ခရိုအေးရှားအသင်းကိုအနိုင်ရတဲ့ပွဲမှာ မာစီယဲလ်ဟာ သူဘယ်လိုကစားသမားမျိုးလဲဆိုတာပြသလိုက်တာပါပဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

၂၀၁၈ မတ်လနောက်ပိုင်း ပြင်သစ်လက်ရွေးစင်အသင်းမှာ နှစ်နှစ်ခွဲ ခွဲ ကြာအောင်ရွေးချယ်မခံခဲ့ရတဲ့ အန်တိုနီယိုမာစီယဲလ်ဟာ UEFA Nations League ပွဲစဉ်တွေမှာ ပြန်လည်ရွေးချယ်ခံရပြီးနောက် မနေ့ညက ကစားသွားခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ အကောင်းဆုံးပုံစံကိုပြန်လည်ပြသနိုင်ခဲ့ပါတယ်။

အသင်းအတွက် ပွဲထွက်ကစားခဲ့ရပြီး သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့သလို ပြင်သစ်အသင်းကလည်း ခရိုအေးရှားအသင်းကို (၄)ဂိုး(၂)ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့သွင်းဂိုး ကိုတော့ခရိုအေးရှားဂိုးသမား ဒိုမီနစ်ရဲ့ သွင်းဂိုး(OG) အဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့တိုက်စစ်ကစားသမား အန်တိုနီယိုမာစီယဲလ်ဟာ ပြင်သစ်အသင်းအတွက် ရွေးချယ်မခံခဲ့ရတာ နှစ်အနည်းငယ် ကြာမြင့်နေပြီဖြစ်ပေမယ့် အခုလို အသင်းအတွက် ပြန်လည်ရွေးချယ်ခံရချိန်မှာ သွင်းဂိုးတစ်ဂိုးရော ဂိုးဖန်တီးမှုတစ်ကြိမ်ကိုပါ ပူးတွဲလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အလွန်ကို ဝမ်းမြောက်ရပါတယ်လို့ မာစီယဲလ်က ပြောဆိုလာခဲ့ပါတယ်။

မာစီယဲလ်က “အချိန်တွေအတော်ကြာပြီနောက်မှ ပြင်သစ်အသင်းအတွက် ကျွန်တော် ပြန်လည်ကစားခဲ့ရတာပါ။ ကျွန်တော်အတွက်တော့ ပွဲကောင်းတစ်ပွဲဖြစ်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒီပွဲမှာ ကျွန်တော်က သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်စီကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ပွဲရခဲ့လို့ အရမ်းကို ဝမ်းမြောက်မိပါတယ်။

ပွဲအစ ပထမပိုင်းမှာ ကျွန်တော်တို့ တိုက်စစ်ကစားသမား၃ယောက် အချင်းချင်ချိတ်ဆက်မမိခဲ့လို့ ဘောလုံးတွေဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှအချင်းချင်း ချိတ်ဆက်မိသွားချိန်မှာတော့ ပြိုင်ဘက်အသင်းရဲ့ခံစစ်ပိုင်းကို ဘယ်လိုအန္တရာယ်ပေးလာရမလဲဆိုတာ ပိုသိလာခဲ့တယ်။ နိုင်ပွဲက တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ ခရိုအေးရှားအသင်းကိုအနိုင်ရလိုက်တာဟာလည်း အသင်းအတွက်အရေးကြီးတဲ့ပွဲစဉ်တစ်ခုပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒေ့ရှန်က “သူခြေစွမ်းကျနေခဲ့စဉ်က ကျွန်တော်ဟာနည်းပြတစ်ယောက်အနေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်တွေကို ပြောင်းလဲဖို့ မပြောဖူးခဲ့ပါဘူး။ ဒါပေမယ့် အခုသူဟာ ပြင်သစ်လက်ရွေးစဉ်အသင်းနဲ့ထိုက်တန်တဲ့ ပြောင်းလဲမှုတွေကိုလုပ်ဆောင်ပြသနေပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်လာအောင် လုပ်နိုင်တဲ့အစွမ်းရှိတယ်ဆိုတာပြသနေပါပြီ။ သူဟာအခု လမ်းကြောင်းမှန်ပေါ်မှာရှိနေပါတယ်။ သူ့အသက် အရွယ်နဲ့ဆို သူ့စွမ်းဆောင်ရည်ဟာ ဂုဏ်ပြုလို့ ရမယ့် အဆင့်မှာ ရှိနေပါတယ် သူ အရမ်းသန်မာလာတယ် ပိုကြံ့ခိုင်တဲ့ စိတ်ဓာတ်မျိုးနဲ့ပေါ့ ” လို့ မာစီယဲလ်အပေါ် မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

