“အာဆင်နယ် ဗိုလ်စွဲမှာ မဟုတ်ပါဘူးဗျာ”လို့ ရာသီသိမ်းပွဲမတိုင်ခင်လေးမှာပဲ ခန့်မှန်းလိုက်တဲ့ စီရော်နယ်ဒို

စီရော်နယ်ဒိုဟာ ရာသီသိမ်းပွဲမတိုင်ခင် တစ်ရက်အလိုမှာပဲ ဒီရာသီပရီးမီးယားလိဂ်မှာ

ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာကို ခန့်မှန်းလိုက်ပါတယ်။

ပေါ်တူဂီစူပါစတားဟာ ဆော်ဒီနိုင်ငံ ရီယတ်မြို့က တိုင်ဆန်ဖျူရီနဲ့ ယူဆက်တို့ရဲ့ကမ္ဘာ့ဟဲဗီးဝိတ်

ချန်ပီယံစိန်ခေါ်ပွဲကို တက်ရောက်အားပေးခဲ့တာပါ။

အဲဒီပွဲမတိုင်ခင် စီရော်နယ်ဒိုဟာ နာမည်ကြီးလက်ဝှေ့ပွဲစီစဉ်သူဖရန့်ဝါရန်နဲ့

နှုတ်ဆက် စကားပြောခဲ့ကြပါတယ်။

ဖရန့်ဝါရန်က အာဆင်နယ်ပရိသတ်တစ်ယောက်ဖြစ်တာကြောင့် ဒီရာသီပရီးမီးယားလိဂ်မှာ

ဗိုလ်သူဗိုလ်စွဲမလဲဆိုပြီး စီရော်နယ်ဒိုရဲ့ထင်မြင်ချက်ကို မေးလိုက်တာပါ။

ဖရန့်ဝါရန်ရဲ့အမေးကြောင့် စီရော်နယ်ဒိုတစ်ယောက် တစ်ချက်ရယ်မိသွားပါတယ်။

အဲဒီနောက် ”ပရီးမီးယားလိဂ်မှာ သူတို့(အာဆင်နယ်) ဗိုလ်စွဲမှာ မဟုတ်ဘူး”လို့ ပြန်ဖြေလိုက်တာပါ။

စီရော်နယ်ဒိုရဲ့အဖြေက အာဆင်နယ်ပရိသတ်ဖရန့်ဝါရန်အတွက် ကျေနပ်ဖွယ် မဖြစ်ခဲ့ပါဘူး။

တကယ့်လက်တွေ့မှာလည်း အာဆင်နယ်ဟာ နှစ်ပေါင်းများစွာကြာဝေးကွာနေတဲ့

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် မရှိပါဘူး။

သူတို့က အမ်းမရိတ်စ်မှာ အဲဗာတန်ကို နိုင်ရင်တောင် တစ်ဖက်က ဝက်စ်ဟမ်းနဲ့ပွဲမှာ

မန်စီးတီးနိုင်တာနဲ့ ဒုတိယနဲ့ပဲ ကျေနပ်ရမှာပါ။

တစ်နည်းအားဖြင့် မန်စီးတီးကသာ သမိုင်းဝင် ၄ နှစ်ဆက်ဗိုလ်စွဲဖို့ ရာခိုင်နှုန်းများနေပါတယ်။

ညက စီရော်နယ်ဒို၊ နေမာတို့ သွား ရောက်အားပေးခဲ့တဲ့ ဗြိတိန်သားဟာ ပရိုဘောက်ဆင် တိုင်ဆန်ဖျူရီနဲ့

ယူကရိန်းသား ယူဆက်တို့ရဲ့ ဟဲဗီးဝိတ်ပွဲမှာ တိုင်ဆန်ဖျူရီဟာ ယူဆက် ရဲ့ ပြင်းထန်တဲ့

လက်သီးထိုးချက်တွေအောက် အလူးအလဲခံခဲ့ရသလို ဘာမှကိုမတုံ့ပြန်နိုင်ခဲ့ပါဘူး။

ယူဆက် ရဲ့ထိုးချက်တွေ ဆက်တိုက်အထိခံရပြီး ယိမ်းယိုင်နေခဲ့တဲ့ တိုင်ဆန်ဖျူရီဟာ ကြိုးတန်းနဲ့

ဒိုင်လူကြီး ကယ်လို့သာ အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိဒဏ်ရာတွေမရခဲ့တာလည်းဖြစ်ပါတယ်။

၁၆နှစ်အတွင်းရှုံးပွဲမရှိမှတ်တမ်းကောင်းရခဲ့တဲ့ တိုင်ဆန်ဖျူရီအတွက်တော့ ဆော်ဒီမှာ ယူဆက် ရဲ့

အလဲထိုးချက်တွေခံခဲ့ရင်း အမှတ်နဲ့ဆုံးဖြတ်ချက်မှာ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်လိုက်ရတာပါ။

ပွဲစဉ်ရဲ့အနိုင်ရသူအဖြစ် ယူဆက် ကို ကြေငြာချက်ထုတ်ပြီးလိုက်ချိန်မှာလည်း

အသက် ၃၅ နှစ်အရွယ် ဗြိတိန်သား တိုင်ဆန်ဖျူရီဟာ

ပြိုင်ဘက်ကို ချီးကျူးမှုတွေ လုပ်ခဲ့ပါတယ်။

တိုင်ဆန် ဖျူရီကို အမှတ်နဲ့ အနိုင်ရရှိပြီး ခါးပတ် (၄)ခုချန်ပီယံ ဖြစ်လာခဲ့တဲ့ ယူဆက်ကလည်း

တိုင်ဆန်ဖျူရီအနေနဲ့ ပြန်လည်ထိုးပွဲပြုလုပ်ဖို့ အဆင်သင့်ဖြစ်လာမယ့်အချိန်ကို

စောင့်နေပါတယ်ဆိုပြီး အနိုင်ရပြီးချိန်မှာ ပြောခဲ့ပါတယ်။