မက်ဆီနဲ့ စကားပြောဆိုမှုအပြီးမှာ ပါဝါချင်းအားပြိုင်မှုကို လုံးဝကန့်လန့်ကာချလိုက်နိုင်ခဲ့ပြီ ဖြစ်တဲ့ ရော်နယ်ကိုးမန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ အပြောင်းအရွှေ့ပြုလုပ်ဖို့ ငြင်းပယ်ခံခဲ့ရပြီးနောက် အသင်းကိုလေ့ကျင့်ရေးအစီအစဉ်အတွက် ပြန်လည်ရောက်ရှိလာတဲ့ မက်ဆီနဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မပြုလုပ်မီ နှစ်ယောက်တည်းသီးသန့်စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့လက အသင်းကို စွန့်ခွာချင်နေတယ်လို့ တရားဝင်အသိပေးခဲ့ပြီး ၎င်းရဲ့ စာချုပ်ထဲမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုထားတဲ့အချက်ကို အသုံးပြုဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းဘက်က ထိုအချက်ဟာ သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ၎င်းကို ခေါ်ယူချင်တဲ့ဘယ်လိုအသင်းမျိုးမဆို စာချုပ်လျော်ကြေး ယူရိုသန်း ၇၀၀ ကို ပေးချေဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ အသင်းဥက္ကဌဘာတိုမြူကို ပြစ်တင်ဝေဖန်ခဲ့ပေမယ့်လည်း ယခုရာသီ နူးကမ့်မှာ ဆက်ရှိနေရလိမ့်မယ်ဆိုတာကိုတော့ လက်ခံခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ မက်ဆီဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်း (Ciutat Esportiva) မှာ လေ့ကျင့်ရေးအစီအစဉ် တွေ ပြုလုပ်ဖို့ သတင်းပေးပို့ခဲ့ပြီး ဘာစီလိုနာအသင်းကစားဖော်တွေမရောက်ရှိမီ နာရီဝက်အလိုမှကတည်းကာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အခြေစိုက် အားကစားသတင်းဌာန တစ်ခုဖြစ်တဲ့ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘလွန်းဒီအော် ၆ ဆုရှင်ဟာ အသင်းကို စွန့်ခွာချင်ခဲ့ပေမယ့်လည်း အသင်းအတွက် ပေးဆပ်နေဆဲဖြစ်ကြောင်း ၎င်းရဲ့အသင်းဖော်တွေကို ပြသပြီး စံပြအဖြစ်နဲ့ ဦးဆောင်ချင်ခဲ့တယ်လို့ သိရပါတယ်။ လေ့ကျင့်ရေးအစီအစဉ်မတိုင်မီ နည်းပြသစ်ကိုးမန်းက နူးကမ့်ကနေ ထွက်ခွာချင်တယ်လို့ ၎င်းကို မက်ဆီ ပြောကြားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ခပ်မြန်မြန်ပဲစကားစမည်ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ရော်နယ်ကိုးမန်းက မက်ဆီအသင်းမှာ ဆက်ရှိနေမယ်ဆိုတဲ့ဆုံးဖြတ်ချက်အတွက် သူ ဝမ်းသာခဲ့ရပါတယ်လိုပြောခဲ့ပါတယ်။ ဒါပေမယ့် အသင်းကို အပြည့်အဝပေးဆပ်မယ့်ကစားသမားတွေကိုပဲ လိုချင်တာကြောင့် စိတ်ပူမိတယ်လို့လဲ ပြောလိုက်တဲ့အခါမှာ မက်ဆီက ကိုးမန်း စိတ်ပူမယ်ဆိုရင် ပူသင့်တဲ့ကိစ္စဖြစ်ကြောင်းနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ပြသပေးမယ်လို့ မက်ဆီကအခိုင်အမာပြောဆိုခဲ့ပါတယ်။

ရော်နယ်ကိုးမန်းကလည်း အာဂျင်တီးနားကြယ်ပွင့်ကို အထူးကစားသမားအဖြစ် ဆက်ဆံသွားမယ်လို့ ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ကိုးမန်းဟာ မက်ဆီနဲ့ စကားပြောဆိုမှုအပြီးမှာ ဘာစီလိုနာအသင်းအတွင်း ပါဝါချင်းအားပြိုင်မှုကို လုံးဝကန့်လန့်ကာချလိုက်နိုင်ခဲ့ပြီး ပြေလည်မှုရရှိခဲ့ပြီလဲဖြစ်ပါတယ်။

ရော်နယ်ကိုးမန်းကလည်း ဘာစီလိုနာကို ဥရောပရဲ့အသင်းကြီးတစ်သင်း ပြန်လည်ဖြစ်လာအောင် စွမ်းဆောင်ပေးသွားမယ်လို့ကတိပေးခဲ့ပါတယ်။ မက်ဆီ နှင့် ဖီလစ် ကော်တင်ဟိုတို့ နှစ်ဦး စလုံးဟာ တနင်္လာနေ့ကလေ့ကျင့်ရေးအစီအစဉ်တွေမှာပါဝင်ခဲ့ကြပြီးနောက် တစ်ဦးချင်းစီ ခန္ဓာကိုယ် ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကိုလည်းပြုလုပ်သွားခဲ့တယ်လို့သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

မက္ဆီနဲ႔ စကားေျပာဆိုမႈအၿပီးမွာ ပါဝါခ်င္းအားၿပိဳင္မႈကို လုံးဝကန႔္လန႔္ကာခ်လိုက္ႏိုင္ခဲ့ၿပီ ျဖစ္တဲ့ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းဟာ အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔ ျငင္းပယ္ခံခဲ့ရၿပီးေနာက္ အသင္းကိုေလ့က်င့္ေရးအစီအစဥ္အတြက္ ျပန္လည္ေရာက္ရွိလာတဲ့ မက္ဆီနဲ႔ ပထမဆုံးေလ့က်င့္ေရးအစီအစဥ္မျပဳလုပ္မီ ႏွစ္ေယာက္တည္းသီးသန႔္စကားေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

မက္ဆီဟာ ၿပီးခဲ့တဲ့လက အသင္းကို စြန႔္ခြာခ်င္ေနတယ္လို႔ တရားဝင္အသိေပးခဲ့ၿပီး ၎ရဲ႕ စာခ်ဳပ္ထဲမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳထားတဲ့အခ်က္ကို အသုံးျပဳဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ဘာစီလိုနာအသင္းဘက္က ထိုအခ်က္ဟာ သက္တမ္းကုန္ဆုံးသြားခဲ့ၿပီျဖစ္ၿပီး ၎ကို ေခၚယူခ်င္တဲ့ဘယ္လိုအသင္းမ်ိဳးမဆို စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၇၀၀ ကို ေပးေခ်ဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ၿပီးခဲ့တဲ့အပတ္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ သူဟာ အသင္းဥကၠဌဘာတိုျမဴကို ျပစ္တင္ေဝဖန္ခဲ့ေပမယ့္လည္း ယခုရာသီ ႏူးကမ့္မွာ ဆက္ရွိေနရလိမ့္မယ္ဆိုတာကိုေတာ့ လက္ခံခဲ့တာျဖစ္ပါတယ္။ တနလၤာေန႔မွာေတာ့ မက္ဆီဟာ အသင္းရဲ႕ ေလ့က်င့္ေရးကြင္း (Ciutat Esportiva) မွာ ေလ့က်င့္ေရးအစီအစဥ္ ေတြ ျပဳလုပ္ဖို႔ သတင္းေပးပို႔ခဲ့ၿပီး ဘာစီလိုနာအသင္းကစားေဖာ္ေတြမေရာက္ရွိမီ နာရီဝက္အလိုမွကတည္းကာ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာ အေျခစိုက္ အားကစားသတင္းဌာန တစ္ခုျဖစ္တဲ့ Mundo Deportivo ရဲ႕ ေဖာ္ျပခ်က္အရ ဘလြန္းဒီေအာ္ ၆ ဆုရွင္ဟာ အသင္းကို စြန႔္ခြာခ်င္ခဲ့ေပမယ့္လည္း အသင္းအတြက္ ေပးဆပ္ေနဆဲျဖစ္ေၾကာင္း ၎ရဲ႕အသင္းေဖာ္ေတြကို ျပသၿပီး စံျပအျဖစ္နဲ႔ ဦးေဆာင္ခ်င္ခဲ့တယ္လို႔ သိရပါတယ္။ ေလ့က်င့္ေရးအစီအစဥ္မတိုင္မီ နည္းျပသစ္ကိုးမန္းက ႏူးကမ့္ကေန ထြက္ခြာခ်င္တယ္လို႔ ၎ကို မက္ဆီ ေျပာၾကားခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခပ္ျမန္ျမန္ပဲစကားစမည္ေျပာဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။ ေရာ္နယ္ကိုးမန္းက မက္ဆီအသင္းမွာ ဆက္ရွိေနမယ္ဆိုတဲ့ဆုံးျဖတ္ခ်က္အတြက္ သူ ဝမ္းသာခဲ့ရပါတယ္လိုေျပာခဲ့ပါတယ္။ ဒါေပမယ့္ အသင္းကို အျပည့္အဝေပးဆပ္မယ့္ကစားသမားေတြကိုပဲ လိုခ်င္တာေၾကာင့္ စိတ္ပူမိတယ္လို႔လဲ ေျပာလိုက္တဲ့အခါမွာ မက္ဆီက ကိုးမန္း စိတ္ပူမယ္ဆိုရင္ ပူသင့္တဲ့ကိစၥျဖစ္ေၾကာင္းနဲ႔ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကို ျပန္လည္ျပသေပးမယ္လို႔ မက္ဆီကအခိုင္အမာေျပာဆိုခဲ့ပါတယ္။

ေရာ္နယ္ကိုးမန္းကလည္း အာဂ်င္တီးနားၾကယ္ပြင့္ကို အထူးကစားသမားအျဖစ္ ဆက္ဆံသြားမယ္လို႔ ျပန္လည္ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ေရာ္နယ္ကိုးမန္းဟာ မက္ဆီနဲ႔ စကားေျပာဆိုမႈအၿပီးမွာ ဘာစီလိုနာအသင္းအတြင္း ပါဝါခ်င္းအားၿပိဳင္မႈကို လုံးဝကန႔္လန႔္ကာခ်လိုက္ႏိုင္ခဲ့ၿပီး ေျပလည္မႈရရွိခဲ့ၿပီလဲျဖစ္ပါတယ္။

ေရာ္နယ္ကိုးမန္းကလည္း ဘာစီလိုနာကို ဥေရာပရဲ႕အသင္းႀကီးတစ္သင္း ျပန္လည္ျဖစ္လာေအာင္ စြမ္းေဆာင္ေပးသြားမယ္လို႕ကတိေပးခဲ့ပါတယ္။ မက္ဆီ ႏွင့္ ဖီလစ္ ေကာ္တင္ဟိုတို႕ ႏွစ္ဦး စလုံးဟာ တနလၤာေန႔ကေလ့က်င့္ေရးအစီအစဥ္ေတြမွာပါဝင္ခဲ့ၾကၿပီးေနာက္ တစ္ဦးခ်င္းစီ ခႏၶာကိုယ္ ႀကံ့ခိုင္မႈေလ့က်င့္ခန္းေတြကိုလည္းျပဳလုပ္သြားခဲ့တယ္လို႕သိရပါတယ္။