ဘီယက်ဆာရဲ့လိဒ်ဟာ ဒီညမှာ ပွဲရလဒ်ရူံးနိမ့်ခဲ့ပေမယ့် ကောင်းမွန်တဲ့ ကစားဟန်ကိုချပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒီညမှာ ပရီမီးယားလိဂ်ရဲ့ ရာသီအဖွင့်ပွဲစဉ်တွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်တဲ့ ပရီမီးယားလိဂ်ချန်ပီယံလီဗာပူးနဲ့ တန်းတက် ချန်ပီယံရှစ်ချန်ပီယံလိဒ်ယူနိက်တက် ပွဲစဉ်ကတော့ သွင်းဂိုးအမြောက်အမြားနဲ့ ပရိတ်သတ်တွေ အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် နည်းပြ ဘီယက်ဆာရဲ့ လိဒ်ယူနိက်တက်ဟာ တန်းတက်အသင်းတစ်သင်းလို့မထင်ရလောက်အောင် ခြေစွမ်းတွေပြသခဲ့ပြီး အန်ဖီးလ်မှာ လီဗာပူးကို တော်တော်လေးအခက်တွေ့စေခဲ့ပါတယ်။

နည်းပြကလော့ရဲ့ လီဗာပူး အသင်းကတော့ ဆာလက်၊ ဖာမီနို၊ မာနေး တိုက်စစ်ကစားသမားတွေနဲ့ ၄- ၃-၃ ကစားကွက် ကိုအသုံးပြုပြီး ပွဲထွက်လာခဲ့ပါတယ်။ ပွဲစပြီး ၂ မိနစ်အကြာမှာ ဆာလက်ကန်သွင်းတဲ့ဘောလုံးဟာ လိဒ်နောက်ခံလူ ကိုစ့်ရဲ့လက်နဲ့ ထိမိခဲ့ပြီး လိဒ်ယူနိက်တက် ပင်နယ်တီ ပေးခဲ့ရပါတယ်။ ပင်နယ်တီကို ဆာလက်က အမှားအယွင်း မရှိကန်သွင်းခဲ့ပြီး လီဗာပူးအသင်းဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

လိဒ်ယူနိက်တက်ဟာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက်မှာ လီဗာပူး အသင်းရဲ့ ညာတောင်ပံကနေတရစပ် ဖိအားပေးခဲ့ပါတယ်။ ပွဲကစားချိန် ၁၂မိနစ်မှာ လိဒ်အတွက်ချေပဂိုးကို ဂျက်ဟယ်ရီဆင်ဟာ လီဗာပူး နောက်ခံလူ နှစ်ယောက်ကြားက လှလှပပကန်သွင်းပြီးရယူခဲ့ပြီး ၁-၁ဖြစ်ခဲ့ပါတယ်။

ပထမပိုင်း မိနစ် ၂၀မှာရော်ဘတ်ဆန် တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကနေ ဗန်ဒိုက်ကသူ့ရဲ့အားသာချက်အတိုင်း လိဒ်အသင်းဘက်ကို ခေါင်းတိုက်သွင်းယူခဲ့ပြီး လီဗာပူးအသင်းပွဲကို ပြန်လည်ဦးဆောင်ခဲ့ပါတယ်။

လိဒ်ရဲ့တန်ပြန်တိုက်စစ်၊ ရုန်းအားတွေကြောင့် ၂-၁ ဖြစ်ပြီး ၁၀မိနစ်အကြာမှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ရဲ့ အမှားကနေ ဘန်ဖို့က ချေပဂိုး သွင်းယူခဲ့ပြီး ၂-၂ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် လိဒ်ရဲ့ ချေပဂိုးဟာ ၃မိနစ်သာ ခံခဲ့ပြီး ပွဲချိန် ၃၃မိနစ်မှာ အလွတ်တည်ကန်ဘောကနေ လိဒ်ကစားသမားခေါင်းတိုက်ဖြတ်ထုတ်လိုက်တဲ့ဘောလုံးကနေ ဆာလက်ရဲ့ ဒီညထူးရှယ်အပြင်းကန်ချက်ကြောင့် ၃-၂ဖြစ်ခဲ့ပြီးပထမပိုင်းအပြီးမှာ လီဗာပူအသင်းက လိဒ်အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ နှစ်သင်းလုံးဟာ ကစားပုံ အနည်းငယ် နှေးနေခဲ့ပါတယ်။ ပွဲကစားချိန် ၆၆မိနစ်မှာ ကလစ်က လိဒ်ရဲ့ညာတောင်ပံကစားသမားထိုးပေးလိုက်တဲ့ ဘောလုံးကို လီဗာပူး နောက်ခံလူတွေကြားကနေ ဘယ်ခြေနဲ့တစ်ချက်ထိန်းတယ်။ မနားဘူး တရစပ်လှမ်းကန်သွင်းခဲ့တာကြောင့် ၃-၃ဖြစ်ခဲ့ပါတယ်။

