လူငယ်ကစားသမားတွေ အများကြီး တိုးတက်လာတဲ့ မန်ယူဟာ လွန်ခဲ့တဲ့ ၁၂ လကထက် အခြေအနေကောင်းတယ်လို့ဆိုလာတဲ့ တန်ဟတ်

မန်ယူအသင်းဟာ လွန်ခဲ့တဲ့ ၁၂ လတုန်းက အခြေအနေထက် ပိုကောင်းခဲ့ပြီး

လူငယ် ကစား သမားတွေ အများကြီးတိုးတက်လာတာဟာ

အဆိုးထဲက အကောင်းဖြစ်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောပါတယ်။

ဒီရာသီမှာ မန်ယူအသင်းနဲ့အတူ ကိုဘီမိုင်နူး၊ ဂါနာချိုတို့ လို ကစားသမားတွေ လျှမ်းလျှမ်းတောက် ဖြစ်လာခဲ့ပြီး

အသင်းကြီးရဲ့ ဝါရင့် ကစားသမား တွေနည်းတူ ကစားနိုင်တာဟာ

ယူနိုက်တက်အတွက် အိုကေတယ်လို့ တန်ဟတ်က ယူဆ ပါတယ်။

‘‘ရလဒ်တွေကို ကြည့်လိုက်ရင်တော့ No ပါလို့ ခင်ဗျားတို့ ပြောကြပါလိမ့်မယ်။

ဒါပေမဲ့ အဲဒီနောက်က အကြောင်းတရားကို ကျွန်တော်တို့ သိတယ်။ ကျွန်တော်ကတော့ Yes လို့ ပြောမှာပါ။

အသင်းလူစာရင်းမှာ အရည်အသွေး ပိုမြင့်တဲ့ ကစားသမားတွေ ပို များလာပြီ။

ဒါကြောင့် ထင်မြင်ယူဆချက်အပိုင်းအရ ကျွန်တော်တို့က ပိုကောင်းတဲ့ အနေ အထားကို ရောက်နေပြီ။

မန်ချက်စတာ ယူနိုက်တက်ဆိုတာက ဘယ်ကစားသမားကိုမဆို ဆွဲဆောင်နိုင်စွမ်း မြင့်မားတဲ့ အသင်းဖြစ်တယ်။

ကျွန်တော်တို့အသင်းရဲ့ အရည်အသွေး ကို ထပ်ကောင်းအောင် လုပ်ပေးနိုင်တဲ့

အလားအလာရှိတဲ့ လူငယ်ကစားသမားတွေကို ကျွန်တော်တို့ မွေးထုတ်ပေးနိုင်ခဲ့တယ်။

အတွေ့ကြုံရင့် ကစားသမားတွေနဲ့အတူ တွဲပြီး ကစားပေးရင်းနဲ့ အရမ်းကောင်းတဲ့ ပေါင်းစပ်မှုတစ်ခုကို ရနိုင်ပါတယ်။

ဒါဟာ မြင့်မားတဲ့ အနေအထားတစ်ခုမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့

အသင်းကို ရစေပါတယ်’’ လို့ တန်ဟတ်က ပြောခဲ့ပါတယ်။

မန်ယူရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ကိုဘီမိုင်နူးဟာ ဆယ်ကျော်သက် အရွယ် ကစားသမားဖြစ်ပေမဲ့လည်း

ဝါရင့် ကွင်းလယ်ကစားသမားဖြစ်တဲ့ ကက်စ်မီရိုနဲ့ အတူ တွဲပြီး ကစားနိုင်သလို

မန်ယူအသင်း ကွင်းလယ်မှာလည်း တကယ့်ကို အားထားရတဲ့ ကစားသမားဖြစ်ပါတယ်။

အလားတူ ဂါနာချိုကလည်း ဒီရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရလာပြီး ယူနိုက်တက်ရဲ့ အန္တရာယ်အရှိဆုံး တိုက်စစ်မှူး ဖြစ်လာပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နွေဈေး ကွက်မှာ အသင်းကို ရောက်လာတဲ့ တိုက်စစ်မှူး ရာမတ်စ်ဟွိုင်လန်းကလည်း

ယူနိုက်တက် ရဲ့ တိုက်စစ်မြားဦးကို အဓိက ဦးဆောင်နိုင်သူ ဖြစ်နေပါတယ်။