ဂရစ်ဇ်မန်းကလည်း”အန်တိုနီဟာနည်စနစ်ပိုင်းကောင်းမွန်တဲ့ ကစားသမားမျိုးဖြစ်ပြီး သူနဲ့အတူတွဲဖက်ကစားရတာ အဆင်ပြေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မာစီယဲလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၄၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၂၃)သွင်းအထိ သွင်းယူခဲ့တာကြောင့် ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒေ့ရှန်ကနေ အသင်းအတွက် ပြန်လည်ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ခ႐ိုေအးရွားအသင္းကိုအႏိုင္ရတဲ့ပြဲမွာ မာစီယဲလ္ဟာ သူဘယ္လိုကစားသမားမ်ိုးလဲဆိုတာျပသလိုက္တာပါပဲ

၂၀၁၈ မတ္လေနာက္ပိုင္း ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ ႏွစ္ႏွစ္ခြဲ ခြဲ ၾကာေအာင္ေ႐ြးခ်ယ္မခံခဲ့ရတဲ့ အန္တိုနီယိုမာစီယဲလ္ဟာ UEFA Nations League ပြဲစဥ္ေတြမွာ ျပန္လည္ေ႐ြးခ်ယ္ခံရၿပီးေနာက္ မေန႔ညက ကစားသြားခဲ့တဲ့ ခ႐ိုေအးရွားအသင္းနဲ႔ ပြဲစဥ္မွာ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကိုျပန္လည္ျပသႏိုင္ခဲ့ပါတယ္။ အသင္းအတြက္ ပြဲထြက္ကစားခဲ့ရၿပီး သြင္းဂိုးတစ္ဂိုးနဲ႔ ဂိုးဖန္တီးမႈတစ္ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့သလို ျပင္သစ္အသင္းကလည္း ခ႐ိုေအးရွားအသင္းကို (၄)ဂိုး(၂)ဂိုးနဲ႔ အႏိုင္ယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕သြင္းဂိုး ကိုေတာ့ခရိုေအးရွားဂိုးသမား ဒိုမီနစ္ရဲ႕ သြင္းဂိုး(OG) အျဖစ္သာ သတ္မွတ္ခံခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ျပင္သစ္အသင္းတို႔ရဲ႕တိုက္စစ္ကစားသမား အန္တိုနီယိုမာစီယဲလ္ဟာ ျပင္သစ္အသင္းအတြက္ ေ႐ြးခ်ယ္မခံခဲ့ရတာ ႏွစ္အနည္းငယ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္ အခုလို အသင္းအတြက္ ျပန္လည္ေ႐ြးခ်ယ္ခံရခ်ိန္မွာ သြင္းဂိုးတစ္ဂိုးေရာ ဂိုးဖန္တီးမႈတစ္ႀကိမ္ကိုပါ ပူးတြဲလုပ္ေဆာင္ႏိုင္ခဲ့တဲ့အတြက္ အလြန္ကို ဝမ္းေျမာက္ရပါတယ္လို႔ မာစီယဲလ္က ေျပာဆိုလာခဲ့ပါတယ္။

