ပရီးမီးယားလိဂ်ရာသီသစ်မှာစောင့်ကြည့်ရမယ့် မျက်နှာသစ်ကစားသမား ၆ဦး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြီးခဲ့တဲ့တစ်ပတ်မှာ ပရီးမီးယားလိဂ်ရာသီသစ်က စတင်ခဲ့ပါပြီ။ ကိုဗစ်-၁၉ ကြောင့် ပြိုင်ပွဲဝင်အသင်းတွေဟာ ကစားသမားအပြောင်းအရွှေ့တွေကို အရင်လိုအများအပြားမလုပ်နိုင်ခဲ့ကြပါဘူး။ လိုအပ်မယ်ထင်တဲ့နေရာကိုတွေကိုသာ အားဖြည့်ခဲ့ကြတာကြောင့် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေထဲက စောင့်ကြည့်ရမယ့် မျက်နှာသစ်ကစားသမားတချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ကိုင်းဟာဗက်ဇ်(ချဲလ်ဆီး)

ချဲလ်ဆီးကစားသမားသစ် ကိုင်းဟာဗက်ဇ်ဟာ နွေဈေးကွက်ရဲ့အကောင်းဆုံးခေါ်ယူမှုအဖြစ် သတ်မှတ်ထားကြပါတယ်။ ဘွန်ဒက်စ်လီဂါမှာ အဖွန်ဆိုဒေးဗီးစ်၊ ဟာလန်း၊ ဆန်ချို စတဲ့ပြိုင်ဘက်တွေနဲ့ အားပြိုင်ခဲ့တဲ့ ဟာဗက်ဇ်ဟာ အသက် ၂၁နှစ်အရွယ်သာရှိသေးပေမယ့် လေဗာကူဆင်အတွက် ပွဲပေါင်း ၁၅၀ ကစားခဲ့သူပါ။ ကွင်းလယ်မှာရော တောင်ပံမှာပါကစားနိုင်တဲ့ ဟာဗက်ဇ်ဟာ အနာဂတ်မှာ ရွှေဘောလုံးဆုရနိုင်မယ့်ကစားသမားအဖြစ်လည်း ထင်ကြေးပေးခံထားရသူပါ။

ဂါဘရီရယ်(အာဆင်နယ်)

အာဆင်နယ်ရဲ့ အဓိကပြဿနာက ခံစစ်ပိုင်းဆိုတာ အားလုံးအသိပါ။ ဒါကြောင့်လည်း အာဆင်နယ်ဟာ အရပ် ၆ပေ ၃လက်မရှိပြီး အသက် ၂၂နှစ်အရွယ်သာရှိသေးတဲ့ ဂါဘရီရယ်ကိုခေါ်ယူခဲ့တာပါ။ လိုင်လီရဲ့ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့သလို ချန်ပီယံလိဂ်အတွေ့အကြုံလည်းရှိခဲ့သူပါ။ အမြင့်ဘောတွေရှင်းထုတ်ရာမှာ ကျွမ်းကျင်သလို ပြိုင်ဘက်တိုက်စစ်မှူးတွေနဲ့ တစ်ဦးချင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ကောင်းမွန်သူဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့အဖွင့်ပွဲမှာဆိုရင် ဂိုးပါသွင်းနိုင်ခဲ့တာကြောင့် အာဆင်နယ်ရဲ့အားထားရတဲ့ကစားသမားဖြစ်လာမှာသေချာပါတယ်။

ဗန်ဒီဘိခ်(မန်ယူ)

အေဂျက်ကနေ မန်ယူကိုရောက်လာတဲ့ ဗန်ဒီဘိခ်ဟာ အရည်အသွေးရှိကစားသမားတစ်ဦးဖြစ်ပေမယ့် မန်ယူနည်းပြဆိုးလ်ရှားအနေနဲ့ သူ့ကို ဘယ်နေရာမှာ ထားကစားမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ရှိနေတဲ့ကွင်းလယ်မှာ ဗန်ဒီဘိခ်အနေနဲ့ ကွင်းလယ်တိုက်စစ်နဲ့ ကွင်းလယ်ခံစစ်မှာ ဘယ်နေရာမှာကစားမှာလဲဆိုတာ မေးခွန်းတစ်ခုဖြစ်နေပါတယ်။ မန်ယူအနေနဲ့ သူ့အတွက် ယူရိုသန်း ၄၀ ပေးထားတာကြောင့် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့စဉ်းစားထားတာ သေချာပါတယ်။

