အမ်ဘာပေးဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားခြင်တယ်ဆိုပေမယ့် ဂလေဇာမိသားစုနဲ့ အက်ဝုဒ်တို့က အမ်ဘာပေးရဲ့ တန်ကြေးကို ပေးချေနိုင်ပါ့မလား…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အသက် ၂၁ နှစ် အရွယ် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လူငယ် တိုက်စစ်မှူး အမ်ဘာပေး ဟာ မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့ ကစားလိုနေကြောင်း သူ့ရဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖွင့်ဟတိုင်ပင်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အမ်ဘာပေးနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်းတွေ လှုပ်ခတ်ခဲ့ပြီးနောက် ထပ်မံထွက်ပေါ်လာခဲ့တာလဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမ်ဘာပေးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတာကြောင့် ပျောက်ကင်းသက်သာအောင် အားထုတ်နေရပြီး ပီအက်စ်ဂျီအသင်းကစားခဲ့ပြီးတဲ့ အမှတ်ပေးပွဲ ၂ပွဲစလုံးကို လွဲချော်ထားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဘက်မှာလည်း အမ်ဘာပေး မပါဝင်တဲ့ ပွဲစဉ် ၂ပွဲလုံး နိုင်ပွဲမရရှိခဲ့သေးပါဘူး။

အမ်ဘာပေးဟာ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးပေမယ့် လက်ရှိအချိန်မှာ ကမ္ဘာ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး မက်ဆီ၊ ရော်နယ်ဒိုတို့ အနားယူခဲ့ပြီးပါက ကမ္ဘာ့ ဘောလုံးလောကကို ကြီးစိုးလာမယ့်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

အသက်ငယ်ရွယ်ပြီး ထိပ်တန်းအဆင့် ခြေစွမ်းပိုင်ဆိုင်ထားတဲ့ အမ်ဘာပေးကို ပီအက်စ်ဂျီအသင်းက လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့် ပြင်သစ်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတယ် လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်း နဲ့ အမ်ဘာပေတို့ဟာ ၂၀၂၂အထိစာချုပချုပ်ဆိုထားကြပါတယ်။ အခုအချိန်မှာ အမ်ဘာပေးရဲ့အပြောင်းအရွှေ့တန်ကြေးဟာ ဈေးကွက်သုံးသပ်သူတွေရဲ့ သုံးသပ်ချက်အရ ယူရို သန်း၃၀၀ တန်ကြေးရှိနေပါတယ်။

အမ်ဘာပေးဟာ ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့အပြင် ပီအက်စ်ဂျီအသင်းနဲ့လည်း ပြင်သစ်ပြည်တွင်းအောင်မြင်မှုအများအပြားကိုရယူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့် သူအားကျတဲ့ စီရော်နယ်ဒိုလိုမျိုး နယ်မြေအသစ်တွေမှာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်လိုတာကြောင့် ပီအက်စ်ဂျီအသင်းကနေ ရာသီအကုန်မှာ ထွက်ခွာလိုတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ဟာ အမ်ဘာပေးကို ခေါ်ယူဖို့ အလားအလာအကောင်းဆုံးအသင်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့် ပဲရစ်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အမ်ဘာပေးဟာ ပြင်သစ်မြေက ထွက်ခွါဖြစ်ခဲ့မယ်ဆိုရင် လာလီဂါ ဒါမှမဟုတ် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းကလည်း အမ်ဘာပေးကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံးဖြစ်နေပြီး “သူဟာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်လာမှာပါ။ မက်ဒရစ်လို့ခေါ်တဲ့ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းမှာသူလာရောက်ကစားချင်လိမ့်မယ်လို့ထင်ပါတယ်လို့လည်း” ဇီဒန်ကပြောကြားထားပါသေးတယ်။

“ဒါ့အပြင်အခုအချိန်ဟာမက်ဒရစ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေ လိုအပ်နေချိန်ဖြစ်တာကြောင့် သူသာရောက်ရှိလာမယ်ဆိုခဲ့ရင် ရှေ့တန်း တိုက်စစ်နေရာအတွက် ပွဲထွက်ကစားခွင့်နေရာ ယှဉ်ပြိုင်မှုမရှိနိုင်ဘူးပေါ့” လို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။

