ဆန်ချိုအတွက် ဆွေးနွေးမှုတွေမှာ နောက်ဆုံး ၂၄ နာရီအတွင်း တိုးတက်မှုတွေရှိလာတဲ့ မန်ယူ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ဒေါ့မန်ကြယ်ပွင့်ဆန်ချိုဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ မန်ယူရဲ့ထိပ်တန်းပစ်မှတ်ဖြစ်နေဆဲဖြစ်ပြီး အခုနောက်ဆုံးသတင်းတွေအရ အဲဒီအင်္ဂလန်လက်ရွေးစင်အတွက် ဆွေးနွေးမှုတွေမှာ နောက်ဆုံး ၂၄ နာရီအတွင်း တိုးတက်မှုတွေရှိလာတယ်လို့ သိရပါတယ်။
ဒေါ့မန်အားကစားဒါရိုက်တာမိုက်ကယ်ဇော့က ကစားသမားကို ဒီအပြောင်းအရွှေ့မှာ ရောင်းချသွားမှာ မဟုတ်ဘူးလို့ အခိုင်အမာဆိုထားပေမယ့် မန်ယူကတော့ လက်မလျှော့သေးပါဘူး။
အသက် ၂၀ အရွယ် ဆန်ချိုအတွက် ဒေါ့မန်က ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် ၁၀၈ သန်းသတ်မှတ်ထားတာပါ။ ဒီလိုမျိုးဒေါ့မန်ဘက်က တင်းခံနေပေမယ့် အေးဂျင့်ကြေးနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေအတွက် မန်ယူနဲ့ ဆန်ချိုရဲ့ကိုယ်စားလှယ်တွေအကြား ဆွေးနွေးမှုတွေဟာ နောက်ဆုံး ၂၄ နာရီအတွင်းမှာ တိုးတက်မှုတွေရှိခဲ့ပါတယ်။
အဲဒါနဲ့ပတ်သက်လို့ Sky Sports သတင်းဌာနရဲ့သတင်းထောက်တစ်ယောက်က”ဆန်ချိုနဲ့မန်ယူတို့ကြားက ဆွေးနွေးမှုမှာပါပင်ပတ်သက်နီးစပ်တဲ့တစ်စုံတစ်ယောက်နဲ့ ကျွန်တော်စကားပြောခွင့်ရခဲ့ပါတယ်။ နောက်ဆုံး ၂၄ နာရီအတွင်းမှာ တိုးတက်မှုတွေရှိခဲ့ပြီး မန်ယူပရိသတ်တွေအတွက်လည်း သတင်းကောင်းဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အေးဂျင့်ကြေးတွေနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေနဲ့ပတ်သက်ပြီး ဘာပြသနာမှ မရှိတော့ဘူးလို့ သူက ပြောခဲ့တာပါ”လု့ိ ဆိုခဲ့ပါတယ်။
အဲဒီအခက်အခဲတွေကြောင့်လည်း မန်ယူဟ လွန်ခဲ့တဲ့ ၂ ပတ်၊ ၃ ပတ်မှာ ကမ်းလှမ်းမှုမလုပ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ အဲဒါဟာ ဆန်ချိုရဲ့အပြောင်းအရွှေ့အတွက် ခြေတစ်လှမ်းတိုးနိုင်ခဲ့တာဖြစ်ပြီး မန်ယူရဲ့ကမ်းလှမ်းမှုကို ဒေ့ါမန်ဘက်ကသာ လက်ခံမယ်ဆိုရင် အပြောင်းအရွှေ့ဖြစ်တော့မှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
zawgyi