ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆုများကို ဂွာဒီယိုလာ၊ ဂန်ဒိုဂန်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ သိမ်းပိုက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနှစ်ပရီးမီးယားလိဂ် ဘောလုံးရာသီအစမှာ တာထွက်အပိုင်းမကောင်းခဲ့ပေမယ့် ၂၀၂၁နှစ်သစ်ကစပြီး မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ အခြေအနေပြန်ကောင်းလာခဲ့ပါတယ်။ အသင်းရဲ့ရလဒ်တွေကောင်းမွန်လာခဲ့သလို နည်းပြဂွာဒီယိုလာကလည်း တလတာ အကောင်းဆုံးမန်နေဂျာဆုကို ၂လဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့လအတွင်းမှာ မန်စီးတီးကို အမှတ်ပေးပွဲ ၆ပွဲဆက်တိုက် အနိုင်ရစေခဲ့ပြီး ပရီးမီးယားလိဂ် ၁၄ပွဲဆက်တိုက် အနိုင်ရခဲ့တာပါ။

ဒါ့အပြင် ပြိုင်ပွဲစုံမှာ ပွဲ ၂၀ဆက်တိုက် နိုင်ပွဲရအောင် ဦးဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ မန်စီးတီးဟာ အမှတ်ပေးပွဲ ၆ပွဲဆက်နိုင်တဲ့နေရာမှာ ပေးဂိုးလည်း လုံးဝမရှိခဲ့ပါဘူး။ ဘန်လေ၊ လီဗာပူး၊ စပါး၊ အဲဗာတန်၊ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ကို ဆက်တိုက်နိုင်ခဲ့တာပါ။ ဂြာဒီယိုလာဟာ ဇန်နဝါရီလတုန်းကလည်း အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သေးတဲ့အတွက် ၂လဆက်တိုက် ရရှိတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ဂြာာဒီယိုလာက (၉)ကြိမ်ရရှိတာဖြစ်ပြီး ဆာအဲလက်စ်ဖာဂူဆန် (၂၇)ကြိမ်၊ အာဆင်ဝင်းဂါး (၁၅)ကြိမ်နဲ့ ဒေးဗစ်မိုရက်စ် (၁၀)ကြိမ်တို့ပြီးရင် အများဆုံးပါပဲ။

တလတာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တဲ့ မန်စီးတီးကစားသမား ဂန်ဒိုဂန်ကလည်း ဂွာဒီယိုလာလိုပဲ ၂လဆက်တိုက် ရရှိခဲ့တာပါ။ ဖေဖော်ဝါရီလထဲမှာ ဂန်ဒိုဂန်ဟာ လီဗာပူးနဲ့ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့သလို စပါးနဲ့ပွဲမှာလည်း ခြေစွမ်းပြပြီး ၂ဂိုး ရရှိခဲ့ပါတယ်။ သူ့လိုပဲ တလတာအကောင်းဆုံး ကစားသမားဆုကို ၂လဆက်တိုက်ရရှိခဲ့ဖူးတဲ့ မန်စီးတီး ကစားသမားကတော့ တိုက်စစ်မှုး အဂူရိုနဲ့ စတာလင်းတို့ ရှိခဲ့ပါတယ်။

မန်ယူကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့အတွက် တလတာ အကောင်းဆုံးကစားသမားဆုကို ၂ကြိမ်ဆက်ရှိခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်း အဲဗာတန်နဲ့ပွဲမှာ ၁၈ကိုက်စည်းထိပ်ကနေ ညာခြေနဲ့ ဂိုးသမားအပေါ်ကိုကျော်ပြီး တရှိန်ထိုးကန်သွင်းခဲ့တဲ့ သွင်းဂိုးနဲ့ ဆုရရှိခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီႏွစ္ပရီးမီးယားလိဂ္ ေဘာလုံးရာသီအစမွာ တာထြက္အပိုင္းမေကာင္းခဲ့ေပမယ့္ ၂၀၂၁ႏွစ္သစ္ကစၿပီး မန္စီးတီးဟာ ပရီးမီးယားလိဂ္မွာ အေျခအေနျပန္ေကာင္းလာခဲ့ပါတယ္။ အသင္းရဲ႕ရလဒ္ေတြေကာင္းမြန္လာခဲ့သလို နည္းျပဂြာဒီယိုလာကလည္း တလတာ အေကာင္းဆုံးမန္ေနဂ်ာဆုကို ၂လဆက္တိုက္ ရယူႏိုင္ခဲ့ပါတယ္။ ဂြာဒီယိုလာဟာ ၿပီးခဲ့တဲ့လအတြင္းမွာ မန္စီးတီးကို အမွတ္ေပးပြဲ ၆ပြဲဆက္တိုက္ အႏိုင္ရေစခဲ့ၿပီး ပရီးမီးယားလိဂ္ ၁၄ပြဲဆက္တိုက္ အႏိုင္ရခဲ့တာပါ။