၈၈မိနစ်မှာ လိဒ်တိုက်စစ်မှူး ရိုဒရီဂိုဟာ လီဗာပူး ကွင်းလယ်လူ ဖာဘင်ဟိုကို တားဆီးရာမှာ ဘောလုံးကိုမထိပဲ ပြေးလမ်းပိတ်သလိုဖြစ်ခဲ့တာကြောင့် လီဗာပူး အသင်းဟာ ပင်နယ်တီထပ်မံရရှိခဲ့ပါတယ်။

အဆိုပါပင်နယ်တီကို ဆာလက်က သွင်းယူခဲ့ပြီး ဒီရာသီမှာ သူ့ရဲ့ပထမဆုံး Hat-trick ကိုရရှိခဲ့သလို လီဗာပူး အသင်းကလည်း လေးဂိုး သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲ့သည့် နောက်မှာ လီဗာပူးအသင်းဟာအနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပါတယ်။

ဘီယဲလ်ဆာက တော့ ပရီမီးယားလိဂ် အဖွင့်ပွဲမှာတင် ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပါပြီ။ ဘီယဲလ်ဆာရဲ့ဆောင့်ကြောင့် ထိုင်ပြီး ပွဲကို ဖတ်နေတာ မျက်လုံးတွေ၊ နာမည်ကျော် မဟုတ်တဲ့သူတွေနဲ့ သူ့အသင်း ပြင်ဆင်ပွဲထွက်လာပုံတွေ၊ အကောင်းဆုံးတိုက်စစ်တုံ့ပြန်ပုံတွေကို လူတွေ သတိထားမိကြပါပြီ။ လီဗာပူးလို တိုက်စစ်အားသန်တဲ့အသင်းကို အပြန်အလှန်တိုက်စစ်ကစားပြပြီး ၅ ယောက်လောက်က ရှေ့မှာ အတန်းလိုက် နေရာယူပြီး နောက်ကလာမယ့် ဘောလုံးနဲ့ချိတ်ဆက်ပြီးတိုက်စစ်ကစားသွားတာမှာ ဗန်ဒိုက်ဦးဆောင်တဲ့ လီဗာပူး ခံစစ်သမားတွေ အတော်ကိုဖိအားများစေခဲ့ပါတယ်။

လီဗာပူးအသင်းဘောလုံးရသွားချိန်မှာလည်း အားလုံး ခံစစ်ကိုပြန်လည်လိုက်ပါပြီး မမောတမ်း ကစားအားချမသွားခဲ့တဲ့ လိစ်ဒ်ကို လူပြောများစေခဲ့ပါတယ်။

လီဗာပူး ကစားသမားတွေကို တစ်ယောက်ချင်း မထိန်းပဲ အသင်းလိုက် အားနဲ့စုစည်းမှုယူပြီး ကစားပြသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ဘီယက္ဆာရဲ႕လိဒ္ဟာ ဒီညမွာ ပြဲရလဒ္႐ူံးနိမ့္ခဲ့ေပမယ့္ ေကာင္းမြန္တဲ့ ကစားဟန္ကိုခ်ျပခဲ့ပါတယ္။

