3ဂိုးပြတ်နိုင်တဲ့ပွဲက ယူနိုက်တက်ရဲ့မင်းသား ဘရူနိုဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက် အသင်း ဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ ပရီးမီးယား လိဂ် ပွဲစဉ် 27 အဖြစ် ဝက်ဖို့ဒ် အသင်း ကို ဧည့်ခံ ကစား ခဲ့ပြီး 3 – 0 ဆိုတဲ့ ရလဒ် နဲ့ အတူ အိမ်ကွင်း ဂိုးပြတ် နိုင်ပွဲ ရယူ သွားနိုင် ခဲ့ ပါတယ် ။ပွဲအစ မှာ ယူနိုက်တက် တို့ အချိတ် အဆက် မမိ ခဲ့ ပါဘူး ။ မာတင် နဲ့ မက်ဂွားယား တို့ရဲ့ အမှား ကနေ စောစော စီးစီး ဂိုး မပေးလိုက်ရတာက ယူနိုက်တက် အတွက် ကံကောင်း ခဲ့တယ်လို့ ဆိုနိုင် ပါတယ် ။ အဲဒီပွဲမှာတော့ ကံတရားက ယူနိုက်တက် ဘက် မှာ ရှိခဲ့တယ်လို့ ပြောလို့ ရခဲ့ ပါတယ် ။ ယူနိုက်တက် အသင်း အတွက် သွင်းဂိုး တွေကို တိုက်စစ် ကစားသမား တွေ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ၊ အန်သိုနီ မာရှယ် နဲ့ မာဆွန် ဂရင်းဝုဒ် တို့က တစ်ဂိုးစီ သွင်းယူ ပေးသွား နိုင်ခဲ့ ကြ ပါတယ် ။ဘရူနို ဖာနန်ဒက်စ် အတွက်တော့ ယူနိုက်တက် ကစား သမား ဘဝ ပထမဆုံး သွင်းဂိုး သွင်းယူ သွားနိုင် ခဲ့ခြင်း ဖြစ်ခဲ့ သလို သူဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ နှစ်ပွဲ ဆက် ဂိုးလည်း ဖန်တီး ပေးသွား နိုင်ခဲ့ ပါတယ် ။

photo internet

ဘရူနို ဖာနန်ဒက်စ် ရောက်လာ အပြီးမှာ ယူနိုက်တက် တို့ အခွင့်အရေး ဖန်တီးမှုတွေ ပိုရလာတာ သိသာပါတယ် ။ ပေါ်တူဂီသား ဟာ မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်မယ် ဆိုတာ ဂိုးတွေ ၊ ဖန်တီးမှုတွေ နဲ့ သက်သေပြ နေခဲ့ ပါပြီ ။
ဝဒ်ဖိုဒ့်အသင်းကို ဂိုးပြန်အနိုင်ရခဲ့တဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ် ကို ပရိတ်သတ်တိုင်းကရော ကစားသမားတိုင်းကပါ အထူးတလည်ချီးမွမ်း နေကြပါတယ်။ဖာနန်ဒက်စ်ဟာအဲဒီပွဲမှာ ဂိုးဖန်တီးမှုတစ်ကြိမ် နဲ့ သွင်းဂိုးတစ်ဂိုး ရခဲ့တဲ့ ဖာနန်ဒက်စ် အပေါ် နောက်ခံလူ လုခ်ရှောက ချီးမွမ်းစကားတွေပြောဆိုထားပါတယ်။ “ဖာနန်ဒက်စ်ကကြီးမားတဲ့ထောက်ပံ့မှုတွေပေးပါတယ်။ သူကအသင်းကို‌ရောက်ရှိတာ အချိန်တိုအတွင်းပဲရှိသေးပေမယ့် သူ့ကိုကြည့်ရတာ က အချိန်ကြာမြင့်စွာရောက်ရှိနေသလို ပါပဲ။သူကစပို့တင်းရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သလို အဲ့ဒီခေါင်းဆောင်မှု့အရည်အချင်းတွေနဲ့ ဒီအသင်းကိုကူညီဖို့ သူကကွင်းပြင်မှာရောကွင်းတွင်းမှာရောကြိုးစားနေ တာပါ။လက်ရှိခြေစွမ်းကို ဆက်ထိန်းနိုင်ဖို့မျှော်လင့် ပါတယ်။သူကဒီမှာကာလတိုပဲရှိသေးပေမယ့် အခုတောက်ပနေပြီမဟုတ်လား။ သူ့ကိုတွေ့ ရတာကတကယ်ကောင်းပါတယ်။”ဆိုပြီး လုခ်ရှောကပြောဆိုထားပါတယ်။

photo internet

ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ကို ကစားသမား ဟောင်းတွေ ဖြစ်တဲ့ ပေါလ် စခိုးလ် နဲ့ ဗီရွန် တို့ကို ပေါင်းစပ်ထားတဲ့ ကစားသမားလို့ အထူး ချီးကျူးပြောဆိုထားပါတယ်။ “ဖာနန်ဒက်စ်ဟာ အသင်း ကို ရောက်ရှိ လာခဲ့ပြီး ဒီမှာ ရှိနေ ကြတဲ့ လူတိုင်း ကို အားတက် စေနိုင် ခဲ့ ပါတယ် ။ သူဟာ အသင်း နဲ့ အသင်းဖော် တွေကို တင် မဟုတ် ပါဘူး ၊ အသင်း ရဲ့ ပရိသတ် တွေကို ပါ အားတက် စေနိုင် ခဲ့သူ တစ်ဦး ပါပဲ။ သူဟာ အသင်း ကို ရောက်ရှိ ခဲ့တဲ့ ပထမဆုံး မိနစ် ထဲက က ပင်ကိုယ် စရိုက် ကောင်းမွန် လှသူ တစ်ဦး ဆိုတာ သိသာ ထင်ရှား စေခဲ့ ပါတယ် ။ ဖာနန်ဒက်စ်က ယုံကြည်ချက် အပြည့် ရှိတဲ့ ကစား သမား တစ်ဦး လို ပါပဲ ။ သူ့ကို ကြည့်ရှု ရတာ စခိုးလ် နဲ့ ဗီရွန် တို့ကို ပေါင်းစပ် ထားသလို ပါပဲ ။ဘရူနို ဖာနန်ဒက်စ် ဟာ ကျွန်တော် တို့ မြင်နေ ရတာ ထက် ပိုပြီး လျင်မြန် လှသူ တစ်ဦး ပါပဲ ။ သူ့ကို ပိုင်ဆိုင် ရတဲ့ အတွက် ကျွန်တော် တကယ်ပဲ စိတ်လှုပ်ရှား မိ ပါတယ်”ဆိုပြီး နည်းပြဆိုးလ်ရှားကပြောပါတယ်။

photo internet

