လီဝန်ဒေါစကီးနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ဥရောပဂိုးသွင်းဘုရင်ဖြစ်လာတဲ့ အင်မိုဘီလီ

0
1877

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လာဇီယိုအသင်းတိုက်စစ်မှူး အင်မိုဘီလီဟာ ၂၀၁၉-၂၀ ရာသီအတွက် ဥရောပဂိုးသွင်းဘုရင်ဖြစ်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီတို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

အီတလီလက်ရွေးစင် အင်မိုဘီလီဟာ အသက် ၃၀ရှိနေပြီဖြစ်ပေမယ့် ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးရာသီအဖြစ် ဂိုးမြူးနေပြီး ရာသီကုန်ဖို့ ၁ပွဲအလိုမှာပဲ စီးရီးအေရွှေဖိနပ်ဆုနဲ့ ဥရောပရွှေဖိနပ်ဆုရဖို့ သေချာသွားခဲ့တာပါ။

ဒီရာသီမှာ နောက်ထပ်ပြောစရာဖြစ်ခဲ့တာက ဥရောပရွှေဖိနပ်ဆုအတွက် ထိပ်တန်းစာရင်းမှာ ပါဝင်နေသူတွေက အသက် ၃၀ကျော်အရွယ်တွေဖြစ်ပြီး အင်မိုဘီလီက ၃၅ ဂိုးနဲ့ ရခဲ့တာဖြစ်သလို ၃၄ ဂိုးသွင်းယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ၃၁နှစ်၊ ၃၁ ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်ဒိုက အသက် ၃၅နှစ်ကျော်နေပြီဖြစ်ပါတယ်။

၂၀၁၉-၂၀ လာလီဂါရာသီမှာ ၂၅ ဂိုးသွင်းယူကာ လာလီဂါဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကလည်း အသက် ၃၃ နှစ်ရှိနေပြီဖြစ်ကာ ပရီးမီးယားလိဂ်ထိပ်တန်းဂိုးဘုရင် လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီ(၂၃ဂိုး)နဲ့ ဒုတိယနေရာက အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း(၂၂ဂိုး)တို့လည်း အသက် ၃၀ ကျော်နေပြီဖြစ်ပါတယ်။

အင်မိုဘီလီဟာ စီးရီးအေသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ဖို့လည်း အခွင့်အရေးရှိနေပြီး ဒီညကစားမယ့် နာပိုလီနဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ရင် စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။ လက်ရှိစံချိန်ကိုတော့ ၂၀၁၅-၁၆ ရာသီမှာ လက်ရှိဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂူအင်က နာပိုလီအသင်းသားအဖြစ် ၃၆ ဂိုးနဲ့ စံချိန်တင်ထားတာပါ။

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီက သြဂုတ်လ ၈ ရက်နေ့မှာ ကစားရမယ့် လီယွန်နဲ့ ချန်ပီယံလိဂ်ပွဲအတွက် ယနေ့ညကစားရမယ့် ရိုးမားအသင်းနဲ့ပွဲမှာ အဓိကတိုက်စစ်မှူး ရော်နယ်ဒိုကို အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခဲ့ရာ အင်မိုဘီလီလည်း စီးရီးအေဂိုးသွင်းဘုရင်နဲ့ ဥရောပဂိုးသွင်းဘုရင်ဖြစ်ဖို့ သေချာသွားခဲ့တာပါ။

လက်ရှိထိပ်ဆုံး ၁၀ဦးစာရင်းထဲမှာ သင်္ချာနည်းအရ အင်မိုဘီလီကို မီနိုင်တာသူဆိုလို့ ၂၃ဂိုးသွင်းယူထားတဲ့ အင်တာမီလန်တိုက်စစ်မှူး လူကာကူတစ်ဦးတည်းရှိပေမယ့် အင်မိုဘီလီကို ကျော်ဖြတ်ဖို့ဆိုရင် အတ္တလန္တာနဲ့ပွဲမှာ လူကာကူအနေနဲ့ ၁၃ ဂိုးသွင်းယူရမှာဖြစ်လို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

လီ၀န္ေဒါစကီးနဲ႔ ေရာ္နယ္ဒိုတို႔ကို ေက်ာ္ျဖတ္ၿပီး ဥေရာပဂုိးသြင္းဘုရင္ျဖစ္လာတဲ့ အင္မိုဘီလီ

လာဇီယိုအသင္းတုိက္စစ္မွဴး အင္မိုဘီလီဟာ ၂၀၁၉-၂၀ ရာသီအတြက္ ဥေရာပဂိုးသြင္းဘုရင္ျဖစ္လာခဲ့ၿပီး ဘုိင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီ၀န္ေဒါစကီး၊ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုနဲ႔ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီတို႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။

