2021 ရွှေဘောလုံးဆု ဆွတ်ခူးရေးအတွက် ပြိုင်ပွဲဝင်ထားကြသူများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုအချိန်မှာ ရွှေဘောလုံး ဆုတို့ ၊ UEFA Player of the Year ဆုတို့ အတွက် ဆုံးဖြတ်ဖို့ စောလွန်း နေပါသေးတယ်။

ဒါပေမယ့် ရာသီသစ်တစ်ခု ရဲ့ အဖွင့် ၄ ၊ ၅လ လောက်က ခြေစွမ်းတွေ ကြောင့် ရေပန်းစားတဲ့ ကစားသမားတွေက ဆုရရှိတတ်ပါတယ်။

ချန်ပီယံလိဂ်ကိုင်မြောက်ထားတဲ့သူ ၊ အမှတ်ပေး ဖလား ရထားတဲ့သူ ၊ အဲဒီ ပြိုင်ပွဲတွေမှာ ပါဝင် ခြေစွမ်း ပြထားတဲ့ သူတွေကပဲ နှစ်ကုန်မှာ ဆုရှင်တွေ ဖြစ်လာခဲ့ကြတာပါ။တစ်ခါတလေတော့လည်း အဲဒီမှန်းချက်က နှမ်းထွက်မကိုက်တတ်ပါဘူး။

မနှစ်တုန်းက ကိုဗစ် ကို အကြောင်းပြုလို့ ကစားသမားတွေ မက်မောတဲ့ ဆုကို မပေးအပ်ခဲ့ပါဘူး။

ဒီနှစ်မှာတော့ ကိုဗစ်နဲ့ အတူယှဉ်တွဲ နေထိုင်လာတာနှစ်ပေါက်လာလို့ ဆုပေးပွဲ ကို ပြန်လည် ကျင်းပ သွားဖို့ ရှိနေပါတယ်။

မနှစ်တုန်းကဆုအတွက် မချိတင်ကဲဖြစ်ခဲ့ရတဲ့ ဆုထင်ကြေးပေးခံခဲ့ရသူ လီဝန်ဒေါ့စကီး ကတော့ ဒီနှစ်ဆုကို မျှော်မှန်းနေမှာ သေချာပါတယ်။

ရွှေဘောလုံး ဆု အတွက် လတ်တလောမှာ ရေပန်းစားနေတဲ့ သူတွေ ကို စာအိတ်မဖောက်ဘဲ ထုတ်နုတ် တင်ဆက်ရမယ် ဆိုရင်…

အမ်ဘာပေ ၊ လီဝန်ဒေါ့စကီး ၊ ဒီဘရိုင်းနား၊ မက်ဆီ၊ ရော်နယ်ဒို၊ ဘရူနို ဖာနန်ဒက်စ်၊ ဟာလန်း၊ ကန်တီ၊ လူကာကူ ၊ နေမာ၊ ဖိုဒန်၊ မေဆွန်မောင့်၊ စတာလင်၊ မာရက်ဇ် တို့ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဖိုင်နယ်ပွဲက အနေအထားတွေ၊ ဒေသတွင်း ဆိုင်ရာ ပြိုင်ပွဲတွေမှာ ပြသမယ့် ခြေစွမ်းတွေကြောင့် ကစားသမားတွေအတွက် ထင်ကြေးပေးခံရတဲ့ နှုန်းတွေက အပြောင်းအလဲတွေ ဖြစ်သွားပါမယ်။

အချို့သုံးသပ်သူတွေကတော့ ဒီနှစ် ရွှေဘောလုံး ဆု ကြိုးပမ်းမှု အတွက် ဒီဘရိုင်းနား နဲ့ အမ်ဘာပေ တို့ ကို ကြိုးဝိုင်းထဲ သီးသန့်ခွဲထည့်ပေးထားကြပါတယ်။

ရှေ့ဆက် ကစားရမယ့် ပြိုင်ပွဲ တွေက မှတ်ကျောက်တင်ခံရမယ့်သူ ဘယ်သူဆိုတာကို ပိုပြီး ကွဲပြားလာစေပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