ဖာနန်ဒက်စ်ကသူခြေစွမ်းပြခဲ့တဲ့အနေအထားအပေါ် ပွဲအပြီးအင်တာဗျူးမှာအခုလိုပြောဆိုထားပါတယ်။ “ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ကျွန်တော် လုပ်ချင် နေတာပါ။ ကျွန်တော် တို့ ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိချင်ကြတယ် ဆိုတာ လူတိုင်း သိကြ ပါတယ် ။ ကျွန်တော် အခု ဒီမှာ ရှိနေ ရတာက အသင်း အနေ နဲ့ ရှိနေ သင့်တဲ့ နေရာ တစ်ခု ကို ဆက်လက် သိမ်းပိုက် နိုင်ဖို့ ၊ နိုင်ပွဲ တွေ ဆက်လက် ရရှိ နိုင်ရေး မှာ ကူညီ ပေးနိုင် ဖို့ ပါပဲ။ ဒါဟာ ကစားသမား တိုင်း ပိုင်ဆိုင်လို ကြတဲ့ နေ့တစ်နေ့ပါ။ ဂိုး သွင်းယူ နိုင်ပြီး နိုင်ပွဲရယူနိုင်တဲ့ အတွက် ကျွန်တော် ကံကောင်းတယ် လို့ ခံစား နေရ ပါတယ် ။ ကျွန်တော် တို့ အားလုံး အကောင်းဆုံး ပေးဆပ် ကစား ခဲ့ ကြတာပါ။ နိုင်ပွဲ နဲ့ ထိုက်တန် ခဲ့ကြ ပါတယ် ။ ကျွန်တော် ကတော့ အသင်း ကို ကူညီ ပေးနိုင် ဖို့ အတွက် ပဲ အလို ရှိနေ ပါတယ် ။ ဒါ့အ ပြင် ဒီနေ့ လုပ်ဆောင်ခဲ့ သလို မျိုး မာရှယ် လည်း ဂိုးတွေ အများ ကြီး သွင်းယူ နိုင်ဖို့ ကျွန်တော် မျှော်လင့် နေ ပါတယ် ”ဆိုပြီး ဖာနန်ဒက်စ်က ပြောဆိုထားပါတယ်။

photo internet

ဖာနန်ဒက်စ်ဟာယူနိုက်တက် အသင်း ကို ရောက်ရောက်ချင်း မှာပဲ ပွဲထွက် ကစားခွင့် ၊ ထောင့်ကန်ဘော နဲ့ ဖရီးကစ် တွေကို ကန်သွင်းခွင့်အပြင်အခုတော့ပင်နယ်တီကိုပါကန်သွင်းခွင့်ရရှိသွားခဲ့သူပဲဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ် ဟာ ယခင်တုန်းက နောက်ဆုံး အကြိမ် အဖြစ် ပင်နယ်တီ 13 ကြိမ် အထိ ကန်သွင်း ခဲ့ရာ မှာ 13 ကြိမ်လုံးဂိုး အဖြစ် ပြောင်းလဲ ထားနိုင် ခဲ့သူ ပဲ ဖြစ်ပါတယ် ။ သူဟာ နောက်ဆုံး အကြိမ် အဖြစ် 2016 ခုနှစ် ဧပြီလတုန်းက စီးရီးအေ မှာ ပင်နယ်တီ လွဲချော် ခဲ့သူ ပဲ ဖြစ်ပါတယ် ။ဖာနန်ဒက်စ်ဟာ စပို့တင်း လစ္စဘွန်း အသင်း မှာတော့ ပင်နယ်တီ ကို ရာနှုှန်းပြည့် ဂိုး အဖြစ် ပြောင်းလဲ နိုင်ခဲ့ သူပဲ ဖြစ်ပါတယ် ။ ဘရူနိုဖာနန်ဒက်စ် ကိုခေါ်ယူပြီးထဲက ယူနိက်တက်အနေနဲ့ လိဂ်သုံးပွဲလုံးရှုံးပွဲမရှိခဲ့သလို နှစ်ပွဲနိုင်တစ်ပွဲသရေကျခဲ့ပါတယ်။ သွင်းဂိုး ၅ဂိုးရှိခဲ့ပြီး ၃ဂိုးဟာဖာနန်ဒက်စ်နဲ့ တိုက်ရိုက်ပတ်သက်နေသလို ၁ဂိုးကလည်း သူ့ရဲ့ပံ့ပိုးမှု့ကနေပဲရခဲ့တာဖြစ်လို့ ယူနိက်တက် သွင်းဂိုးရဲ့ ၈၀%လောက်ဟာဖာနန်ဒက်စ်နဲ့ ပတ်သက်ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