ဒီညမွာ ပရီမီးယားလိဂ္ရဲ႕ ရာသီအဖြင့္ပြဲစဥ္ေတြထဲက စိတ္ဝင္စားစရာအေကာင္းဆုံးပြဲစဥ္ တစ္ပြဲျဖစ္တဲ့ ပရီမီးယားလိဂ္ခ်န္ပီယံလီဗာပူးနဲ႔ တန္းတက္ ခ်န္ပီယံရွစ္ခ်န္ပီယံလိဒ္ယူနိက္တက္ ပြဲစဥ္ကေတာ့ သြင္းဂိုးအေျမာက္အျမားနဲ႔ ပရိတ္သတ္ေတြ အတြက္ ပြဲေကာင္းတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္ နည္းျပ ဘီယက္ဆာရဲ႕ လိဒ္ယူနိက္တက္ဟာ တန္းတက္အသင္းတစ္သင္းလို႔မထင္ရေလာက္ေအာင္ ေျခစြမ္းေတြျပသခဲ့ၿပီး အန္ဖီးလ္မွာ လီဗာပူးကို ေတာ္ေတာ္ေလးအခက္ေတြ႕ေစခဲ့ပါတယ္။

နည္းျပကေလာ့ရဲ႕ လီဗာပူး အသင္းကေတာ့ ဆာလက္၊ ဖာမီႏို၊ မာေနး တိုက္စစ္ကစားသမားေတြနဲ႔ ၄- ၃-၃ ကစားကြက္ ကိုအသုံးျပဳၿပီး ပြဲထြက္လာခဲ့ပါတယ္။ ပြဲစၿပီး ၂ မိနစ္အၾကာမွာ ဆာလက္ကန္သြင္းတဲ့ေဘာလုံးဟာ လိဒ္ေနာက္ခံလူ ကိုစ့္ရဲ႕လက္နဲ႔ ထိမိခဲ့ၿပီး လိဒ္ယူနိက္တက္ ပင္နယ္တီ ေပးခဲ့ရပါတယ္။ ပင္နယ္တီကို ဆာလက္က အမွားအယြင္း မရွိကန္သြင္းခဲ့ၿပီး လီဗာပူးအသင္းဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။ လိဒ္ယူနိက္တက္ဟာ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရၿပီးေနာက္မွာ လီဗာပူး အသင္းရဲ႕ ညာေတာင္ပံကေနတရစပ္ ဖိအားေပးခဲ့ပါတယ္။ ပြဲကစားခ်ိန္ ၁၂မိနစ္မွာ လိဒ္အတြက္ေခ်ပဂိုးကို ဂ်က္ဟယ္ရီဆင္ဟာ လီဗာပူး ေနာက္ခံလူ ႏွစ္ေယာက္ၾကားက လွလွပပကန္သြင္းၿပီးရယူခဲ့ၿပီး ၁-၁ျဖစ္ခဲ့ပါတယ္။

