ဗန်ဒီဘိခ်ဟာ ပေါလ်စခိုးလိုမျိုး နည်းစနစ်ကြွယ်ဝတဲ့ ဂိုးသွင်းမုဆိုး လို့ ပြောဆိုလိုက်တဲ့ ဗန်ဒါဆာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အေဂျက်အသင်း CEO ဖြစ်တဲ့ ယူနိုက်တက်အသင်းရဲ့ဂန္တဝင်ဂိုးသမားဗန်ဒါဆာဟာ ဒွန်နီ ဗန်ဒီဘိခ် ရဲ့ဂိုးသွင်းနိုင်စွမ်းဟာ ယူနိုက်တက်အသင်း ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးလိုပါပဲလို့ MUTV Group Chat မှာထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဗန်ဒီဘိခ် ကိုပေါင် ၄၀.၁ သန်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ယခုနှစ်နွေရာသီအပြောင်းအရွေ့မှာ ယူနိုက်တက်အသင်းကိုပထမဆုံး ရောက်ရှိလာခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အပြောင်းအရွေ့ဖြစ်မြောက်မှုမှာ ဗန်ဒါဆာရဲ့ဆုံးဖြတ်ချက်တွေဟာ အများကြီးအရေးပါခဲ့ပါတယ်။ အေဂျက်ရဲ့အလားအလာအကောင်းဆုံး ကစားသမားကို ယူနိုက်တက်အသင်းဆီ ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ALL THE GOALS – Donny van de Beek

Hey Manchester United,Give him the stage at the Theatre of Dreams. ✨#DreamLikeDonny

Posted by AFC Ajax on Wednesday, September 2, 2020

အသက် ၂၃ နှစ်အရွယ်သေးတဲ့ ဗန်ဒီဘိခ်ဟာ အေဂျက်အသင်းရဲ့ သမိုင်းဝင် ၂၀၁၉-၂၀ ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ် နဲ့ စပါးအသင်းတို့ကို တိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားလည်းဖြစ်ပါတယ်။ အေဂျက်အသင်းမှာကစားခဲ့တဲ့ နောက်ဆုံး ၂ရာသီမှာ ဗန်ဒီဘိခ်ဟာ ၂၇ ဂိုးသွင်းယူခဲ့ပါတယ်။

ဗန်ဒါဆာက ဗန်ဒီဘိခ်ဟာ သူ့ရဲ့ ယူနိုက်တက်ကစားဖော်ဟောင်း ပေါလ်စခိုးလိုမျိုးပဲ ကွင်းလယ်မှာကစားနေပေမယ့် ဂိုးဘယ်လိုသွင်းရမယ်၊တိုက်စစ်မှူးတွေအတွက် ဘယ်လို ဖန်တီးရမယ် ဆိုတာ အမြဲရှာဖွေနေတဲ့သူလို့ လည်း မှတ်ချက်ပေးခဲ့ပါတယ်။ သူဟာကွင်းလယ်မှာနေရာစုံမှာကစားနိူင်တဲ့သူလည်းဖြစ်ပြီး နံပါတ်၆နေရာ၊ ၈နေရာ၊ နံပါတ်၁၀ နေရာတွေမှာပါကစားနိုင်တဲ့သူလည်းဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာနည်းစနစ်ပိုင်းကြွယ်ဝတဲ့ ဂိုးသွင်းမုဆိုးတစ်ယောက်ပါပဲလို့ MUTV Group Chat မှာပြောနေရင်း ဗန်ဒါဆာက ဗန်ဒီဘိခ်ကို အမွှန်းတင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ကွင်းလယ်စွမ်းရည်ကို နှိုင်းယှဉ်ရမယ်ဆိုရင် ပေါလ်စခိုရဲ့ ကွင်းလယ်ကိုက် ၃၀/၄၀ ကနေအရှိန်ပြင်းတဲ့ ဂိုးကန်ချက်တွေလိုမျိုးလုပ်နိုင်ဖို့တော့ ဗန်ဒီဘိခ် မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် ဗန်ဒီဘိခ်ဟာ ဂိုးဧရိယာအစပ်မှာ သူခြေမှာသာဘောလုံးရှိနေမယ်ဆိုရင် ဂိုးအဖြစ်ပြောင်းသွားအောင် စွမ်းဆောင်နိုင်မယ့်သူလို့ပြောနိုင်ပါတယ်။ ပေါလ်စခိုလို ဂန္တဝင်ကစားသမားတစ်ဦးနဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ရတာကမတရားပေမယ့် သူဟာ အိုလေး ဖန်တီးနေတဲ့အသင်းအတွက် ကတော့ ကောင်းမွန်တဲ့ ထပ်ဖြည့်စွက်မှု ဖြစ်လိမ့်မယ်ဆိုတာကတော့ သေချာပါတယ်။