အမ်ဘာပေးကိုယ်တိုင်က ရီးရဲလ်မှာကစားချင်တယ်လို့ ဖွင့်ဟပြောခဲ့ဖူးတာကြောင့်လည်း သူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အပြောင်းအရွှေ့သတင်းဟာ တစ်ချိန်ကြရင် ပြောင်းဖြစ်မယ့်သတင်းအဖြစ်သာရှိခဲ့ပြီး သာမန်သတင်းအဖြစ်သာရှိခဲ့ပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတာကြောင့် အနားယူနေတဲ့အချိန်မှာ အမ်ဘာပေး ယူနိုက်တက်မှာ ကစားချင်တယ်လို့ သူ့သူငယ်ချင်းတွေကို ပြောဆိုခဲ့လာတဲ့အချိန်မှာတော့ အမ်ဘာပေးရဲ့အပြောင်းအရွှေ့သတင်းဟာ မီဒီယာတွေရဲ့သတင်းတွေမှာ စိတ်ဝင်စားစရာကောင်းလာခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဘက်က ယူနိုက်တက်အသင်းကိုစိတ်ဝင်စားနေပေမယ့် ဂလေဇာမိသားစုနဲ့ အက်ဝုဒ်တို့ကြောင့် အမ်ဘာပေးရဲ့ တန်ကြေးကို ပေးချေနိုင်ပါ့မလား ဆိုတဲ့ သံသယဝင်စရာဖြစ်နေပြီး ဒီအပြောင်းအရွှေ့ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ တက်လာနေကြ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ပုံပြင်တွေထဲကတစ်ပုဒ်အဖြစ်နဲ႕ပဲပြီးဆုံးသွားနိုင်ခြေများပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

အမ္ဘာေပးဟာ ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ကစားျခင္တယ္ဆိုေပမယ့္ ဂေလဇာမိသားစုနဲ႔ အက္ဝုဒ္တို႔က အမ္ဘာေပးရဲ႕ တန္ေၾကးကို ေပးေခ်ႏိုင္ပါ့မလား…

အသက္ ၂၁ ႏွစ္ အ႐ြယ္ ပီအက္စ္ဂ်ီအသင္းရဲ႕ ျပင္သစ္လူငယ္ တိုက္စစ္မႉး အမ္ဘာေပး ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေျပာင္းေ႐ႊ႕ ကစားလိုေနေၾကာင္း သူ႔ရဲ႕ရင္းႏွီးတဲ့ မိတ္ေဆြေတြကို ဖြင့္ဟတိုင္ပင္ခဲ့တယ္ဆိုတဲ့ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ အမ္ဘာေပးနဲ႔ပတ္သက္တဲ့ အေျပာင္းအေ႐ႊ႕သတင္းေတြ လႈပ္ခတ္ခဲ့ၿပီးေနာက္ ထပ္မံထြက္ေပၚလာခဲ့တာလဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အမ္ဘာေပးဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရတာေၾကာင့္ ေပ်ာက္ကင္းသက္သာေအာင္ အားထုတ္ေနရၿပီး ပီအက္စ္ဂ်ီအသင္းကစားခဲ့ၿပီးတဲ့ အမွတ္ေပးပြဲ ၂ပြဲစလုံးကို လြဲေခ်ာ္ထားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဘက္မွာလည္း အမ္ဘာေပး မပါဝင္တဲ့ ပြဲစဥ္ ၂ပြဲလုံး ႏိုင္ပြဲမရရွိခဲ့ေသးပါဘူး။

အမ္ဘာေပးဟာ အသက္ ၂၁ ႏွစ္ အ႐ြယ္သာ ရွိေသးေပမယ့္ လက္ရွိအခ်ိန္မွာ ကမာၻ႔ ထိပ္တန္း တိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး မက္ဆီ၊ ေရာ္နယ္ဒိုတို႔ အနားယူခဲ့ၿပီးပါက ကမာၻ႔ ေဘာလုံးေလာကကို ႀကီးစိုးလာမယ့္ကစားသမားအျဖစ္ သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။ အသက္ငယ္႐ြယ္ၿပီး ထိပ္တန္းအဆင့္ ေျခစြမ္းပိုင္ဆိုင္ထားတဲ့ အမ္ဘာေပးကို ပီအက္စ္ဂ်ီအသင္းက လက္လႊတ္ဖို႔ ဆႏၵမရွိေပမယ့္ ျပင္သစ္အေျခစိုက္ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္ အရေတာ့ အမ္ဘာေပဟာ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာခြင့္ ေတာင္းခံထားတယ္ လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီအသင္း နဲ႔ အမ္ဘာေပတို႔ဟာ ၂၀၂၂အထိစာခ်ဳပခ်ဳပ္ဆိုထားၾကပါတယ္။ အခုအခ်ိန္မွာ အမ္ဘာေပးရဲ႕အေျပာင္းအေ႐ႊ႕တန္ေၾကးဟာ ေဈးကြက္သုံးသပ္သူေတြရဲ႕ သုံးသပ္ခ်က္အရ ယူ႐ို သန္း၃၀၀ တန္ေၾကးရွိေနပါတယ္။