ပထမပိုင္း မိနစ္ ၂၀မွာ ေရာ္ဘတ္ဆန္ တင္ေပးလိုက္တဲ့ ေထာင့္ကန္ေဘာကေန ဗန္ဒိုက္ကသူ႔ရဲ႕အားသာခ်က္အတိုင္း လိဒ္အသင္းဘက္ကို ေခါင္းတိုက္သြင္းယူခဲ့ၿပီး လီဗာပူးအသင္းပြဲကို ျပန္လည္ဦးေဆာင္ခဲ့ပါတယ္။ လိဒ္ရဲ႕တန္ျပန္တိုက္စစ္၊ ႐ုန္းအားေတြေၾကာင့္ ၂-၁ ျဖစ္ၿပီး ၁၀မိနစ္အၾကာမွာ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ရဲ႕ အမွားကေန ဘန္ဖို႔က ေခ်ပဂိုး သြင္းယူခဲ့ၿပီး ၂-၂ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ လိဒ္ရဲ႕ ေခ်ပဂိုးဟာ ၃မိနစ္သာ ခံခဲ့ၿပီး ပြဲခ်ိန္ ၃၃မိနစ္မွာ အလြတ္တည္ကန္ေဘာကေန လိဒ္ကစားသမားေခါင္းတိုက္ျဖတ္ထုတ္လိုက္တဲ့ေဘာလုံးကေန ဆာလက္ရဲ႕ ဒီညထူးရွယ္အျပင္းကန္ခ်က္ေၾကာင့္ ၃-၂ျဖစ္ခဲ့ၿပီး ပထမပိုင္းအၿပီးမွာ လီဗာပူအသင္းက လိဒ္အသင္းကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္လည္စတင္ခ်ိန္မွာ ႏွစ္သင္းလုံးဟာ ကစားပုံ အနည္းငယ္ ေႏွးေနခဲ့ပါတယ္။ ပြဲကစားခ်ိန္ ၆၆မိနစ္မွာ ကလစ္က လိဒ္ရဲ႕ညာေတာင္ပံကစားသမားထိုးေပးလိုက္တဲ့ ေဘာလုံးကို လီဗာပူး ေနာက္ခံလူေတြၾကားကေန ဘယ္ေျခနဲ႔တစ္ခ်က္ထိန္းတယ္။ မနားဘူး တရစပ္လွမ္းကန္သြင္းခဲ့တာေၾကာင့္ ၃-၃ျဖစ္ခဲ့ပါတယ္။ ၈၈မိနစ္မွာ လိဒ္တိုက္စစ္မႉး ႐ိုဒရီဂိုဟာ လီဗာပူး ကြင္းလယ္လူ ဖာဘင္ဟိုကို တားဆီးရာမွာ ေဘာလုံးကိုမထိပဲ ေျပးလမ္းပိတ္သလိုျဖစ္ခဲ့တာေၾကာင့္ လီဗာပူး အသင္းဟာ ပင္နယ္တီထပ္မံရရွိခဲ့ပါတယ္။ အဆိုပါပင္နယ္တီကို ဆာလက္က သြင္းယူခဲ့ၿပီး ဒီရာသီမွာ သူ႔ရဲ႕ပထမဆုံး Hat-trick ကိုရရွိခဲ့သလို လီဗာပူး အသင္းကလည္း ေလးဂိုး သုံးဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။အဲ့သည့္ ေနာက္မွာ လီဗာပူးအသင္းဟာအႏိုင္ရလဒ္ကို ထိန္းကစားသြားခဲ့ပါတယ္။

ဘီယဲလ္ဆာက ေတာ့ ပရီမီးယားလိဂ္ အဖြင့္ပြဲမွာတင္ ပရိသတ္ေတြကိုဖမ္းစားႏိုင္ခဲ့ပါၿပီ။ ဘီယဲလ္ဆာရဲ႕ေဆာင့္ေၾကာင့္ ထိုင္ၿပီး ပြဲကို ဖတ္ေနတာ မ်က္လုံးေတြ၊ နာမည္ေက်ာ္ မဟုတ္တဲ့သူေတြနဲ႔ သူ႔အသင္း ျပင္ဆင္ပြဲထြက္လာပုံေတြ၊ အေကာင္းဆုံးတိုက္စစ္တုံ႔ျပန္ပုံေတြကို လူေတြ သတိထားမိၾကပါၿပီ။ လီဗာပူးလို တိုက္စစ္အားသန္တဲ့အသင္းကို အျပန္အလွန္တိုက္စစ္ကစားျပၿပီး ၅ ေယာက္ေလာက္က ေရွ႕မွာ အတန္းလိုက္ ေနရာယူၿပီး ေနာက္ကလာမယ့္ ေဘာလုံးနဲ႔ခ်ိတ္ဆက္ၿပီးတိုက္စစ္ကစားသြားတာမွာ ဗန္ဒိုက္ဦးေဆာင္တဲ့ လီဗာပူး ခံစစ္သမားေတြ အေတာ္ကိုဖိအားမ်ားေစခဲ့ပါတယ္။ လီဗာပူးအသင္းေဘာလုံးရသြားခ်ိန္မွာလည္း အားလုံး ခံစစ္ကိုျပန္လည္လိုက္ပါၿပီး မေမာတမ္း ကစားအားခ်မသြားခဲ့တဲ့ လိစ္ဒ္ကို လူေျပာမ်ားေစခဲ့ပါတယ္။ လီဗာပူး ကစားသမားေတြကို တစ္ေယာက္ခ်င္း မထိန္းပဲ အသင္းလိုက္ အားနဲ႔စုစည္းမႈယူၿပီး ကစားျပသြားခဲ့ပါတယ္။