“သူဘယ်လိုကစားနိုင်တယ်ဆိုတာ အိုလေးနဲ့ စကားပြောခဲ့ ပြီးသွားပြီလို့ ကျွန်တော်ယူဆပါတယ်။ သူဟာနေရာစုံကစားနိုင်တဲ့ကစားသမားဖြစ်တာကြောင့် ပွဲထွက်ကစားခွင့်တွေရနိုင်မယ့် ဦးစားပေးကစားသမား ဖြစ်လာမယ်လို့လည်းမျှော်လင့်မိပါတယ်။”

“ယူနိုက်တက်အသင်းမှာ အကောင်းဆုံးကွင်းလယ်ကစားသမားတွေများစွာရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့် သူဟာအသင်းမှာပုံမှတ်ပွဲထွက်ခွင့် ရဖို့ သူ့ရဲ့လမ်းကို သူ ရှာတွေ့ဖို့လိုပါလိမ့်မယ်။ ယူနိုက်တက်ဟာဒီနှစ်မှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှင့် ဖလားပြိုင်ပွဲတွေအများကြီးယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ကြံခိုင်မှုပြည့်တဲ့ ကစားသမားတွေလိုအပ်နေမှာပါ။ ပွဲစဉ်တွေအားလုံးဟာ ယှဉ်ပြိုင်မှုတွေ တော်တော်ပြင်းထန်ပါလိမ့်မယ်။

ဒါကြောင့် သူ့အနေနဲ့ ကြံခိုင်မှုပြည့်ဝဖို့နဲ့ ကစားခွင့်ရတဲ့ ပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝဟာ အဆင်ပြေချောမွတ်နေပါလိမ့်မယ်။” လို့လည်းဆက်လက်ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ဗန္ဒီဘိခ္ဟာ ေပါလ္စခိုးလိုမ်ိဳး နည္းစနစ္ၾကြယ္ဝတဲ့ ဂိုးသြင္းမုဆိုး လို႕ ေျပာဆိုလိုက္တဲ့ ဗန္ဒါဆာ

ေအဂ်က္အသင္း CEO ျဖစ္တဲ့ ယူႏိုက္တက္အသင္းရဲ႕ဂႏၱဝင္ဂိုးသမားဗန္ဒါဆာဟာ ဒြန္နီ ဗန္ဒီဘိခ္ ရဲ႕ဂိုးသြင္းႏိုင္စြမ္းဟာ ယူႏိုက္တက္အသင္း ဂႏၱဝင္ကြင္းလယ္ကစားသမား ေပါလ္စခိုးလိုပါပဲလို႔ MUTV Group Chat မွာထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဗန္ဒီဘိခ္ ကိုေပါင္ ၄၀.၁ သန္းနဲ႕ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး ယခုႏွစ္ေႏြရာသီအေျပာင္းအေရြ႕မွာ ယူႏိုက္တက္အသင္းကိုပထမဆံုး ေရာက္ရွိလာခဲ့တဲ့သူလည္းျဖစ္ပါတယ္။ အေျပာင္းအေရြ႔ျဖစ္ေျမာက္မႈမွာ ဗန္ဒါဆာရဲ႕ဆံုးျဖတ္ခ်က္ေတြဟာ အမ်ားႀကီးအေရးပါခဲ့ပါတယ္။ ေအဂ်က္ရဲ႕အလားအလာအေကာင္းဆံုး ကစားသမားကို ယူႏိုက္တက္အသင္းဆီ ေခၚယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ေသးတဲ့ ဗန္ဒီဘိခ္ဟာ ေအဂ်က္အသင္းရဲ႕ သမိုင္းဝင္ ၂၀၁၉-၂၀ ရာသီတြင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘိုင္ယန္ျမဴးနစ္၊ ရီးယဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္ နဲ႕ စပါးအသင္းတို႕ကို တိုက္စစ္မွဴးေတြ ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးႏိုင္ခဲ့တဲ့ ကြင္းလယ္ကစားသမားလည္းျဖစ္ပါတယ္။ ေအဂ်က္အသင္းမွာကစားခဲ့တဲ့ ေနာက္ဆံုး ၂ရာသီမွာ ဗန္ဒီဘိခ္ဟာ ၂၇ ဂိုးသြင္းယူခဲ့ပါတယ္။ ဗန္ဒါဆာက ဗန္ဒီဘိခ္ဟာ သူ႔ရဲ႕ ယူႏိုက္တက္ကစားေဖာ္ေဟာင္း ေပါလ္စခိုးလိုမ်ိဳးပဲ ကြင္းလယ္မွာကစားေနေပမယ့္ ဂိုးဘယ္လိုသြင္းရမယ္၊တိုက္စစ္မွဴးေတြအတြက္ ဘယ္လို ဖန္တီးရမယ္ ဆိုတာ အျမဲရွာေဖြေနတဲ့သူလို႔ လည္း မွတ္ခ်က္ေပးခဲ့ပါတယ္။ သူဟာကြင္းလယ္မွာေနရာစုံမွာကစားႏိူင္တဲ့သူလည္းျဖစ္ၿပီး နံပါတ္၆ေနရာ၊ ၈ေနရာ၊ နံပါတ္၁၀ ေနရာေတြမွာပါကစားႏိုင္တဲ့သူလည္းျဖစ္ပါတယ္။ ဗန္ဒီဘိခ္ဟာနည္းစနစ္ပိုင္းၾကြယ္ဝတဲ့ ဂိုးသြင္းမုဆိုးတစ္ေယာက္ပါပဲလို႕ MUTV Group Chat မွာေျပာေနရင္း ဗန္ဒါဆာက ဗန္ဒီဘိခ္ကို အမႊန္းတင္ခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ကြင္းလယ္စြမ္းရည္ကို ႏႈိင္းယွဥ္ရမယ္ဆိုရင္ ေပါလ္စခိုရဲ႕ ကြင္းလယ္ကိုက္ ၃၀/၄၀ ကေနအရွိန္ျပင္းတဲ့ ဂိုးကန္ခ်က္ေတြလိုမ်ိဳးလုပ္ႏိုင္ဖို႕ေတာ့ ဗန္ဒီဘိခ္ မလုပ္ႏိုင္ေသးပါဘူး။ ဒါေပမယ့္ ဗန္ဒီဘိခ္ဟာ ဂိုးဧရိယာအစပ္မွာ သူေျခမွာသာေဘာလံုးရွိေနမယ္ဆိုရင္ ဂိုးအျဖစ္ေျပာင္းသြားေအာင္ စြမ္းေဆာင္ႏိုင္မယ့္သူလို႕ေျပာႏိုင္ပါတယ္။ ေပါလ္စခိုလို ဂႏၱဝင္ကစားသမားတစ္ဦးနဲ႕ သူ႕ရဲ႕စြမ္းေဆာင္ရည္ကို ႏႈိင္းယွဥ္ရတာကမတရားေပမယ့္ သူဟာ အိုေလး ဖန္တီးေနတဲ့အသင္းအတြက္ ကေတာ့ ေကာင္းမြန္တဲ့ ထပ္ျဖည့္စြက္မႈ ျဖစ္လိမ့္မယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။