ဒါ့အျပင္ ၿပိဳင္ပြဲစုံမွာ ပြဲ ၂၀ဆက္တိုက္ ႏိုင္ပြဲရေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလအတြင္းမွာ မန္စီးတီးဟာ အမွတ္ေပးပြဲ ၆ပြဲဆက္ႏိုင္တဲ့ေနရာမွာ ေပးဂိုးလည္း လုံးဝမရွိခဲ့ပါဘူး။ ဘန္ေလ၊ လီဗာပူး၊ စပါး၊ အဲဗာတန္၊ အာဆင္နယ္နဲ႔ ဝက္စ္ဟမ္းတို႔ကို ဆက္တိုက္ႏိုင္ခဲ့တာပါ။ ျဂာဒီယိုလာဟာ ဇန္နဝါရီလတုန္းကလည္း အေကာင္းဆုံးနည္းျပဆုကို ရရွိခဲ့ေသးတဲ့အတြက္ ၂လဆက္တိုက္ ရရွိတာလည္းျဖစ္ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းမွာ ျဂာာဒီယိုလာက (၉)ႀကိမ္ရရွိတာျဖစ္ၿပီး ဆာအဲလက္စ္ဖာဂူဆန္ (၂၇)ႀကိမ္၊ အာဆင္ဝင္းဂါး (၁၅)ႀကိမ္နဲ႔ ေဒးဗစ္မိုရက္စ္ (၁၀)ႀကိမ္တို႔ၿပီးရင္ အမ်ားဆုံးပါပဲ။

တလတာအေကာင္းဆုံးကစားသမားဆုကို ရရွိသြားခဲ့တဲ့ မန္စီးတီးကစားသမား ဂန္ဒိုဂန္ကလည္း ဂြာဒီယိုလာလိုပဲ ၂လဆက္တိုက္ ရရွိခဲ့တာပါ။ ေဖေဖာ္ဝါရီလထဲမွာ ဂန္ဒိုဂန္ဟာ လီဗာပူးနဲ႔ပြဲမွာ ၂ဂိုးသြင္းႏိုင္ခဲ့သလို စပါးနဲ႔ပြဲမွာလည္း ေျခစြမ္းျပၿပီး ၂ဂိုး ရရွိခဲ့ပါတယ္။ သူ႔လိုပဲ တလတာအေကာင္းဆုံး ကစားသမားဆုကို ၂လဆက္တိုက္ရရွိခဲ့ဖူးတဲ့ မန္စီးတီး ကစားသမားကေတာ့ တိုက္စစ္မႈး အဂူ႐ိုနဲ႔ စတာလင္းတို႔ ရွိခဲ့ပါတယ္။

မန္ယူကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ ေဖေဖာ္ဝါရီလအတြက္ အေကာင္းဆုံးသြင္းဂိုးဆု ရရွိခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလတို႔အတြက္ တလတာ အေကာင္းဆုံးကစားသမားဆုကို ၂ႀကိမ္ဆက္ရွိခဲ့ဖူးတဲ့သူ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလအတြင္း အဲဗာတန္နဲ႔ပြဲမွာ ၁၈ကိုက္စည္းထိပ္ကေန ညာေျခနဲ႔ ဂိုးသမားအေပၚကိုေက်ာ္ၿပီး တရွိန္ထိုးကန္သြင္းခဲ့တဲ့ သြင္းဂိုးနဲ႔ ဆုရရွိခဲ့တာလည္းျဖစ္ပါတယ္။