အီတလီလက္ေရြးစင္ အင္မိုဘီလီဟာ အသက္ ၃၀ရွိေနၿပီျဖစ္ေပမယ့္ ကစားသမားဘ၀တစ္ေလွ်ာက္ အေကာင္းဆုံးရာသီအျဖစ္ ဂိုးျမဴးေနၿပီး ရာသီကုန္ဖို႔ ၁ပဲြအလုိမွာပဲ စီးရီးေအေရႊဖိနပ္ဆုနဲ႔ ဥေရာပေရႊဖိနပ္ဆုရဖုိ႔ ေသခ်ာသြားခဲ့တာပါ။

ဒီရာသီမွာ ေနာက္ထပ္ေျပာစရာျဖစ္ခဲ့တာက ဥေရာပေရႊဖိနပ္ဆုအတြက္ ထိပ္တန္းစာရင္းမွာ ပါ၀င္ေနသူေတြက အသက္ ၃၀ေက်ာ္အရြယ္ေတြျဖစ္ၿပီး အင္မိုဘီလီက ၃၅ ဂိုးနဲ႔ ရခဲ့တာျဖစ္သလုိ ၃၄ ဂိုးသြင္းယူခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္တုိက္စစ္မွဴး လီ၀န္ေဒါစကီးက ၃၁ႏွစ္၊ ၃၁ ဂိုးသြင္းယူခဲ့တဲ့ ေရာ္နယ္ဒိုက အသက္ ၃၅ႏွစ္ေက်ာ္ေနၿပီျဖစ္ပါတယ္။

၂၀၁၉-၂၀ လာလီဂါရာသီမွာ ၂၅ ဂိုးသြင္းယူကာ လာလီဂါဂုိးသြင္းဘုရင္ျဖစ္ခဲ့တဲ့ ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီကလည္း အသက္ ၃၃ ႏွစ္ရွိေနၿပီျဖစ္ကာ ပရီးမီးယားလိဂ္ထိပ္တန္းဂိုးဘုရင္ လက္စတာတုိက္စစ္မွဴး ေဂ်မီဗာဒီ(၂၃ဂုိး)နဲ႔ ဒုတိယေနရာက အာဆင္နယ္တုိက္စစ္မွဴး အူဘာမီယန္း(၂၂ဂိုး)တုိ႔လည္း အသက္ ၃၀ ေက်ာ္ေနၿပီျဖစ္ပါတယ္။

အင္မုိဘီလီဟာ စီးရီးေအသမုိင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔လည္း အခြင့္အေရးရွိေနၿပီး ဒီညကစားမယ့္ နာပိုလီနဲ႔ပြဲမွာ ၂ဂိုးသြင္းယူႏုိင္ခဲ့ရင္ စံခ်ိန္သစ္တင္ႏုိင္မွာျဖစ္ပါတယ္။ လက္ရွိစံခ်ိန္ကိုေတာ့ ၂၀၁၅-၁၆ ရာသီမွာ လက္ရွိဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဟီဂူအင္က နာပိုလီအသင္းသားအျဖစ္ ၃၆ ဂိုးနဲ႔ စံခ်ိန္တင္ထားတာပါ။

ဂ်ဴဗင္တပ္စ္အသင္းနည္းျပ ဆာရီက ၾသဂုတ္လ ၈ ရက္ေန႔မွာ ကစားရမယ့္ လီယြန္နဲ႔ ခ်န္ပီယံလိဂ္ပဲြအတြက္ ယေန႔ညကစားရမယ့္ ႐ိုးမားအသင္းနဲ႔ပြဲမွာ အဓိကတုိက္စစ္မွဴး ေရာ္နယ္ဒိုကို အသင္းရဲ႕လူစာရင္းကေန ခ်န္လွပ္ခဲ့ရာ အင္မိုဘီလီလည္း စီးရီးေအဂိုးသြင္းဘုရင္နဲ႔ ဥေရာပဂိုးသြင္းဘုရင္ျဖစ္ဖို႔ ေသခ်ာသြားခဲ့တာပါ။

လက္ရွိထိပ္ဆုံး ၁၀ဦးစာရင္းထဲမွာ သခ်ၤာနည္းအရ အင္မုိဘီလီကို မီႏိုင္တာသူဆိုလို႔ ၂၃ဂိုးသြင္းယူထားတဲ့ အင္တာမီလန္တုိက္စစ္မွဴး လူကာကူတစ္ဦးတည္းရွိေပမယ့္ အင္မုိဘီလီကို ေက်ာ္ျဖတ္ဖို႔ဆုိရင္ အတၱလႏၱာနဲ႔ပြဲမွာ လူကာကူအေနနဲ႔ ၁၃ ဂိုးသြင္းယူရမွာျဖစ္လုိ႔ ဘယ္လုိမွမျဖစ္ႏိုင္ေတာ့ပါဘူး။