သူ့ရဲ့အားနည်းတဲ့ညာခြေနဲ့ ဂိုးသမားကိုငုတ်တုတ်မေ့စေခဲ့တဲ့ ကိုးမန်းလက်ထက် မက်ဆီရဲ့ပထမဆုံးဂိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လှပတဲ့သွင်းဂိုးတွေနဲ့ မက်ဆီဆိုတာ ခွဲခြားလို့မရလောက်အောက် ဂီရိုနာနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲက အဲဒီဘာစီလိုနာအသင်းခေါင်းဆောင်ရဲ့ဂိုးတစ်ဂိုးဟာ ရင်သပ်ရှုမောစရာကောင်းခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ဗုဒၶဟူးညက ကစားခဲ့တဲ့ အဲဒီပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် စကေးကျကျပေးပို့မှုတစ်ခုကိုလည်း လုပ်ပြနိုင်ခဲ့ပါတယ်။

ကွင်းပြင်ပမှာ သူနဲ့ဘာစီလိုနာအသင်းအာဏာပိုင်တွေကြား ဘယ်လိုပြသနာပဲရှိခဲ့ရှိခဲ့ အဲဒါက ကွင်းထဲမှာ မသက်ရောက်ဘူးဆိုတာကို ဂီရိုနာနဲ့ပွဲမှာ မက်ဆီပြသခဲ့တာပါ။ အဲဒီပွဲမှာ ဘာစီလိုနာရဲ့ပထမဆုံးဂိုးကို ကော်တင်ဟိုက သွင်းယူခဲ့တာမှန်ပေမယ့် အဲဒီဂိုးအတွက် လူငယ်ကစားသမားလေးထရင်ကာအို ဖန်တီးမှုမလုပ်ခင်မှာ မက်ဆီရဲ့ပေးပို့မှုကလည်း အံ့အားသင့်စရာကောင်းခဲ့ပါတယ်။

https://twitter.com/i/status/1306283922918178825

သူဟာ တစ်ဖက်ကစားသမား ၂ ယောက်ကို ခြေယောင်ပြကျန်ရစ်စေခဲ့ပြီးနောက် မမြင်နိုင်တဲ့အနေအထားကနေပဲ ပင်နယ်တီဧရိယာထဲပြေးတက်သွားတဲ့ ထရင်ကာအိုဆီ ဘောလုံးထိုးပေးခဲ့တာပါ။ ပထမပိုင်းပြီးကာနီးမှာတော့ မက်ဆီဟာ ဘာစီလိုနာအတွက် ဒုတိယဂိုးကို သူကိုယ်တိုင်သွင်းယူပေးခဲ့ပါတယ်။

https://twitter.com/i/status/1306290214172864517

အဲဒီဂိုးမှာ မက်ဆီဟာ ဧရိယာအပြင်ဘက်က ဘောလုံးကို လက်ခံရယူပြီး လျင်မြန်စွာနဲ့လှည့်ကာ သူ့ရဲ့အားနည်းတဲ့ဘယ်ခြေနဲ့ ကန်သွင်းရာမှာ တစ်ဖက်ဂိုးသမားငုတ်တုတ်မေ့နေခဲ့ပြီး ဘောလုံးက ဂိုးတိုင်နဲ့ထိ ဂိုးထဲဝင်သွားခဲ့တာပါ။

အဲဒီလှလှပပဂိုးဟာ နည်းပြသစ်ကိုးမန်းလက်ထက် မက်ဆီရဲ့ပထမဆုံးဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

ဒုတိယဂိုးကိုတော့ မိနစ် ၅၀ကျော်မှာ သွင်းယူခဲ့တာဖြစ်ပြီး ညာခြမ်းကနေပို့ ပေးလိုက်တဲ့ ဘောလုံးကို မက်ဆီက တစ်ချက်ထိန်းလိုက်ပြီး ကိုယ်တစ်ချက်လှည့်ကာ ဘယ်ခြေနဲ့ အသာလေးကန်သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ မက်ဆီသွင်းယူခဲ့တဲ့ နှစ်ဂိုးစလုံးဟာ ပယ်နယ်တီစည်းထိပ်ဧရိယာကနေသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

သူ႔ရဲ႕အားနည္းတဲ့့ညာေျခနဲ႔ ဂိုးသမားကိုငုတ္တုတ္ေမ့ေစခဲ့တဲ့ ကိုးမန္းလက္ထက္ မက္ဆီရဲ႕ပထမဆုံးဂိုး

