အတူ ဖီယင်နုဟာ ၁၈နှစ်ကြာဝေးကွာနေခဲ့တဲ့အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

တစ္ေက်ာ့ျပန္ခရီးမွာ ဘယ္သူေတြ ေအာင္ျမင္ၿပီး ဘယ္သူေတြ ရႈံးနိမ့္ခဲ့ၾကသလဲ

စပိန္ေျမမွာ ဖိအားေတြနဲ႔ရင္ဆိုင္ေနရတဲ့ ဂါရတ္ေဘးလ္ဟာ ေနာက္ဆုံးမွာေတာ့ အသင္းေဟာင္းစပါးကို အငွားစာခ်ဳပ္နဲ႔ ျပန္ေရာက္လာဖို႔နီးစပ္ေနပါၿပီ။ စပါးမွာ ပြဲေပါင္း ၂၀၀ေက်ာ္ကစားခဲ့ၿပီး ကိုယ္တိုင္ ၅၆ဂိုးသြင္းခဲ့သလို ဂိုးဖန္တီးမႈ ၅၈ႀကိမ္ျပဳလုပ္ခဲ့တဲ့ ေဘးလ္ဟာ ၂၀၁၃မွာ ရီးရဲလ္ကို ေပါင္ ၈၅သန္းနဲ႔ ေျပာင္းသြားခဲ့တာပါ။

ဒါေပမဲ့ ဒဏ္ရာျပႆနာေတြရွိခဲ့တာ၊ နည္းျပဇီဒန္းနဲ႔ အဆင္မေျပတာေတြေၾကာင့္ ေဘးလ္အေနနဲ႔ စပိန္ေျမကိုစြန႔္ခြာဖို႔ျဖစ္လာခဲ့တာပါ။ ေဘာလုံးသမိုင္းမွာ ဂါရတ္ေဘးလ္လို အသင္းေဟာင္းကိုျပန္ေရာက္လာတဲ့ ကစားသမားေတြ အမ်ားအျပားရွိၿပီး တခ်ိဳ႕က ေအာင္ျမင္မႈေတြျပန္ရခဲ့ေပမယ့္ တခ်ိဳ႕ကေတာ့ ပိုမိုနိမ့္က်တဲ့အေျခအေနေတြနဲ႔သာ ရင္ဆိုင္ခဲ့ရတာေၾကာင့္ ဒီလိုကစားသမားေတြကို ေ႐ြးခ်ယ္တင္ဆက္ေပးလိုက္ပါတယ္။

အြန္နရီ

ျပင္သစ္တိုက္စစ္မႉးအြန္နရီဟာ အာဆင္နယ္ရဲ႕ဂႏၴဝင္ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ခဲ့ပါတယ္။ သူဟာ အာဆင္နယ္ကထြက္ခဲ့ၿပီး ဘာစီလိုနာကိုေရာက္ခဲ့ေတာ့လည္း တစ္ရာသီအတြင္း ဖလားသုံးလုံးရခဲ့ျခင္းအပါအဝင္ ေအာင္ျမင္မႈေတြထပ္ရခဲ့ပါတယ္။ ဒီေနာက္မွာ ေမဂ်ာလိဂ္ကိုေရာက္ခဲ့ၿပီး ၂၀၁၂ ဇန္နဝါရီမွာေတာ့ အာဆင္နယ္ကို ၂လ အငွားလာကစားခဲ့ပါတယ္။ အြန္နရီဟာ ဒီကာလအတြင္း ၇ပြဲကစားခဲ့တာမွာ လိဒ္နဲ႔အက္ဖ္ေအဖလားပြဲရယ္၊ ေနာက္ဆုံးပြဲစဥ္ရယ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ေဂါ့ဇီ

ေဒါ့မြန္နဲ႔ေျခစြမ္းျပႏိုင္ခဲ့လို႔ ဘိုင္ယန္ရဲ႕ေခၚယူျခင္းခံခဲ့ရတဲ့ ေဂါ့ဇီဟာ အဲဒီအခ်ိန္တုန္းက စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘိုင္ယန္ကိုေရာက္ခဲ့တာပါ။ ဒါေပမဲ့ ဘိုင္ယန္မွာ ႐ုန္းကန္ခဲ့ရၿပီးေနာက္မွာ ေဒါ့မြန္ကို ျပန္ေရာက္လာခဲ့ပါတယ္။ ဒါေပမဲ့ ေဂါ့ဇီရဲ႕ ေဒါ့မြန္အိမ္အျပန္ခရီးဟာ မလွပခဲ့ဘဲ အရင္ေျခစြမ္းမ်ိဳးျပန္မရေတာ့တာေၾကာင့္ ေႏြရာသီမွာ ေဒါ့မြန္က သူ႔ကို အသင္းကထြက္ခြာခြင့္ေပးခဲ့ပါတယ္။