3ဂိုးျပတ္ႏိုင္တဲ့ပြဲက ယူႏိုက္တက္ရဲ႕မင္းသား ဘ႐ူႏိုဖာနန္ဒက္စ္

ယူႏိုက္တက္ အသင္း ဟာ အိုးလ္ ထရပ္ဖို႔ဒ္ ကြင္းမွာ ပရီးမီးယား လိဂ္ ပြဲစဥ္ 27 အျဖစ္ ဝက္ဖို႔ဒ္ အသင္း ကို ဧည့္ခံ ကစား ခဲ့ၿပီး 3 – 0 ဆိုတဲ့ ရလဒ္ နဲ႔ အတူ အိမ္ကြင္း ဂိုးျပတ္ ႏိုင္ပြဲ ရယူ သြားႏိုင္ ခဲ့ ပါတယ္ ။ပြဲအစ မွာ ယူႏိုက္တက္ တို႔ အခ်ိတ္ အဆက္ မမိ ခဲ့ ပါဘူး ။ မာတင္ နဲ႔ မက္ဂြားယား တို႔ရဲ႕ အမွား ကေန ေစာေစာ စီးစီး ဂိုး မေပးလိုက္ရတာက ယူႏိုက္တက္ အတြက္ ကံေကာင္း ခဲ့တယ္လို႔ ဆိုႏိုင္ ပါတယ္ ။ အဲဒီပြဲမွာေတာ့ ကံတရားက ယူႏိုက္တက္ ဘက္ မွာ ရွိခဲ့တယ္လို႔ ေျပာလို႔ ရခဲ့ ပါတယ္ ။ ယူႏိုက္တက္ အသင္း အတြက္ သြင္းဂိုး ေတြကို တိုက္စစ္ ကစားသမား ေတြ ျဖစ္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ ၊ အန္သိုနီ မာရွယ္ နဲ႔ မာဆြန္ ဂရင္းဝုဒ္ တို႔က တစ္ဂိုးစီ သြင္းယူ ေပးသြား ႏိုင္ခဲ့ ၾက ပါတယ္ ။ဘ႐ူႏို ဖာနန္ဒက္စ္ အတြက္ေတာ့ ယူႏိုက္တက္ ကစား သမား ဘဝ ပထမဆုံး သြင္းဂိုး သြင္းယူ သြားႏိုင္ ခဲ့ျခင္း ျဖစ္ခဲ့ သလို သူဟာ ပရီးမီးယား လိဂ္ ၿပိဳင္ပြဲ မွာ ႏွစ္ပြဲ ဆက္ ဂိုးလည္း ဖန္တီး ေပးသြား ႏိုင္ခဲ့ ပါတယ္ ။ ဘ႐ူႏို ဖာနန္ဒက္စ္ ေရာက္လာ အၿပီးမွာ ယူႏိုက္တက္ တို႔ အခြင့္အေရး ဖန္တီးမႈေတြ ပိုရလာတာ သိသာပါတယ္ ။ ေပၚတူဂီသား ဟာ မွန္ကန္တဲ့ ေခၚယူမႈ ျဖစ္မယ္ ဆိုတာ ဂိုးေတြ ၊ ဖန္တီးမႈေတြ နဲ႔ သက္ေသျပ ေနခဲ့ ပါၿပီ ။
ဝဒ္ဖိုဒ့္အသင္းကို ဂိုးျပန္အႏိုင္ရခဲ့တဲ့ပြဲမွာေျခစြမ္းျပခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ ကို ပရိတ္သတ္တိုင္းကေရာ ကစားသမားတိုင္းကပါ အထူးတလည္ခ်ီးမြမ္း ေနၾကပါတယ္။ဖာနန္ဒက္စ္ဟာအဲဒီပြဲမွာ ဂိုးဖန္တီးမႈတစ္ႀကိမ္ နဲ႔ သြင္းဂိုးတစ္ဂိုး ရခဲ့တဲ့ ဖာနန္ဒက္စ္ အေပၚ ေနာက္ခံလူ လုခ္ေရွာက ခ်ီးမြမ္းစကားေတြေျပာဆိုထားပါတယ္။ “ဖာနန္ဒက္စ္ကႀကီးမားတဲ့ေထာက္ပံ့မႈေတြေပးပါတယ္။ သူကအသင္းကို‌ေရာက္ရွိတာ အခ်ိန္တိုအတြင္းပဲရွိေသးေပမယ့္ သူ႔ကိုၾကည့္ရတာ က အခ်ိန္ၾကာျမင့္စြာေရာက္ရွိေနသလို ပါပဲ။သူကစပို႔တင္းရဲ႕ေခါင္းေဆာင္တစ္ေယာက္ျဖစ္သလို အဲ့ဒီေခါင္းေဆာင္မႈ႕အရည္အခ်င္းေတြနဲ႔ ဒီအသင္းကိုကူညီဖို႔ သူကကြင္းျပင္မွာေရာကြင္းတြင္းမွာေရာႀကိဳးစားေန တာပါ။လက္ရွိေျခစြမ္းကို ဆက္ထိန္းႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။သူကဒီမွာကာလတိုပဲရွိေသးေပမယ့္ အခုေတာက္ပေနၿပီမဟုတ္လား။ သူ႔ကိုေတြ႔ ရတာကတကယ္ေကာင္းပါတယ္။”ဆိုၿပီး လုခ္ေရွာကေျပာဆိုထားပါတယ္။
ယူႏိုက္တက္နည္းျပဆိုးလ္ရွားကေတာ့ ပြဲစဥ္ ရဲ႕ အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ ကို ကစားသမား ေဟာင္းေတြ ျဖစ္တဲ့ ေပါလ္ စခိုးလ္ နဲ႔ ဗီ႐ြန္ တို႔ကို ေပါင္းစပ္ထားတဲ့ ကစားသမားလို႔ အထူး ခ်ီးက်ဴးေျပာဆိုထားပါတယ္။ “ဖာနန္ဒက္စ္ဟာ အသင္း ကို ေရာက္ရွိ လာခဲ့ၿပီး ဒီမွာ ရွိေန ၾကတဲ့ လူတိုင္း ကို အားတက္ ေစႏိုင္ ခဲ့ ပါတယ္ ။ သူဟာ အသင္း နဲ႔ အသင္းေဖာ္ ေတြကို တင္ မဟုတ္ ပါဘူး ၊ အသင္း ရဲ႕ ပရိသတ္ ေတြကို ပါ အားတက္ ေစႏိုင္ ခဲ့သူ တစ္ဦး ပါပဲ။ သူဟာ အသင္း ကို ေရာက္ရွိ ခဲ့တဲ့ ပထမဆုံး မိနစ္ ထဲက က ပင္ကိုယ္ စ႐ိုက္ ေကာင္းမြန္ လွသူ တစ္ဦး ဆိုတာ သိသာ ထင္ရွား ေစခဲ့ ပါတယ္ ။ ဖာနန္ဒက္စ္က ယုံၾကည္ခ်က္ အျပည့္ ရွိတဲ့ ကစား သမား တစ္ဦး လို ပါပဲ ။ သူ႔ကို ၾကည့္ရႈ ရတာ စခိုးလ္ နဲ႔ ဗီ႐ြန္ တို႔ကို ေပါင္းစပ္ ထားသလို ပါပဲ ။ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ ကြၽန္ေတာ္ တို႔ ျမင္ေန ရတာ ထက္ ပိုၿပီး လ်င္ျမန္ လွသူ တစ္ဦး ပါပဲ ။ သူ႔ကို ပိုင္ဆိုင္ ရတဲ့ အတြက္ ကြၽန္ေတာ္ တကယ္ပဲ စိတ္လႈပ္ရွား မိ ပါတယ္”ဆိုၿပီး နည္းျပဆိုးလ္ရွားကေျပာပါတယ္။
