
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
မနေ့ကကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်ပထမအကျော့ပွဲစဉ်တုန်းက (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဝက်ဖို့ဒ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ကစားပြီးတော့ ပထမအကျော့ကရှုံးကြွေးကို အကောင်းဆုံးပြန်လည်ပေးဆပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲစဉ်ကိုအနိုင်ရခဲ့တာကြောင့် ယူနိုက်တက်တို့ဟာအမှတ်ပေးဇယားအဆင့်(၅)နေရာကိုပြန်လည်တက်လှမ်းလာနိုင်ခဲ့ပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ခြေတစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ သွင်းဂိုး၊ အန်သိုနီ မာရှယ် ၊ မေဆွန် ဂရင်းဝုဒ် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ဂိုးပြတ် နိုင်ပွဲ ရယူ နိုင်ခဲ့ကာ ဥရောပ ဝင်ခွင့် တစ် နေရာ အတွက် ချဲလ်ဆီး ကို ဆက်လက် ဖိအား ပေးသွား နိုင်ခဲ့ ပါပြီ ။ အဲဒီပွဲက သရဲနီတို့ရဲ့ခြေစွမ်းအဆင့် သတ်မှတ်ချက်တွေ ကိုဖော်ပြပေးလိုက်ပါတယ်။
ဒီဂီယာ -7
တစ်ဖက်အသင်းရဲ့ ဂိုးဖြစ်စေမယ့် ကန်သွင်းချက်တွေကို အကောင်းဆုံး ဟန့်တား သွားနိုင် ခဲ့ပြီး အသင်းအတွက် Clean Sheet ထပ်ယူပေးခဲ့ပါတယ်။ ဂိုးသမားဒီဂီယာဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး (၄)ပွဲကို Clean Sheet ရယူထားနိုင်ပါတယ်။
ဝမ်ဘစ်ဆာကာ-7
ပထမပိုင်းမှာ ဂိုးသွင်းနိုင်တဲ့အခွင့်အရေးရခဲ့ပေမယ့် ကံအကြောင်းမလှခဲ့ပါဘူး။ အသင်းဖော်တွေနဲ့လည်း အကောင်းဆုံး ချိတ်ဆက်ကစားနိုင်ခဲ့ပါတယ်။

လင်ဒီလော့ဖ် -6
ပွဲမှာအကောင်းဆုံးကစားပြခဲ့ပေမယ့် ခြေစွမ်းပိုင်းဟာလိုအပ်ချက်တွေရှိနေပါသေးတယ်။ ဆုံးဖြတ်ချက်ကောင်းအချို့တော့ချမှတ်နိုင်ခဲ့ပါတယ်။
မက်ဂွိုင်းယား -6
ပထမပိုင်းမှာ တစ်ဖက်အသင်းဂိုးရအောင် အမှားလုပ်ခဲ့တဲ့ဖြစ်ရပ်တွေတော့ရှိပါတယ်။ ဒုတိယပိုင်းမှာတော့ ဂိုးရအောင် ကြိုးစားအားထုတ်မှုတွေတော့ ရှိခဲ့ပါတယ်။
လုခ်ရှော-7
ဒီပွဲမှာလုခ်ရှောတစ်ယောက်ခြေစွမ်းကိုအကောင်းဆုံးကစားပြခဲ့ပါတယ်။ ဘယ်တောင်ပံခံစစ်ပိုင်းကို တာဝန်ကောင်းစွာ ယူပေးခဲ့ပါတယ်။ ဘောလုံးရှင်းထုတ်မှုအပိုင်းလည်းမဆိုးပါဘူး။

ဖရက်ဒ် -6
ဘောလုံးထိတွေ့ရတာတွေများခဲ့ပါတယ်။ကွင်းလယ်ပိုင်းမှာ တတ်နိုင်သမျှအကောင်းဆုံးကစားပေးခဲ့ပါတယ်။
မာတစ်-6
သူကစားရမယ့်အပိုင်းကိုအကောင်းဆုံးလုပ်ဆောင်သွားခဲ့သလို၊ အသင်းဖော်တွေပိုမိုလှုပ်ရှားနိုင်အောင်လည်း ထောက်ပံ့မှုတွေလုပ်ဆောင်ပေးခဲ့ပါတယ်။ ခံစစ်နဲ့တိုက်စစ်ကိုမျှတအောင်လုပ်ပေးခဲ့ပါတယ်။

