အပြောင်းအရွှေ့မှာ ငြိမ်လွန်းအားကြီးလို့ ပရိသတ်တွေလိုပဲ မန်ယူကို အားမလိုအားမရဖြစ်နေတဲ့ ဖာဒီနန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြိုင်ဘက်အသင်းတွေက အမှန်အကန်အားဖြည့်မှုတွေပြုလုပ်နေကြချိန် အပြောင်းအရွှေ့မှာ ငြိမ်လွန်းနေတဲ့မန်ယူနဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်နေတာ အသင်းပရိသတ်တွေမဟုတ်တော့ဘဲ နောက်ဆုံးမှာ အသင်းဂန္ထဝင်ဟောင်းရီယိုဖာဒီနန်လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းက မန်ယူရဲ့မယုံနိုင်စရာအပြောင်းအလဲမှာ ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာမှုက အဓိကကျခဲ့ပြီး သူ့ကြောင့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာပါ။

အသင်းက အရည်အသွေးပိုင်းတိုးတက်မှုအထူးလိုအပ်နေပေမယ့် သတင်းထွက်တာကြာပြီဖြစ်တဲ့ ဆန်ချိုကို အခုချိန်ထိ မခေါ်နိုင်သေးသလို လက်ရှိအချိန်ထိလည်း ဒီအပြောင်းအရွှေ့မှာ အေဂျက်က ဗန်ဒီဘိခ်တစ်ယောက်တည်းကိုသာ ခေါ်နိုင်ပါသေးတယ်။ အထူးသဖြင့် အပြောင်းအရွှေ့နောက်ဆုံး ၂၄ နာရီအတွင်းမှာဆိုရင် မန်ယူပရိသတ်တွေအတက် ပိုပြီးတော့တောင် စိတ်တိုစရာဖြစ်ခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုရင် ခါးသီးပြိုင်ဘက်ဖြစ်တဲ့ လက်ရှိချန်ပီယံလီဗာပူးဟာ ဘိုင်ယန်က ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အယ်ကန်တာရာအတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်ဖြစ်တဲ့ စပါးကလည်း ရီးရဲလ်က ဂါရတ်ဘေးလ်နဲ့ ပြီးခဲ့တဲ့ရာသီ ဆီဗီလာမှာ အငှားကစားခဲ့တဲ့ ရီဂူလွန်တို့ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်သွားတာပါ။

အဲဒီထဲမှာ ရီဂူလွန်ဆိုရင် ဒီအပြောင်းအရွှေ့မှာ မန်ယူနဲ့သတင်းထွက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

”လမ်းပတ်က ပုံမှန်လိုပဲ အလွယ်လေးလိုပဲ ကစားသမားတွေကို ခေါ်ယူခဲ့တယ်။ ကျွန်တော့်အသင်းမန်ယူက ချဲလ်ဆီးလုပ်သွားတာနဲ့ ကွဲပြားခြားနားနေပါတယ်။ ဘာသံမှ မကြားရဘူး။ ဘာမှလည်း ဆက်ဖြစ်မနေဘူး။ အဲဒါကပဲ မန်ယူပရိသတ်တွေအားလုံးနဲ့ ကျွန်တော့်အတွက် အားမလိုအားမရဖြစ်စေနေတာပါ”လို့ ဖာဒီနန်က ဆိုခဲ့တာပါ။

ဒါ့အပြင် ဖာဒီနန်က ဆန်ချိုဆိုရင် ဆွေးနွေးမှုတွေလုပ်နေတာကြာပြီဖြစ်ပေမယ့် အခုထိဖြစ်မလာသေးတဲ့အတွက် စိတ်ပျက်ရကြောင်းလည်း ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

အေျပာင္းအေရႊ႕မွာ ၿငိမ္လြန္းအားႀကီးလို႔ ပရိသတ္ေတြလုိပဲ မန္ယူကို အားမလုိအားမရျဖစ္ေနတဲ့ ဖာဒီနန္