လွပတဲ့သြင္းဂိုးေတြနဲ႔ မက္ဆီဆိုတာ ခြဲျခားလုိ႔မရေလာက္ေအာက္ ဂီရိုနာနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲက အဲဒီဘာစီလုိနာအသင္းေခါင္းေဆာင္ရဲ႕ဂိုးတစ္ဂိုးဟာ ရင္သပ္ရႈေမာစရာေကာင္းခဲ့ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးညက ကစားခဲ့တဲ့ အဲဒီပြဲမွာ ၂ ဂိုးသြင္းယူႏိုင္ခဲ့တဲ့အျပင္ စေကးက်က်ေပးပို႔မႈတစ္ခုကိုလည္း လုပ္ျပႏိုင္ခဲ့ပါတယ္။

ကြင္းျပင္ပမွာ သူနဲ႔ဘာစီလုိနာအသင္းအာဏာပိုင္ေတြၾကား ဘယ္လုိျပသနာပဲရွိခဲ့ရွိခဲ့ အဲဒါက ကြင္းထဲမွာ မသက္ေရာက္ဘူးဆိုတာကို ဂီရိုနာနဲ႔ပြဲမွာ မက္ဆီျပသခဲ့တာပါ။ အဲဒီပြဲမွာ ဘာစီလုိနာရဲ႕ပထမဆုံးဂိုးကို ေကာ္တင္ဟိုက သြင္းယူခဲ့တာမွန္ေပမယ့္ အဲဒီဂိုးအတြက္ လူငယ္ကစားသမားေလးထရင္ကာအုိ ဖန္တီးမႈမလုပ္ခင္မွာ မက္ဆီရဲ႕ေပးပို႔မႈကလည္း အံ့အားသင့္စရာေကာင္းခဲ့ပါတယ္။

သူဟာ တစ္ဖက္ကစားသမား ၂ ေယာက္ကို ေျခေယာင္ျပက်န္ရစ္ေစခဲ့ၿပီးေနာက္ မျမင္ႏိုင္တဲ့အေနအထားကေနပဲ ပင္နယ္တီဧရိယာထဲေျပးတက္သြားတဲ့ ထရင္ကာအိုဆီ ေဘာလုံးထုိးေပးခဲ့တာပါ။ ပထမပိုင္းၿပီးကာနီးမွာေတာ့ မက္ဆီဟာ ဘာစီလုိနာအတြက္ ဒုတိယဂိုးကို သူကိုယ္တိုင္သြင္းယူေပးခဲ့ပါတယ္။

အဲဒီဂိုးမွာ မက္ဆီဟာ ဧရိယာအျပင္ဘက္က ေဘာလုံးကို လက္ခံရယူၿပီး လ်င္ျမန္စြာနဲ႔လွည့္ကာ သူ႔ရဲ႕အားနည္းတဲ့ဘယ္ေျခနဲ႔ ကန္သြင္းရာမွာ တစ္ဖက္ဂိုးသမားငုတ္တုတ္ေမ့ေနခဲ့ၿပီး ေဘာလုံးက ဂိုးတိုင္နဲ႔ထိ ဂိုးထဲ၀င္သြားခဲ့တာပါ။ အဲဒီလွလွပပဂိုးဟာ နည္းျပသစ္ကိုးမန္းလက္ထက္ မက္ဆီရဲ႕ပထမဆုံးဂိုးလည္း ျဖစ္လာခဲ့ပါတယ္။

ဒုတိယဂိုးကိုေတာ့ မိနစ္ ၅၀ေက်ာ္မွာ သြင္းယူခဲ့တာျဖစ္ၿပီး ညာျခမ္းကေနပို႔ ေပးလိုက္တဲ့ ေဘာလုံးကို မက္ဆီက တစ္ခ်က္ထိန္းလိုက္ၿပီး ကိုယ္တစ္ခ်က္လွည့္ကာ ဘယ္ေျခနဲ႔ အသာေလးကန္သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။ ဒီပြဲမွာ မက္ဆီသြင္းယူခဲ့တဲ့ ႏွစ္ဂိုးစလုံးဟာ ပယ္နယ္တီစည္းထိပ္ဧရိယာကေနသြင္းယူခဲ့တာလည္း ျဖစ္ပါတယ္။