ရိုဒရီဂို(လိဒ်ယူနိုက်တက်)

ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်ရောက်လာတဲ့ လိဒ်ယူနိုက်တက်ဟာ လုံလောက်တဲ့ငွေကြေးရင်းမြစ်တွေနဲ့အတူ အကောင်းဆုံးခေါ်ယူမှုတစ်ရပ်လုပ်ထားပါတယ်။ အဲဒါကတော့ ဗလင်စီယာနဲ့အတူ အတွေ့အကြုံကောင်းတွေရခဲ့ပြီး ၂၀၁၉မှာ စပိန်ဘုရင့်ဖလားရယူနိုင်ခဲ့တဲ့ ရိုဒရီဂိုကိုခေါ်ယူနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ သူဟာ ဂိုးသွင်းကောင်းသူဖြစ်တဲ့အပြင် နေရာလွတ်ရှာဖွေပေးတာမှာလည်း ကျွမ်းကျင်သူဖြစ်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်(အဲဗာတန်)

အသင်းကြီးတွေကိုစိန်ခေါ်နိုင်ဖို့ကြိုးစားနေတဲ့ အဲဗာတန်လိုအသင်းအတွက် အရေးပါတဲ့ခေါ်ယူမှုက ဂျိမ်းစ်ရိုဒရီဂွက်ပါပဲ။ အဲဗာတန်မှာ တိုက်စစ်ကစာသမားတွေများပေမယ့် ခြေစွမ်းတည်ငြိမ်တဲ့ကစားသမားမျိုးလိုအပ်နေတာပါ။ ရိုဒရီဂွက်ဟာ ရီးရဲလ်မှာ မအောင်မြင်ခဲ့ပေမယ့် ခြေစွမ်းအရည်အသွေးမနိမ့်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် အဲဗာတန်တိုက်စစ်မှာ ရီချာလီဆင်၊ ကဲဗတ်လီဝင်တို့နဲ့ အတွဲအဖက်မိလာနိုင်ပါတယ်။

တီယာဂို အယ်ကန်တာရာ (လီဗာပူး)

တီယာဂိုလို ကမ္ဘာ့အဆင့် ကွင်းလယ်လူ တစ်ဦး အန်ဖီးကို ရောက်လာတာဟာ လီဗာပူးပရိတ်သတ်တွေ အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။ စပိန် ကွင်းလယ်လူဟာ အရည်အခြင်းရှိတဲ့ ကွင်းလယ်ကစားသမား၅ဦး၊၆ဦး ရှိနေတဲ့ လီဗာပူးကလပ်ကို ဘယ်လို အရည်အသွေးတွေ ပေးစွမ်းနိုင်မလဲ ဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့ရဲ့ခြေစွမ်းနဲ့ ပွဲအတွင်းကစားပုံတွေဟာ သာမန်ထက် ထူးကဲပြီး ဘိုင်ယန်မြူနစ်ရဲ့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ အနိုင်ရခဲ့စဉ်က အရမ်းကို အရေးပါခဲ့သူပါလို့လည်း ဘိုင်ယန် နည်းပြ ဖြစ်သူ ဟန်စီဖလစ် ကပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ပရီးမီးယားလိဂ္ရာသီသစ္မွာေစာင့္ၾကည့္ရမယ့္ မ်က္ႏွာသစ္ကစားသမား ၆ဦး