“သူဘယ္လိုကစားႏိုင္တယ္ဆိုတာ အိုေလးနဲ႕ စကားေျပာခဲ့ ၿပီးသြားၿပီလို႕ ကၽြန္ေတာ္ယူဆပါတယ္။ သူဟာေနရာစံုကစားႏိုင္တဲ့ကစားသမားျဖစ္တာေၾကာင့္ ပြဲထြက္ကစားခြင့္ေတြရႏိုင္မယ့္ ဦးစားေပးကစားသမား ျဖစ္လာမယ္လို႕လည္းေမွ်ာ္လင့္မိပါတယ္။”

“ယူႏိုက္တက္အသင္းမွာ အေကာင္းဆံုးကြင္းလယ္ကစားသမားေတြမ်ားစြာရွိၿပီးသားျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာအသင္းမွာပံုမွတ္ပြဲထြက္ခြင့္ ရဖို႕ သူ႔ရဲ႕လမ္းကို သူ ရွာေတြ႕ဖို႕လိုပါလိမ့္မယ္။ ယူႏိုက္တက္ဟာဒီႏွစ္မွာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ႏွင့္ ဖလားၿပိဳင္ပြဲေတြအမ်ားႀကီးယွဥ္ျပိုင္ရမွာျဖစ္တာေၾကာင့္ ၾကံခိုင္မႈျပည့္တဲ့ ကစားသမားေတြလိုအပ္ေနမွာပါ။ ပြဲစဥ္ေတြအားလုံးဟာ ယွဥ္ျပိုင္မႈေတြ ေတာ္ေတာ္ျပင္းထန္ပါလိမ့္မယ္။ ဒါေၾကာင့္ သူ႕အေနနဲ႕ ၾကံခိုင္မႈျပည့္ဝဖို႔နဲ႔ ကစားခြင့္ရတဲ့ ပြဲေတြမွာ အေကာင္းဆံုးေျခစြမ္းျပသႏိုင္ခဲ့မယ္ဆိုရင္ သူ႕ရဲ႕ ယူႏိုက္တက္ ကစားသမားဘဝဟာ အဆင္ေျပေခ်ာမြတ္ေနပါလိမ့္မယ္။” လို႔လည္းဆက္လက္ေျပာၾကားခဲ့ပါတယ္။