ယခုရာသီယူရိုပါလိဂ်မှာ ယူနိုက်တက်က တတိယအကောင်းဆုံးအသင်းသာဖြစ်တယ်လို့ ဘရီဟီ ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူရိုပါလိဂ်ပြိုင်ပွဲဝင် လက်ကျန်အသင်းတွေအနက် ယူနိုက်တက်က တတိယအကောင်းဆုံးအသင်းသာဖြစ်ပြီး အင်တာမီလန်နဲ့ လေဗာကူဆင်တို့က ယူနိုက်တက်က ပိုမိုတောင့်တင်းတယ်လို့ အင်တာမီလန်ဂန္ထဝင် အန်ဒရီယာ့စ်ဘရီဟီက ပြောပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၁၆သင်းအဆင့်မှာ လင့်ဇ်ကို နှစ်ကျော့ပေါင်း ၇-၁ ဂိုးနဲ့အနိုင်ယူကာ ကွတားဖိုင်နယ်တက်ရောက်ထားပြီး ၂၀၁၇ နောက်ပိုင်း ပထမဆုံးဆုဖလားရယူနိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဂျာမနီမြေမှာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းနဲ့ ယနေ့ညကစားရတော့မှာဖြစ်ပါတယ်။

Photo Credit

တကယ်လို့ ယူနိုက်တက်အနေနဲ့ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ရင် အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရနိုင်ပေမယ့် စီးရီးအေကလပ်ကလည်း ဒီညမှာပဲ လေဗာကူဆင်အသင်းနဲ့ ကွာတားဖိုင်နယ်ကစားရမှာဖြစ်ပါတယ်။ ဒီညကစားမယ့်ပွဲတွေမတိုင်ခင် ဘရီဟီက အင်တာမီလန်အနေနဲ့ လေဗာကူဆင်ကိုသာ ကျော်ဖြတ်နိုင်ရင် ယခုရာသီယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

Photo Credit

အင်တာနောက်ခံအစွန်လူဟောင်း ဘရီဟီက ”အင်တာမီလန်အသင်းအပေါ် ဘာသံသယမှမရှိပါဘူး။ လေဗာကူဆင်က ဟာဗက်ဇ်လိုတိုက်စစ်မှူးမျိုးရှိပြီး တောင့်တင်းတဲ့စုဖွဲ့မှုပိုင်ဆိုင်ထားပေမယ့် အင်တာမီလန်က ကြီးကျယ်တဲ့ကလပ်ဖြစ်သလို ပိုလည်းကောင်းပါတယ်။ ဒီညပွဲမှာ ဘယ်အသင်းပဲနိုင်နိုင် နိုင်တဲ့အသင်းက ယူရိုပါလိဂ်ဖလားရဖို့ အခွင့်အရေးပိုများသွားမှာပါ”

Photo Credit

”ဆီမီးဖိုင်နယ်မှာ ကစားရမယ့် ရှက်တာဒိုးနက် ဒါမှမဟုတ် ဘေဆယ် ဘယ်အသင်းပဲဖြစ်ဖြစ် အနိုင်ရနိုင်ပါတယ်။ တစ်ဘက်အတွဲမှာတော့ ယူနိုက်တက်က ဗိုလ်လုပွဲအထိ တက်ရောက်နိုင်စွမ်းရှိတယ်လို့ ထင်ပေမယ့် အင်တာဖြစ်ဖြစ် လေဗာကူဆင်ြဖြစ်ဖြစ် သူတို့နှစ်သင်းစလုံးက ယူနိုက်တက်ထက် ပိုကောင်းပါတယ်”လို့ ဘရီဟီက ပြောပါတယ်။

Photo Credit

လင့်ဇ်အသင်းကို ၂-၁ ဂိုးနဲ့ ယူနိုက်တက်အသင်း အနိုင်ရခဲ့ပြီးနောက် ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်က တကယ်လု့ိ ဗိုလ်လုပွဲမှာသာ အင်တာမီလန်နဲ့ရင်ဆိုင်ရရင် တိုက်စစ်မှူးဟောင်း လူကာကူက အသင်းဟောင်းနဲ့ပွဲမှာ ခြေစွမ်းပြဖို့ တွန်းအားပြင်းထန်လာလိမ့်မယ်လို့ ပြောပါတယ်။