ဒေရာ့ဘာ

ဂႏၴဝင္ကစားသမားတစ္ဦးရဲ႕အျပန္ဟာ ရလဒ္ေတြကို ေျပာင္းလဲေစတယ္ဆိုတာ ဒေရာ့ဘာက သက္ေသျပခဲ့ပါတယ္။ ၂၀၁၄မွာ ခ်ဲလ္ဆီးကိုျပန္ေရာက္လာတဲ့ ဒေရာ့ဘာဟာ သူ႔ရဲ႕အေကာင္းဆုံးအခ်ိန္ေတြကို ေက်ာ္လြန္ခဲ့ပါၿပီ။ အသက္အ႐ြယ္အရလည္း ၃၆ႏွစ္ရွိၿပီျဖစ္ေပမယ့္ စပါး၊ မန္ယူ၊ လက္စတာတို႔နဲ႔ပြဲေတြမွာ အေရးပါတဲ့ဂိုးေတြသြင္းယူေပးႏိုင္ခဲ့ၿပီး တစ္ေက်ာ့ျပန္နည္းျပေမာ္ရင္ဟိုနဲ႔အတူ ခ်ဲလ္ဆီးအတြက္ ၄ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဆုဖလားကို ရယူႏိုင္ခဲ့ပါတယ္။

ကာကာ

စပါးကိုျပန္လာမယ့္ ဂါရတ္ေဘးလ္ရဲ႕အေနအထားဟာ ကာကာနဲ႔ဆင္တူတယ္လို႔ဆိုရမွာပါ။ ၂၀၀၉ မွာ ေအစီမီလန္ကေန ရီးရဲလ္ကို ေျပာင္းခဲ့တဲ့ကာကာဟာ အဲဒီအခ်ိန္မတိုင္ခင္တုန္းက ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားေတြထဲမွာ ပါဝင္ခဲ့ပါတယ္။ ဒါေပမဲ့ စပိန္ေျမမွာ ဒဏ္ရာေတြနဲ႔႐ုန္းကန္ခဲ့ရၿပီးတဲ့ေနာက္ ၂၀၁၃မွာ ေအစီမီလန္ကို ျပန္ေရာက္ခဲ့ပါတယ္။ အဲဒီရာသီမွာ ေအစီမီလန္က အဆင့္-၈ေနရာသာရခဲ့ေပမယ့္ ကာကာက မီလန္အတြက္ ၇ဂိုးသြင္းေပးခဲ့ပါတယ္။

ဒါ့ေကာက္

ပရီးမီးယားလိဂ္မွာ လူသိမ်ားတဲ့ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ဒါ့ေကာက္ဟာ လီဗာပူးမွာ လိဂ္ဖလားတစ္ခုတည္းပဲရခဲ့ေပမယ့္ ဖီနာဘာခ်ီနဲ႔အတူ တူရကီေျမမွာ ေအာင္ျမင္ခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၅မွာ အသင္းေဟာင္းဖီယင္ႏုကို ျပန္ေရာက္ခဲ့တဲ့ ဒါ့ေကာက္ဟာ သူ႔အတြက္ သမိုင္းဝင္ေအာင္ျမင္မႈကိုရခဲ့ပါတယ္။ ၂၀၁၇ ရာသီပိတ္ေနာက္ဆုံးပြဲစဥ္မွာ အသင္းေခါင္းေဆာင္အျဖစ္ဦးေဆာင္ကစားခဲ့ၿပီး သူ႔ရဲ႕ဟက္ထရစ္ဂိုးနဲ႔အတူ ဖီယင္ႏုဟာ ၁၈ႏွစ္ၾကာေဝးကြာေနခဲ့တဲ့အမွတ္ေပးခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ပါတယ္။