အမ္ဘာေပးဟာ ျပင္သစ္အသင္းနဲ႔ ၂၀၁၈ ကမာၻ႔ဖလားကို သိမ္းပိုက္ထားႏိုင္ခဲ့တဲ့အျပင္ ပီအက္စ္ဂ်ီအသင္းနဲ႔လည္း ျပင္သစ္ျပည္တြင္းေအာင္ျမင္မႈအမ်ားအျပားကိုရယူထားႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ဒါေပမယ့္ သူအားက်တဲ့ စီေရာ္နယ္ဒိုလိုမ်ိဳး နယ္ေျမအသစ္ေတြမွာ စိန္ေခၚမႈ အသစ္ေတြကို ရင္ဆိုင္လိုတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းကေန ရာသီအကုန္မွာ ထြက္ခြာလိုတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္း ဟာ အမ္ဘာေပးကို ေခၚယူဖို႔ အလားအလာအေကာင္းဆုံးအသင္းအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။

ဒါေပမယ့္ ပဲရစ္ၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ အမ္ဘာေပးဟာ ျပင္သစ္ေျမက ထြက္ခြါျဖစ္ခဲ့မယ္ဆိုရင္ လာလီဂါ ဒါမွမဟုတ္ ပရီးမီးယားလိဂ္ဆီ ေျပာင္းေ႐ႊ႕ ကစားဖို႔ စိတ္အားထက္သန္ေနပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းကလည္း အမ္ဘာေပးကို ေခၚယူဖို႔ စိတ္အဝင္စားဆုံးျဖစ္ေနၿပီး “သူဟာကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးျဖစ္လာမွာပါ။ မက္ဒရစ္လို႔ေခၚတဲ့ကမာၻ႔အေကာင္းဆုံးကလပ္အသင္းမွာသူလာေရာက္ကစားခ်င္လိမ့္မယ္လို႔ထင္ပါတယ္လို႔လည္း” ဇီဒန္ကေျပာၾကားထားပါေသးတယ္။

“ဒါ့အျပင္အခုအခ်ိန္ဟာမက္ဒရစ္မွာ အေကာင္းဆုံးတိုက္စစ္မႉးေတြ လိုအပ္ေနခ်ိန္ျဖစ္တာေၾကာင့္ သူသာေရာက္ရွိလာမယ္ဆိုခဲ့ရင္ ေရွ႕တန္း တိုက္စစ္ေနရာအတြက္ ပြဲထြက္ကစားခြင့္ေနရာ ယွဥ္ၿပိဳင္မႈမရွိႏိုင္ဘူးေပါ့” လို႔လည္း ဆက္လက္ေျပာဆိုခဲ့ပါတယ္။

အမ္ဘာေပးကိုယ္တိုင္က ရီးရဲလ္မွာကစားခ်င္တယ္လို႔ ဖြင့္ဟေျပာခဲ့ဖူးတာေၾကာင့္လည္း သူနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ရဲ႕ အေျပာင္းအေ႐ႊ႕သတင္းဟာ တစ္ခ်ိန္ၾကရင္ ေျပာင္းျဖစ္မယ့္သတင္းအျဖစ္သာရွိခဲ့ၿပီး သာမန္သတင္းအျဖစ္သာရွိခဲ့ပါတယ္။ ဒါေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရတာေၾကာင့္ အနားယူေနတဲ့အခ်ိန္မွာ အမ္ဘာေပး ယူႏိုက္တက္မွာ ကစားခ်င္တယ္လို႔ သူ႔သူငယ္ခ်င္းေတြကို ေျပာဆိုခဲ့လာတဲ့အခ်ိန္မွာေတာ့ အမ္ဘာေပးရဲ႕အေျပာင္းအေ႐ႊ႕သတင္းဟာ မီဒီယာေတြရဲ႕သတင္းေတြမွာ စိတ္ဝင္စားစရာေကာင္းလာခဲ့ၿပီျဖစ္ပါတယ္။ ကစားသမားဘက္က ယူႏိုက္တက္အသင္းကိုစိတ္ဝင္စားေနေပမယ့္ ဂေလဇာမိသားစုနဲ႔ အက္ဝုဒ္တို႔ေၾကာင့္ အမ္ဘာေပးရဲ႕ တန္ေၾကးကို ေပးေခ်ႏိုင္ပါ့မလား ဆိုတဲ့ သံသယဝင္စရာျဖစ္ေနၿပီး ဒီအေျပာင္းအေ႐ႊ႕ဟာ ဆိုရွယ္မီဒီယာေတြေပၚမွာ တက္လာေနၾကယူႏိုက္တက္ရဲ႕ အေျပာင္းအေ႐ႊ႕ ပုံျပင္ေတြထဲကတစ္ပုဒ္အျဖစ္နဲ႔ပဲၿပီးဆုံးသြားႏိုင္ေျခမ်ားပါတယ္။