Photo Credit

”အခုချိန်မှာ ယူရိုပါလိဂ်က ယူနိုက်တက်အတွက် တကယ့်မဟာအခွင့်အရေးဖြစ်နေပါတယ်။ အသင်းကောင်းတွေလည်း အများကြီးကျန်နေပါသေးတယ်။ ၃ကြိမ်ဆက်ရခဲ့တဲ့ ဆီဗီလာကို ချန်ထားလို့မရပါဘူး။ အီတလီကလပ်က ရင်ဆိုင်ရခက်တဲ့အသင်းတွေဖြစ်ပြီး ယူနိုက်တက်အတွက် အခက်ခဲဆုံးပြိုင်ဘက်က အင်တာဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ လူကာကူဆိုရင် ယူနိုက်တက်ကနေ ထွက်ခဲ့ရတဲ့အခြေအနေတွေကြောင့် အသင်းဟောင်းနဲ့ပြန်တွေ့ရင် အနိုင်ယူဖို့ တွန်းအားပိုရှိလာနိုင်ပါတယ်”လို့ စခိုးလ်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ယခုရာသီယူ႐ိုပါလိဂ္မွာ ယူႏုိက္တက္က တတိယအေကာင္းဆုံးအသင္းသာျဖစ္တယ္လုိ႔ ဘရီဟီ ေျပာ

ယူ႐ိုပါလိဂ္ၿပိဳင္ပဲြ၀င္ လက္က်န္အသင္းေတြအနက္ ယူႏုိက္တက္က တတိယအေကာင္းဆုံးအသင္းသာျဖစ္ၿပီး အင္တာမီလန္နဲ႔ ေလဗာကူဆင္တုိ႔က ယူႏုိက္တက္က ပိုမိုေတာင့္တင္းတယ္လုိ႔ အင္တာမီလန္ဂႏၳ၀င္ အန္ဒရီယာ့စ္ဘရီဟီက ေျပာပါတယ္။

ယူႏိုက္တက္ဟာ ယူ႐ိုပါလိဂ္ ၁၆သင္းအဆင့္မွာ လင့္ဇ္ကို ႏွစ္ေက်ာ့ေပါင္း ၇-၁ ဂိုးနဲ႔အႏုိင္ယူကာ ကြတားဖုိင္နယ္တက္ေရာက္ထားၿပီး ၂၀၁၇ ေနာက္ပိုင္း ပထမဆုံးဆုဖလားရယူႏုိင္ဖို႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနပါတယ္။ ယူႏိုက္တက္ဟာ ယူ႐ိုပါလိဂ္ကြာတားဖုိင္နယ္ပြဲစဥ္အျဖစ္ ဂ်ာမနီေျမမွာ ဒိန္းမတ္ကလပ္ ကုိပင္ေဟဂင္အသင္းနဲ႔ ယေန႔ညကစားရေတာ့မွာျဖစ္ပါတယ္။

တကယ္လုိ႔ ယူႏုိက္တက္အေနနဲ႔ ဗုိလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ရင္ အင္တာမီလန္အသင္းနဲ႔ ရင္ဆုိင္ရႏိုင္ေပမယ့္ စီးရီးေအကလပ္ကလည္း ဒီညမွာပဲ ေလဗာကူဆင္အသင္းနဲ႔ ကြာတားဖိုင္နယ္ကစားရမွာျဖစ္ပါတယ္။ ဒီညကစားမယ့္ပြဲေတြမတိုင္ခင္ ဘရီဟီက အင္တာမီလန္အေနနဲ႔ ေလဗာကူဆင္ကိုသာ ေက်ာ္ျဖတ္ႏိုင္ရင္ ယခုရာသီယူ႐ိုပါလိဂ္မွာ ခ်န္ပီယံျဖစ္ႏိုင္တယ္လုိ႔ သုံးသပ္ခဲ့ပါတယ္။

