ချဲလ်ဆီးသုံးတာကို ဝေဖန်ခဲ့ပေမယ့် လိဒ်နဲ့ပွဲမှာ ကလော့ပ်အသင်းရဲ့ပွဲထွက်တန်ဖိုးက ပေါင် ၃၅၆ သန်းရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းက ကွင်းဘေးမှာ အခြေအတင်ဖြစ်ခဲ့ကြတဲ့ လမ်းပတ်နဲ့ကလော့ပ်တို့ကြားက အစိုင်အခဲဟာ အရမ်းကိုလျင်မြန်စွာနဲ့ပဲ ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ပါတယ်။

အဲဒီကိစ္စအတွက် လမ်းပတ်ဘက်က မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ပေမယ့် အခုနွေရာသီဈေးကွက်မှာ ချဲလ်ဆီးရဲ့သုံးစွဲမှုတွေနဲ့ပတ်သက်ပြီး ကလော့ပ်က ဝေဖန်လိုက်ကာ အဲဒီအတွက် လမ်းပတ်ကလည်း ပြန်လည်တုံ့ပြန်ခဲ့လို့ သူတို့ကြားမှာ ပွဲပြန်ဆူလာတာပါ။

ချဲလ်ဆီးဟာ ဒီနွေရာသီမှာ ကိုင်ဟာဗက်ဇ်နဲ့တီမိုဝါနာတို့ ဂျာမန်သားနှစ်ယောက်အပါအဝင် ကစားသမားသစ်တွေအတွက် ပေါင်သန်း ၂၃၀ သုံးစွဲထားတာပါ။ ဒါပေမဲ့ လိဒ်နဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်က လီဗာပူးပွဲထွက်လူစာရင်းရဲ့တန်ဖိုးဟာ ပေါင် ၃၅၆ သန်းတောင် ဖြစ်နေပါတယ်။

လီဗာပူးကစားသမားတွေထဲမှာ ဗန်ဒစ်ဂျ်က တန်ကြေးအကြီးဆုံးဖြစ်ပြီး ၂၀၁၈ တုန်းက ဆောက်သမ်တန်ကနေ ပေါင် ၇၅ သန်းနဲ့ ပြောင်းလာတာပါ။ ဒီလိုပဲ ဂိုးသမားအယ်လစ်ဆန်က ပေါင် ၆၇ သန်းနဲ့ ရိုးမားကရောက်လာပြီး နဘီကီတာကလည်း ပေါင် ၅၇ သန်းနဲ့ ဆဲလ်ဘက်က ရောက်လာတာပါ။

လီဗာပူးရဲ့နာမည်ကြီးတိုက်စွဲအတွဲဖြစ်တဲ့ မာနီ၊ဆာလာနဲ့ဖာမီနိုတို့ ၃ ယောက်ပေါင်းအတွက် ကလပ်က ပေါင် ၉၈ သန်း သုံးစွဲခဲ့ပါတယ်။

လိဒ်နဲ့ပွဲက ကလော့ပ်ရဲ့ပွဲထွက်စာရင်းမှာ အကယ်ဒမီထွက်ဆိုလို့ အာနိုးတစ်ယောက်သာ ပါဝင်ခဲ့တာပါ။

စကော့တလန်ဘယ်နောက်ခံကစားသမားရောဘတ်ဆန်၊ အင်္ဂလန်ဗဟိုခံစစ်ကစားသမားဂျိုးဂိုမက်ဇ်နဲ့ အသင်းခေါင်းဆောင်ဟန်ဒါဆန်တို့ကတော့ လီဗာပူးရဲ့ပေါချောင်ကောင်းခေါ်ယူမှုတွေ ဖြစ်ခဲ့ပါတယ်။

တစ်ဖက်မှာ ဘရိုက်တန်နဲ့ပွဲအတွက် ချဲလ်ဆီးရဲ့ဖြစ်နိုင်ဖွယ်လူစာရင်းတန်ဖိုးက ပေါင် ၂၇၄ သန်းသာ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ခ်ဲလ္ဆီးသုံးတာကို ေ၀ဖန္ခဲ့ေပမယ့္ လိဒ္နဲ႔ပြဲမွာ ကေလာ့ပ္အသင္းရဲ႕ပြဲထြက္တန္ဖိုးက ေပါင္ ၃၅၆ သန္းရွိ

