အယ်လ်နာဆာ ပွဲမရှုံးခဲ့ပေမဲ့ အကောင်းဆုံး အရှုံးသမားဖြစ်ခဲ့တဲ့ စီရော်နယ်ဒို

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ အယ်လ်ဟီလယ်နဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာအသင်း ဟာ ၁-၁ ဂိုး သရေရလဒ် ကစားနိုင်ခဲ့ပေမဲ့

အသင်းခေါင်းဆောင် စီရော်နယ်ဒိုကတော့ အကောင်းဆုံး အရှုံးသမားဖြစ်ခဲ့တယ်ဆိုပြီး ဝေဖန်ရေးဆရာတွေ ပြောနေကြပါတယ်။

ဆော်ဒီပရိုလိဂ် ပွဲစဉ် (၃၂) အဖြစ် ကစားတဲ့ ဒီပွဲမှာ အိမ်ရှင်ဖြစ်တဲ့ အယ်လ်နာဆာဟာ

အသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ လမ်းပြမှုနဲ့အတူ အကောင်းဆုံး တာထွက်နိုင်ခဲ့တဲ့ အသင်းပါ။

ဒါကြောင့် ပွဲချိန် ၂၂ စက္ကန့်မှာတင် ဦးဆောင်ဂိုး ရခဲ့ပြီး မန်ယူတိုက်စစ်မှူးဟောင်း ချပေးတဲ့ ဘောလုံးကို

အိုတာဗီယိုက ၂၃ ကိုက် အကွာအဝေးကနေ ကန်သွင်းရင်းနဲ့ အယ်လ် နာဆာကို ဦးဆောင်စေခဲ့တာပါ။

နောက်ပြီး အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေမှာ ကွင်းလယ်အူတိုင်အပြင် ဘယ်တောင်ပံရော၊

ညာတောင်ပံပါ လိုက်ကစားတဲ့ စီရော်နယ်ဒို ရဲ့ လုပ်အားနှုန်းကြောင့် အယ်လ်ဟီလယ်တို့ ဘာမှကို လုပ်မရဘဲ ငြိမ်ခံနေရတဲ့အထိကို ဖြစ်ခဲ့တာပါ။

ဒီအတွက် အယ်လ်နာဆာဟာ ပထမပိုင်း မပြီးခင်မှာတင် ၄ ဂိုးပြတ်နဲ့ ဦး ဆောင်နိုင်တဲ့ အခွင့်အရေးမျိုး ရှိခဲ့ပါတယ်။

ဒါပေမဲ့ စီရော်နယ်ဒိုတစ်ယောက် အခွင့်အရေး တွေ အများကြီး ဖြုန်းတီးပစ်ခဲ့လို့

နည်းပြ လူးဝစ်ကက်စထရိုရဲ့ အသင်း နိုင်ပွဲ မရခဲ့တာပဲ ဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ အိုတာဗီယို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို စီရော်နယ်ဒို ပိတ်သွင်းခွင့်ရပေမဲ့

ဘယ်ခြေကန်ချက်က ထိချက် မမှန်ခဲ့လို့ ဂိုးမဝင်ခဲ့ဘူး။

အဲဒီနောက် ပွဲချိန် ၂၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် မာနေး ဘောလုံးရသွားပြီး

ဂိုးရှေ့ ဖြတ်ချပေးတာကို ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့တဲ့ စီရော်နယ်ဒိုက ဂိုးဝင်အောင် မကန်နိုင်ခဲ့ပါဘူး။

မာနေးပေးလိုက်တဲ့ ဘောလုံးဟာ ပေါ်တူဂီသားရဲ့ ဘယ်ဘက် ခြေမျက်စိနဲ့ ထိပြီး ဂိုးပေါက်လွဲသွားခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုး မဝင်တဲ့အပေါ် ပွဲအစီအစဉ် ကြေညာ သူတောင်မှ တော်တော်အံ့သြခဲ့ပြီး စီရော်နယ်ဒိုဟာ

ပုံမှန်သွင်းနေကျ သွင်းဂိုးတွေတောင် လွဲကုန်ပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။

အဲဒီနောက် ပွဲချိန် ၄၃ မိနစ်အရောက်မှာ ဘယ်ခြမ်း ကနေ မာနေး ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဂိုးပေါက်နဲ့ကပ်ပြီး

ခေါင်းတိုက်ခွင့်ရပေမဲ့လည်း စီရော်နယ်ဒိုက ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘူး။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၈၀ မှာလည်း စီရော် နယ်ဒိုဟာ ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့တာကို တည့်တည့်ကြီး

ကန်ထည့်မိတဲ့ အတွက် အယ်လ်ဟီလယ် ဂိုးသမား ဘိုနူ ကာကွယ်သွားနိုင်ခဲ့တယ်။

ဒီအတွက် အယ်လ် ဟီလယ်က ပွဲချိန် ၉၀+၁၀ မိနစ်ကျမှ ရတဲ့ ပင်နယ်တီကနေ ချေပဂိုး သွင်းပြီး

သရေတစ် မှတ် အရယူသွားခဲ့တယ်။ ဒါကြောင့် အယ်လ်နာဆာဟာ ချန်ပီယံအသင်း အယ်လ်ဟီ လယ်ကို

အနိုင်ရမယ့် အခွင့်အရေး လွဲခဲ့တာပါ။ ဒီပွဲမှာ အယ်လ်နာဆာဟာ အယ်လ်ဟီ လယ်ကို သရေ ကစားနိုင်ခဲ့ပေမဲ့

စီရော်နယ်ဒိုကတော့ အကောင်းဆုံး အရှုံးသမား ဖြစ်ခဲ့ တယ်လို့ မှတ်ချက်စကားတွေ ကြားနေရပြီဖြစ်ပါတယ်။