အာဆင်နယ် ချန်ပီယံဆုရဖို့ ဖြစ်နိုင်ခြေအများကြီးရှိတယ်ဆိုတဲ့ အာတီတာ

မနက်ဖြန်ကစားမယ့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာ အဆုံးအဖြတ်ပေးမယ့် ချန်ပီယံ ဆုအတွက်

ဖြစ်နိုင်ခြေ ရှိနေတုန်းပဲလို့ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ပြောပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးဟာ အမှတ်ပေးဇယားကို ၂ မှတ် အသာနဲ့ ဦးဆောင်နေပြီး

ချန်ပီယံဆုကို ဆက်ထိန်းဖို့ အခွင့်အရေး အားသာချက် အများ ဆုံးရှိနေပါတယ်။

အခုလာမယ့် ပွဲစဉ် (၃၈) မှာတော့ အာဆင်နယ်က အဲဗာတန်ကို အိမ် ကွင်းမှာ ကစားရမှာဖြစ်သလို

မန်စီးတီးကလည်း ဝက်စ်ဟမ်းကို အီတီဟတ်မှာပဲ ဧည့်ခံရ မှာဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ခုရှိတာက မန်စီးတီးဟာ ဒီပွဲမှာ အမှတ်လျော့နိုင်စရာ လမ်း ၂ သွယ်ရှိနေပြီး

ဘယ်လိုနည်းနဲ့ပဲ အမှတ်လျော့လျော့ အာဆင်နယ်က အဲဗာတန်ကို အနိုင် ရပြီဆိုတာနဲ့ ချန်ပီယံဖြစ်မှာပါ။

မှတ်တမ်းတွေအရ ၂၀၀၁-၀၂ရာသီတုန်းက အာဆင်နယ်ဟာ ပရီမီးယားလိဂ်ပွဲစဉ် (၃၇)မှာ

မန်ယူကို အဝေးကွင်းမှာ (ဝ-၁)ရလဒ်နဲ့အနိုင်ရခဲ့ပြီး ရာသီနောက်ဆုံးနေ့မှာ အဲဗာတန်ကို အနိုင်ယူကာ ချန်ပီယံဆုရရှိခဲ့ဖူးပါတယ်။

တိုက်ဆိုင်စွာနဲ့ပဲ ဒီရာသီမှာလည်း အာဆင်နယ်အသင်းက အဝေးကွင်းမှာ မန်ယူကို (ဝ-၁)ရလဒ် နဲ့ ပွဲစဉ် (၃၇)ကို

အနိုင်ရထားသလို နောက်ဆုံးနေ့ပွဲစဉ်ဟာလည်း အဲဗာတန်အသင်းနဲ့တွေ့ဆုံနေတာကြောင့် ဒီပွဲစဉ်ကို

အနိုင်ယူပြီး ပရီမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မှာလားလို့လည်း အသင်းပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

ဒါကြောင့် အပြောင်းအလဲတွေ ရှိလာနိုင်တဲ့ ရာသီသိမ်း ပွဲ အပေါ်

ယုံကြည်ချက် အပြည့်ရှိတယ်လို့ အာတီတာက ပြောပါတယ်။

‘‘ကျွန်တော် ယုံတယ်။ ဒီနေရာကို ကျွန်တော်တို့ ရောက်ချင်ခဲ့တာပါ။

တနင်္ဂနွေနေ့ကျရင် ကျွန်တော်တို့ ရဲ့ ပရိသတ်တွေရှေ့မှာ အရမ်းလှတဲ့ နေ့တစ်နေ့ကို

ပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်တော်တို့ ကြိုးစားခဲ့ရတာပါ။

ပွဲအပြီးမှာ ဆုဖလားကို ကိုင်မြှောက်ခွင့် ရနိုင်တဲ့ အခွင့်အရေးလည်း ရှိနေပြီ။

အိပ်မက်တွေ ရှင်သန်နေဆဲဖြစ်သလို မျှော်လင့်ချက် တွေလည်း ဖြစ်လာနိုင်တဲ့

လှပတဲ့ တနင်္ဂနွေနေ့ကို ကျွန်တော်တို့ ဖြတ်သန်းခွင့်ရဖို့ ဖြစ်နိုင် ခြေရှိပါတယ်။

ဒါက ဘောလုံးပါ။ လက်ရှိကိုပဲ ကျွန်တော်တို့ ကြည့်ရမှာ ဖြစ်ပါတယ်’’ လို့

အာတီတာက ချန်ပီယံဆု မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

နောက်ပြီး ဆရာ ဟောင်းဖြစ်တဲ့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ကလည်း

အာဆင်နယ်အသင်း ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ အာတီတာက မျှော်လင့်နေပါတယ်။

အာတီတာဟာ အဲဗာတန် ကစားသမားဟောင်း ဖြစ်ခဲ့ဖူးပြီး

မာဆေးဆိုက်ဒ် ကလပ်မှာကစားနေတုန်းက မိုယက်စ်နဲ့အတူ လက်တွဲခဲ့သူဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ရဲ့ အိပ်မက်တွေ ပြည့်၀ သွားဖို့အတွက် ဆရာဟောင်းက ကူညီပေးနိုင်တယ်လို့ ပြောပါတယ်။

‘‘အရင်ဆုံးကတော့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပြရမယ်။

အဲဒီနောက် ဝက်စ်ဟမ်းနဲ့ ဒေးဗစ်မိုယက်စ် ကလည်း အာဆင်နယ်ရဲ့ အိပ်မက်တွေ ပြည့်ဝသွားအောင်

ကြီးမားတဲ့ အလေးပေး လုပ် ဆောင်မှုမျိုး လုပ်ပေးတော့မှာပါ’’ လို့ စပိန်သား နည်းပြက ပြောပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၂၀၀၃-၀၄ ပရီးမီးယားလိဂ် ဖလားကို ရှုံးပွဲမရှိ စံချိန်နဲ့

ယူနိုင်ခဲ့ပြီးတဲ့နောက် လက်ရှိ အချိန်အထိကို ဖလား ပြန်မယူနိုင်တဲ့ အသင်းဖြစ်ပါတယ်။