အင္တာေနာက္ခံအစြန္လူေဟာင္း ဘရီဟီက ”အင္တာမီလန္အသင္းအေပၚ ဘာသံသယမွမရွိပါဘူး။ ေလဗာကူဆင္က ဟာဗက္ဇ္လုိတုိက္စစ္မွဴးမ်ိဳးရွိၿပီး ေတာင့္တင္းတဲ့စုဖြဲ႕မႈပိုင္ဆုိင္ထားေပမယ့္ အင္တာမီလန္က ႀကီးက်ယ္တဲ့ကလပ္ျဖစ္သလုိ ပိုလည္းေကာင္းပါတယ္။ ဒီညပြဲမွာ ဘယ္အသင္းပဲႏိုင္ႏိုင္ ႏိုင္တဲ့အသင္းက ယူ႐ိုပါလိဂ္ဖလားရဖုိ႔ အခြင့္အေရးပိုမ်ားသြားမွာပါ”

”ဆီမီးဖုိင္နယ္မွာ ကစားရမယ့္ ရွက္တာဒိုးနက္ ဒါမွမဟုတ္ ေဘဆယ္ ဘယ္အသင္းပဲျဖစ္ျဖစ္ အႏိုင္ရႏိုင္ပါတယ္။ တစ္ဘက္အတြဲမွာေတာ့ ယူႏုိက္တက္က ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္စြမ္းရွိတယ္လုိ႔ ထင္ေပမယ့္ အင္တာျဖစ္ျဖစ္ ေလဗာကူဆင္ျျဖစ္ျဖစ္ သူတုိ႔ႏွစ္သင္းစလုံးက ယူႏုိက္တက္ထက္ ပိုေကာင္းပါတယ္”လုိ႔ ဘရီဟီက ေျပာပါတယ္။

လင့္ဇ္အသင္းကို ၂-၁ ဂိုးနဲ႔ ယူႏုိက္တက္အသင္း အႏိုင္ရခဲ့ၿပီးေနာက္ ဂႏၳ၀င္ကြင္းလယ္လူ ေပါလ္စခုိးလ္က တကယ္လု႔ိ ဗိုလ္လုပြဲမွာသာ အင္တာမီလန္နဲ႔ရင္ဆုိင္ရရင္ တုိက္စစ္မွဴးေဟာင္း လူကာကူက အသင္းေဟာင္းနဲ႔ပြဲမွာ ေျခစြမ္းျပဖို႔ တြန္းအားျပင္းထန္လာလိမ့္မယ္လုိ႔ ေျပာပါတယ္။

”အခုခ်ိန္မွာ ယူ႐ိုပါလိဂ္က ယူႏုိက္တက္အတြက္ တကယ့္မဟာအခြင့္အေရးျဖစ္ေနပါတယ္။ အသင္းေကာင္းေတြလည္း အမ်ားႀကီးက်န္ေနပါေသးတယ္။ ၃ႀကိမ္ဆက္ရခဲ့တဲ့ ဆီဗီလာကို ခ်န္ထားလုိ႔မရပါဘူး။ အီတလီကလပ္က ရင္ဆုိင္ရခက္တဲ့အသင္းေတြျဖစ္ၿပီး ယူႏုိက္တက္အတြက္ အခက္ခဲဆုံးၿပိဳင္ဘက္က အင္တာျဖစ္လိမ့္မယ္လုိ႔ ထင္ပါတယ္။ လူကာကူဆုိရင္ ယူႏုိက္တက္ကေန ထြက္ခဲ့ရတ့ဲအေျခအေနေတြေၾကာင့္ အသင္းေဟာင္းနဲ႔ျပန္ေတြ႕ရင္ အႏိုင္ယူဖုိ႔ တြန္းအားပိုရွိလာႏိုင္ပါတယ္”လုိ႔ စခုိးလ္က ေျပာပါတယ္။