မာစီယဲလ္က “အခ်ိန္ေတြအေတာ္ၾကာၿပီေနာက္မွ ျပင္သစ္အသင္းအတြက္ ကြၽန္ေတာ္ ျပန္လည္ကစားခဲ့ရတာပါ။ ကြၽန္ေတာ္အတြက္ေတာ့ ပြဲေကာင္းတစ္ပြဲျဖစ္ဖို႔က အေရးအႀကီးဆုံးပါပဲ။ ဒီပြဲမွာ ကြၽန္ေတာ္က သြင္းဂိုးတစ္ဂိုးနဲ႔ ဂိုးဖန္တီးမႈတစ္ႀကိမ္စီကို လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ပြဲရခဲ့လို႔ အရမ္းကို ဝမ္းေျမာက္မိပါတယ္။

ပြဲအစ ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ တိုက္စစ္ကစားသမား၃ေယာက္ အခ်င္းခ်င္ခ်ိတ္ဆက္မမိခဲ့လို႔ ေဘာလုံးေတြဆုံးရႈံးခဲ့ပါတယ္။ ဒါေပမယ့္ ပြဲခ်ိန္ၾကာလာတာနဲ႔ အမွ်အခ်င္းခ်င္း ခ်ိတ္ဆက္မိသြားခ်ိန္မွာေတာ့ ၿပိဳင္ဘက္အသင္းရဲ႕ခံစစ္ပိုင္းကို ဘယ္လိုအႏၲရာယ္ေပးလာရမလဲဆိုတာ ပိုသိလာခဲ့တယ္။ ႏိုင္ပြဲက တကယ့္ကို ေကာင္းမြန္ခဲ့ပါတယ္။ ခ႐ိုေအးရွားအသင္းကိုအႏိုင္ရလိုက္တာဟာလည္း အသင္းအတြက္အေရးႀကီးတဲ့ပြဲစဥ္တစ္ခုပါ” လို႔ ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။

ျပင္သစ္အသင္းနည္းျပ ဒီဒီယာေဒ့ရွန္က “သူေျခစြမ္းက်ေနခဲ့စဥ္က ကၽြန္ေတာ္ဟာနည္းျပတစ္ေယာက္အေနနဲ႕ သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြကို ေျပာင္းလဲဖို႔ မေျပာဖူးခဲ့ပါဘူး။ ဒါေပမယ့္ အခုသူဟာ ျပင္သစ္လက္ေ႐ြးစဥ္အသင္းနဲ႔ထိုက္တန္တဲ့ ေျပာင္းလဲမႈေတြကိုလုပ္ေဆာင္ျပသေနၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္ကိုလည္း ပိုမိုေကာင္းမြန္လာေအာင္ လုပ္ႏိုင္တဲ့အစြမ္းရွိတယ္ဆိုတာျပသေနပါၿပီ။ သူဟာအခု လမ္းေၾကာင္းမွန္ေပၚမွာရွိေနပါတယ္။ သူ႔အသက္ အ႐ြယ္နဲ႔ဆို သူ႔စြမ္းေဆာင္ရည္ဟာ ဂုဏ္ျပဳလို႔ ရမယ့္ အဆင့္မွာ ရွိေနပါတယ္ သူ အရမ္းသန္မာလာတယ္ ပိုႀကံ့ခိုင္တဲ့ စိတ္ဓာတ္မ်ိဳးနဲ႔ေပါ့ ” လို႔ မာစီယဲလ္အေပၚ မွတ္ခ်က္ေပးေျပာဆိုခဲ့ပါတယ္။

ဂရစ္ဇ္မန္းကလည္း”အန္တိုနီဟာနည္စနစ္ပိုင္းေကာင္းမြန္တဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး သူနဲ႔အတူတြဲဖက္ကစားရတာ အဆင္ေျပပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

မာစီယဲလ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ(၄၈)ပြဲအထိ ပါဝင္ကစားထားခဲ့ၿပီး သြင္းဂိုး(၂၃)သြင္းအထိ သြင္းယူခဲ့တာေၾကာင့္ ျပင္သစ္လက္ေ႐ြးစင္နည္းျပ ဒီဒီယာေဒ့ရွန္ကေန အသင္းအတြက္ ျပန္လည္ေ႐ြးခ်ယ္ခဲ့ရတာျဖစ္ပါတယ္။