ရိုမဲရိုရဲ့ ယူနိုက်တက်ကလပ်အသင်းအပေါ် ချစ်တဲ့စိတ်ကို အဆုံးသတ်ဖို့ဖြစ်လာခဲ့ပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒီနှစ်ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ အက်စတွန်ဗွီလာအသင်းနဲ့ပွဲရဲ့ လူစာရင်းမှာတောင်ရွေးချယ်မခံခဲ့ရတော့တဲ့နောက်မှာ ရိုမဲရိုးဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ ကွင်းတွင်းစွမ်းရည်အရ အသင်းကိုပြန်လည်ရောက်ရှိလာတဲ့ ဟန်ဒါဆန်ကို ကောင်းစွာယှဉ်ပြိုင်နိုင်စွမ်းရှိနိုင်မှာသေချာပါတယ်။ ဒါပေမယ့် နည်းပြဆိုးလ်ရှားရဲ့ လူစားရင်းမှာပါဝင်ဖို့ကတော့ ဖြစ်နိုင်ခြေနည်းပြီး အရံလူစာရင်းမှာတောင်ချန်လှပ်ထားခံရတော့မယ့် အခြေအနေကိုရောက်ရှိနေခဲ့ပါပြီ။ သူဟာ နည်းပြ လူးဝစ်ဗန်ဂေါလက်ထက်က ဆမ်ဒိုးရီးယားအသင်းကနေပြောင်းရွေ့လာခဲ့သူလည်းဖြစ်ပါတယ်။

ရိုမဲရိုး ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒီဂီယာရဲ့နောက် ဒုတိယဂိုးသမားအဖြစ်ရှိနေခဲ့ပေမယ့် အသင်းမှာပျော်ရွှင်နေတာဖြစ်ပြီး ကစားခွင့်ရတဲ့ပွဲတွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးလက်စွမ်းပြခဲ့တာကြောင့် ယူနိုက်တက်အသင်းပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကိုရရှိနေသူလည်း ဖြစ်ပါတယ်။

BURNLEY, ENGLAND – DECEMBER 28: Manchester United goalkeepers Sergio Romero and David de Gea warm up before the Premier League match between Burnley FC and Manchester United at Turf Moor on December 28, 2019 in Burnley, United Kingdom. (Photo by Visionhaus)

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ နည်းပြ ဆိုးလ်ရှားဟာ ရိုမဲရိုးကို ပရီမီးယားလိဂ်ပွဲတွေမှာပွဲထွက်ခွင့်မပေးခဲ့တဲ့အပြင် သူတောက်လျှောက်ဖမ်းလာတဲ့ အက်ဖ်အေဖလားနဲ့ယူရိုပါလိဂ်ပြိုင်ပွဲရဲ့အကြိုဗိုလ်လုပွဲတွေမှာပါ ဒီဂီယာကို ပြောင်းလဲ အသုံးပြုခဲ့တာကြောင့် ရိုမဲရိုး အတွက် အတော်ကို မမျှတတဲ့အခြေအနေတစ်ရပ်ဖြစ်ခဲ့ပါတယ်။

တစ်နှစ်လုံးမှ ပွဲ ၁၇ပွဲသာကစားခဲ့ရတဲ့ အာဂျင်တီးနားနိုင်ငံ့လက်ရွေးစင်ကစားသမားရဲ့ ယူနိုက်တက်ကလပ်အသင်းအပေါ် ချစ်ခင်မြတ်နိုးတဲ့စိတ်ကို အဆုံးသတ်ဖို့ဖြစ်လာစေခဲ့ပါပြီ။

ယူနိုက်တက်အသင်းအတွက်လည်း ဒီဂီယာဝင်ရောက်ကစားခဲ့တဲ့ (၂)ပွဲလုံးအရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့်လည်း အာဂျင်တီးနား အခြေစိုက် El Intransigente အားကစားသတင်းဌာနက “ ရိုမဲရိုးအတွက် အိုးလ်ထရက်ဖိုဒ်မှာ ကြောက်စရာကောင်းတဲ့အချိန် ရောက်နေပြီ သူ့ရဲ့ ငယ်ဘဝကလပ်ဖြစ်တဲ့ ရေဆင်းအသင်းကိုပြန်လည်ပြောင်းရွှေ့လာဖို့ ဖြစ်လာတော့မယ် ” ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ်။

ရေဆင်းအသင်းဘက်ကလည်း ပြန်လည်ခေါ်ယူချင်နေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပြီး ရေဆင်းအသင်းဥက္ကဌ ဗစ်တာဘလန်ကို က “ ဥရောပဘောလုံးလောကမှာကစားလာတဲ့ကစားသမားအတွက် ဒီအသင်းမှာ ငွေကြေးပိုင်းကွာခြားမှုကို မဖြစ်ပေါ်စေရပါဘူး။ ရိုမဲရိုးကို ပြန်လာဖို့အမြဲတမ်းတံခါးဖွင့်ထားတယ်။ ခင်ဗျားကြီးပြင်ခဲ့တဲ့နေရာကို အသင်းဝတ်စုံပြန်လည်ဝတ်ဆင်ပြီး လာကြည့်စေခြင်ပါတယ်” လို့လဲဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ရိုမဲရိုးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာ၊ ချယ်လ်ဆီး၊ လိဒ်စ်ယူနိုက်တက်အသင်းအပါအဝင် ဥရောပအသင်းအများအပြားက ချိတ်ဆက်နေတယ်လို့ Daily Expressသတင်းဌာနကဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် Sky Sports Newsrမှာတော့ “ မန်ချက်စတာယူနိုက်တက်ဟာဆာဂျီယိုရိုမီယိုအတွက် တရားဝင်ကမ်းလှမ်းချက်ကိုနားထောင်ချင်နေပါတယ်။ အက်စတွန်ဗီလာနဲ့ချယ်လ်ဆီးတို့ရဲ့တရားဝင်ဆက်သွယ်မှုကတော့အခုအထိမရှိသေးဘူး” လို့ ကစားသမားအပြောင်းအရွှေ့ရေးရာကျွမ်းကျင်သူ ဆိုလ်ကော့က ပြောကြားခဲ့ပါတယ်။

ရိုမဲရိုး ဟာ လူငယ်ကစားသမားဘဝနဲ့ ရေဆင်းအသင်းမှာ (၂၀၀၃) ကနေ (၂၀၀၆)အထိကစားခဲ့ပြီး အသင်းကြီး ကစားသမားဘဝနဲ့ (၂၀၀၆) ကနေ (၂၀၀၇) အထိသာကစားခဲ့ပြီး လူးဝစ်ဗန်ဂေါရဲ့ AZ အယ်ကမာအသင်းကိုပြောင်းရွေ့သွားခဲ့သူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi






