
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ယူအသင်းကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာပဲ မဟာပြိုင်ဖက် လိဒ်စ်အသင်းကို ဂိုးမိုးရွာကာ ပြိုင်ဖက်တွေကို တပ်လှန့်လိုက်ပါပြီ။
ဒီနေ့ပွဲက မန်ယူအသင်းရဲ့ စွမ်းဆောင်ရည်ဟာ အပြစ်ပြောစရာတကွက်မှမရှိခဲ့ပဲ လုံးဝကိုပြီးပြည့်စုံခဲ့တယ်။
ပထမပိုင်းမှာ ပွဲကအနည်းငယ်အေးတယ်လို့ ထင်ခဲ့ရပေမဲ့ အပြန်အလှန်ထိုးဖောက်မှုတွေက ပရိသတ်တွေကို မရိုးမရွဖြစ်စေခဲ့မှာ သေချာပါတယ်။
အဖွင့်ဂိုးကိုမြင်တွေ့ရဖို့အတွက်တော့ နာရီဝက်နီးပါးစောင့်ခဲ့ရပြီး မိနစ် ၃၀ မှာမှ ဘရူနို ဖာနန်ဒက်စ် က ပေါ့ဘာ ရဲ့ လှပတဲ့ တချက်ထိအမြန်ပေးပို့မှုကို ဂိုးဧရိယာထဲမှာ သပ်ရပ်စွာထိန်းပြီး အကောင်းဆုံးအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းအစမိနစ်တွေကတော့ ပရိသတ်တွေကို တကယ်ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။
လိဒ်စ် နောက်ခံလူ အာလင်း ရဲ့ အပြင်းကန်ချက်ကြောင့် ပွဲပြန်စပြီး ၃ မိနစ်အကြာမှာပဲ မန်ယူအသင်းက ခြေပဂိုးခွင့်ပြုပေးခဲ့ရပါတယ်။
မထင်မှတ်ထားတဲ့ ကန်ချက်ဖြစ်တဲ့အပြင် အားပါပြင်းထန်ပြီး ထောင့်ကျလွန်းတာကြောင့် ဒီဂီယာ လည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ နောက်ထပ် ၃ မိနစ်အကြာမှာတော့ မန်ယူအသင်းက ဦးဆောင်ဂိုးပြန်ရခဲ့ပြီး လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် က ပေါ့ဘာ ကွင်းလယ်တဝက်ကနေ မျှော်ထိုးပေးလိုက်တဲ့ ဘောလုံးကို ဆွဲပြေးပြီး ထောင့်ထဲကို တိကျစွာကန်သွင်း အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
တတိယဂိုးဦးဆောင်ဂိုး ထပ်ရခဲ့တာလည်း မြန်ဆန်လွန်းပြီး ပေါ့ဘာ ရဲ့ ဖန်တီးပေးမှုကနေတဆင့် ဘရူနို က ပြိုင်ဖက်ကစားသမားတွေကို တချက်ခေါက်ကာ အကောင်းဆုံးအဆုံးသတ်ခဲ့တာပါ။
အဲ့ဂိုးရပြီး နောက်ထပ် ၆ မိနစ်အကြာမှာတော့ ဘရူနို က မန်ယူကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ် ဟက်ထရစ် ရစေမဲ့ ၃ ဂိုးမြောက်ဂိုးကို လင်ဒီလော့ဖ် ရဲ့ ဖန်တီးမှုကနေတဆင့် volley ကန်ချက်နဲ့ အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။
ပွဲကစားချိန် ၆၇ မိနစ်မှာတော့ တပွဲလုံး အံ့အားသင့်စရာ စွမ်းဆောင်ရည်ကို ပြသနေတဲ့ ပေါ့ဘာ ရဲ့ စတုတ္တမြောက် ဖန်တီးပေးမှုကို ဖရက်ဒ် က ပိတ်သွင်းယူခဲ့ပြီး ၅ ဂိုးမြောက်သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။
သွင်းဂိုး ၅ ဂိုး ၊ ရမှတ် ၃ မှတ် ၊ ပေါ့ဘာ ၄ ကြိမ်ဖန်တီး ၊ ဘရူနို ဟက်ထရစ်သွင်း ၊ ဆန်ချို ပွဲထွက် ၊ ဗာရန်း ကို တရားဝင်ခေါ် စတဲ့ အကြောင်းအရာတွေကို တရက်ထဲမှာ ပိုင်ဆိုင်ခဲ့ရတဲ့ မန်ယူအသင်းနဲ့ ပရိသတ်တွေအတွက်တော့ အဖွင့်ပွဲဟာ အတော်လေးလှပခဲ့တယ်လို့ ဆိုရမှာပါ။
ပွဲတပွဲနိုင်တာနဲ့ ပြောဖို့စောနေသေးတယ်ဆိုပေမဲ့ မန်ယူအသင်းရဲ့ လက်ရှိခြေစွမ်း နဲ့ လူစာရင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေပြီလို့ သုံးသပ်မိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
5 Stars စြမ္းေဆာင္ရည္နဲ႔ ရာသီသစ္ကို အေကာင္းဆုံးဖြင့္လွစ္ခဲ့တဲ့ မန္ယူ
မန္ယူအသင္းကေတာ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာပဲ မဟာၿပိဳင္ဖက္ လိဒ္စ္အသင္းကို ဂိုးမိုး႐ြာကာ ၿပိဳင္ဖက္ေတြကို တပ္လွန္႔လိုက္ပါၿပီ။ ဒီေန႔ပြဲက မန္ယူအသင္းရဲ႕ စြမ္းေဆာင္ရည္ဟာ အျပစ္ေျပာစရာတကြက္မွမရွိခဲ့ပဲ လုံးဝကိုၿပီးျပည့္စုံခဲ့တယ္။
ပထမပိုင္းမွာ ပြဲကအနည္းငယ္ေအးတယ္လို႔ ထင္ခဲ့ရေပမဲ့ အျပန္အလွန္ထိုးေဖာက္မႈေတြက ပရိသတ္ေတြကို မ႐ိုးမ႐ြျဖစ္ေစခဲ့မွာ ေသခ်ာပါတယ္။ အဖြင့္ဂိုးကိုျမင္ေတြ႕ရဖို႔အတြက္ေတာ့ နာရီဝက္နီးပါးေစာင့္ခဲ့ရၿပီး မိနစ္ ၃၀ မွာမွ ဘ႐ူႏို ဖာနန္ဒက္စ္ က ေပါ့ဘာ ရဲ႕ လွပတဲ့ တခ်က္ထိအျမန္ေပးပို႔မႈကို ဂိုးဧရိယာထဲမွာ သပ္ရပ္စြာထိန္းၿပီး အေကာင္းဆုံးအဆုံးသတ္ခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္းအစမိနစ္ေတြကေတာ့ ပရိသတ္ေတြကို တကယ္ေဖ်ာ္ေျဖမႈေပးႏိုင္ခဲ့ပါတယ္။ လိဒ္စ္ ေနာက္ခံလူ အာလင္း ရဲ႕ အျပင္းကန္ခ်က္ေၾကာင့္ ပြဲျပန္စၿပီး ၃ မိနစ္အၾကာမွာပဲ မန္ယူအသင္းက ေျခပဂိုးခြင့္ျပဳေပးခဲ့ရပါတယ္။ မထင္မွတ္ထားတဲ့ ကန္ခ်က္ျဖစ္တဲ့အျပင္ အားပါျပင္းထန္ၿပီး ေထာင့္က်လြန္းတာေၾကာင့္ ဒီဂီယာ လည္း ဘာမွမတတ္ႏိုင္ခဲ့ပါဘူး။
ဒါေပမဲ့ ေနာက္ထပ္ ၃ မိနစ္အၾကာမွာေတာ့ မန္ယူအသင္းက ဦးေဆာင္ဂိုးျပန္ရခဲ့ၿပီး လူငယ္တိုက္စစ္မႉး ဂရင္းဝုဒ္ က ေပါ့ဘာ ကြင္းလယ္တဝက္ကေန ေမွ်ာ္ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဆြဲေျပးၿပီး ေထာင့္ထဲကို တိက်စြာကန္သြင္း အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။
တတိယဂိုးဦးေဆာင္ဂိုး ထပ္ရခဲ့တာလည္း ျမန္ဆန္လြန္းၿပီး ေပါ့ဘာ ရဲ႕ ဖန္တီးေပးမႈကေနတဆင့္ ဘ႐ူႏို က ၿပိဳင္ဖက္ကစားသမားေတြကို တခ်က္ေခါက္ကာ အေကာင္းဆုံးအဆုံးသတ္ခဲ့တာပါ။ အဲ့ဂိုးရၿပီး ေနာက္ထပ္ ၆ မိနစ္အၾကာမွာေတာ့ ဘ႐ူႏို က မန္ယူကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ္ ဟက္ထရစ္ ရေစမဲ့ ၃ ဂိုးေျမာက္ဂိုးကို လင္ဒီေလာ့ဖ္ ရဲ႕ ဖန္တီးမႈကေနတဆင့္ volley ကန္ခ်က္နဲ႔ အျပင္းကန္သြင္းခဲ့တာျဖစ္ပါတယ္။
ပြဲကစားခ်ိန္ ၆၇ မိနစ္မွာေတာ့ တပြဲလုံး အံ့အားသင့္စရာ စြမ္းေဆာင္ရည္ကို ျပသေနတဲ့ ေပါ့ဘာ ရဲ႕ စတုတၱေျမာက္ ဖန္တီးေပးမႈကို ဖရက္ဒ္ က ပိတ္သြင္းယူခဲ့ၿပီး ၅ ဂိုးေျမာက္သြင္းဂိုးကို ရယူေပးခဲ့ပါတယ္။
သြင္းဂိုး ၅ ဂိုး ၊ ရမွတ္ ၃ မွတ္ ၊ ေပါ့ဘာ ၄ ႀကိမ္ဖန္တီး ၊ ဘ႐ူႏို ဟက္ထရစ္သြင္း ၊ ဆန္ခ်ိဳ ပြဲထြက္ ၊ ဗာရန္း ကို တရားဝင္ေခၚ စတဲ့ အေၾကာင္းအရာေတြကို တရက္ထဲမွာ ပိုင္ဆိုင္ခဲ့ရတဲ့ မန္ယူအသင္းနဲ႔ ပရိသတ္ေတြအတြက္ေတာ့ အဖြင့္ပြဲဟာ အေတာ္ေလးလွပခဲ့တယ္လို႔ ဆိုရမွာပါ။
ပြဲတပြဲႏိုင္တာနဲ႔ ေျပာဖို႔ေစာေနေသးတယ္ဆိုေပမဲ့ မန္ယူအသင္းရဲ႕ လက္ရွိေျခစြမ္း နဲ႔ လူစာရင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ အေကာင္းဆုံးအေနအထားမွာ ရွိေနၿပီလို႔ သုံးသပ္မိပါတယ္။