ရှုံးပွဲမရှိ ချန်ပီယံဖြစ်ဖို့ လေဗာကူဆင်အတွက် သမိုင်းဝင်မယ့် ဒီည

ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင်ဟာ ဒီညမှာတော့ ရာသီပိတ်ပွဲစဉ်အဖြစ် အော့စ် ဘတ်အသင်းနဲ့ ရင်ဆိုင်ရပါတော့မယ်။

နည်းပြ ဇာဗီ အလွန်ဆိုရဲ့ အသင်းဟာ ဥရောပ ပြိုင်ပွဲတွေ အပါအဝင် ပြိုင်ပွဲစုံ ရှုံးပွဲမရှိ ကစားနိုင်ခဲ့တာ ပွဲပေါင်း ၅၀ တိုင်ခဲ့ပါပြီ။

နောက်ပြီး လေဗာကူဆင်ဟာ ဒီရာသီ အဝေးကွင်းပွဲစဉ်အားလုံး ရှုံးပွဲမရှိတဲ့ အသင်းအဖြစ်လည်း မှတ် တမ်းတင်နိုင်ခဲ့ပါပြီ။

အခုညမှာ ကစားမယ့် အော့စ်ဘတ်နဲ့ပွဲမှာ သရေပွဲ ရပြီဆိုတာနဲ့ လေဗာကူဆင်ဟာ တစ်ရာသီလုံး ရှုံးပွဲလုံးဝမရှိတဲ့ စံချိန်ကို ရမှာဖြစ်ပြီး

ပရီးမီးယားလိဂ်မှာ အာဆင်နယ် ရဖူးတဲ့ ရွှေဖလား စံချိန်မျိုးကို ရတော့မှာ ဖြစ်ပါတယ်။

ဒီအတွက် ပရီးမီးယား လိဂ် သမိုင်းမှာ အာဆင်နယ်ရဖူးတဲ့ ပရီးမီးယားလိဂ် ရွှေဖလားလိုမျိုးပဲ

လေဗာကူဆင်တို့ ရမှာလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါပြီ။

လက်ရှိအချိန်မှာ ဒီအဖြေကို တိတိကျကျ သိထားတဲ့သူက တော်တော်လေး နည်းပါတယ်။

ဘာကြောင့်လဲဆိုတော့ လေဗာကူဆင်ကို တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်အတွက် အထူးသီးသန့် ချီးမြှင့်မယ့် ရွှေဒိုင်းဆု ပေးမှာလား၊

မပေးဘူးလားဆိုတာကို လက်ရှိအချိန်အထိ တရားဝင် မဆုံးဖြတ်ရသေးလို့ပါ။

နောက်ပြီး လေဗာကူဆင်ကို ပေးမယ့် အထူးသီးသန့် ရွှေဒိုင်းဆုကလည်း လက်ရှိအချိန်အထိ ပုံသွင်း သွန်းလုပ်ထားတာမျိုးလည်း မရှိသေးပါဘူး။

တကယ်လို့ လေဗာကူဆင်အနေနဲ့ တစ်ရာ သီလုံး ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့ပြီး ရွှေဒိုင်းဆု ပေးမယ်လို့

ဂျာမနီ ဘောလုံးအဖွဲ့ချုပ်က ဆုံး ဖြတ်ခဲ့မယ်ဆိုရင်တော့ ၂၀၂၄-၂၅ ဘောလုံးရာသီအစ

အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဂျာမန် စူပါ ဖလားပွဲမှာ အဲဒီဆုကို ပေးမှာ ဖြစ်ပါတယ်။

ဒီအတွက် အော့စ်ဘတ်နဲ့ ဘွန်ဒက်စ်လီဂါ ရာသီ ပိတ်ပွဲစဉ် ကစားမယ့် ဒီညဟာ

လေဗာကူဆင်အတွက်တော့ သမိုင်းဝင် အောင်ပွဲခံမယ့် ညမျိုး ဖြစ်လာပါတော့မယ်။

အခုညပွဲမှာ ရလဒ်ကောင်းပြီး လေဗာကူဆင်ကို အထူးသီးသန့် ဂုဏ်ပြုချီးမြှင့်တဲ့ ရွှေဒိုင်းဆု ပေးခဲ့မယ်ဆိုရင်တော့

နည်းပြ အလွန်ဆိုနဲ့အတူ လေဗာကူ ဆင်အသင်းသားတွေကို လာမယ့် သြဂုတ်လ ၁၇ ရက်မှာ ကစားမယ့်

ဂျာမန် စူပါဖလား ပွဲစဉ်မှာ တခမ်းတနား မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။