ၿပီးခဲ့တဲ့ရာသီေႏွာင္းပိုင္းက ကြင္းေဘးမွာ အေျခအတင္ျဖစ္ခဲ့ၾကတဲ့ လမ္းပတ္နဲ႔ကေလာ့ပ္တို႔ၾကားက အစိုင္အခဲဟာ အရမ္းကိုလ်င္ျမန္စြာနဲ႔ပဲ ထိန္းမႏိုင္သိမ္းမရျဖစ္လာခဲ့ပါတယ္။ အဲဒီကိစၥအတြက္ လမ္းပတ္ဘက္က ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ခ့ဲေပမယ့္ အခုေႏြရာသီေစ်းကြက္မွာ ခ်ဲလ္ဆီးရဲ႕သုံးစြဲမႈေတြနဲ႔ပတ္သက္ၿပီး ကေလာ့ပ္က ေ၀ဖန္လုိက္ကာ အဲဒီအတြက္ လမ္းပတ္ကလည္း ျပန္လည္တုံ႔ျပန္ခဲ့လို႔ သူတုိ႔ၾကားမွာ ပြဲျပန္ဆူလာတာပါ။

ခ်ဲလ္ဆီးဟာ ဒီေႏြရာသီမွာ ကိုင္ဟာဗက္ဇ္နဲ႔တီမို၀ါနာတို႔ ဂ်ာမန္သားႏွစ္ေယာက္အပါအ၀င္ ကစားသမားသစ္ေတြအတြက္ ေပါင္သန္း ၂၃၀ သုံးစြဲထားတာပါ။ ဒါေပမဲ့ လိဒ္နဲ႔ပရီးမီးယားလိဂ္ရာသီအဖြင့္က လီဗာပူးပြဲထြက္လူစာရင္းရဲ႕တန္ဖုိးဟာ ေပါင္ ၃၅၆ သန္းေတာင္ ျဖစ္ေနပါတယ္။

လီဗာပူးကစားသမားေတြထဲမွာ ဗန္ဒစ္ဂ်္က တန္ေၾကးအႀကီးဆုံးျဖစ္ၿပီး ၂၀၁၈ တုန္းက ေဆာက္သမ္တန္ကေန ေပါင္ ၇၅ သန္းနဲ႔ ေျပာင္းလာတာပါ။ ဒီလုိပဲ ဂိုးသမားအယ္လစ္ဆန္က ေပါင္ ၆၇ သန္းနဲ႔ ရိုးမားကေရာက္လာၿပီး နဘီကီတာကလည္း ေပါင္ ၅၇ သန္းနဲ႔ ဆဲလ္ဘက္က ေရာက္လာတာပါ။

လီဗာပူးရဲ႕နာမည္ႀကီးတုိက္စြဲအတြဲျဖစ္တဲ့ မာနီ၊ဆာလာနဲ႔ဖာမီႏိုတို႔ ၃ ေယာက္ေပါင္းအတြက္ ကလပ္က ေပါင္ ၉၈ သန္း သုံးစြဲခဲ့ပါတယ္။ လိဒ္နဲ႔ပြဲက ကေလာ့ပ္ရဲ႕ပြဲထြက္စာရင္းမွာ အကယ္ဒမီထြက္ဆုိလုိ႔ အာႏိုးတစ္ေယာက္သာ ပါ၀င္ခဲ့တာပါ။

စေကာ့တလန္ဘယ္ေနာက္ခံကစားသမားေရာဘတ္ဆန္၊ အဂၤလန္ဗဟိုခံစစ္ကစားသမားဂ်ိဳးဂိုမက္ဇ္နဲ႔ အသင္းေခါင္းေဆာင္ဟန္ဒါဆန္တို႔ကေတာ့ လီဗာပူးရဲ႕ေပါေခ်ာင္ေကာင္းေခၚယူမႈေတြ ျဖစ္ခဲ့ပါတယ္။ တစ္ဖက္မွာ ဘရိုက္တန္နဲ႔ပြဲအတြက္ ခ်ဲလ္ဆီးရဲ႕ျဖစ္ႏိုင္ဖြယ္လူစာရင္းတန္ဖိုးက ေပါင္ ၂၇၄ သန္းသာ ရွိပါတယ္။