ဖာနန်ဒက်စ် -9
ချီးကျူးစရာအကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ကွင်းရဲ့နေရာစုံမှာ ခြေရာထင်အောင်လုပ်ဆောင်နိုင်ခဲ့ပြီး၊ ကိုယ်တိုင်ပင်နယ်တီသွင်းဂိုးတစ်ဂိုးသွင်းခဲ့ကာ၊ ဂရင်းဝုဒ်အတွက်လည်း ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ် -7
လူငယ်ကစားသမားပီပီ ဟန်ကျကျကစားပြခဲ့ပါတယ်။ ကန်ချက်ပြင်းပြင်းနဲ့ ခြေစွမ်းကောင်းပြခဲ့သူပါ။ အသင်းအတွက်တစ်ဂိုးရအောင်လည်းတာဝန်ကျေခဲ့ပါတယ်။
ဒယ်နီယယ်ဂျိမ်းစ် -7
ကောင်းမွန်တဲ့ခြေစွမ်းကိုသူလည်းပြသခဲ့ပါတယ်။ ဖာနန်ဒက်စ်ပင်နယ်တီမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။

မာရှယ် -7
ခြေစွမ်း ပြဖို့ နည်းနည်းလေးတော့ ရုန်းကန် ခဲ့ရ ပါတယ်။ ဒါပေမယ့် သေသပ်လွန်းတဲ့ သွင်းဂိုး ၁ ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်နဲ့ တွဲဖက်ကစားတာကတော့ ကျေနပ်စရာအနေအထားပါ။
လူစားဝင်ကစားသမားတွေဖြစ်တဲ့ မက်တော်မီနေးနဲ့ တာဟစ်ချောင်တို့ကတော့ အဆင့်သတ်မှတ်ချက် 5 ဖြစ်ပြီး၊ အီဟာလိုကတော့ အဆင့်သတ်မှတ်ချက် 6 ဖြစ်ပါတယ်။ ယူနိုက်တက်တို့ရှေ့ဆက်ပြီး ခြေစွမ်းကောင်း တွေပြနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
(Zawgyi Version)
3 ဂိုး၊ ဂိုးမရိွႏိုင္ခဲ့တဲ့ပြဲက သရဲနီတို႔႔ရဲ႕စြမ္းေဆာင္ရည္သတ္မွတ္ခ်က္မ်ား…..
မေန႔ကကစားခ့ဲၾကတ့ဲ ပြဲစဥ္မွာ ယူႏိုက္တက္တို႔ဟာ ပရီးမီးယားလိဂ္ပထမအေက်ာ့ပြဲစဥ္တုန္းက (၂)ဂိုးျပတ္နဲ႔ ရံႈးနိမ့္ခ့ဲတ့ဲ ၀က္ဖို႔ဒ္ကိုု (၃)ဂိုးျပတ္နဲ႔ အႏိုင္ကစားျပီးေတာ့ ပထမအေက်ာ့ကရံႈးေၾကြးကို အေကာင္းဆုံးျပန္လည္ေပးဆပ္ႏိုင္ခ့ဲပါတယ္။ ဒါ့အျပင္ ဒီပြဲစဥ္ကုိအႏိုင္ရခ့ဲတာေၾကာင့္ ယူႏိုက္တက္တို႔ဟာအမွတ္ေပးဇယားအဆင့္(၅)ေနရာကိုျပန္လည္တက္လွမ္းလာနိုင္ခ့ဲျပီးေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ေျခတစ္လွမ္းတိုးႏိုင္ခ့ဲပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီ သြင္းဂိုး၊ အန္သိုနီ မာရွယ္ ၊ ေမဆြန္ ဂရင္းဝုဒ္ တို႔ရဲ႕ သြင္းဂိုး ေတြနဲ႔ အတူ ဂိုးျပတ္ ႏိုင္ပြဲ ရယူ ႏိုင္ခဲ့ကာ ဥေရာပ ဝင္ခြင့္ တစ္ ေနရာ အတြက္ ခ်ဲလ္ဆီး ကို ဆက္လက္ ဖိအား ေပးသြား ႏိုင္ခဲ့ ပါၿပီ ။ အဲဒီပြဲက သရဲနီတို႔ရဲ႕ေျခစြမ္းအဆင့္ သတ္မွတ္ခ်က္ေတြ ကိုေဖာ္ျပေပးလုိက္ပါတယ္။
ဒီဂီယာ -7
