မိုင်ယာမီကစားသမားတွေထဲမှာ မက်ဆီ Rating အနိမ့်ဆုံးဖြစ်ခဲ့တဲ့ ဒီစီယူနိုက်တက်နဲ့ပွဲ

ဘောလုံးမှာ မက်ဆီကို တားဆီးနိုင်တာ အနည်းအကျဉ်းသာရှိပြီး တနင်္ဂနွေမနက်မေဂျာလိဂ်ပွဲမှာ

အာဂျင်တီးနားစူပါစတားကို တားဆီးနိုင်တဲ့နောက်ထပ်အရာတစ်ခုကို တွေ့ခဲ့ရပါတယ်။

ဒဏ်ရာကြောင့် အော်လန်ဒိုနဲ့ပွဲကို မပါနိုင်ခဲ့တဲ့ မက်ဆီဟာ အခုမနက်ကန်တဲ့ ဒီစီယူနိုက်တက်နဲ့

ပွဲမှာတော့ မိုင်ယာမီ ပွဲထွက်စာရင်းထဲ ပြန်ပါလာခဲ့တာပါ။

ဖြစ်ချင်တော့ မိုးကြိုးမုန်တိုင်းကြောင့် ဒီစီယူနိုက်တက်နဲ့ပွဲကို ၂၅ မိနစ်နောက်ကျပြီးမှ ကန်ခဲ့ရပါတယ်။

ဒါ့အပြင် ပွဲစပြီး မကြာခင်မှာ ပြန်ရွာတဲ့မိုးဟာ ပွဲချိန်မိနစ် ၃၀ ရောက်မှ စဲသွားခဲ့တာပါ။

မိုးထဲရေထဲကစားရတာဖြစ်လို့ မက်ဆီအနေနဲ့လည်း ခြေစွမ်းပြဖို့ ရုန်းကန်ရခဲ့ရပါတယ်။

မိုင်ယာမီအတွက် နောက်ထပ် ဂိုးမရှိသရေပွဲတစ်ပွဲလို့တောင် ထင်မှတ်ခဲ့ရတာပါ။

ဒါပေမဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လူစားဝင်ရောက်လာတဲ့ ကမ်ပါနာက ကွင်းလယ်ကနေ

ဘတ်စကွက်ရဲ့ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံကို ဘယ်ခြေနဲ့ တစ်ချက်ဖမ်းထိန်းပီး

ညာခြေနဲ့ ဂိုးသမားကိုကျော်ပြီး အမြင့်ကန်ချက်နဲ့သွင်းယူခဲ့လိုက်တာကြောင့်

မိုက်ယာမီတို့ သွင်းဂိုးရရှိခဲ့ရသလို အဲ့သည့်ဂိုးကြောင့်လည်း အသင်းက နိုင်ပွဲရရှိခဲ့ကာ

အဆင့်(၁)နေရာကိုပါ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

သွင်းဂိုးရယူပေးခဲ့တဲ့ ကမ်ပါနာအတွက်လည်း ကွင်းထဲဝင်ရောက်လာပြီး စက္ကန့်ပိုင်းအတွက်းမှာပဲ

ထိချက်တစ်ချက်နဲ့တင် အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးခဲ့နိုင်လိုက်တဲ့

မှတ်တမ်းရရှိခဲ့သလို အင်္ကျီချွတ်အောင်ပွဲခံခဲ့တာကြောင့်လည်း အဝါကဒ်ပါတစ်ခါတည်းရရှိခဲ့လိုက်ပါတယ်။

မက်ဆီကတာ့ မိုင်ယာမီကစားသမားဘဝမှာ ရှားရှားပါးပါးအဖြစ် ကြောင်ပျောက်ခဲ့ရတာပါ။

မိုင်ယာမီအင်္ကျီနဲ့ သူကစားဖူးသမျှထဲမှာ ပါတယ်လို့မထင်ရအောင် အငြိမ်သက်ဆုံးပွဲဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် ဒီစီယူနိုက်နဲ့ပွဲပြီးတော့ မိုင်ယာမီကစားသမားတွေရဲ့စွမ်းဆောင်မှု

Rating ထွက်လာတဲ့အခါ မက်ဆီက အနိမ့်ဆုံးဖြစ်နေတာပါ။

ဒီစီယူနိုက်တက်နဲ့ပွဲမှာ မက်ဆီရဲ့စွမ်းဆောင်မှုကို ၁၀ မှာ ၆.၃ ပဲ ပေးထားပါတယ်။