ယူနိုက်တက်ပစ်မှတ် ဆန်ချိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဖြစ်တဲ့ ဒေါ့မွန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒေါ့မွန်အသင်းက တောင်ပံကစားသမား ဆန်ချိုအနေနဲ့ ရာသီသစ်မှာလည်း အသင်းနဲ့အတူ ဆက်ကစားလိမ့်မယ်လို့ အခိုင်အမာကြေညာလိုက်ပြီးနောက် အင်္ဂလန်လက်ရွေးစင်ကို ခေါ်ယူရေးကြိုးစားနေတဲ့ ယူနိုက်တက်ရဲ့မျှော်လင့်ချက်တွေလည်း အဆုံးသတ်သွားခဲ့ပါပြီ။

Photo Credit

ယူနိုက်တက်ဟာ အင်္ဂလန်ကြယ်ပွင့်ကို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ခေါ်ယူဖို့ ဆက်သွယ်ကြိုးစားနေတာဖြစ်ပြီး ဒေါ့မွန်အသင်းက သတ်မှတ်ထားတဲ့နောက်ဆုံးရက်ဖြစ်တဲ့ ယနေ့ကို ကျော်လွန်လာပေမယ့် ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့မှာပဲ ဒေါ့မွန်အသင်းအကြီးအကဲ မိုက်ကယ်ဇော့က အသင်းဖော်တွေနဲ့အတူ ရာသီကြိုထရိန်နင်ဆင်းမယ့် ဆွစ်ဇာလန်ကို ဆန်ချိုလိုက်ပါသွားပြီးနောက် သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်မှာ အခွင့်အရေးလုံးဝမရှိဘူးလို့ ဆိုပါတယ်။

Photo Credit

”ဆန်ချိုပါဝင်တဲ့စီမံကိန်းတွေ ချမှတ်ထားပါတယ်။ ရာသီသစ် ဒေါ့မွန်အသင်းမှာ သူ ဆက်လက်ကစားပါလိမ့်မယ်။ ဒီဆုံးဖြတ်ချက်က နောက်ဆုံးဆုံးဖြတ်ချက်ပါ။ ဒီအဖြေက မေးခွန်းအားလုံးအတွက် အဖြေဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”လို့ မိုက်ကယ်ဇော့က ပြောပါတယ်။ ဒါ့အပြင် မိုက်ကယ်ဇော့က လွန်ခဲ့တဲ့တစ်နှစ်ကတည်းက ဆန်ချိုကို ၂၀၂၃ အထိရှိမယ့် စာချုပ်သစ် လျှို့ဝှက်ချုပ်ဆိုထားပြီးဖြစ်ကြောင်း ပြောပါတယ်။

Photo Credit

ဒေါ့မွန်မြို့အခြေစိုက် Ruhr Nachrichten သတင်းစာက ဆန်ချိုရဲ့စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေးမပါဝင်ဘူးလို့ ရေးသားဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ဒေါ့မွန်တို့ဟာ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းဖို့ အဆင်မပြေဖြစ်ခဲ့ရပြီး ဒေါ့မွန်အသင်း စီအီးအို ဝက်ဇ်ကီက ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၀၈သန်းအလိုရှိနေတာဖြစ်ပါတယ်။

Photo Credit

ဆန်ချိုဟာ ယနေ့နံနက် ၉နာရီက ဒေါ့မွန်ကနေ ဆွစ်ဇာလန်ကို ထွက်ခွာသွားတဲ့ ဒေါ့မွန်အသင်းနဲ့အတူ လိုက်ပါသွားခဲ့ပြီး ဒေါ့မွန်အသင်းက ဘယ်လိုအပြောင်းအရွှေ့မျိုးကိုမဆို ဒီနေ့ နောက်ဆုံးထားလုပ်ဆောင်ဖို့ အစောပိုင်းကတည်းက အသိပေးထားပြီးဖြစ်ပါတယ်။