ၿပီးခဲ့တဲ့တစ္ပတ္မွာ ပရီးမီးယားလိဂ္ရာသီသစ္က စတင္ခဲ့ပါၿပီ။ ကိုဗစ္-၁၉ ေၾကာင့္ ၿပိဳင္ပြဲဝင္အသင္းေတြဟာ ကစားသမားအေျပာင္းအေ႐ႊ႕ေတြကို အရင္လိုအမ်ားအျပားမလုပ္ႏိုင္ခဲ့ၾကပါဘူး။ လိုအပ္မယ္ထင္တဲ့ေနရာကိုေတြကိုသာ အားျဖည့္ခဲ့ၾကတာေၾကာင့္ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြထဲက ေစာင့္ၾကည့္ရမယ့္ မ်က္ႏွာသစ္ကစားသမားတခ်ိဳ႕ကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

ကိုင္းဟာဗက္ဇ္(ခ်ဲလ္ဆီး)

ခ်ဲလ္ဆီးကစားသမားသစ္ ကိုင္းဟာဗက္ဇ္ဟာ ေႏြေဈးကြက္ရဲ႕အေကာင္းဆုံးေခၚယူမႈအျဖစ္ သတ္မွတ္ထားၾကပါတယ္။ ဘြန္ဒက္စ္လီဂါမွာ အဖြန္ဆိုေဒးဗီးစ္၊ ဟာလန္း၊ ဆန္ခ်ိဳ စတဲ့ၿပိဳင္ဘက္ေတြနဲ႔ အားၿပိဳင္ခဲ့တဲ့ ဟာဗက္ဇ္ဟာ အသက္ ၂၁ႏွစ္အ႐ြယ္သာရွိေသးေပမယ့္ ေလဗာကူဆင္အတြက္ ပြဲေပါင္း ၁၅၀ ကစားခဲ့သူပါ။ ကြင္းလယ္မွာေရာ ေတာင္ပံမွာပါကစားႏိုင္တဲ့ ဟာဗက္ဇ္ဟာ အနာဂတ္မွာ ေ႐ႊေဘာလုံးဆုရႏိုင္မယ့္ကစားသမားအျဖစ္လည္း ထင္ေၾကးေပးခံထားရသူပါ။

ဂါဘရီရယ္(အာဆင္နယ္)

အာဆင္နယ္ရဲ႕ အဓိကျပႆနာက ခံစစ္ပိုင္းဆိုတာ အားလုံးအသိပါ။ ဒါေၾကာင့္လည္း အာဆင္နယ္ဟာ အရပ္ ၆ေပ ၃လက္မရွိၿပီး အသက္ ၂၂ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဂါဘရီရယ္ကိုေခၚယူခဲ့တာပါ။ လိုင္လီရဲ႕ အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ခဲ့သလို ခ်န္ပီယံလိဂ္အေတြ႕အႀကဳံလည္းရွိခဲ့သူပါ။ အျမင့္ေဘာေတြရွင္းထုတ္ရာမွာ ကြၽမ္းက်င္သလို ၿပိဳင္ဘက္တိုက္စစ္မႉးေတြနဲ႔ တစ္ဦးခ်င္းထိပ္တိုက္ေတြ႕ဆုံမႈေတြမွာလည္း ေကာင္းမြန္သူျဖစ္ပါတယ္။ ဖူလ္ဟမ္နဲ႔အဖြင့္ပြဲမွာဆိုရင္ ဂိုးပါသြင္းႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္ရဲ႕အားထားရတဲ့ကစားသမားျဖစ္လာမွာေသခ်ာပါတယ္။

ဗန္ဒီဘိခ္(မန္ယူ)

ေအဂ်က္ကေန မန္ယူကိုေရာက္လာတဲ့ ဗန္ဒီဘိခ္ဟာ အရည္အေသြးရွိကစားသမားတစ္ဦးျဖစ္ေပမယ့္ မန္ယူနည္းျပဆိုးလ္ရွားအေနနဲ႔ သူ႔ကို ဘယ္ေနရာမွာ ထားကစားမွာလဲဆိုတာ စိတ္ဝင္စားစရာပါ။ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ရွိေနတဲ့ကြင္းလယ္မွာ ဗန္ဒီဘိခ္အေနနဲ႔ ကြင္းလယ္တိုက္စစ္နဲ႔ ကြင္းလယ္ခံစစ္မွာ ဘယ္ေနရာမွာကစားမွာလဲဆိုတာ ေမးခြန္းတစ္ခုျဖစ္ေနပါတယ္။ မန္ယူအေနနဲ႔ သူ႔အတြက္ ယူ႐ိုသန္း ၄၀ ေပးထားတာေၾကာင့္ ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳဖို႔စဥ္းစားထားတာ ေသခ်ာပါတယ္။