ၿပိဳင္ဘက္အသင္းေတြက အမွန္အကန္အားျဖည့္မႈေတြျပဳလုပ္ေနၾကခ်ိန္ အေျပာင္းအေရႊ႕မွာ ၿငိမ္လြန္းေနတဲ့မန္ယူနဲ႔ပတ္သက္ၿပီး အားမလိုအားမရျဖစ္ေနတာ အသင္းပရိသတ္ေတြမဟုတ္ေတာ့ဘဲ ေနာက္ဆုံးမွာ အသင္းဂႏၳ၀င္ေဟာင္းရီယိုဖာဒီနန္လည္း ပါ၀င္လာၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီဒုတိယပိုင္းက မန္ယူရဲ႕မယုံႏိုင္စရာအေျပာင္းအလဲမွာ ဘရူႏိုဖာနန္ဒက္စ္ေရာက္ရွိလာမႈက အဓိကက်ခဲ့ၿပီး သူ႔ေၾကာင့္လည္း ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိခဲ့တာပါ။

အသင္းက အရည္အေသြးပိုင္းတိုးတက္မႈအထူးလုိအပ္ေနေပမယ့္ သတင္းထြက္တာၾကာၿပီျဖစ္တဲ့ ဆန္ခ်ိဳကို အခုခ်ိန္ထိ မေခၚႏိုင္ေသးသလို လက္ရွိအခ်ိန္ထိလည္း ဒီအေျပာင္းအေရႊ႕မွာ ေအဂ်က္က ဗန္ဒီဘိခ္တစ္ေယာက္တည္းကိုသာ ေခၚႏိုင္ပါေသးတယ္။ အထူးသျဖင့္ အေျပာင္းအေရႊ႕ေနာက္ဆုံး ၂၄ နာရီအတြင္းမွာဆိုရင္ မန္ယူပရိသတ္ေတြအတက္ ပိုၿပီးေတာ့ေတာင္ စိတ္တိုစရာျဖစ္ခဲ့ရပါတယ္။

ဘာေၾကာင့္လဲဆုိရင္ ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ လက္ရွိခ်န္ပီယံလီဗာပူးဟာ ဘိုင္ယန္က ကမာၻ႔အဆင့္ကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ အယ္ကန္တာရာအတြက္ ေျပာင္းေရႊ႕ေၾကးသေဘာတူညီမႈရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ၿပိဳင္ဘက္ျဖစ္တဲ့ စပါးကလည္း ရီးရဲလ္က ဂါရတ္ေဘးလ္နဲ႔ ၿပီးခဲ့တဲ့ရာသီ ဆီဗီလာမွာ အငွားကစားခဲ့တဲ့ ရီဂူလြန္တို႔ကို ေခၚယူႏိုင္ဖုိ႔ အနီးစပ္ဆုံးျဖစ္သြားတာပါ။ အဲဒီထဲမွာ ရီဂူလြန္ဆုိရင္ ဒီအေျပာင္းအေရႊ႕မွာ မန္ယူနဲ႔သတင္းထြက္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။

”လမ္းပတ္က ပုံမွန္လုိပဲ အလြယ္ေလးလုိပဲ ကစားသမားေတြကို ေခၚယူခဲ့တယ္။ ကၽြန္ေတာ့္အသင္းမန္ယူက ခ်ဲလ္ဆီးလုပ္သြားတာနဲ႔ ကြဲျပားျခားနားေနပါတယ္။ ဘာသံမွ မၾကားရဘူး။ ဘာမွလည္း ဆက္ျဖစ္မေနဘူး။ အဲဒါကပဲ မန္ယူပရိသတ္ေတြအားလုံးနဲ႔ ကၽြန္ေတာ့္အတြက္ အားမလုိအားမရျဖစ္ေစေနတာပါ”လုိ႔ ဖာဒီနန္က ဆိုခဲ့တာပါ။ ဒါ့အျပင္ ဖာဒီနန္က ဆန္ခ်ိဳဆုိရင္ ေဆြးေႏြးမႈေတြလုပ္ေနတာၾကာၿပီျဖစ္ေပမယ့္ အခုထိျဖစ္မလာေသးတဲ့အတြက္ စိတ္ပ်က္ရေၾကာင္းလည္း ဆုိခဲ့ပါတယ္။