Photo Credit

ဒေါ့မွန်ဟာ ဆွစ်ဇာလန်မှာ ၈ ရက်ကြာ ထရိန်နင်ဆင်းမှာဖြစ်ပြီး မိုက်ကယ်ဇော့က ဆွစ်ဇာလန်မှာ ဒေသစံတော်ချိန် ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတွေကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

Photo Credit

ဘွန်ဒက်စ်လီဂါရာသီသစ်က စက်တင်ဘာလ ၁၈ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ယခုနွေရာသီဈေးကွက်က အောက်တိုဘာလ ၅ ရက်နေ့ရောက်မှ ပိတ်မှာဖြစ်ပါတယ်။ ဆန်ချိုဟာ ယခုနွေရာသီ ယူနိုက်တက်ရဲ့အဓိကပစ်မှတ်ဖြစ်နေပေမယ့် အသင်းတာဝန်ရှိသူတွေက ဆန်ချိုကို မခေါ်ယူနိုင်ရင် ဘိုင်ယန်တောင်ပံကစားသမား ကိုမန်နဲ့ ဂျူဗင်တပ်စ်တောင်ပံကစားသမား ဒေါက်ဂလပ်စ်ကော်စတာတို့ကို ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ယူႏိုက္တက္ပစ္မွတ္ ဆန္ခ်ိဳရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ခ်မွတ္လုိက္ၿပီျဖစ္တဲ့ ေဒါ့မြန္

ေဒါ့မြန္အသင္းက ေတာင္ပံကစားသမား ဆန္ခ်ိဳအေနနဲ႔ ရာသီသစ္မွာလည္း အသင္းနဲ႔အတူ ဆက္ကစားလိမ့္မယ္လုိ႔ အခုိင္အမာေၾကညာလုိက္ၿပီးေနာက္ အဂၤလန္လက္ေရြးစင္ကို ေခၚယူေရးႀကိဳးစားေနတဲ့ ယူႏုိက္တက္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြလည္း အဆုံးသတ္သြားခဲ့ပါၿပီ။

ယူႏုိက္တက္ဟာ အဂၤလန္ၾကယ္ပြင့္ကို ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ ေခၚယူဖုိ႔ ဆက္သြယ္ႀကိဳးစားေနတာျဖစ္ၿပီး ေဒါ့မြန္အသင္းက သတ္မွတ္ထားတဲ့ေနာက္ဆုံးရက္ျဖစ္တဲ့ ယေန႔ကို ေက်ာ္လြန္လာေပမယ့္ ေခၚယူႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ခ့ဲတာျဖစ္ပါတယ္။ ဒါေပမဲ့ ယေန႔မွာပဲ ေဒါ့မြန္အသင္းအႀကီးအကဲ မုိက္ကယ္ေဇာ့က အသင္းေဖာ္ေတြနဲ႔အတူ ရာသီႀကိဳထရိန္နင္ဆင္းမယ့္ ဆြစ္ဇာလန္ကို ဆန္ခ်ိဳလုိက္ပါသြားၿပီးေနာက္ သူ႕ကို ေခၚယူဖုိ႔ ယူႏုိက္တက္မွာ အခြင့္အေရးလုံး၀မရွိဘူးလုိ႔ ဆုိပါတယ္။

”ဆန္ခ်ိဳပါ၀င္တဲ့စီမံကိန္းေတြ ခ်မွတ္ထားပါတယ္။ ရာသီသစ္ ေဒါ့မြန္အသင္းမွာ သူ ဆက္လက္ကစားပါလိမ့္မယ္။ ဒီဆုံးျဖတ္ခ်က္က ေနာက္ဆုံးဆုံးျဖတ္ခ်က္ပါ။ ဒီအေျဖက ေမးခြန္းအားလုံးအတြက္ အေျဖျဖစ္လိမ့္မယ္လုိ႔ ထင္ပါတယ္”လုိ႔ မုိက္ကယ္ေဇာ့က ေျပာပါတယ္။ ဒါ့အျပင္ မုိက္ကယ္ေဇာ့က လြန္ခဲ့တဲ့တစ္ႏွစ္ကတည္းက ဆန္ခ်ိဳကို ၂၀၂၃ အထိရွိမယ့္ စာခ်ဳပ္သစ္ လွ်ိဳ႕၀ွက္ခ်ဳပ္ဆိုထားၿပီးျဖစ္ေၾကာင္း ေျပာပါတယ္။