႐ိုဒရီဂို(လိဒ္ယူႏိုက္တက္)

ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္ေရာက္လာတဲ့ လိဒ္ယူႏိုက္တက္ဟာ လုံေလာက္တဲ့ေငြေၾကးရင္းျမစ္ေတြနဲ႔အတူ အေကာင္းဆုံးေခၚယူမႈတစ္ရပ္လုပ္ထားပါတယ္။ အဲဒါကေတာ့ ဗလင္စီယာနဲ႔အတူ အေတြ႕အႀကဳံေကာင္းေတြရခဲ့ၿပီး ၂၀၁၉မွာ စပိန္ဘုရင့္ဖလားရယူႏိုင္ခဲ့တဲ့ ႐ိုဒရီဂိုကိုေခၚယူႏိုင္ခဲ့ျခင္းပဲျဖစ္ပါတယ္။ သူဟာ ဂိုးသြင္းေကာင္းသူျဖစ္တဲ့အျပင္ ေနရာလြတ္ရွာေဖြေပးတာမွာလည္း ကြၽမ္းက်င္သူျဖစ္ပါတယ္။

ဂ်ိမ္းစ္႐ိုဒရီဂြက္(အဲဗာတန္)

အသင္းႀကီးေတြကိုစိန္ေခၚႏိုင္ဖို႔ႀကိဳးစားေနတဲ့ အဲဗာတန္လိုအသင္းအတြက္ အေရးပါတဲ့ေခၚယူမႈက ဂ်ိမ္းစ္႐ိုဒရီဂြက္ပါပဲ။ အဲဗာတန္မွာ တိုက္စစ္ကစာသမားေတြမ်ားေပမယ့္ ေျခစြမ္းတည္ၿငိမ္တဲ့ကစားသမားမ်ိဳးလိုအပ္ေနတာပါ။ ႐ိုဒရီဂြက္ဟာ ရီးရဲလ္မွာ မေအာင္ျမင္ခဲ့ေပမယ့္ ေျခစြမ္းအရည္အေသြးမနိမ့္တဲ့ ကစားသမားတစ္ဦးျဖစ္တာေၾကာင့္ အဲဗာတန္တိုက္စစ္မွာ ရီခ်ာလီဆင္၊ ကဲဗတ္လီဝင္တို႔နဲ႔ အတြဲအဖက္မိလာႏိုင္ပါတယ္။

တီယာဂို အယ္ကန္တာရာ (လီဗာပူး)

တီယာဂိုလို ကမာၻ႔အဆင့္ ကြင္းလယ္လူ တစ္ဦး အန္ဖီးကို ေရာက္လာတာဟာ လီဗာပူးပရိတ္သတ္ေတြ အတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာပါပဲ။ စပိန္ ကြင္းလယ္လူဟာ အရည္အျခင္းရွိတဲ့ ကြင္းလယ္ကစားသမား၅ဦး၊၆ဦး ရွိေနတဲ့ လီဗာပူးကလပ္ကို ဘယ္လို အရည္အေသြးေတြ ေပးစြမ္းႏိုင္မလဲ ဆိုတာစိတ္၀င္စားဖို႕ေကာင္းပါတယ္။ သူ႔ရဲ႕ေျခစြမ္းနဲ႕ ပြဲအတြင္းကစားပံုေတြဟာ သာမန္ထက္ ထူးကဲၿပီး ဘိုင္ယန္ျမဴနစ္ရဲ႕ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာ အႏိုင္ရခဲ့စဥ္က အရမ္းကို အေရးပါခဲ့သူပါလို႕လည္း ဘိုင္ယန္ နည္းျပ ျဖစ္သူ ဟန္စီဖလစ္ ကေျပာၾကားခဲ့ပါတယ္။