အဓိကပစ်မှတ် ၃ခုအတွက် ပေါင်သန်း ၁၀၀ သုံးဖို့ ပြင်ဆင်လာတဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သတင်းတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ ယခုနွေရာသီအတွင်း အဓိကပစ်မှတ် ၃ခုကို ရအောင်ခေါ်ယူနိုင်ရေးအတွက် ပေါင်သန်း ၁၀၀ အထိ သုံးစွဲဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး ၆သင်းပြင်ပရောက်သွားခဲ့ရပေမယ့် နည်းပြအာတီတာက ပထမဆုံးဆုဖလားအဖြစ် အက်ဖ်အေဖလားမှာ ချန်ပီယံဖြစ်ခဲ့လို့ ရာသီသစ်မှာ ထိပ်ဆုံး ၄သင်းစာရင်းဝင်ရေးအတွက် ကြီးမားတဲ့တည်ဆောက်မှုတွေကို မြင်တွေ့ရဖို့ များလာပါတယ်။

Photo Credit

ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲတော့မယ့် တောင်ပံကစားသမား ဝီလျံကို မကြာခင်ခေါ်ယူနိုင်တော့မှာဖြစ်တဲ့ အာဆင်နယ်ဟာ နောက်ထပ်ထိပ်တန်းပစ်မှတ်တွေအဖြစ် သောမတ်စ်ပါတေး၊ ဂါဘရီရယ်မာဂယ်ဟေးစ်နဲ့ ဒါနီဆီဘယ်လော့စ်တို့ကို ပစ်မှတ်ထားနေတယ်လို့ The Sun သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit

အက်သလက်တီကိုကွင်းလယ်လူ ပါတေးက အာဆင်နယ်အသင်း ကာလကြာရှည်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေသူဖြစ်ပြီး စပိန်ကလပ်က စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅သန်းပေးချေမှ လက်လွှတ်ခံမှာဖြစ်ကာ ပြောင်းရွှေ့ကြေးလျှော့ချပေးဖို့ တောင်းဆိုမှုကို ပယ်ချထားပါတယ်။

Photo Credit

ဘရာဇီးဗဟိုနောက်ခံလူ ဂါဘရီရယ်ကိုလည်း အာတီတာက အထူးသဘောကျနေပြီး လိုင်လီအသင်းက ပေါင် ၂၅သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာရင် လက်သင့်ခံဖို့များနေပါတယ်။

Photo Credit

တစ်ချိန်တည်းမှာပဲ အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီက တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ဆီဘယ်လော့စ် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် တစ်ရာသီအငှားထပ်ခေါ်လိုပေမယ့် ရီးရဲလ်ကတော့ အမြဲတမ်းစာချုပ်နဲ့ ဆီဘယ်လော့စ်ကို ရောင်းချလိုနေကာ ပေါင်သန်း ၃၀တောင်းဆိုထားပါတယ်။

Photo Credit

အာဆင်နယ်အသင်းဟာ ယခုတစ်ပတ်အတွင်း ဝန်ထမ်း ၅၅ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အထိ ဘဏ္ဍာရေးအကျပ်တွေ့နေရလို့ သူတို့ကို မဝယ်ယူခင် အသင်းရှိကစားသမားတချို့ကို အရင်ရောင်းထုတ်ရဖွယ်ရှိနေပြီး လူးကပ်စ်တော်ရဲရား၊ မစ်လန်းနိုင်းစ်၊ မူစတာဖီနဲ့ ဂွမ်ဒိုဇီတို့အားလုံးကို ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

Photo Credit

အာဆင်နယ်အသင်းဟစာ အသက် ၂၁နှစ်အရွယ်ရှိ ဂွမ်ဒိုဇီအတွက် ပေါင် ၃၅သန်းဝန်းကျင်၊ ဘရိုက်တန်၊ အဲဗာတန်နဲ့ စပါးတို့ရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ ကွင်းလယ်လူ မစ်လန်းနိုင်းစ်အတွက် ပေါင်သန်း ၃၀၀န်းကျင်ရရှိဖို့ မျှော်လင့်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

