လစာအများဆုံးပရီးမီးယားလိဂ်ကြယ်ပွင့်များ(အူဘာမီယန်ရဲ့စာချုပ်သစ်အပြီး)
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
အာဆင်နယ်နဲ့စာချုပ်သစ်ကြောင့် အူဘာမီယန်ဟာ ပရီးမီးယားလိဂ်မှာ လစာအများဆုံးရကစားသမားဖြစ်လာတယ်လို့ သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ကပဲ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်ခြင်းဖြင့် သူ့အနာဂါတ်နဲ့ပတ်သက်တဲ့သတင်းတွေကို အဆုံးသတ်စေခဲ့တာပါ။ ၃၁ နှစ်အရွယ် အဲဒီဂါဘွန်သားတိုက်စစ်မှုးဟာ အာဆင်နယ်မှာ အရင်က တစ်ပတ်ကို ပေါင် ၂၂၀၀၀၀ ရနေတာဖြစ်ပြီး အခုတော့ စာချုပ်သစ်ကြောင့် သူ့ရဲ့တစ်ပတ်လစာက ပေါင် ၃၅၀၀၀၀ ကျော်အထိ တိုးသွားပါတယ်။ တစ်ပတ် ပေါင် ၃၅၀၀၀၀ ရနေတဲ့ သူ့ရဲ့အာဆင်နယ်အသင်းဖော်အိုဇေးလ်ကိုလည်း ကျော်တက်သွားခဲ့ပါတယ်။
လစာအရ အိုဇေးလ်နဲ့ level တန်းဖြစ်နေတာက ပြီးခဲ့တဲ့စက်တင်ဘာနှောင်းပိုင်းကမှ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ မန်ယူဂိုးသမားဒီဂီယာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ လက်ရှိလစာအများဆုံးကစားသမား ၁၀ ယောက်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
၁၀။ ဝီလျံ(အာဆင်နယ်) တစ်ပတ် ပေါင် ၂၂၀၀၀၀
၉။ အဂူရို(မန်စီးတီး) တစ်ပတ် ပေါင် ၂၃၀၀၀၀
၈။ မာရှယ်(မန်ယူ) တစ်ပတ် ပေါင် ၂၅၀၀၀၀
၇။ ပေါ့ဂ်ဘာ(မန်ယူ) တစ်ပတ် ပေါင် ၂၉၀၀၀၀
၆။ စတာလင်း(မန်စီးတီး) တစ်ပတ် ပေါင် ၃၀၀၀၀၀
၅။ ကိုင်ဟာဗက်ဇ်(ချဲလ်ဆီး) တစ်ပတ်ပေါင် ၃၁၀၀၀၀
၄။ ဒီဘရူနီ(မန်စီးတီး) တစ်ပတ်ပေါင် ၃၂၀၀၀၀
=၂။ ဒီဂီယာ(မန်ယူ) တစ်ပတ်ပေါင် ၃၅၀၀၀၀
=၂။ အိုဇေးလ်(အာဆင်နယ်) တစ်ပတ်ပေါင် ၃၅၀၀၀၀
၁။ အူဘာမီယန်(အာဆင်နယ်) တစ်ပတ်ပေါင် ၃၅၀၀၀၀ အပြင် ဘောနပ်စ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
zawgyi