တစ္ဖက္အသင္းရဲ႕ ဂိုးျဖစ္ေစမယ့္ ကန္သြင္းခ်က္ေတြကို အေကာင္းဆုံး ဟန႔္တား သြားႏိုင္ ခဲ့ၿပီး အသင္းအတြက္ Clean Sheet ထပ္ယူေပးခ့ဲပါတယ္။ ဂိုးသမားဒီဂီယာဟာ ယူႏိုက္တက္ရဲ႕ ေနာက္ဆုံး (၄)ပြဲကို Clean Sheet ရယူထားႏိုင္ပါတယ္။
၀မ္ဘစ္ဆာကာ-7
ပထမပိုင္းမွာ ဂိုးသြင္းႏိုင္တဲ့အခြင့္အေရးရခဲ့ေပမယ့္ ကံအေၾကာင္းမလွခဲ့ပါဘူး။ အသင္းေဖာ္ေတြနဲ႔လည္း အေကာင္းဆုံး ခ်ိတ္ဆက္ကစားႏိုင္ခဲ့ပါတယ္။
လင္ဒီေလာ့ဖ္ -6
ပြဲမွာအေကာင္းဆုံးကစားျပခဲ့ေပမယ့္ ေျခစြမ္းပိုင္းဟာလိုအပ္ခ်က္ေတြရိွေနပါေသးတယ္။ ဆုံးျဖတ္ခ်က္ေကာင္းအခ်ဳိ႕ေတာ့ခ်မွတ္ႏိုင္ခဲ့ပါတယ္။
မက္ဂြိဳင္းယား -6
ပထမပိုင္းမွာ တစ္ဖက္အသင္းဂိုးရေအာင္ အမွားလုပ္ခဲ့တဲ့ျဖစ္ရပ္ေတြေတာ့ရိွပါတယ္။ ဒုတိယပိုင္းမွာေတာ့ ဂိုးရေအာင္ ႀကိဳးစားအားထုတ္မႈေတြေတာ့ ရိွခဲ့ပါတယ္။
လုခ္ေရွာ-7
ဒီပြဲမွာလုခ္ေရွာတစ္ေယာက္ေျခစြမ္းကိုအေကာင္းဆုံးကစားျပခဲ့ပါတယ္။ ဘယ္ေတာင္ပံခံစစ္ပုိင္းကို တာ၀န္ေကာင္းစြာ ယူေပးခဲ့ပါတယ္။ ေဘာလုံးရွင္းထုတ္မႈအပိုင္းလည္းမဆိုးပါဘူး။
ဖရက္ဒ္ -6
ေဘာလုံးထိေတြ႕ရတာေတြမ်ားခဲ့ပါတယ္။ကြင္းလယ္ပိုင္းမွာ တတ္ႏိုင္သမွ်အေကာင္းဆုံးကစားေပးခဲ့ပါတယ္။
မာတစ္-6
သူကစားရမယ့္အပိုင္းကိုအေကာင္းဆုံးလုပ္ေဆာင္သြားခဲ့သလုိ၊ အသင္းေဖာ္ေတြပိုမိုလႈပ္ရွားႏိုင္ေအာင္လည္း ေထာက္ပံ့မႈေတြလုပ္ေဆာင္ေပးခဲ့ပါတယ္။ ခံစစ္နဲ႔တိုက္စစ္ကိုမွ်တေအာင္လုပ္ေပးခဲ့ပါတယ္။
ဖာနန္ဒက္စ္ -9
ခ်ီးက်ဴးစရာအေကာင္းဆုံးကစားသမားျဖစ္ခဲ့ပါတယ္။ ကြင္းရဲ႕ေနရာစုံမွာ ေျခရာထင္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ၿပီး၊ ကုိယ္တိုင္ပင္နယ္တီသြင္းဂိုးတစ္ဂိုးသြင္းခဲ့ကာ၊ ဂရင္း၀ုဒ္အတြက္လည္း ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။
ဂရင္းဝုဒ္ -7
လူငယ္ကစားသမားပီပီ ဟန္က်က်ကစားျပခဲ့ပါတယ္။ ကန္ခ်က္ျပင္းျပင္းနဲ႔ ေျခစြမ္းေကာင္းျပခဲ့သူပါ။ အသင္းအတြက္တစ္ဂိုးရေအာင္လည္းတာ၀န္ေက်ခဲ့ပါတယ္။
ဒယ္နီယယ္ဂ်ိမ္းစ္ -7
ေကာင္းမြန္တဲ့ေျခစြမ္းကိုသူလည္းျပသခဲ့ပါတယ္။ ဖာနန္ဒက္စ္ပင္နယ္တီမွာ ပါ၀င္ပတ္သက္ခဲ့ပါတယ္။
မာရွယ္ -7
ေျခစြမ္း ျပဖို႔ နည္းနည္းေလးေတာ့ ႐ုန္းကန္ ခဲ့ရ ပါတယ္။ ဒါေပမယ့္ ေသသပ္လြန္းတဲ့ သြင္းဂိုး ၁ ဂိုးရယူေပးႏိုင္ခဲ့ပါတယ္။ ဖာနန္ဒက္စ္နဲ႔ တြဲဖက္ကစားတာကေတာ့ ေက်နပ္စရာအေနအထားပါ။
လူစား၀င္ကစားသမားေတြျဖစ္တဲ့ မက္ေတာ္မီေနးနဲ႔ တာဟစ္ေခ်ာင္တို႔ကေတာ့ အဆင့္သတ္မွတ္ခ်က္ 5 ျဖစ္ၿပီး၊ အီဟာလိုကေတာ့ အဆင့္သတ္မွတ္ခ်က္ 6 ျဖစ္ပါတယ္။ ယူႏို္က္တက္တို႔ေရွ႕ဆက္ၿပီး ေျခစြမ္းေကာင္း ေတြျပႏိုင္ပါေစလို႔ ဆႏၵျပဳပါတယ္။