အဓိကပစ္မွတ္ ၃ခုအတြက္ ေပါင္သန္း ၁၀၀ သုံးဖို႔ ျပင္ဆင္လာတဲ့ အာဆင္နယ္

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ယခုေႏြရာသီအတြင္း အဓိကပစ္မွတ္ ၃ခုကို ရေအာင္ေခၚယူႏိုင္ေရးအတြက္ ေပါင္သန္း ၁၀၀ အထိ သုံးစြဲဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီက ၂၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ထိပ္ဆုံး ၆သင္းျပင္ပေရာက္သြားခဲ့ရေပမယ့္ နည္းျပအာတီတာက ပထမဆုံးဆုဖလားအျဖစ္ အက္ဖ္ေအဖလားမွာ ခ်န္ပီယံျဖစ္ခဲ့လုိ႔ ရာသီသစ္မွာ ထိပ္ဆုံး ၄သင္းစာရင္း၀င္ေရးအတြက္ ႀကီးမားတဲ့တည္ေဆာက္မႈေတြကို ျမင္ေတြ႕ရဖို႔ မ်ားလာပါတယ္။

ခ်ဲလ္ဆီးအသင္းနဲ႔ လမ္းခြဲေတာ့မယ့္ ေတာင္ပံကစားသမား ၀ီလ်ံကို မၾကာခင္ေခၚယူႏုိင္ေတာ့မွာျဖစ္တဲ့ အာဆင္နယ္ဟာ ေနာက္ထပ္ထိပ္တန္းပစ္မွတ္ေတြအျဖစ္ ေသာမတ္စ္ပါေတး၊ ဂါဘရီရယ္မာဂယ္ေဟးစ္နဲ႔ ဒါနီဆီဘယ္ေလာ့စ္တို႔ကို ပစ္မွတ္ထားေနတယ္လုိ႔ The Sun သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။

အက္သလက္တီကိုကြင္းလယ္လူ ပါေတးက အာဆင္နယ္အသင္း ကာလၾကာရွည္ကတည္းက ေခၚယူဖို႔ စိတ္၀င္စားေနသူျဖစ္ၿပီး စပိန္ကလပ္က စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅သန္းေပးေခ်မွ လက္လႊတ္ခံမွာျဖစ္ကာ ေျပာင္းေရႊ႕ေၾကးေလွ်ာ့ခ်ေပးဖုိ႔ ေတာင္းဆုိမႈကို ပယ္ခ်ထားပါတယ္။

ဘရာဇီးဗဟိုေနာက္ခံလူ ဂါဘရီရယ္ကိုလည္း အာတီတာက အထူးသေဘာက်ေနၿပီး လုိင္လီအသင္းက ေပါင္ ၂၅သန္း၀န္းက်င္ေလာက္နဲ႔ ကမ္းလွမ္းလာရင္ လက္သင့္ခံဖုိ႔မ်ားေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အာဆင္နယ္ဟာ ၿပီးခ့ဲတဲ့ေႏြရာသီက တစ္ရာသီအငွားနဲ႔ ေခၚယူခဲ့တဲ့ ကြင္းလယ္လူ ဆီဘယ္ေလာ့စ္ ေျခစြမ္းျပႏုိင္ခဲ့ၿပီးေနာက္ တစ္ရာသီအငွားထပ္ေခၚလုိေပမယ့္ ရီးရဲလ္ကေတာ့ အၿမဲတမ္းစာခ်ဳပ္နဲ႔ ဆီဘယ္ေလာ့စ္ကို ေရာင္းခ်လုိေနကာ ေပါင္သန္း ၃၀ေတာင္းဆုိထားပါတယ္။

အာဆင္နယ္အသင္းဟာ ယခုတစ္ပတ္အတြင္း ၀န္ထမ္း ၅၅ဦးကို ရာထူးကေန ထုတ္ပယ္လုိက္တဲ့အထိ ဘ႑ာေရးအက်ပ္ေတြ႕ေနရလို႔ သူတုိ႔ကို မ၀ယ္ယူခင္ အသင္းရွိကစားသမားတခ်ိဳ႕ကို အရင္ေရာင္းထုတ္ရဖြယ္ရွိေနၿပီး လူးကပ္စ္ေတာ္ရဲရား၊ မစ္လန္းႏိုင္းစ္၊ မူစတာဖီနဲ႔ ဂြမ္ဒိုဇီတုိ႔အားလုံးကို ေရာင္းထုတ္ဖြယ္ရွိေနပါတယ္။ အာဆင္နယ္အသင္းဟစာ အသက္ ၂၁ႏွစ္အရြယ္ရွိ ဂြမ္ဒိုဇီအတြက္ ေပါင္ ၃၅သန္း၀န္းက်င္၊ ဘ႐ိုက္တန္၊ အဲဗာတန္နဲ႔ စပါးတုိ႔ရဲ႕စိတ္၀င္စားျခင္းခံေနရတဲ့ ကြင္းလယ္လူ မစ္လန္းႏုိင္းစ္အတြက္ ေပါင္သန္း ၃၀၀န္းက်င္ရရွိဖို႔ ေမွ်ာ္လင့္ေနပါတယ္။