2021 ​​ေ႐ႊ​ေဘာလုံးဆု ဆြတ္ခူး​ေရးအတြက္ ၿပိဳင္ပြဲ၀င္ထားၾကသူမ်ား

အခုအခ်ိန္မွာ ေ႐ႊေဘာလုံး ဆုတို႔ ၊ UEFA Player of the Year ဆုတို႔ အတြက္ ဆုံးျဖတ္ဖို႔ ေစာလြန္း ေနပါေသးတယ္။ ဒါ​ေပမယ့္ ရာသီသစ္တစ္ခု ရဲ႕ အဖြင့္ ၄ ၊ ၅လ ေလာက္က ေျခစြမ္းေတြ ေၾကာင့္ ေရပန္းစားတဲ့ ကစားသမားေတြက ဆုရရွိတတ္ပါတယ္။

ခ်န္ပီယံလိဂ္ကိုင္​ေျမာက္ထားတဲ့သူ ၊ အမွတ္ေပး ဖလား ရထားတဲ့သူ ၊ အဲဒီ ၿပိဳင္ပြဲေတြမွာ ပါ၀င္ ေျခစြမ္း ျပထားတဲ့ သူေတြကပဲ ႏွစ္ကုန္မွာ ဆုရွင္ေတြ ျဖစ္လာခဲ့ၾကတာပါ။တစ္ခါတ​ေလ​ေတာ့လည္း အဲဒီမွန္းခ်က္က ႏွမ္းထြက္မကိုက္တတ္ပါဘူး။

မႏွစ္တုန္းက ကိုဗစ္ ကို အေၾကာင္းျပဳလို႔ ကစားသမား​ေတြ မက္​ေမာတဲ့ ဆုကို မ​ေပးအပ္ခဲ့ပါဘူး။ ဒီႏွစ္မွာ​ေတာ့ ကိုဗစ္နဲ႔ အတူယွဥ္တြဲ ​ေနထိုင္လာတာႏွစ္​​ေပါက္လာလို႔ ဆုေပးပြဲ ကို ျပန္လည္ က်င္းပ သြားဖို႔ ရွိေနပါတယ္။

မႏွစ္တုန္းကဆုအတြက္ မခ်ိတင္ကဲျဖစ္ခဲ့ရတဲ့ ဆုထင္​ေၾကး​ေပးခံခဲ့ရသူ လီဝန္ေဒါ့စကီး ကေတာ့ ဒီႏွစ္ဆုကို ေမွ်ာ္မွန္းေနမွာ ေသခ်ာပါတယ္။ ေ႐ႊေဘာလုံး ဆု အတြက္ လတ္တေလာမွာ ေရပန္းစားေနတဲ့ သူေတြ ကို စာအိတ္မ​ေဖာက္ဘဲ ထုတ္ႏုတ္ တင္ဆက္ရမယ္ ဆိုရင္…

အမ္ဘာေပ ၊ လီဝန္ေဒါ့စကီး ၊ ဒီဘ႐ိုင္းနား၊ မက္ဆီ၊ ​ေရာ္နယ္ဒို၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဟာလန္း၊ ကန္တီ၊ လူကာကူ ၊ ေနမာ၊ ဖိုဒန္၊ ေမဆြန္ေမာင့္၊ စတာလင္၊ မာရက္ဇ္ တို႔ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ဖိုင္နယ္ပြဲက အ​ေနအထား​ေတြ၊ ​ေဒသတြင္း ဆိုင္ရာ ၿပိဳင္ပြဲ​ေတြမွာ ျပသမယ့္ ​ေျခစြမ္း​ေတြ​ေၾကာင့္ ကစားသမား​ေတြအတြက္ ထင္​ေၾကး​ေပးခံရတဲ့ ႏႈန္း​ေတြက အ​ေျပာင္းအလဲ​ေတြ ျဖစ္သြားပါမယ္။

အခ်ိဳ႕သုံးသပ္သူ​​ေတြက​ေတာ့ ဒီႏွစ္ ေ႐ႊေဘာလုံး ဆု ႀကိဳးပမ္းမႈ အတြက္ ဒီဘ႐ိုင္းနား နဲ႔ အမ္ဘာေပ တို႔ ကို ႀကိဳး၀ိုင္းထဲ သီးသန္႔ခြဲထည့္​ေပးထားၾကပါတယ္။ ​ေရွ႕ဆက္ ကစားရမယ့္ ၿပိဳင္ပြဲ ​ေတြက မွတ္​ေက်ာက္တင္ခံရမယ့္သူ ဘယ္သူဆိုတာကို ပိုၿပီး ကြဲျပားလာ​ေစပါလိမ့္မယ္။