ဖာနန္ဒက္စ္ကသူေျခစြမ္းျပခဲ့တဲ့အေနအထားအေပၚ ပြဲအၿပီးအင္တာဗ်ဴးမွာအခုလိုေျပာဆိုထားပါတယ္။ “ခ်န္ပီယံလိဂ္၀င္ခြင့္ရရိွဖို႔အတြက္ ကြၽန္ေတာ္ လုပ္ခ်င္ ေနတာပါ။ ကြၽန္ေတာ္ တို႔ ခ်န္ပီယံ လိဂ္ ဝင္ခြင့္ ရရွိခ်င္ၾကတယ္ ဆိုတာ လူတိုင္း သိၾက ပါတယ္ ။ ကြၽန္ေတာ္ အခု ဒီမွာ ရွိေန ရတာက အသင္း အေန နဲ႔ ရွိေန သင့္တဲ့ ေနရာ တစ္ခု ကို ဆက္လက္ သိမ္းပိုက္ ႏိုင္ဖို႔ ၊ ႏိုင္ပြဲ ေတြ ဆက္လက္ ရရွိ ႏိုင္ေရး မွာ ကူညီ ေပးႏိုင္ ဖို႔ ပါပဲ။ ဒါဟာ ကစားသမား တိုင္း ပိုင္ဆိုင္လို ၾကတဲ့ ေန႔တစ္ေန႔ပါ။ ဂိုး သြင္းယူ ႏိုင္ၿပီး ႏိုင္ပြဲရယူႏိုင္တဲ့ အတြက္ ကြၽန္ေတာ္ ကံေကာင္းတယ္ လို႔ ခံစား ေနရ ပါတယ္ ။ ကြၽန္ေတာ္ တို႔ အားလုံး အေကာင္းဆုံး ေပးဆပ္ ကစား ခဲ့ ၾကတာပါ။ ႏိုင္ပြဲ နဲ႔ ထိုက္တန္ ခဲ့ၾက ပါတယ္ ။ ကြၽန္ေတာ္ ကေတာ့ အသင္း ကို ကူညီ ေပးႏိုင္ ဖို႔ အတြက္ ပဲ အလို ရွိေန ပါတယ္ ။ ဒါ့အ ျပင္ ဒီေန႔ လုပ္ေဆာင္ခဲ့ သလို မ်ိဳး မာရွယ္ လည္း ဂိုးေတြ အမ်ား ႀကီး သြင္းယူ ႏိုင္ဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ ေန ပါတယ္ ”ဆိုၿပီး ဖာနန္ဒက္စ္က ေျပာဆိုထားပါတယ္။
ဖာနန္ဒက္စ္ဟာယူႏိုက္တက္ အသင္း ကို ေရာက္ေရာက္ခ်င္း မွာပဲ ပြဲထြက္ ကစားခြင့္ ၊ ေထာင့္ကန္ေဘာ နဲ႔ ဖရီးကစ္ ေတြကို ကန္သြင္းခြင့္အျပင္အခုေတာ့ပင္နယ္တီကိုပါကန္သြင္းခြင့္ရရွိသြားခဲ့သူပဲျဖစ္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ ဟာ ယခင္တုန္းက ေနာက္ဆုံး အႀကိမ္ အျဖစ္ ပင္နယ္တီ 13 ႀကိမ္ အထိ ကန္သြင္း ခဲ့ရာ မွာ 13 ႀကိမ္လုံးဂိုး အျဖစ္ ေျပာင္းလဲ ထားႏိုင္ ခဲ့သူ ပဲ ျဖစ္ပါတယ္ ။ သူဟာ ေနာက္ဆုံး အႀကိမ္ အျဖစ္ 2016 ခုႏွစ္ ဧၿပီလတုန္းက စီးရီးေအ မွာ ပင္နယ္တီ လြဲေခ်ာ္ ခဲ့သူ ပဲ ျဖစ္ပါတယ္ ။ဖာနန္ဒက္စ္ဟာ စပို႔တင္း လစၥဘြန္း အသင္း မွာေတာ့ ပင္နယ္တီ ကို ရာႏႈွန္းျပည့္ ဂိုး အျဖစ္ ေျပာင္းလဲ ႏိုင္ခဲ့ သူပဲ ျဖစ္ပါတယ္ ။ ဘ႐ူႏိုဖာနန္ဒက္စ္ ကိုေခၚယူၿပီးထဲက ယူနိက္တက္အေနနဲ႔ လိဂ္သုံးပြဲလုံးရႈံးပြဲမရွိခဲ့သလို ႏွစ္ပြဲႏိုင္တစ္ပြဲသေရက်ခဲ့ပါတယ္။ သြင္းဂိုး ၅ဂိုးရွိခဲ့ၿပီး ၃ဂိုးဟာဖာနန္ဒက္စ္နဲ႔တိုက္႐ိုက္ပတ္သက္ေနသလို ၁ဂိုးကလည္း သူ႔ရဲ႕ပံ့ပိုးမႈ႕ကေနပဲရခဲ့တာျဖစ္လို႔ ယူနိက္တက္ သြင္းဂိုးရဲ႕ ၈၀%ေလာက္ဟာဖာနန္ဒက္စ္နဲ႔ ပတ္သက္ဆက္စပ္ေနတယ္လို႔ ေျပာလို႔ရပါတယ္။