ေဒါ့မြန္ၿမိဳ႕အေျခစုိက္ Ruhr Nachrichten သတင္းစာက ဆန္ခ်ိဳရဲ႕စာခ်ဳပ္မွာ စာခ်ဳပ္ဖ်က္သိမ္းေၾကးမပါ၀င္ဘူးလုိ႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ ယူႏုိက္တက္နဲ႔ ေဒါ့မြန္တုိ႔ဟာ ဆန္ခ်ိဳရဲ႕ေျပာင္းေရႊ႕ေၾကးအတြက္ ညႇိႏႈိင္းဖို႔ အဆင္မေျပျဖစ္ခဲ့ရၿပီး ေဒါ့မြန္အသင္း စီအီးအို ၀က္ဇ္ကီက ဆန္ခ်ိဳရဲ႕ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၁၀၈သန္းအလုိရွိေနတာျဖစ္ပါတယ္။
ဆန္ခ်ိဳဟာ ယေန႔နံနက္ ၉နာရီက ေဒါ့မြန္ကေန ဆြစ္ဇာလန္ကို ထြက္ခြာသြားတဲ့ ေဒါ့မြန္အသင္းနဲ႔အတူ လုိက္ပါသြားခဲ့ၿပီး ေဒါ့မြန္အသင္းက ဘယ္လုိအေျပာင္းအေရႊ႕မ်ိဳးကိုမဆုိ ဒီေန႔ ေနာက္ဆုံးထားလုပ္ေဆာင္ဖို႔ အေစာပိုင္းကတည္းက အသိေပးထားၿပီးျဖစ္ပါတယ္။

ေဒါ့မြန္ဟာ ဆြစ္ဇာလန္မွာ ၈ ရက္ၾကာ ထရိန္နင္ဆင္းမွာျဖစ္ၿပီး မိုက္ကယ္ေဇာ့က ဆြစ္ဇာလန္မွာ ေဒသစံေတာ္ခ်ိန္ ယေန႔ေန႔လယ္ပိုင္းက ျပဳလုပ္ခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာ ယူႏုိက္တက္နဲ႔ပတ္သက္တဲ့သတင္းေတြကို အတည္ျပဳခဲ့တာျဖစ္ပါတယ္။

ဘြန္ဒက္စ္လီဂါရာသီသစ္က စက္တင္ဘာလ ၁၈ ရက္ေန႔မွာ စတင္မွာျဖစ္ၿပီး ယခုေႏြရာသီေစ်းကြက္က ေအာက္တုိဘာလ ၅ ရက္ေန႔ေရာက္မွ ပိတ္မွာျဖစ္ပါတယ္။ ဆန္ခ်ိဳဟာ ယခုေႏြရာသီ ယူႏုိက္တက္ရဲ႕အဓိကပစ္မွတ္ျဖစ္ေနေပမယ့္ အသင္းတာ၀န္ရွိသူေတြက ဆန္ခ်ိဳကို မေခၚယူႏိုင္ရင္ ဘုိင္ယန္ေတာင္ပံကစားသမား ကိုမန္နဲ႔ ဂ်ဴဗင္တပ္စ္ေတာင္ပံကစားသမား ေဒါက္ဂလပ္စ္ေကာ္စတာတုိ႔ကို ေခၚယူဖုိ႔ ႀကိဳးစားဖြယ္ရွိေနပါတယ္။